https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Jun 29, 2012

ယောက်ကျားလေးဆိုတာ

- ယောက်ျားလေးဆိုတာ ပြတ်သားတယ်။ သတ္တိရှိတယ်၊ ဦးဆောင်သူပဲ ဖြစ်ချင်တယ်။ ဒါဟာ သဘာဝပါ။ မှန်ကန်ပါတယ်။
 
အခြားတဖက်ကလည်း လောကီသားဖြစ်နေတဲ့အတွက် ချစ်သူသက်ထားနဲ့ ပဲ ဘ၀ ရဲ့ အမောအပန်းတွေကို ဖြေချင်ကြ
 
တယ်။ အဲဒီတော့ ကိုယ့်ဘ၀တောက်လျှောက်လုံး ချစ်သူသက်ထားနဲ့အတူ စစ်မှန်တဲ့ပျော်ရွှင်မှုတွေနဲ့ ပြည့်စေချင်တယ်
 
ဆိုရင်တော့ - ဒီအချက်ကလေး ၃ -ချက်တည်းအတိုင်း ကျင့်သုံးကြည့်ပေးပါ။
 
 



ဒီအချက် ၃-ချက်ထဲမှာ စစ်မှန်တဲ့အချစ်ဟာ ပြေးမလွတ်ပါဘူး။
 



(၁) ပြတ်သားပါ ကိုယ်မချစ်နိုင်တဲ့မိန်းကလေးတွေကို အားမနာပါနဲ့။ ကိုယ်ချစ်တယ်လို့ ရွေးချယ်ခဲ့တဲ့သူကိုတောင်
 
ဆက်မချစ်နိုင်တော့ဘူးလို့ထင်လာရင် စိတ်ရင်းမှန်နဲ့ ပြောပြပါ။ တောင်းပန်လိုက်ပါ။ ရည်းစားများတာ မလွန်ကျူးခဲ့ရင်
 
နှစ်ဦးနှစ်ဖက်ဘယ်သူမှ မထိခိုက်ပါဘူး။ ချစ်သူသက်ထားလို့ တကယ်ခံစားရင် သူစိတ်ဆင်းရဲစေရမယ့် အခြား
 
မိန်းကလေးတွေနဲ့ သဘာဝမကျတဲ့ အပြောအဆို အနေအထိုင်မျိုးကို မပြုလုပ်ပါနဲ့။ ပြတ်သားစွာ နေထိုင်
 
ပြောဆို ဆက်ဆံပါ။
 
 




(၂) သတ္တိရှိပါ ချစ်သူမိန်းကလေးက ကိုယ့်အတွက် စိုးရိမ်လို့ တစ်ခုခုကို တားမြစ်တဲ့အခါ ချစ်သူသက်ထားရဲ့ တား
 
မြစ်လိုက်တဲ့ စိုးရိမ်စိတ်ကို ယုံကြည်ပေးပါ။ ချစ်သူမိန်းကလေးရဲ့ စိုးရိမ်စိတ်နဲ့တားမြစ်ချက်ဟာ လူကျင့်ဝတ်နဲ့ သဘာဝ
 
ကျတယ်ဆိုရင် သတ္တိရှိစွာ နဲ့လိုက်လျောပေးလိုက်ပါ။ ဒါမှမဟုတ် ကိုယ်ဘယ်လောက်ပဲအချိန်တွေနည်းနေပလေ့စေ၊
 
ချစ်သူက ‘Let’s do it together’ လို့တောင်းဆိုလာတဲ့အခါ ဆန်းစစ်ကြည့်လိုက်ပါ။ တောင်းဆိုလိုက်တဲ့ ချစ်သူ့ရဲ့ဆန္ဒ
 
ဟာ ချစ်သူကို ကိုယ်ကြိုးပမ်းခဲ့စဉ်ကာလက ကိုယ့်ရဲ့တောင်းဆိုမှုနဲ့တူညီခဲ့တာလား။ ဟုတ်တယ်ဆိုရင် ချစ်သူတို့ရဲ့
 
ကိုယ်ပိုင်အချိန်လေးကို သူလည်းပဲ တမ်းတတာပဲလို့ ကြည်နှုးခံစားပေးပြီး လိုက်လျောပေးလိုက်ပါ။ ပတ်ဝန်းကျင်ရဲ့
 
အစ အနောက်ကို ဂရုမစိုက်ပါနဲ့။ ‘မင်း…ကြောက်လှချည်းလှကွ’ ဆိုတာက ချစ်သူနဲ့ကိုယ်ကြား ဝေးကွာစေမယ့်
 
ပတ်ဝန်းကျင်က လေတိုးသံပါ။ ‘ကြောက်လို့ မဟုတ်ဘူး၊ ချစ်လို့’ ဆိုတာမျိုးကို သတ္တိရှိစွာ ပြောပါ။
 
 




(၃) ဦးဆောင်ပါ Psycho အရ စိတ်ကောက်တတ်မှု၊ ဒေါသကြီးမှု၊ ၀မ်းနည်းမှု၊ အရွဲ့တိုက်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာ
 
အားနည်းမှုတွေဟာ လူတိုင်းလိုလိုမှာ ရှိကြပါတယ်။ အဲဒီ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေထဲက စိတ်ကောက်တတ်တဲ့
 
ချစ်သူမိန်းကလေးတွေရဲ့ စိတ်အရင်းခံဟာ သူတို့ကိုယ်တိုင် ဆိုဆုံးမရလွယ်ကူတဲ့သူတွေပြန်ဖြစ်နေလို့ပဲ။ သူတို့ဟာ
 
အခြားသူတွေ ဆိုဆုံးမမှုထက် သူတို့စိတ်ကောက်နေကျသူရဲ့ ဆိုဆုံးမမှုကို ပိုပြီးလိုက်နာလွယ်သူတွေဖြစ်နေလို့ပဲ။
 
