https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 8, 2012

ဝမ်းထဲမှာ..အစာမရှိလျှင် မသုံးဆောင်သင့်သည့် အစာများ



 Orange
 soy milk
 persimmon
 Hawthorn
 banana
 Tomato
tea
 Cold drinks 
 sweet potato
 ကြက်သွန်
 yogurt
 milk
 water

Black dates
ဝမ်းထဲအစာမရှိသေးလျှင် မသုံးဆောင်သင့်သည့် အစားအသောက်များ

foods that cannot be taken on an empty stomach

Ref:news.cn

http://www.innewsmyanmar.com/2012/08/blog-post_5773.html

သင့်အတွက်..ညအိပ်ပျော်အောင်

Millet congee
 Banana
 Potato
 Hot milk
 Walnut
 Almond
 Honey
Oatmeal
 Chrysanthemum tea
ညအိပ်မပျော်သူများအတွက် အိပ်ပျော်စေသော အစားအသောက်များ
Foods that help you sleep

http://www.innewsmyanmar.com/2012/08/blog-post_4953.html
အဆင်ပြေကြပါစေ

သင့်ကိုလိမ်ပြောနေတာကို..... ဘယ်လိုသိအောင်လုပ်မလဲ

လူတစ်ယောက် လိမ်ပြောတယ် မပြောဘူးဆိုတာ သိရခက်ပါတယ်။ အထူးသဖြင့် လည်လည်ဝယ်ဝယ် ရှိတဲ့
သူတစ်ယောက်နဲ့ စကားပြောမိရင် ကိုယ်ခံလို့ ခံလိုက်ရမှန်းမသိ လိမ်သွားတာမျိုးတို့တောင် ဖြစ်တတ်ပါ
တယ်။ ဒီတော့ လူတစ်ယောက်နဲ့ စကားပြောတဲ့ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့ လိုအပ်လာပါတယ်။




1. Eye contact

လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် ၁ လုပ်နိုင်ချေအမူအရာက မျက်လုံးက အမြင်လွဲတာ ဖြစ်ပါတယ်။
 
စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု
 
ကတော့ စိုက်ကြည့်ခြင်း ဖြစ်ပါတယ်။ သူလိမ်နေတာ မရိပ်မိအောင် တစ်ဖက်ရဲ့ မျက်နှာ အမူအရာကို
 
လိမ်ပြောသူ စောင့်ကြည့်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါခါဆို လိမ်ပြောတဲ့သူက မျက်တောင်ခတ်
 
တဲ့ အကြိမ်တောင် သာမန် မြင်နေကျအချိန်ထက် နည်းသွားပါတယ်။
 
 
 


2. Forced smile

Force smile ဆိုတာ ဘာသာပြန်လိုက်ရင် တွန်းအားပေးမှုကြောင့် ပြုံးရယ် မှု ဖြစ်ပါတယ်။ ဆိုလိုရင်က
 
လုပ်ရယ် ရယ်ခြင်း ဖြစ်ပါတယ်။ အမှန် တကယ် မဟုတ်သော်ငြားလည်း ရယ်ချင် ယောင်ဆောင်ပါတယ်။
 
အရမ်း ဟားရယ်တာမျိုး မဟုတ်ပဲ နှုတ်ခမ်း လှုပ်ရုံလေး ရယ်တတ်ပါတယ်။ သဘာဝအတိုင်းသာ ရယ်မယ်
 
ဆိုရင် Natural Smile က - ပါး၊ မျက်လုံး၊ နှာခေါင်း၊ နှဖူး စတာတွေ အကုန်လုံး တွန့်သွား အောင်ကို
 
အမူအရာ ပီပြင်ပါတယ်။ စင်စစ် ရယ်မောမှု (Genuine smile) ဆိုရင် မျက်လုံးက ကျဉ်းသွားပြီး မှေးပါ
 
မှေးသွားပါတယ်။ ဟန်ဆောင် အပြုံး ကတော့ ပါးစပ်တစ်ဝိုက် လှုပ်ရှားမှုသာ ပိုမြင်ရမှာ ဖြစ်ပါတယ်။
 
