https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Nov 28, 2012

သင့်အတွက်... အန္တရယ်ရှိနိုင်တဲ့ ဟမ်းဖုန်း များ


ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင့် ဖြစ်ပါတယ်။
ယင်း radiation ကြောင့်ပဲ ဖုန်းကို သတိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။
ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် စုပ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း
ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။
ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။
၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385
ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။
အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။
တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။
ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။
Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335
၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။
လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold
ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။
Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။
သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။
၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost
Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။
ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300
ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။
လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။
၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro
၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။
Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။
Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio
Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။
GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global
သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။Droid 2 လို့လည်း လူသိများပါတယ်။
user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။

၁။ Motorola Bravo
Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။
Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့
ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။

ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။
အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

--
Ref: gizmocrazed.com
အောင်ခမ်း (TSJ team)
မေးလ်မှတစ်ဆင့်

အသုံးဝင်မယ့်..ဝက်ဆိုဒ်များ

နည်းပညာဆိုင်ရာ ဝက်ဆိုဒ်များ

1. www.worldenglishinstitute.org
(အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် TOEFL အထောက်အကူပြု စာစဉ်ရရှိနိုင်သည်။)

2. www.shareme.com
(ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များ အပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်း စုံလင်စွာရရှိနိုင်သည်။)

3. www.learningpage.com
(ဘာသာရပ် အတော်စုံပါသည်။ လူလတ်ပိုင်းများ လေ့လာသင့်သည်။)

4. www.myanmarnlp.org.mm
( အင်္ဂလိပ်မှ မြန်မာသိုဘာသာပြန်ဆိုနိုင်သည့် ဆော့ဖ်ဝဲလ်စမ်းသပ်ရန်အတွက် အခမဲ့ရယူနိုင်သည်။)

5. www.merriam-webster.com
(အင်္ဂလိပ်စာ လေ့လာသူများအတွက် အကောင်းဆုံး နေရာဖြစ်သည်။)

6. www.commerce-database.com
(စီးပွားရေးစကားအသုံးများကို လေ့လာနိုင်သော အဘိဓါန်ဖြစ်သည်။)

7. www.computerweekly.com
(နည်းပညာဆိုင်ရာ သတင်းစုံ ဖော်ပြထားသည်။)

8. http://knowfree.net
(စာအုပ်တော်တော်များများကို ဖတ်ရှုနိုင်၊ ကူးယူနိုင်သည်။)

9. www.fixya.com
( အလွန်ကောင်းပါသည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် ပြင်ဆင်နည်း၊ အသုံးပြုနည်းများ တော်စုံလင်ပါသည်။)

10. www.universalclass.com
(အွန်လိုင်းပေါ်မှ အဝေးရောက်သင်ယူနိုင်သော တက္ကသိုလ်ဖြစ်သည်။ ရုပ်မြင်စနစ်ဖြင့် တိုက်ရိုက်သင်ယူနိုင်သည်။)

11. www.houseofplant.co.uk
(အိမ်တွင်းပန်းအလှဆင် နည်းပညာများအကြောင်း လေ့လာနိုင်သည်။)




-------------------------------------




ကွန်ပျူတာ ပညာရပ်များ

1. www.thelinuxlab.net
www.lpi.org
(Linux စနစ်ကို လေ့လာနိုင်ရန်ဖြစ်သည်။ စာမေးပွဲများအကြောင်းလည်း ပါရှိသည်။)

2. www.helpwithpcs.com
(ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစား စုံလင်စွာတွေ့ရသည်။)

3. www.simplehelp.net
(မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်)

4. www.asia-oss.net
(Open Source စနစ်ကို လေ့လာသူများ မဖြစ်မနေ ၀င်လေ့လာသင့်သည်။)

5. www.databasejournal.com
(Database သီးသန့်စုစည်းထားသည်။ အလွယ်တကူ သင်ယူနိုင်သည်။)

6. www.wwpi.com
(ကွန်ပျူတာပညာရပ်များ အပြင်၊ Network ပညာများကိုလည်း သင်ယူနိုင်သည်။)