ဒါကြောင့် ချစ်သူမိန်းကလေးတွေ စိတ်ကောက်ပြီဆိုရင် သူတို့ကို ပြန်ပြီး အရွဲ့မတိုက်လိုက်ပါနဲ့။ ကိုယ်က ဦးဆောင်
 
ရသူပီပီ ချစ်သူသက်ထားထက် စိတ်ပိုင်းဆိုင်ရာ ပိုပြီးအားကောင်းပေးပါ။ စိတ်ကောက်နေသောချစ်သူကို နားဝင်အောင်
 
ဆိုဆုံးမနိုင်ပါတယ်။ အချစ်မျက်စိဖြင့်သာ ကြည့်တတ်ဖို့လိုပါတယ်။ ချစ်သူကို ချစ်သောမျက်စိဖြင့်ကြည့်မည်ဆိုလျှင်
 
ချစ်သူသက်ထားဟာ ကိုယ်ကြိုးပမ်းစဉ်ကာလတုန်းကလို မပြောင်းလဲသေးတာပဲရှိနေတာပါ။ ကိုယ်က သည်းမခံနိုင်
 
တော့ရင် ပြောင်းလဲသွားတာဟာ ကိုယ့်အချစ်ပါ။ ကိုယ့်အချစ်က မပြောင်းလဲသေးဘူးဆိုရင် ချစ်သူသက်ထားနဲ့
 
လက်တွဲလျှောက်မယ့် ဘ၀လမ်းခရီးရဲ့အဆုံးထိ ချစ်သူကို ဦးဆောင်သွားပါ။




ကိုယ့်အချစ်က ပြောင်းလဲသွားပြီဆိုရင်တော့ စည်းမျဉ်း-၁ အတိုင်း ပြန်စနိုင်ပါသည်။

တွေးတွေးပြီးရယ်


တွေးတွေးပြီးရယ်

သေသွားတဲ့ လူသုံးယောက်ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။

ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ
ကပျာကယာ အိမ်ပေါ်ထပ်က ပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန်
အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာ
ကျွန်တော်သေသွားခဲ့တယ်။

ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။
ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို
ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ
ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။
ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ အဝတ်အစား မသပ်မရပ်နဲ့
ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း
စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့
ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။

တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့
ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့
ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း"
ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။




ချယ်ရီ
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခု ကိုယ်ပို့လိုက်တဲ့ စာကလေးကို ရရင် အမွေးနှုတ်ပြီး ကျော်စား လိုက်ပါနော်..
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး..
မင်းနဲ့ ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ။
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းက ရေငှပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့
အချစ်ရယ်..
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုဆို ခြောက်လောက်ရောပေါ့
မင်းအချစ်ကိုသာ မရရင် ကိုယ်လေ..
မထူးတော့တဲ့ ဘ၀မှ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ..
ကိုယ်ဒီလို အရဲစွန့်ပြီး စာရေးတာ စိတ်မဆိုးပါနဲ့ကွာ..
ငပိ စားပြီး အသိတရား မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့ကွာ..
ဂေါ်ဖီတွေ အားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး..
ရုတ်တည်နဲ့ မုန့်တီထိုက်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့
အရှက်မရှိ သရက်စေ့ လည်း မဟုတ်ပါဘူးနော်..
ကိုယ်ဟာ..
ရုပ်ကလပ်က စုတ်ပြတ်..
ရူပါက ချူချာ..
သောက်ရုပ်က မျောက်ကုတ်..
ပုံစံက ဒုံးပျံနေပေမယ့်
အသည်းနှလုံးကတော့ သိပ်ချစ်တတ်ပါတယ်..
ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့လို့ တော်တော် ဆူနေလား ?
ဆူရင် မီးဖို ပေါ်က ချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်..
မင်းလေး..ကိုယ့်ဆီ စာပြန် ပါဦးနော်..
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို..
ကိုယ် လေသေနတ်နဲက အသင့် ဆောင့်နေမယ်..အဲ့လေ..မှားလို့ အသင့်စောင့်နေမယ်..





အကြောင်းမညီညွတ်ပေမယ့် နင်ပေးတဲ့စာကိုကျော်စားဖို့ဆီမရှိဘူးဖြစ်နေတယ်ကွယ်

ငါ့ကိုချစ်ချင်ရင်အုန်ခြစ်မလိုပါဘူး နင့်သွားဒီလောက်ခေါတာကို
ကောက်ညှင်းဆန်တင်ဈေးကြီးတာမဟုတ်ဘူးဆိုတာ

နင်ပြန်လာရင်သိမှာပါ အဲဒီတော့နင်ပေါင်းစေချင်ရင်

ငါ့ပါသာပဲပုတ်မှောက်ပြီးပဲပေါင်းပါတော့မယ်

ရေငုပ်ကျွမ်းတာမဟုတ်ပါဘူးဟာ ရေငုတ်သဘောင်္ထဲရောက်နေတာပါ
အ၀တ်တွေခြောက်ပြီဆိုရင်မီးပူပါတစ်ခါထဲတိုက်လိုက်နော်
ငါကပြောင်းဖူးရောက်းမှတော့နင်ကပြောင်းဖူးမစိုက်ဘဲဘာစိုက်မှာတုန်းဟ
ငပိစားရင်သွားကိုက်တယ် ဂေါ်ဖီစားရင်အအေးပတ်တယ်
အဲဒီတော့သရက်ပင်ပဲစိုက်စားတော့မယ်
သောက်ရုပ်ကမျောက်ရုပ်ပေါက်မှာပေါ့ လူကမျောက်ကနေဆင်းသက်လာတာလေနင်မေ့နေပြီလား

အသည်းနှလုံးကချစ်တတ်ဖို့မလိုဘူး
ကောင်းကောင်းအလုပ်လုပ်နိုင်ဘို့ပဲလိုပတယ်
ဘာလို့လဲဆိုတော့ငါ့မှာနင့်ကိုဆေးရုံပို့ဖို့ပိုက်ဆံမရှိဘူး
ခတ်စရာလက်ဖက်ခြောက်တော့မရှိဘူးနင့်ကိုပဲ ခတ်လိုက်တော့မယ်
အော်ဆီမရှိပါဘူးဆိုစာကိုပြန်ကျော်ခိုင်းနေပြန်ပြီ
လေသေနတ်မှာကြည်ဆံပါလားစစ်လိုက်အုံး

ဒါပဲ

mail ထဲကရတဲ့ဟာသလေးတွေပါ

လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက

`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´

ဟုလှမ်းမေး၏။


ဒီတော့ ခရီးသည်က

`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

..............................
..............................

