နင်နဲ့ ပတ်သက်ပြီး ခံစားချက်တွေရှိပေမယ့်
နင့်ရှေ့ရောက်ရင် ပြောမထွက်တဲ့စကားတွေ အများကြီးပါ
နင်မရှိတဲ့အချိန် နင့်ဓါတ်ပုံလေးကြည့်ပြီး
ရင်ထဲကပဲ တိတ်တဆိတ် လွမ်းနေမိတယ်
ငါ့ရဲ့တဖက်သတ် အချစ်တွေနဲ့
နင့်ရဲ့ ပျော်ရွှင်မှုကို မဖျက်စီးချင်ဘူး..
နင့်ကိုငါ သိပ်ချစ်တယ်လို့
ရင်ထဲကပဲ ပြောနိုင်တယ်
ငါကနင်နဲ့နီးနီလေးရှိနေပေမယ့်
နင်ကငါ့နဲ့ အဝေးကြီးမှာပါလို့ခံစားမိတယ်..
ရာသီတွေ ပြောင်းလဲနေတယ်..
ငါနင့်ကိုချစ်တဲ့အချစ်တွေက လဲ ပြောင်းလဲလာတယ်
(နင့်ကိုပိုပိုချစ်မိလာတယ်)
နင်လဲ နင့်ချစ်တဲ့သူနဲ့ တွေ့ရင် ငါ့လိုပဲခံစားရမှာပါ။
သိပ်ချစ်တယ် ကောင်မလေးရယ်။