7. www.fstutorials.com
www.psdfreebee.com
(Photoshop နည်းပညာကို အလယ်ဆုံးလေ့ကျင့်ခန်းများစွာဖြင့် လေ့လာနိုင်သည်။)


8. www.educational-software.com
(ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာ သင်ယူနိုင်သည်။)


9. www.educationalsoftware.co.uk
(ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်သည်။)


10. www.okino.com
(ဂရပ်ဖစ်သုံး ဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်။)




--------------------------------------------------


အခမဲ့ရနိုင်သော E-mail များ


1. www.emailaccount.com
(Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူသုံးချ အခမဲ့ရသော mail ဖြစ်သည်။)


2. www.gawab.com
(Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီး လွယ်ကူသုံးချ အခမဲ့ရသော mail ဖြစ်သည်။)


3. www.inbox.com
(သုံးအားကောင်းပြီး လိုင်းဝင်ထွက်လွယ်ကူမြန်ဆန်ကာ 5GB ပေးထားသော free mail ၀န်ဆောင်မှုဖြစ်သည်)

4. www.hotmail.com
(Microsoft မှ လွှင့်တင်ထားသော ၀န်ဆောင်မှုဖြစ်သည်)

5. www.mail.com
(အလွန်ကောင်းမွန်သော ၀န်ဆောင်မှုများစွာကို ရရှိသုံးစွဲနိုင်သည်)

6. www.myway.com
(အလှဆုံးသော ပြင်ဆင်မှုများဖြင့် ရရှိနိုင်သော ၀န်ဆောင်မှုဖြစ်သည်)

7. www.dora.com
(၎င်းတွင်လည်း ပြင်ဆင်ပုံအလှတစ်မျိုးနှင့် မြင်တွေ့ရရှိနိုင်သည်)


8. http://mail.yahoo.com
(အတန်အသင့် နာမည်ရှိသော yahoomail ဖြစ်သည်)

9. www.eudora.com
(နာမည်တော့ရှိပါတယ်။ မြန်မာပရိသတ် နည်းပါတယ်)


10. www.30gigs.net
(အခမဲ့ 30GB ရရှိနိုင်သော မေးလ်ဝန်ဆောင်မှုဖြစ်သည်)




----------------------------------------


ကျွန်တော်သူငယ်ချင်းတွေအနေဖြင့် တစ်ခုခုရှာမယ်ဆိုင်ရင် google ကိုပဲသတိရမိကြပါတယ်။

ဒါပေမယ့် အခြားရှာဖွေရေး အင်ဂျင်အသစ်တွေ ပေါ်နေတယ်ဆိုတာကို အချို့ကမသိကြပါဘူး။

တစ်ချို့ရှာဖွေရေးအင်ဂျင်တွေဆိုရင် google လောက်နီးပါးကောင်းမွန်ပြီး၊

အချို့ဆိုရင် သာတယ်လို့တောင် ဆိုနိုင်လောက်အောင် ကောင်းတာတွေ့ရပါတယ်။

အခု ရှာဖွေရေးအင်ဂျင်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1.
www.goodsearch.com


2.
www.k**o.com


3.
www.WolframAlpha.com


4.
www.clusty.com


5.
www.dogpile.com


6.
www.bing.com


7.
www.altavista.com


8.
www.ask.com


9.
www.lycos.com


10.
www.webcrawler.com


11.
www.cuil.com


12.
www.yahoo.com


13.
www.ixquick.com


14.
www.msn.com


15.
www.alltheweb.com


16.
www.excite.com






Source : NEW BURMA MEDIA
မေးလ်မှတစ်ဆင့်

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင့်သောအချက်များ

ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည်ဖြစ်ရာ ထမင်းစားပြီးလျှင် ရှောင်ကြဉ် သင့်သော အ
ချက်(၇)ချက်ကိုကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။


(၁) ဆေးလိပ်မသောက်ပါနှင့်

ကျွမ်းကျင်သူများ၏ လေ့လာ သုတေသနပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ်သောက်ခြင်းသည် သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။