.................................................................................................

ပထမ အလုပ်သမား ။ ။ `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´

ဒုတိယ အလုပ်သမား ။ ။ `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။

ကျွန်တော့်ဆောင်ပုဒ်က အလုပ်ပထမ၊
ပျော်စရာက ဒုတိယလေ´

.............................................................................................................

ဘ၀မှာ..အဆိုးရွားဆုံးအရာ



အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်.. အိပ်ရာခင်းကို
သပ်သပ်ရပ်ရပ်ခေါက်ထားပြီး.. အားလုံးသန့်သန့်ရှင်းရှင်း ဖြစ်နေတာ
မြင်တော့အံသြသွားသည်..

အိပ်ရာဘေးက.. မှန်တင်ခုံပေါ်မှာ.. စာအိတ်တခုထောင်ထားတာ တွေ့သွားသည်။..
အမေသို့.. လို့ရေးထားသည်..။

သူမ..တုန်လှုပ်စွာဖြင့်.. စာအိတ်ကိုဖောက်ပြီး.. စာကိုဖွင့်ဖတ်လိုက်သည်...။

အမေ


သမီး.. ဒီစာကိုရေးနေတဲ့အချိန်မှာ.. အရမ်းလည်းနောင်တရတယ်..
ဝမ်းလည်းနည်းတယ်..။ ..သမီး.. သမီးရည်းစားနဲ့.. ခိုးရာလိုက်သွားပြီ..
အမေ... သမီးတော့.. တကယ့်ကို သမီးချစ်တဲ့လူကိုတွေ့ပြီ... သူက..
သူရဲ့နားကွင်း.. ဆေးမင်ကြောင်..နဲ့ သူဝတ်တဲ့.. အ၀တ်အစားနဲ့..
တကယ်ကိုပဲကြည့်လို့ ကောင်းတယ်..။ ...ဒါပေမဲ့.. သမီး..
သူ့နောက်လိုက်သွားတာ.. ဒါတခုတည်းကြောင့်မဟုတ်ဘူး.. အမေ..သမီးမှာ..
ကိုယ်ဝန်ရှိနေပြီ..။ ..သူကပြောတယ်. သမီးတို့ပျော်ပျော်ရွင်ရွင်
နေကြရမှာတဲ့..။ တောထဲမှာ..သူပိုင်တဲ့.. တဲလေးရှိတယ်တဲ့..။
သူက..သမီးနဲ့အတူ.. ကလေးတွေအများကြီး လိုချင်တယ်တဲ့....။ .သူကသမီးတို့..
ဆေးခြောက်တွေ.. ကိုကင်းတွေကိုစိုက်ပြီး.. အသက်မွေးကြမယ်တဲ့လေ..။
အဲဒီ့အချိန်အတွင်းမှာ.. သမီးတို့.. အေအိုင်ဒီအက်စ်ကို.. ကုလို့ရမယ့်..
ဆေးပေါ်လာပါစေလို့.. ဆုတောင်းမယ်.. ဒါမှ..သမီးရည်းစားမြန်မြန်သက်သာမှာ..။
သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ..ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။တနေ့နေ့ကြရင်..အမေတို့ဆီ..သမီးတို့ပြန်လာပြီး..အမေ့မြေးလေးတွေကို..လာပြမှာပါ..

အမေ့ရဲ့..သမီး..



PS:
အမေ.. အပေါ်မှာရေးထားတာတွေ.. တခုမှ..မဟုတ်ဘူးသိလား..။
..သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ..။ ...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က.
အံဆွဲထဲက.
report cardထက်.. ပိုပြီးဆိုးရွားတဲ့.. အရာတွေရှိတယ်ဆိုတာ..
သိစေချင်လို့ပါ..။.. သမီးအိမ်ပြန်လို့.. စိတ်ချရပြီးဆိုရင်..
သမီးဆီဖုန်းဆက်လိုက်နော်.

အလုပ်အကိုင်

သူငယ်တန်းတက်စ ၅နှစ်သမီးလေး

"မေမေ .. မေမေ သမီးကို အတန်းထဲက ကောင်လေးက ကြိုက်လို့တဲ့။ သမီးကို
ယူမယ်လို့ပြောတယ်"

"သမီးကိုယူဖို့ သူ့မှာ အလုပ်အကိုင်ရော ရှိလို့လား"

"ရှိတယ် မေမေ... သူက သမီးတို့အတန်းက ကျောက်သင်ပုန်းဖျက်တဲ့လူလေ"