 
 
 


3. Head & Eye direction

ညာသန် (Right Handed) လူဆိုရင် များသောအားဖြင့် ဖြစ်ရပ်မှန် တစ်ခုခု ကို ပြန်လည်စဉ်းစားတဲ့အခါ၊
 
တကယ်ဖြစ်ခဲ့တာ၊ တွေ့ခဲတာ၊ သိခဲ့တာ ကို ပြန်တွေးတဲ့အခါ မျက်လုံးက ညာဘက်အပေါ်ကို ကြည့်ရှုပါ
 
တယ်။ အင်္ဂလိပ်လိုဆိုရင် (the right in an upward direction) ဖြစ်ပါတယ်။ ဒါဆိုရင် အမှန်အတိုင်း
 
ပြောနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ကူးထဲ ရှိရာပြောမယ်. စိတ်ကူးယဉ်ပြီးပြောမယ်၊ တစ်ခုခု
 
ဇာတ်လမ်း ဆင်ပြီးပြော မယ်ဆိုရင် ဘယ်ဘက် အပေါ်ကို ကြည့်မှာ ဖြစ်ပါ တယ်။ (the left in an
 
upward directoin). ဒါကြောင့် ဒါက လိမ်ပြောတာ ဖြစ်ပါတယ်။ ဘယ်သန် ဆိုရင်တော့ ညာသန်ရဲ့ 
 
ဆန့်ကျင်ဘက် ဖြစ်ပါတယ်။
 
 
 
 


အထက်ပါ သုံးချက်ကို ပုံသေမှတ်လို့တော့ မရပါဘူး။ များသော အားဖြင့် ဖြစ်နိုင်ချေကို သီအိုရီ ထုတ်ယူ
 
ထားခြင်း ဖြစ်ပါတယ်။ တစ်ခါ တစ်လေကျ မှားတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက် လိမ်ပြော
 
မပြော ကို ဒါတွေ သိရုံနဲ့ မလုံလောက်သေးပါဘူး။ လိမ်ပြောနေသူ ကို ထောက် လှမ်းနိုင်မယ့် အခြား
 
သော Body Language, ကိုယ်ပိုင် အသိဥာဏ်၊ စဉ်းစား ဆင်ခြင်ချက်တွေကို ပေါင်းစပ်မယ်ဆိုရင်
 
အနည်းနဲ့ အများတော့ အလိမ်ခံ ရခြင်းက ကင်းဝေးမှာ ဖြစ်ပါတယ်။
 
 
 
 
 
 

သင့်ကွန်ပျူတာမြန်ရန်အတွက်

ဒီနည်းလမ်းလေးတွေကိုတော့ လူတိုင်းနည်းပါးသိမှာပါ။
ဒါပေမဲ့ ပြောနေကျဆိုသလိုပေါ့
မသိသေးတဲ့ မြန်မာချစ်သူများထဲ့မှ မိတ်ဆွေများအတွက်ပါ။
အရမ်းကို လွယ်ကူပါတယ်။
ကဲ  အောက်ပါနည်းလေးတွေကို လိုက်လုပ်ကြည့်ရအောင်ဗျာ။
(၁) start
run ထဲမှာ prefetch ရိုက်ထည့်လိုက်ပါ။
အဲဒီ folder ထဲ့ မှ file အားလုံးကို delete လုပ်လိုက်ပါ။

(၂) start
run ထဲမှာပဲ temp ကိုရိုက်ထည့်လိုက်ပါ။
အဲဒီ folder ထဲမှ file အားလုံးကို delete လုပ်လိုက်ပါ။

(၃) start
run ထဲမှာပဲ recent ကိုရိုက်ထည့်လိုက်ပါ။
အဲဒီ folder ထဲမှ file အားလုံးကို delete လုပ်လိုက်ပါ။

(၄) start
run ထဲမှာပဲ %temp% ကိုရိုက်ထည့်လိုက်ပါ။
အဲဒီ folder ထဲမှ file အားလုံးကို delete လုပ်လိုက်ပါ။

