https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Sep 9, 2012

ဟာသ

နာခံတတ်သူ

အိမ်ရှင်မ။ ။ ငါက စကားနည်းတယ်။ ငါ့လက်ညိုးကွေးပြရင် ညည်းကို လာဖို့ခေါ်တာ မှတ်ထားနော်။

အိမ်ဖော်။ ။ ကျွန်မကလည်း စကားနည်းပါတယ်။ ကျွန်မ ခေါင်းခါပြရင် မလာနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။






အကြံပိုင်သူ

တစ်ခါက အလွန်ဝသော လူတစ်ဦးသည် ပြဇာတ်ပွဲသို့ သွားကြည့်ချင်ခဲ့သည်။ သူသည် သက်သောင့်သက်သာ ထိုင်ရန်
အတွက် ထိုင်ခုံနှစ်နေရာယူရန် စဉ်းစားမိသည်။ ထို့ကြောင့် သူ့အစေခံအား " ဒီနေ့ည ပြဇာတ်ပွဲအတွက် ငါ့အတွက်
လက်မှတ်နှစ်စောင် ဝယ်ခဲ့ပါ" ဟု စေခိုင်းလိုက်သည်။



မကြာမီ အစေခံပြန်ရောက်လာပြီး "ဆရာ… ကျွန်တော် ဆရာပြောတဲ့အတိုင်း လက်မှတ်နှစ်စောင် ဝယ်ခဲ့တယ်။ ဒါပေမဲ့
ကျွန်တော်ရောက်တော့ ထိုင်ခုံအားလုံး ဝယ်ပြီးသားဖြစ်နေတယ်။ ဒါကြောင့် ရှေ့ဆုံးတန်းမှာ တစ်ခုံနဲ့ တတိယတန်းမှာ
တစ်ခုံ ဝယ်ခဲ့ပါတယ်" ဟု ပြောလိုက်ပါသည်။







စေတနာ

တစ်နေ့ခင်း အလုပ်သမားတစ်စုသည် ဆိုင်းဘုတ်သစ်တစ်ခု စိုက်ထူရန်မြေတူးကြသောအခါတွင် ဖုန်းကြိုးများကို
မတော်တဆ ဖြတ်မိသဖြင့် ကျွန်တော်တို့ရုံးမှ ဖုန်းဆက်မရ ဖြစ်သွားသည်။ ညနေဘက် ရောက်သောအခါ ကျွန်တော်
သည် ဆိုင်းဘုတ်ကို ဖတ်လိုက်မိသောအခါ အံ့သြသွားပါသည်။


ဆိုင်းဘုတ်တွင် ရေးထားသည်မှာ-

" မြေကြီးကို ဂရုတစိုက်တူးပါ။ အောက်တွင် ဖုန်းကြိုးများ မြှုပ်နှံထားသည်။"






ကောင်း မှ ကောင်း

ကျောင်းနောက်ဆုံးနေ့တွင် ကလေးများသည် သူတို့၏ ဆရာမအတွက် လက်ဆောင်ပစ္စည်းများ ယူလာကြသည်။
ပန်းသည်မ ၏ သားက ပန်းခိုင်တစ်ခိုင် ယူလာသည်။
ကုန်ဆုံဆိုင်ပိုင်ရှင် သမီးက ချောကလက်တစ်ဘူးပေးသည်။
အရက်ဆိုင်ပိုင်ရှင် သားက သေတ္တာတစ်လုံး ထုတ်ပြသည်။
ဆရာမက သေတ္တာကို မလိုက်သောအခါ အရည်များယိုစီးနေကြောင်း သတိပြုမိသည်။
သူမသည် လက်ဖြင့် အရည်တစ်စက်ကိုတို့ပြီး မြည်းကြည့်ကာ" ဒါဝိုင်တွေလား" ဟုမေးလိုက်သည်။
"မဟုတ်ပါဘူးဗျာ" ဟု ကလေးက ဖြေသည်။
ဆရာမက နောက်တစ်စက်မြည်းကြည့်ရင်း "ရှန်ပိန်လား" ဟု မေးလိုက်ပြန်သည်။
"မဟုတ်သေးဘူး"ဟု ကလေးက ဖြေသည်။
"ကဲ… အရှုံးပေးပါပြီ။ ဘာတွေလဲဆိုတာ သားပဲ ပြောပြပါတော့" ဟု ဆရာမက ပြောသည်။
ထို့အခါ ကောင်ကလေးက ပြန်ပြောလိုက်ပါသည်။
"ဆရာမ… သေတ္တာထဲက ခွေးလေးတစ်ကောင်ပါ"