မမြင်သင့်တာ

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

သွေးတိုးရောဂါ

သွေးတိုးရောဂါက ကမ္ဘာမှာ အဖြစ်အများဆုံး ရောဂါ ဖြစ်ရုံ မကဘဲ အသက် အန္တရာယ်ပါ စိုးရိမ်ရတဲ့ ရောဂါဖြစ် ပါတယ်။ မြန်မာ တွေကတော့ သွေးတိုး ရောဂါကို သူဌေးရောဂါ လို့ လဲ ဆိုကြပါတယ်။ ငွေကြေး တတ်နိုင်သူတွေ အများစုက အဆီ အအိမ့်တွေ၊ အစားအသောက် ကောင်း စားနိုင်ကြလို့ ၊ အဲလိုလူတွေမှာ ဖြစ်လေ့ ဖြစ်ထရှိလို့ သူဌေးရောဂါလို့ အမည်ပေး ထားကြတာပါ။ သွေးတိုး ရောဂါ ဖြစ်ရတဲ့ အထဲမှာ အငံဓါတ်ကို များများစား တာ လည်း ပါ-ပါတယ်။ သွေးတိုး ရောဂါ လက္ခဏာ ကတော့ ခေါင်းမူးလာ တတ်ပါတယ်။ မအီမသာ ဖြစ်တတ်ပါတယ်။
တချို့ ဆိုရင် မိုက်ခနဲ မိုက်ခနဲ မူးတတ်ပါတယ်။ တချို့ ကြရင်တော့ အော့ချင်သလို အန်ချင်သလို ဖြစ်လာတယ်။ နှလုံးတုန်တာတို့ ရင်ခုန်တာတို့ လဲ ဖြစ်လာတတ်ကြပါတယ်။
ဆရာဝန်တွေက သွေးချိန်ပြီး စစ်ကြတာ များပါတယ်။ တချို့က ခေါင်းမူးလို့ သွေးတိုးရောဂါ ထင်ပြီး သွေးချိန် ပေ မယ့် သွေးတိုးရောဂါ မရှိတတ်ကြပါဘူး။ အသက် ၄၀ ကျော်ပြီဆိုရင်တော့ မှန်မှန် သွေးတိုင်းကြည့်စေ ချင်ပါ တယ်။ တချို့ ကြတော့လဲ ဘာလက္ခဏာမှ မပြဘဲ သွေးတိုးနေတာ ရှိတတ်ပါတယ်။
သွေးကိုချိန်ကြည့်တော့မှဘဲ သွေးတက်နေတယ်ဆိုတာ သိရပါတယ်။ မှန်မှန်သွေးချိန်တာကတော့ အကောင်းဆုံး ပါဘဲ။ ဘာမှ မဖြစ်ဖူး ဆိုတဲ့ သူဆိုရင်တလ တကြိမ် လောက်တော့ သွေးချိန် စစ်ဆေးသင့်ပါတယ်။ သွေးတိုးနည်းနည်း ရှိတယ်ဆိုရင်တော့ တပတ် တကြိမ်လောက် စစ်ဆေး သင့်ပါတယ်။
သွေးကျဆေး စားနေပြီ။ ကိုလက်စထရော ကျတဲ့ ဆေးတွေ စားနေပြီ -ဆရာဝန်ကလည်း သွေးတိုးရှိနေပြီလို့ သတ်မှတ်ပြော လာပြီဆိုရင်တော့ သွေးချိန်တဲ့ စက်ကလေး ၀ယ်ထားပြီး နေ့ တိုင်း ချိန်ကြည့်ရင်လည်း ကောင်းပါတယ်။ သွေးတိုးရောဂါကို မဆင်ခြင်ရင် နှလုံးရောဂါ ပါ ဖြစ်တတ်ပါတယ်။
ကိုယ်တစ်ခြမ်းသေသွားတာတို့ ၊ပါးတစ်ခြမ်း ရွဲ့ သွား တာတို့ ၊ကျောက်ကပ်ကို ထိခိုက်သွား တာတို့ ၊ သွေးတိုး ရောဂါ ကနေ ဖြစ်တတ်တာမို့ ဆင်ခြင်နိုင်တာ အကောင်းဆုံးပါပဲ။ သွေးတိုးဖြစ်ရတာက အငံစား များတာနဲ့ ချည်းပြောလို့ မဖြစ်သေး ပါဘူး၊ အသက် ၄၀ ကျော်ပြီဆိုရင် သွေးတိုးကို စစ်ဆေး ပေးလို့ ရပါပြီ။ တချို့က မျိုးရိုးဗီဇနဲ့ လည်း ဆိုင်တတ်ပါတယ်။ အဖေသွေးတိုး။ အမေသွေးတိုး ရှိခဲ့ရင် သား၊ သမီးတွေမှာ ဆက်ပြီး ဖြစ်တတ်လို့ပါ။ စိတ်ဖိစီးမှု သိပ်များတတ်တဲ့ နိုင်ငံရေးသမားတို့၊ အလုပ်သိပ်လုပ်တဲ့ သူတွေမှာ၊ စိတ်ရှုပ်တတ်တဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ အများဆုံး ဖြစ်လေ့ ဖြစ်ထရှိတာကတော့ အစား အသောက်ရယ်။ဆေးလိပ် သောက်တာ ၊အရက်သေစာ သောက်စားတာ ၊အဆီ အအိမ့်၊ တရိစ္ဆာန် အဆီ၊ အထူးသဖြင်-့ ၀က်သားတို့ ၊စားအုန်းဆီ၊ တို့ကို ဆင်ခြင် ရပါမယ်။
စိတ်ဖိစီးမှုကြောင့် ၊ အစားအသောက် မဆင်ခြင်မှုကြောင့် ဖြစ်စေ တခုခုနဲ့ တခု ဆက်စပ်နေကြပါတယ်။
အစားအသောက် ဆင်ခြင်ပြီး တရားထိုင်ခြင်း၊ စိတ်အနားယူခြင်း၊ လမ်းလျှောက်တာ၊ရေကူးတာ ၊ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရင် သွေးတိုးရောဂါ သက်သာ ကျဆင်း စေပါတယ်။ အုန်းနို့စားပြီးရင်အော့အန်တာ ရှိတတ်ပါတယ်။ ရိုးရိုး အော့အန်တာလား သွေးတိုးကြောင့်လားဆိုတာ သွေးချိန် စစ်ဆေး သင့်ပါတယ်။
အစားအသောက် မှားစေနိုင်တဲ့ မီးဖိုချောင်မှ ပေးတဲ့ ရောဂါတွေကို ဆင်ခြင်မှုနဲ့ တားဆီးနိုင် ကြပါတယ်။ အဆီဓါတ် အများပါတဲ့ ၀က်သား၊ဆိတ်သား၊ အမဲသား စတဲ့ သားကြီး ငါးကြီးတွေ လျှော့ပြီး ငါး၊ ဟင်းသီးဟင်း ရွက် များများ စားပေးရင်ဖြင့် သွေးတိုးရောဂါ အပြင် နှလုံးရောဂါ-ပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။
ဒေါ်ခင်ဝင်းနွယ်(အ၈င်္လန်)
ဗွီအိုအေ သတင်းဌာန ကျန်းမာရေး ဟောပြောချက်များမှ
မြန်မာတို့ ကျန်းမာခြင်းသုခ ပိုင်ရရှိကြပါစေ။