(၅) start
run ထဲမှာ regedit ရိုက်ထည့်ပါ။
ပေါ်လာသော folder ထဲမှ HKEY_CURRENT_USER / Control panel > desktop ကိုရွေးပါ
ပြီးလျင် MenuShowDelay နှိပ်ပြီး ပွင့်လာသော box မှာ 400 (သို့)  200 ဖြစ်နေလျင် (0) သို့ပြောင်းလိုက်ပါ။

(၆) start > run > msconfig > startup
ပေါ်လာသော box မှာ programs files တွေကို uncheck လုပ်လိုက်ပါ။
ပြီးလျင် ok ကိုနှိပ်လိုက်၊ restart မချလဲရပါတယ် ။

(၇) start > Control Panel > System > Advanced > preformance Settings ပြီးလျှင်
Adjust for best performanceေ၇ွးလိုက်ပါ။ ခဏစောင့်ပါ။ ပေါ်လာသော box မှ ok နှိပ်ပါ။

(၈) internet speed မြန်ရန်
run > system.ini ပေါ်လာသော notepad မှာ
page buffer=100000kbps load=100000kbps
Download=100000kbps save=100000kbps
back=100000kb လို့ရိုက်ထည့်လိုက်ပါ။ ပြီးလျင် save ပါ။
ပြီးလျင် restart ချလိုက်ပါ။


မေးလ်မှတစ်ဆင့်

သင်ချစ်တဲ့သူကို...ကြင်နာပေးနိုင်မလား

bus ကားပေါ်က ခရီးသည်တွေက ဒုတ်ကောက် အဖြူရောင်လေးနဲ့ သတိထားပြီး ကားပေါ်ကို တက်လာတဲ့ ဆူဆန့်
ကို စာနာ သနားတဲ့အကြည့်နဲ့ ကြည့်နေကြတယ်… ဆူဆန်ဟာ အသက် ၃၅ နှစ်အရွယ် ရှိပြီး ချောမောလှပ ဆွဲဆောင်
မှုကောင်းတဲ့ မိန်းခလေးတစ်ယောက်ပါ..



သူမက ကားမောင်းတဲ့ လူကို ပိုက်ဆံ လှမ်းပေးလိုက်ပြီး သူ့လက်တွေနဲ့ လိုက်စမ်းရင်း ခုံနေရာလွတ်ကို ရှာဖွေပါတယ်.
လူမရှိတဲ့ ထိုင်ခုံလွတ် တစ်ခုမှာ ထိုင်ချ လိုက်ပြီး ကိုင်လာတဲ့လက်ဆွဲအိတ်ကို ပေါင်ပေါ် တင်လိုက်ပြီး ဒုတ်ကောက်လေး
ကိုတော့ ဘေးနားမှာ ထောင်ထား လိုက်ပါတယ်.. တကယ်တမ်းတော့ ဆူဆန်ဟာ မျက်စိ မမြင်ရှာသူ တစ်ယောက်ပါ…



လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး မှားယွင်းတဲ့ ဆေးကုသမှုတစ်ခုကြောင့် မျက်စိ ၂ဘက်လုံး ကွယ်သွားတဲ့ ဘ၀ကို
ရောက်သွားခဲ့ရရှာပါတယ်.. အဲဒီချိန်က စလို့ သူ့ဘ၀ဟာ မဲမှောင် အေးခဲနေတဲ့ ကမ္ဘာကြီးထဲကို ပစ်ချခံလိုက်ရသလို
ဖြစ်သွားခဲ့ရပြီး ဒေါသတွေ၊ ကိုယ့်ဘ၀ကို နာကျည်းမှုတွေ၊မုန်းတီးအားငယ်မှုတွေ၊ ကိုယ့်ကိုယ်ကို ယူကြုံးမရ သနားမိ
တဲ့စိတ်တွေနဲ့ပူလောင် နေခဲ့ရပါတယ်.. နောက်ဆုံးတော့ သူ့ဘ၀၊ သူ့အနာဂတ် တစ်ခုလုံးကို ယောင်္ကျား ဖြစ်တဲ့
မတ်ခ် ကိုသာ လုံးလုံး မှီခိုအားကိုးဖို့သာရှိပါတော့တယ်… မတ်ခ်ဟာ လေတပ် အရာရှိတစ်ယောက် ဖြစ်ပြီး ဆူဆန့်
ကိုလဲ အလွန်အမင်း ချစ်ခင်မြတ်နိုးပါတယ်… ဆူဆန် အမြင် အာရုံ ပျောက်ကွယ်သွားတော့ မတ်ခ် က ချစ်ဇနီး ဆူဆန့်
ကို စိတ်ဓာတ်အင်အား ပြန်လည် ကောင်းမွန် လာအောင်၊ ဆူဆန်အားမငယ်အောင်၊ အမှီအခို ကင်းကင်းနဲ့ ကိုယ့်ကိုယ်
ကို ပြန်လည် ရပ်တည်လာနိုင်အောင်၊ ဂရုတစိုက်နဲ့ အစွမ်းကုန် ကူညီ ဖေးမ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..