နေလင်းအောင်

သူငယ်ချင်းအတွက် စကားလက်ဆောင်ပါ။

၁။ သူငယ်ချင်းတွေနဲ့...အတူရှိနေချိန် ဟာ အိပ်မက်တစ်ခုဆိုရင် ငါဘယ်တော့မှ နိုးထဖို့ မကြိုးစားတော့ဘူး။
၂။ သူငယ်ချင်း...မင်းအားငယ်နေလား...အားတင်းထားပါ.. ဆုံးရှုံးမှု့ဆိုတဲ့ နတ်ဆိုးကို မင်းမျိုးဖြုတ်ပစ်နိုင်တယ်။
၃။ သူငယ်ချင်း...အရမ်းဝမ်းနည်းနေလား မင်းမျက်ရည်တွေသုတ်ပစ်လိုက် သူတို့က မင်းရဲ့ စိတ်ဓါတ်ကို ပျော့ညံ့ ညံ့ဖြစ်စေတယ်....။
၎။ သူငယ်ချင်း...စိတ်ပျက်နေပြီလား ကိုယ့်ဘဝကိုယ် အမှန်အတိုင်းကြည့် မင်းမြင်ရတဲ့ အရာကို လှေကားထစ်လို နင်းတက်စမ်းပါ။
၅။ သူငယ်ချင်း...ရင်ဖွင့်ချင်နေလား မျိုသိပ်မထားပါနဲ့ အဲဒါကို အစကနေ စပြော ငါတို့နားထောင်နေတယ်...။
၆။ သူငယ်ချင်း...အသည်းကွဲနေလား ဒါဆို မင်းကံကောင်းပြီ အဲဒီ့တစ်ယောက်က မင်းအချစ်နဲ့ မတန်သေးဘူး။
၇။ သူငယ်ချင်း...အထီးကျန်နေလား တစ်ယောက်တည်းမနေနဲ့ ငါတို့နဲ့ အတူခံစားမှု ဆိုတဲ့ စနက်တံကို မီးဝိုင်း ရှို့မယ်....။
၈။ သူငယ်ချင်း...မင်းကိုသူတို့ အထင်သေးနေလား ဒေသမဖြစ်နဲ့ မင်းရဲ့ မြှုပ်နေတဲ့ အရည်အသွေးတွေ သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ...။
၉။သူငယ်ချင်း....လမင်း...ပန်းတိုင်ရောက်ပြီလား တက် မထောင်နဲ့ဦး ငါ့နောက်လှေ ကြည့်လိုက်ဦးမယ်..။
၁၀။ သူငယ်ချင်း....မင်းဘဝအောင်မြင်ပြီလား... ဂုဏ်ယူပါတယ် မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ) မင်းသူငယ်ချင်း တွေ လက်ခုပ်တီးနေကြတယ်...။
၁၁။ သူငယ်ချင်း... မင်းဘဝမှာ တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်တယ်ဆိုရင် မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့လိုလိမ့်မယ်။ ဘဝရဲ့ ခေါ်ရာကိုမလိုက်နဲ့... မင်းသွားချင်တဲ့ ဆီ ဘဝကိုခေါ်သွား။ ရှင်သန်နေထိုင်ဖို့ အတွက် မွေးဖွားလာတာ .... မွေးဖွားလာလို့ ရှင်သန်နေရတာမဟုတ်ဘူး။ လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ ဘာမှ လွမ်းဆွေး တမ်းတနေဖို့ မလိုဘူးလေ ရှေ့ကို ဆက်ပြီးလျှောက်ပါသူငယ်ချင်း နေမဝင်သ၍  ဘဝကို ဘယ်တော့မှ အရှုံးမပေးနဲ့။
၁၂။ သူငယ်ချင်းရေ... မင်းအတွက် လိုအပ်လာတဲ့အခါ လှမ်းခေါ်လိုက်ပါ အဖော်မော်ကောင်းဆိုတာ ဘယ်မှာ မရှိမဖြစ်ပါ။