ကျောက်ကပ်ဝေဒနာသည်များအတွက်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။
သိန်းထောင်ချီ၍ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ
ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။


ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍
နာတာရှည် ခံစားနေရသူများသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု
လုံးဝအာမခံပါသည်။

ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း
ပျောက်ကင်းခဲ့ပါသည်။စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီး
နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။

အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန်
ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။

မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင်
နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။


၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။
(အသား၊ငါးမရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား

ပီသစေပါသည်)


၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်
ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံး
ကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာ
သို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။

ဖြေးဖြေးသက်သာလာပါမည်။
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော
့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်
စာမျက်နှာပေါ် တင်လိုက်ရပါသည်
ရေးသားသူ Ye Lattမှ ကူးယူဖော်ပြသည်။
 

မိန်းကလေးများအတွက်

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင်ကိုသူ
မချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။



(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်
ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။


(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။ သင့်လက်ရှိအနေအထား
ဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။



(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာ
ပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။



(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်
ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!


(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ
တကယ့်ချစ်သူမဟုတ်ဘူး။


(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။



(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။ တကယ်လို့
လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေ
တွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။


(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်
တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။


(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်တယ်။ ကိစ္စလေးတစ်ခုကို
မေ့တာနဲ့ သင့်ကို သူ မချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်နဲ့။


(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။
ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။



(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့
သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။


(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်း
ကို အချစ်နဲ့လဲယူနေကြတယ်။



(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်း
ရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။


(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွား ဂရုမစိုက်နဲ့။
ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။



(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။


(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင် ပိုအရုပ်ဆိုး
မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။


(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။



(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ
ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက
သင့်ကိုမချစ်လေ ဖြစ်တတ်တယ်။



(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာ
တွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။



(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့..... သူဟာ သင့်အတွက် မဟုတ်
ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။


(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။



(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အား
ကိုယ်ကိုးနိုင်အောင် လုပ်ပါ။



(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။
ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။


(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။



(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့
မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်
ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။



(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်
တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲလိုက်ပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင်
ပိုကောင်းပါတယ်။



(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။



(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေ
အတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။



(၃ဝ) လမ်းခွဲချိန် မငိုနဲ့ .... လုံးဝ မငိုနဲ့ လို့  ဆိုလိုတာ မဟုတ်ပါ။ သူ့ ရှေ့မှာ မငိုပါနဲ့... သူ့ ကွယ်ရာကျမှ ငိုပါ။
*** ချစ်သူတိုင်းးးး စိတ်သဘောထားချင်း တိုက်ဆိုင်ပြီး သာယာဖြောင့်ဖြူးတဲ့ 
ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင် ကြပါစေ ............


*** နိုင်းနိုင်းစနေ မှ ကူးယူဖော်ပြသည်..။

ဒေါသဟာ ထိန်းချုပ်ရအခက်ဆုံး

ဒေါသစိတ်ဟာ ထိန်းချုပ်ရအခက်ဆုံး စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူသားတိုင်းဟာ ဒေါသဖြစ်တဲ့အတွေ့အကြုံ အနည်းနဲ့ အများဆိုသလိုရှိတတ်ကြပါတယ်။
သူငယ်ချင်းမိတ်ဆွေများ တစ်ဦးနှင့်တစ်ဦးမုန်းတီးလာပြီး တစ်ဖက်သား
ခွင့်မလွှတ်နိုင်လောက်တဲ့ စကားများကို ပြောဆိုမိခြင်းဟာ ဒေါသစိတ်ကြောင့်ပဲဖြစ်ပါတယ်။
မိခင် ၊ ဖခင် တို့ကိုယ်တိုင်က ချစ်လှစွာသော သားငယ် ၊ သမီးငယ်များကို ရိုက်နှက်မိခြင်းဟာလည်း
ဒေါသစိတ်ကတရားခံပဲဖြစ်ပါတယ်။ ဒေါသစိတ်ကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းများကတော့ နာကျင်ခြင်း ၊ အချည်းနှီးဖြစ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း ၊ သောကဗျာပါဒ ဖြစ်ခြင်း၊ စိတ်ပျက်ခြင်းနှင့် ဘေးအန္တရာယ် တို့ပဲဖြစ်ပါတယ်။ ဒေါသဖြစ်နေတဲ့ အခိုက်အတန့်ကလေးမှာပဲ လူအချို့ဟာ လူသတ်မှုအထိကျုးလွန်တတ်ကြပါတယ်။