ဆူဆန်ရဲ့ အရင်လုပ်နေကျ အလုပ်ဟောင်းမှာ သူမ ပြန်လည်ကျန်းမာ သန်စွမ်းလာပါက သူမနဲ့ သင့်လျှော်မဲ့
အလုပ်တစ်ခုခုကို အဆင်သင့်ထားရှိပေးဖို့ သွားရောက် တောင်းဆို ပေးထားခဲ့ပါတယ်.. မတ်ခ်ရဲ့ ဂရုစိုက် ပြုစုယုယ
မှုတို့ကြောင့် နောက်တော့ ဆူဆန်ဟာ အလုပ်ပြန်လုပ်ဖို့ အထိ စိတ်ရော ကိုယ်ပါ ကြံ့ခိုင် လာပါပြီ.. ဒါပေမဲ့ အလုပ်
ကို ဘယ်လိုသွားမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ.. အရင်ကတော့ သူမဟာ အလုပ်ကို ဘတ်စ်ကားနဲ့ အမြဲသွား
ခဲ့ပါတယ်.. ခုချိန်မှာတော့ ဘတ်စ်ကားစီးဖို့ဆိုတာ သူမ တစ်ယောက်တည်း အတွက်တော့ အတော့်ကို ထိတ်လန့်
စိုးရိမ်စရာပါ… ဒါပေမဲ့ မတ်ခ်က သူ့ရဲ့ အလုပ်ရှိတဲ့ နေရာဟာ ဆူဆန်အလုပ်သွားရမဲ့ နေရာနဲ့ ဆန့်ကျင်ဘက် ဖြစ်
နေပေမဲ့ နေ့တိုင်း နေ့တိုင်း ဆူဆန့်အလုပ်ကို ကားမောင်းပြီး လိုက်ပို့ပါတယ်.. ညနေတိုင်းလဲပြန်လာကြိုပါတယ်..




ဆူဆန်က မတ်ခ်ရဲ့ ဂရုစိုက်မှု၊ အကာအကွယ် ပေးမှု၊စောင့်ရှောက် ပေးမှုတွေ အတွက် ကျေနပ် ၀မ်း မြောက်ခြင်း
ပီတိတွေနဲ့ပါ… နောက် မကြာခင်မှာတော့ မတ်ခ်က ဆူဆန့်ကို ဘတ်စ်ကားနဲ့ဘဲ အလုပ်ကိုသွားဖို့ တိုက်တွန်း
ပါတယ်.. မတ်ခ်ရဲ့ စကားကို ကြားတော့ ဆူဆန်က ဒေါသဖြစ်မိတယ်.. သူမက မမြင်မကန်းနဲ့ ဘယ်လိုများ အပြင်
ကို တစ်ယောက်တည်းသွားနိုင်မှာတဲ့လဲ… ဒါကြောင့်လဲ ဆူဆန်က မတ်ခ်ကို ခါးခါးသီးသီးနဲ့ပြင်းထန်စွာ ပြောမိပါ
တယ်.. “ကျွန်မက အကန်း.. အကန်းတစ်ယောက်က ဘယ်နေရာကို ဘယ်လို သွားရမယ်ဆိုတာဘယ်လိုလုပ်ပြီး
သိနိုင်မှာလဲ.. ရှင်က ကျွန်မကို အခုလို လုပ်ပေးရတာ တာဝန်ယူရတာ ငြီးငွေ့ပြီလား… ကျွန်မ ထင်တယ်.. ရှင် ကျွန်မ
ကိုစွန့်ပစ်ချင်နေပြီ မဟုတ်လား ” ဆူဆန့်စကားကို မတ်ခ် ကြားလိုက်ရတော့ စိတ်ထိခိုက် ကြေကွဲမိတယ်..