စကားလက်ဆောင်....တိုးတက်စေရန်အတွက်


၁။ ပါရမီဆိုတာ မွေးရာပါ စွမ်းရည် ၁ ဆကို ကြိုးစားမှု ၉၉ ဆနဲ့ ပေါင်းထား တာဖြစ်တယ်။ (Edison)
၂။ အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။ (ပြင်သစ်စကားပုံ)
၃။ ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက် ကြားက သေးငယ်တဲ့အပြစ်တွေကို လျှစ်လျှူရှုတတ်ရမယ်။
၎။ အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။
၅။ သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ်  ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲ နိုင်တယ်။ (ရှိတ်စပီးယား)
၆။ ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။
၇။ ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး (ရှင်သန်မှ) အဲဒီသင်ခန်းစာကို သင်နားလည်မယ်။
၈။အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေ အတွက်ပဲဖြစ်တယ်..။
၉။ ရှင်ခြင်းနဲ့ သေခြင်း ကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ အချစ် ဖြစ်တယ်။
၁၀။ ကြောက်၇ွံခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့ အကြုံ နဲ့ ယုံကြည်မှုတွေရမယ်။
၁၁။ ကိုယ့်မှာ ရှိတဲ့ ပစ္စည်း၊ အသိဥာဏ်တွေကို တခြားသူတွေအတွက် မျှဝေပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။
၁၂။ လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့် ရဲ့ရင့်ခြင်း၊ သတ္တိတွေဆုံးရှုံးလို့မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ သတ္တိတွေ၊ဆုံးရှုံးခဲ့ရင် အရားအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။
၁၃။ ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ တခြားလူရဲ့ စကားတစ်ခွန်းနဲ့ ခလုတ်တိုက်လဲမချလိုက်ပါနဲ့။
၁၄။ ဘာလုပ်လုပ်စဉ်းစားပြီးမှလုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ (ရှိတ်တ်စပီးယား)
၁၅။ တစ်ချက်လေး ချော်လဲတာပါပဲ.. သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ( လင်ကွန်း)
၁၆။ ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တခြားအလုပ်ကို မလုပ်ပဲ ဖိနပ်ပဲချုပ်နေခဲ့လို့ပဲ။ (Ralph Waldo Emerson)
၁၇။ သင့်ရဲ့အပြုံးတစ်ပွင့် ၊ ပုခုံးကို အသားလေး ပုတ်ပြီး သင်အားပေးရုံနဲ့ မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်ပါတယ်။
၁၈။ လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က စစ်မှန်တဲ့ ဂရုစိုက်မှုတွေဖြစ်ပါတယ်။
၁၉။ တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။
၂၀။ ကောင်းမှုလုပ်တာ လူသိခံဖို့ မဟုတ်ဘူး။ ဒါပေမယ့် ဘာမှဟုတ်တဲ့ ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေသယ်ဆောင်လာပေးနိုင်တယ်။

သင့်မှာ ချစ်သူတစ်ယောက်ရှိလာတဲ့အခါ (သို့) ချစ်ရတဲ့သူတစ်ယောက်ရှိလာတဲ့အခါ

သင့်မှာချစ်သူတစ်ယောက် သို့မဟုတ် ကိုယ်က ချစ်ရတဲ့သူတစ်ယောက်ရျိပြီဆိုရင်



၁။ သူစကားပြောနေတဲ့အခိုက်ကြားဖြတ်မပြောပဲ ဂရုတစိုက်နားထောင်ပေးပါ။

၂။သူ့ကိုစကားပြောတဲ့အခါ အပြစ်တင်သံမပါပဲ..... တစ်ခုခုကို စွပ်စွဲသံမပါပဲ အရိုးသားဆုံးပြောပါ။

၃။အရာအားလုံး ကို ရိုးသားဖြူစင်စွာ ပေးဆပ်ပါ။

၎။သူ့အပေါ်မှာ ထားခဲ့ ကိုယ့်မျှော်လင့်ချက်တွေကို မရပ်တန့်ပဲ အမြဲဆုတောင်းနေပါ။

၅။သူ့ဖက်က မေးခွန်းမေးတဲ့အခါ ငြင်းခုန်ခြင်းမပြုပဲ ဖြေပေးပါ။

၆။သူနဲ့ရှိနေချိန်တိုင်း ဟန်ဆောင်ခြင်းကို ခွာချလို့ အေးတူပူအမျှကို အရာရာကိုမျှဝေပါ။

၇။သူ့အပေါ်မကျေနပ်ချက်တွေကို ဖယ်လို့ပျော်ရွှင်စွာနေပါ။

၈။သူ့အပေါ်သံသယ မထားပဲ ယုံကြည်ပေးပါ။

၉။ ကိုယ်မကြိုက်တာ သူလုပ်မိတဲ့အခါ လွင့်လွှတ်လို့ရတဲ့ရာအဆို ပြစ်ဒဏ်မပေးပဲ ခွင့်လွှတ်လိုက်ပါ။

၁၀။ သူနဲ့စကားပြောတဲ့အခါတိုင်း မေ့လျော့ခြင်းမရှိတဲ့ ဂတိသာပေးပါ...။

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...