မိမိရဲ့ ဒေါသစိတ်ဟာ မိမိကိုယ်တိုင်ရဲ့ ရန်သူဖြစ်ပြီး မိမိဘ၀ကိုရော ၊ သူတပါးရဲ့ဘ၀ကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့် ဒေါသစိတ်ကိုကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး ဒေါသစိတ်ကို ဘယ်လိုဘယ်ပုံမျိုးထွက်ပေါက်ပေးရမယ်ဆိုတာကို နားလည်သဘောပေါက်ထားမယ်ဆိုရင် ဒေါသစိတ်ဟာ မိမိအတွက် မိတ်ဆွေလည်းဖြစ်စေနိုင်ပါတယ်။
ဒေါသစိတ်ကိုထွက်ပေါက်ပေးပုံ၊ ပေးနည်းမှန်ကန်မယ်ဆိုရင် ကျွန်တော်တို့ရဲ့  ဘ၀ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိအောင်မြင်နိုင်မှာဖြစ်သလို ဘ၀ခရီးလမ်းမှာကြုံတွေ့လာရတဲ့ အခက်အခဲ ပြဿနာများ၊ ရုတ်တရက်ပေါ်ပေါက်လာသော အကြပ်အတည်းများကို ရုတ်ချည်း ဆုံးဖြတ်ချက်များနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ကိုလည်းအဆိုးဘက်ကိုမရောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဒေါသစိတ်ဆိုတာဟာ လူသားအားလုံးအတွက် အကျိုးယုတ်ပျက်စီးစေတတ်တယ် ဆိုတာကို ကျွန်တော်တို့အားလုံး အသိပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံ နေရသူများအဖို့ ဒေါသစိတ်ဖြစ်ဖို့ အခွင့်အလမ်းပိုလို့များပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပေါ်လာရတဲ့ ဒေါသဟာ လူမှုဆက်ဆံရေးကို ပျက်စီးအကျိုးယုတ် စေရုံတင်မကဘဲ ဒေါသဖြစ်သူ ကာယကံရှင်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ သွေးတိုးရောဂါ ၊ နှလုံးရောဂါ၊ ခေါင်းကိုက်ရောဂါ၊ အရေပြားယားယံခြင်းနဲ့ စိတ်ကျခြင်းမှသည် နာတာရှည် စိုးရိမ်ပူပန်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

ဒေါသစိတ်ကို မချုပ်တည်းနိုင်ခြင်းကြောင့် အန္တရာယ်ကြီးမားလှတဲ့ ရာဇ၀တ်မှု ၊ ညှင်းပန်းနှိပ်စက်မှု နဲ့ ကြမ်းတမ်းတဲ့ ကိုယ်နှုတ်အမူအရာများ ဖြစ်ပေါ်လာရပါတယ်။ လုပ်ငန်းခွင်မှာ လုပ်သားများ ဒေါသစိတ်ဖြစ်ရခြင်း အကြောင်းရင်းများမှာ အလုပ်ရှင် ၊ ကြီးကြပ်ရေးမှုး၊ မန်နေဂျာ စသည့်လူများကြောင့် ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များလည်း ပါဝင်ပါတယ်။

-အလုပ်ရှင်ကလုပ်ခတိုးပေးမည် ။ ရာထူးတိုးပေးမည် စသည်ဖြင့် ကတိပေးထားပြီး ထိုကတိများအတိုင်းတကယ်တန်းတွင်ဖြစ်မလာခြင်း၊
-အလုပ်သမားတစ်ဦးဟာ မိမိမှားယွင်းသည်ဟု အပြစ်တင်ခံရခြင်း ၊
-မိမိအထက်က မန်နေဂျာ ၊ ကြီးကြပ်ရေးမှုးများက မိမိကို ကြိမ်ဖန်များစွာအပြစ်တင်ခြင်း၊
-အလုပ်သမားများက မိမိသည် မိမိ၏ အထက်မှ မန်နေဂျာ၊ ကြီးကြပ်ရေးမှုးများထက်ပို လုပ်ငန်းကျွမ်းကျင်သည် ၊ ပိုတော်သည်ဟု မိမိကိုယ်မိမိ ထင်မြင်နေခြင်း၊
-လုပ်ဖော်ကိုင်ဖက်များက မိမိထက် ပိုဝင်ငွေကောင်းနေခြင်း
စတဲ့အချက်များကြောင့် လုပ်ငန်းခွင်မှာ ဒေါသစိတ်များဖြစ်လာရပါတယ်။

တစ်ခါတစ်ရံမှာတော့ လုပ်ငန်းနဲ့ မဆိုင်တဲ့ ပြင်ပ အကြောင်းအရာများကလည်း လုပ်ငန်းခွင်ကို နှောင့်ယှက်တတ်ပါတယ်။ မိသားစုအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာများ ကြီးထွားလာပြီး ထိုပြဿနာများက မိမိရဲ့စိတ်ကို ကြီးစိုးလာတဲ့အခါမှာ လုပ်ငန်းခွင်ကိုပါထိခိုက်လာစေနိုင်ပါတယ်။ ကွာရှင်းပြတ်စဲခြင်း ၊ မိမိချစ်နှစ်သက်သူကွယ်လွန်ခြင်း၊ ငွေကြေးပြဿနာများနဲ့ ကျန်းမာရေး ပြဿနာများဟာ စိတ်ကိုလွှမ်းမိုးလာပြီး ထိုအကြောင်းအရာများနဲ့ ပတ်သက်တဲ့ ဒေါသစိတ်ဟာ လုပ်ငန်းခွင်အထိကိုပါ ဆက်နွယ်လာပါတယ်။ လုပ်ငန်းခွင်မှာ ဒေါသထွက်လျှင် လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်ပြီး မိမိလုပ်အားခကို မှီခိုနေရသော မိမိ၏မိသားစုဘ၀ကို ဒုက္ခ ဖြစ်စေနိုင်သောကြောင့် လုပ်ငန်းခွင်မှာ ဒေါသဖြစ်ခြင်းလောက်ဆိုးရွားတဲ့အခြေအနေမရှိတော့ပါဘူး။
ဒါကြောင့်လုပ်ငန်းခွင်မှာ ဒေါသစိတ်ကို ချုပ်တည်းနိုင်ခြင်း အလေ့အကျင့်ကို ကြိုးစားမွေးမြူမယ်ဆိုရင် လုပ်သားကောင်းတစ်ဦး ၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။