ဒါပေမဲ့ဘာမှမတုံ့ပြန်ပါဘူး… သူ့အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ သူသိပြီးသားပါ.. သူက မနက်ခင်းတိုင်း ဆူဆန်နဲ့
အတူတူ ဘတ်စ်ကား လိုက်စီးမဲ့အကြောင်းနဲ့၊ ညနေဆို သူ့ကားနဲ့ ပြန်လာကြိုမဲ့ အကြောင်း ကတိ ပေးပါတယ်..
ပြီးတော့လဲ ဆူဆန် တစ်ယောက်တည်း ဘတ်စ်ကား မစီးနိုင် မချင်း ဘယ်လောက်ကြာကြာ သူလိုက်ပို့ပါ့မယ်
ဆိုတာပါ ဆူဆန့်ကို ကတိပေးပါတယ်.. တကယ်လဲ မတ်ခ်ဟာ သူ့လေတပ် ယူနီဖောင်းဝတ်ပြီး မနက်ခင်းတိုင်း
ဆူဆန်နဲ့အတူတူ ဘတ်စ်ကား လိုက်စီးပေးပါတယ်…. မျက်စိမမြင်ရပေမဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ဘယ်လို အာရုံ
စူးစိုက်ရမယ် မှတ်သားရမယ် ဆိုတာ ဆူဆန့်ကို သင်ပြပေးပါတယ်..



အထူးသဖြင့် အကြား အာရုံကို အသုံးချတတ်ဖို့ ပြောပြပါတယ်.. အသံကို နားထောင်ပြီး သူမ ဘယ်နေရာကို ရောက်
နေပြီ.. ဘယ်လို ပါတ်ဝန်းကျင်မှာ ရှိနေပြီဆိုတာကို မှန်းဆတတ်အောင် ဆုံးဖြတ်တတ်အောင် ဂရုတစိုက် ရှင်းလင်း
ပြောပြပါတယ်.. ဘတ်စ်ကားစီးတဲ့ အခါမှာလည်း မတ်ခ်ဟာ ဆူဆန့်အတွက် ထိုင်စရာနေရာကို ရှာပေးပြီး လမ်းတစ်
လျှောက်လုံး ကားမောင်းသူ အနောက်နားကနေ ဆူဆန့်ကို စောင့်ကြည့်နေပါတယ်.. အဲဒီလိုနဲ့ နောက်ဆုံးတော့
သူမတစ်ယောက်တည်း ဘတ်စ်ကားစစီးဖို့ ဆူဆန် ဆုံးဖြတ်လိုက်ပါတယ်.. တင်္နလာနေ့ မနက်ခင်းရောက်တော့
ဆူဆန်က သူမရဲ့ ယာယီ ဘတ်စ်ကား စီးဖော်၊ သူမရဲ့ ချစ်လှစွာသော ယောင်္ကျား၊သူမရဲ့ အကောင်းဆုံး ၊ အရင်းနှီး
ဆုံး မိတ်ဆွေလဲဖြစ်တဲ့ မတ်ခ်ကို သိုင်းဖက်လိုက်ပြီး အိမ်မှထွက်ခင် နုတ်ဆက်စကားကို ပထမဆုံး အနေနဲ့ ပြောလိုက်
ပါတယ်.. ဆူဆန့်ရဲ့ မျက်လုံးထဲမှာတော့ သူမအပေါ် ထားတဲ့ မတ်ခ်ရဲ့ သစ္စာရှိခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ချစ်ခင်မြတ်
နိုးခြင်း တို့ကြောင့် ကျေးဇူးတင် ၀မ်းမြောက်တဲ့ မျက်ရည်တွေနဲ့ ပြည့်လို့…




အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး…. နေ့တိုင်းနေ့တိုင်း ဆူဆန်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ခဲ့တယ်..
ဆူဆန့်ရင်ထဲမှာလည်း ခါးသီးစိတ်၊ ၀မ်းနည်းစိတ်တွေလဲ မဖြစ်မိတော့ဘူး.. သူမ ကိုယ့်အား ကိုယ်ကိုးနိုင်ခဲ့ပြီ..
အလုပ်ကို သူမဖာသာ သွားနိုင်ခဲ့ပြီ… တင်္နလာနေ့ရဲ့ မနက်ခင်း တစ်ခုမှာ ခါတိုင်းလို ဘတ်စ်ကားစီးပြီး အလုပ်ကို
ထွက်လာခဲ့တယ်.. ရုံးနားက သူမ ဆင်းနေကျ နေရာ ရောက်တော့ ကားမောင်းသူ ဦးလေးကြီးကို ပိုက်ဆံ လှမ်းပေး
လိုက်ပြီး ကားပေါ်က ဆင်းဖို့ပြင်လိုက်ပါတယ်…. အဲဒီခါမှာ ကားမောင်းသူ ဦးလေးကြီးက လှမ်းပြောတယ်…




“သမီးရေ.. မင်းကိုတော့ ဦးလေး အားကျ မိပါရဲ့..” ဒီစကားကြားတော့ ဆူဆန် သူ့နားသူမယုံနိုင်အောင်ဖြစ်မိတယ်
သူမကို ပြောတယ်လို့တောင် မထင်မိဘူး.. သူမလို မျက်စိမမြင်တဲ့၊ ဘ၀ကို အဆင်ပြေအောင် မနည်း ကြိုးစား
နေထိုင်နေရတဲ့ လူတစ်ယောက်ကို ဘယ်လို လူကများ အားကျနိုင်မှာပါလိမ့်.. သိလိုစိတ်၊ ထူးဆန်း အံ့သြစိတ်နဲ့
ဆူဆန်က ကားမောင်းသူကို ပြန်မေးမိပါတယ်.. “ဘာကြောင့်များ ကျွန်မကို အားကျတယ်လို့ ပြောရတာလဲရှင်…”
ဦးလေးကြီးက ပြန်ပြောပါတယ်.. “သမီးကို အခုလို အမြဲတမ်း ဂရုတစိုက်နဲ့ ကာကွယ်စောင့်ရှောက်ပေး၊ ပူပန်
စောင့်ကြည့် ပေးမဲ့ လူ တစ်ယောက် ရှိနေတာ၊ တွေ့မြင်နေရတာကို သဘောကျမိလို့ပါကွယ် “ တဲ့ ဦးလေးကြီးက
ဘာသဘောနဲ့ပြောနေတာလဲ ဆိုတာကို ဆူဆန် နားမလည်နိုင်ဖြစ်သွားတယ်..




“ဦးလေး ဘာကိုဆိုလိုတာလဲ..”
“အော် သမီး သတိ မထားမိဘူးလား လွန်ခဲ့တဲ့ တစ်ပတ်လောက် သမီး ကားစစီး ကတည်းက လေတပ် ယူနီဖောင်း
ဝတ်ထားတဲ့ ခန့်ခန့် ညားညား လူတစ်ယောက်က ဟိုဘက်လမ်းထောင့်မှာ ရပ်ပြီး သမီး ကားပေါ်က ဆင်းတာကို
အမြဲတမ်း စောင့်ကြည့်နေခဲ့တယ်.. သမီး ကားလမ်းဖြတ်ကူးပြီး ရုံးထဲကို ၀င်သွားပြီဆိုတော့မှ နှုတ်ဆက် အနမ်း
လေး ပေးပြီး ၊ လက်ပြပြီးမှ အဲဒီနေရာကနေ ထွက်ခွာသွားတတ်တယ်..



