ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို
ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
... ဇနီး ။
မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။
တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲမိသွားတော့ 
မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။
မင်းငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ
အနှစ်နှစ်ဆယ်သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။
မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။
အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..
လူပျိုကြီးရဲ့ ရာဇ၀င် ............x(
အသက်(40) ရှိပြီဖြစ်သည့် လူပျိုကြီးသည် သူခေါ်ပြသည့် အမျိုးသမီးတိုင်းကို သူ့မိခင်မှ မနှစ်မြို့ကြောင်း ပြောနေသဖြင့် သူငယ်ချင်းကို ရင်ဖွင့်လိုက်နေလိုက်သည်။
“ဒါဆိုလည်း မင်းအမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြလိုက်ပေါ့ကွာ”
သူငယ်ချင်း၏ အကြံပေးချက်အတိုင်း ကြိုးစားဆောင်ရွက်လေတော့သည်။ ခြောက်လခန့်ကြာသောအခါ မူလ သူငယ်ချင်းနှင့် ပြန်ဆုံတွေ့ရလေသည်။
“ဘယ့်နှယ့်လဲ....... ငါပေးတဲ့ အကြံနဲ့ အိုကေသွားပြီလားကွ”
“ ဟင့်အင်း....... အမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြီး ခေါ်ပြပြန်တော့ အမေက သဘောကျပေမယ့် အဖေက အပြင်းအထန် ကန့်ကွက်တယ်ကွ”..................:P:P