မိမိစိတ်ကိုမိမိထိန်းချုပ်နိုင်ခြင်း အလေ့အကျင့်ဟာ မွေးမြူလို့ရပါတယ်။ လူသားတွေရဲ့ အပြုအမူအကျင့်တွေ အားလုံးဟာ အခြေအနေတွေပေါ်မှာမူတည်ပြီး ပြုပြင်လို့ရပါတယ် လို့စိတ်ပညာရှင်များကဆိုပါတယ်။ ငယ်စဉ်ကလေးဘ၀မှာ ဒေါသထွက်ခြင်းဖြင့် ကိုယ်လိုချင်တာကို အရယူနိုင်ခြင်းကြောင့် အရွယ်ရောက်လာတဲ့အခါမှာလည်း ဒေါသထွက်ခြင်း အလေ့အကျင့် ဆက်လက်ဖြစ်ပေါ်လာပါတယ်။ ထိုသူဟာ ဒေါသထွက်ခြင်းအလေ့အကျင့်ကို ငယ်စဉ်ကတည်းက စိတ်မှာမွေးမြူခဲ့လို့ပါပဲ။ ထိုသို့ ဒေါသထွက်ခြင်း အလေ့အထကို မွေးမြူလာနိုင်ခဲ့တယ်ဆိုရင် သီအိုရီနည်းအရ သည်းခံခွင့်လွှတ်ခြင်း အလေ့အထကိုလည်း ကျွန်တော်တို့ရဲ့စိတ်မှာ မွေးမြူလို့ရပါတယ်။ သည်းခံခွင့်လွှတ်ခြင်းကို စိတ်မှာ လေ့ကျင့်မွေးမြူခြင်းဖြင့် တဖြည်းဖြည်းနဲ့ သည်းခံခြင်းစွမ်းအား ပိုမိုလာပြီး ဒေါသစိတ်လျော့ပါး လာမှာဖြစ်ပါတယ်။ ဒေါသစိတ်ကို ထိန်းချုပ်နိုင်သူဟာ ဆုံးဖြတ်ချက်များလည်း မှန်ကန်မှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အားကစားလေ့ကျင့်ခန်းများပြုလုပ်ခြင်း ၊ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊ အရက်သေစာများကို ရှောင်ရှားခြင်းတို့ဖြင့် ဒေါသစိတ်ကိုလျော့ပါးစေပြီး ကိုယ်အမူအရာကြမ်းတမ်းခြင်း လည်းလျော့ပါးလာမှာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ လူတွေဟာ ကျန်းမာရေး ပိုလို့ကောင်းလေ ပိုလို့အောင်မြင်တဲ့ဘ၀ကို တည်ဆောက်နိုင်လေ ဖြစ်ပါတယ်။

သူတပါးရဲ့  အမှားများကို ခွင့်မလွှတ်နိုင်လောက်အောင် ဒေါသဖြစ်လာပြီဆိုရင် စိတ်ကူးနဲ့ သူ့နေရာမှာ ကိုယ်စားဝင်ကြည့်ပြီး ကိုယ်ချင်းစာကြည့်ပေးပါ။ ထိုအလေ့အကျင့်ဟာ ကျွန်တော်တို့ကို မတူညီတဲ့ ရှုထောင့်အမြင်သစ်တစ်ခုတိုးပွားလာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ပုထုဇဉ် လူသားတွေပဲမို့ အမှားမကင်းနိုင်ကြပါဘူး ဆိုတာကို အမြဲသဘောပေါက်နားလည်ထားမယ်ဆိုရင် သူတပါးရဲ့ အမှားများကိုလည်း ခွင့်လွှတ်ပေးလာနိုင်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဟာသလေးများကို ရှာဖွေပြီး ရယ်မောပစ်လိုက်မယ်ဆိုရင် ဒေါသစိတ်လျော့နည်းလာမှာပါပဲ။ သူတပါးကို ကောင်းမွန်စွာ နားထောင်ခြင်းဟာလည်း လှုမှုဆက်ဆံရေးအတွက် အကျိုးအမြတ်ရစေမှာ ဖြစ်ပြီး လူအချင်းချင်းယုံကြည်မှုကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ မိမိကိုယ်တိုင်က သူတပါးအပေါ်မှာ ဒေါသဖြစ်နေပြီ ဆိုရင် ကိုယ်ဒေါသဖြစ်ရတဲ့သူကို ဘယ်လိုအကြောင်းအရာတွေက မိမိကိုဒေါသဖြစ်စေတယ်။ ဘာကြောင့် ဒေါသဖြစ်ရတယ်ဆိုတာကို နားလည်သဘောပေါက်အောင်ရှင်းပြပေးပါ။ ဒါမှလည်းပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုကို ဖော်ဆောင်ပြီး အချင်းချင်းနားလည်မှုရှိလာမှာဖြစ်ပါတယ်။

တကယ်တန်းကျတော့ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ 
ဘ၀တွေဟာ ဒေါသစိတ်နဲ့သာ အချိန်ကုန်နေမယ်ဆိုရင် သိပ်ကို တိုတောင်းလွန်းလှတဲ့ ဘ၀သာဖြစ်နေမှာပါ။ ရရှိထားတဲ့ လူ့ဘ၀သက်တမ်းအတွင်းမှာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကိုရော မိမိကိုယ်တိုင်ကိုပါ အကျိုးမဲ့စေတဲ့ ဒေါသစိတ်ကို ချုပ်တည်းပြီး သည်းခံခွင့်လွှတ်စိတ်နဲ့သာ နေမယ်ဆိုရင် အင်မတန်ပျော်စရာကောင်းတဲ့ လူ့ဘောင်လောက ဖြစ်လာမှာ မလွဲမသွေပါပဲ။
စာဖက်သူငယ်ချင်းအားလုံး လေးစားလျှက် အားလုံးကိုကျေးဇူးတင်ပါတယ်...။