ကဲ ကိုယ့်ကို ဒီလောက် ဂရုစိုက်တဲ့လူ၊ ဒီလောက်ချစ်တဲ့သူ မင်းမှာရှိနေတာ မင်းလောက် ကံကောင်းတဲ့သူ ရှိဦး
မလားကွယ်..” ဒီစကားတွေ ကြားရတယ်ဆိုရင်ဘဲ ပျော်ရွှင်ကြည်နူးခြင်းကြောင့်ကျတဲ့မျက်ရည်တွေ ဆူဆန့်ပါးပြင်
ပေါ် စီးကျလာခဲ့ပါတယ်..




သူမဟာ တကယ်တမ်းတော့ အပြင်မှာ မတ်ခ်ကို မမြင်နိုင်ပေမဲ့သူမရဲ့ဘေးမှာ မတ်ခ်ဟာ အမြဲတမ်း ရှိနေတယ်ဆိုတာ
ခံစားနားလည် နိုင်ခဲ့ရပါပြီ.. သူမ ကံကောင်းပါတယ်.. အရမ်းကို ကံကောင်းတယ်လို့ ယုံကြည်မိပါတယ်.. မတ်ခ်ဟာ
သူမကို အမြင် အာရုံထက်ပိုပြီး တန်ဖိုးရှိ အစွမ်းထက်တဲ့ အချစ်ရဲ့လက်ဆောင်လေး တစ်ခုပေးခဲ့တာပါ… အဲဒီအချစ်
ရဲ့ လက်ဆောင်ဆိုတာကို ယုံကြည် လက်ခံဖို့အတွက် သူမ မမြင်နိုင်ပေမဲ့လဲ သိလိုက်နိုင်ပါပြီ.. ခံစားလို့ရပါပြီ..
ခုတော့လဲ သူမရဲ့ မဲမှောင် ပိန်းပိတ် နေတဲ့ကမ္ဘာထဲကို မတ်ခ် ပေးတဲ့ အချစ်လက်ဆောင်ရဲ့ ထူးခြားတဲ့ လင်းလက်မှု
တွေနဲ့ ထွန်းလင်း တောက်ပလို့ နေခဲ့ပါပြီ..




———————————————————————————————————



အချစ်ဆိုတာဟာ ဘ၀အတွက် ခွန်အားတစ်မျိုးပါ..
တစ်ချို့က အချစ်ကြောင့် လမ်းပျောက်ကြတယ်..
အချို့က အချစ်ရဲ့ တွန်းအားကြောင့် ဘ၀မှာ တိုးတက်အောင်မြင်သွားကြတယ်..
အချစ်ကြောင့် ဘ၀ကြီးဟာ ပျော်ရွှင်စရာတွေနဲ့ နူးညံ့လှပ လာကြတယ်…
ကျွန်တော်တို့တွေဟာလည်း ကိုယ်ချစ်နေတဲ့သူကို စိတ်ချမ်းသာပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့
ချစ်သူကောင်းတွေ ဖြစ်ကြဖို့ လိုပါတယ်. သူစိတ်ဆင်းရဲ အားငယ်နေချိန်မှာ နှစ်သိမ့်ဖေးမပေးတဲ့သူ ၊
လမ်းပျောက်နေချိန်မှာ လမ်းပြပေးနိုင်မဲ့သူ၊ မှီခိုရာကင်းမဲ့နေတဲ့အချိန်မှာ အားကိုးအားထားစရာ ဖြစ်သင့်ကြပါတယ်
ကိုယ်တိုင်က အချစ်ကို တန်ဖိုးထားတတ်ပြီး ကိုယ့်ချစ်သူအပေါ်မှာ လေးလေး နက်နက်မေတ္တာစစ်နဲ့
ချစ်တဲ့ စိတ်ထားလေးရှိခဲ့ရင် တူညီသောတုံ့ပြန်မှုနဲ့သင်ကိုယ်တိုင်လည်း ပျော်ရွှင် ၀မ်းမြောက်ခွင့်ရမှာပါ… .



မှကူယူဖော်ပြသည်။

သူငယ်ချင်းတို့ ဘ၀မှာလည်း ဒီပိုစ့်လေးထဲက ချစ်သူမျိုး ပိုင်ဆိုင်နိင်ပါစေနော်..

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...