အင်တာနက်သုံးခြင်း၏ အကျိုး

အင်တာနက်သုံးခြင်း၏ ကောင်းကျိုး (၁၀) ချက်
1. Typping မြန်လာခြင်းနှင့် သူငယ်ချင်း များတိုးလာခြင်း
2. နည်းပညာခေတ်ရေစီးကြောင်းထဲမှာ ဘာပဲလိုလို အင်တာနက် တွင်ရနိုင်ခြင်း
3. အသက် (၄၀) ကျော်လို့ ရည်းစားမရဘူးလား စိတ်မညစ်နဲ့ ရည်းစားရစေရမယ်ကံကောင်းရင် လီယောင်ဂျေး တောင်ရနိုင်တယ် အဲ ….. ကံမကောင်းရင်တော့ထမိန်ပေါင်ပြီး အင်တာနက်သုံးရကိန်း ရှိသည်။
4. အဓိက ကောင်းကျိုးကတော့ အပြင်မှာ လမ်းတွေ့ရင်တောင် နှုတ်မဆက်ကြတဲ့ သူတောင်အင်တာနက်ထဲရောက်လာရင် ဟိုင်း … နေကန်းလား … ချားပြီးပြီလားလို့ကြင်နာစိတ်ရှိလာခြင်း
5. တပြိုင်နက် ရည်းစား 5 ယောက်ထက်မနည်း ထားလို့ရခြင်း ကြောင့် ပန်းခြံ ၊ရုပ်ရှင်ရုံ ၊ Coffee shop တို့အားသွားရာတွင် ကုန်ကျမည့်
ပိုက်ဆံချွေတာနိုင်ခြင်း
6. ဘာ ………. ဟိုမင်းသမီး ….. ဟိုမင်းသား အမလေးလေး လာမပြောနဲ့ အင်တာနက်ထဲမှာရောက်နေပြီ အဲလို မြန်တာ
7. ရည်းစားစာကို ဘလောခ်တင်ပြီး ခံစားရတာကို ချစ်သူ သနားလာအောင် ရေပြနိုင်ခြင်း
(J-me ပြောသလို အင်္ဂလန်က ဘုရင်မကြီးတောင် ကြွေသွားမယ် )
8. ကိုယ့်ကိုကိုယ် ရုပ်ဆိုးလို့ အားငယ်နေလား အားမငယ်နဲ့ အင်တာနက်မှာဒါတွေမလိုဘူး
9. စိတ်ပြေလက်ပျောက် ဓာတ်ရှင် ကြည့်မလား ၊ သီချင်းနားထောင်မလား ၊ ဟာသ ဖက်မလားရတယ် ဘာပဲလိုလို အင်တာနက်မှာရှိနေခြင်း
10. အင်တာနက်ကြောင့် မိန်းကလေးများဟိုပေါ် ဒီပေါ်များ ၀တ်ဆင်မှု နည်းပါးလာခြင်းကဲမကောင်းဘူးလားဗျာ အင်တာနက်ရှိတာ ………………

အင်တာနက်သုံးခြင်း၏ မကောင်းကျိုး (၁၀) ချက်
1. မကောင်းတာ တော်တော် လေးကိုမကောင်းတာ ပိုက်ဆံကုန်ခြင်း မျက်စိများမှုန်ဝါးလာခြင်း
2. မြင်မကောင်းရှူ့မကောင်းသော ပုံများရှိခြင်း ( ရှင် ကျွန်မနဲ့ အဆက်ပျက်ရင်ကျွန်မနဲ့ ရိုက်ထားတဲ့ ပုံတွေကို ဖြတ်ညှက်ကပ်လုပ်ပြီး အင်တာနက်ပေါ်မတင်နဲ့နော် )
3. ကိုယ်ကသာ ကမ္ဘာကြီးကို အင်တာနက်ကနေ ထိုင်ကြည့်နေတာ ကိုယ့်အိမ် မီးထဲပါသွားတာမသိနိုင်ခြင်း
4. အပြင်မှာလို ဘာမှလဲ လုပ်လို့မရနိုင်ခြင်း (ဟီဟိ …. ဘာမှဆိုတာ ဘာမှကိုပြောတာ)
5. ချစ်သူတွေ တစ်ယောက်ကို တစ်ယောက် မုန့်ခွင့်ကျွေးလို့မရခြင်း ၊ ရုပ်ရှင်အတူထိုင်ကြည့်လို့မရခြင်း ၊ ဘာဆိုဘာမှကို လုပ်လို့မရခြင်း ..။ (လာပြန်ပြီ …ဘာဆိုဘာမှ )
6. အင်တာနက်သုံးခြင်းသည် အနှိပ်သည်ဘ၀ကို ရောက်မှန်းမသိရောက် နေခြင်း (အချို့ဆို လက်ထိပ်ကလေးတွေ အသမာတောင် တည်နေကြပြီ )
7. အင်တာနက်ကို တနေ့ 2နာရီပဲသုံးဦး လူ့ဘ၀တစ်လျှောက် ငါးပုံ ပုံရင် တစ်ပုံကိုကုန်ဆုံးစေခြင်း အိပ်ချိန်က လူ့ဘ၀ တစ်ဝက် အမလေးလေး မတွေးရဲစရာကြီး
8. အင်တာနက်သုံးခြင်းဟာ အရေမရ အဖက်မရ စကားများဖြင့် အချိန်ကုန်စေခြင်း
9. လိမ်လည် ဖြားရောင်း အတုရောင် သတင်းများ စွာရှိခြင်း
10. အင်တာနက်သည် တကယ်တော့ တနေ့ကို ဘုရားမကြိုက်တဲ့ အလုပ် အများဆုံးလုပ်တဲ့နေရာပဲ ဖြစ်ပါသည် …..။
နေမင်းဇော်(MM Flash Song)မှကူးယူဖော်ပြပါသည်...။

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...