(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်

ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။


(၃)လက်ဖက်ရည်မသောက်ပါနှင့်

လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန်
အခက်အခဲဖြစ်စေသည်။


(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်

ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။


(၅) ရေမချိုးပါနှင့်

ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက် တွင်မှု
သွေးပမာဏ လျော့ကျသွားသည့်အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်းသွားစေသည်။


(၆) လမ်းမလျှောက်ပါနှင့်

လူအများကပြောနေကြသည်မှာ ထမင်းစားပြီး ခြေလှမ်း တစ်လှမ်း လမ်းလျှောက်ခြင်းသည် သာမာန်အချိန် ခြေလှမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး
အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။ တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်ပါနှင့်။


(၇) ချက်ချင်းမအိပ်ပါနှင့်

ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေနိုင်တော့ပေ။


အေးချမ်းမွန်မှ မြ၀တီတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : မြ၀တီ
မေးလ်မှကူးယူဖော်ပြသည်။

နေ (လေး) စင်းထွန်းလင်းနေသော ဂြိုလ်သစ်တစ်လုံးရှာဖွေတွေ့ရှိ

နေ ၄ စင်းထွန်းလင်းသော ဂြိုဟ်သစ်တစ်လုံး ရှာဖွေတွေ့ရှိ

နက္ခတ်ဗေဒ ပညာရှင်များသည် နေ(၄)စင်းနှင့် ထွန်းလင်းနေသော ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဂြိုဟ်၏ ကောင်းကင်ယံတွင် နေ(၄)စင်း ထွန်းလင်းနေလေ့ရှိရာ အဆိုပါတွေ့ရှိမှုမှာ နက္ခတ်ဗေဒ ပညာရပ် သမိုင်းတွင် ပထမဆုံး တွေ့ရှိမှုမျိုး ဖြစ်လာခဲ့သည်။
 

အဆိုပါ ဂြိုဟ်သည် ကြယ်တစ်စုံကို ဝန်းရံ လှည့်ပတ်နေပြီး အခြားသော ကြယ်တစ်စုံကလည်း ၎င်း၏ အနီးတွင် တည်ရှိနေခြင်းဟု သိရသည်။
 
ဗြိတိန်နှင့် အမေရိကန်မှ သုတေသီများအပြင် စေတနာ့ဝန်ထမ်း နက္ခတ်ဗေဒ ဝါသနာရှင်များ ပူးပေါင်းလေ့လာမှု၏ ရလဒ်အဖြစ် အဆိုပါ
 
ထူးခြားသော ဂြိုဟ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။



Keck နက္ခတ်တာရာကြည့် မှန်ပြောင်းမှတစ်ဆင့် ဖော်ထုတ် တွေ့ရှိခဲ့သော အဆိုပါ ဂြိုဟ်၏ အကြောင်းကို သုတေသီများက အတည်ပြု ပြောကြားခဲ့သည်။
 
PH1ဟု အမည်ပေးထားသော ဂြိုဟ်သည် ကမ္ဘာမြေ အလင်းနှစ် (၅၀၀၀)အောက် အကွာအဝေးတွင် တည်ရှိသည်။
 
 

၎င်းအမည်ကို မှည့်ခေါ်ခြင်းမှာ ယခုရှာတွေ တွေ့ရှိမှုတွင် ကူညီခဲ့သည့် planethunters.org ဝက်ဘ်ဆိုက်ကို ဂုဏ်ပြုသည့် သဘောလည်း ဖြစ်သည်။

၎င်းသည် နက်ပကျွန်းဂြိုဟ်ထက် အတန်ငယ် ကြီးမားပြီး ကမ္ဘာမြေထက် (၆)ဆမျှ ပိုမို ကြီးမားမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။
 
ဂြိုဟ်၏ လေထုသည် ဓာတ်ငွေ့များနှင့် ပြည့်နှက်နေနိုင်ကြောင်းလည်း သိရှိရသည်။
 


ယခုလေ့လာမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ခရစ် လင်းတော့တ်က "စကြာဝဠာမှာ ဖြစ်ပျက်နေတဲ့ အရာတွေဟာ ကိုယ်နဲ့ အရမ်းကွာလှမ်းနေတာမျိုး မရှိတော့ပါဘူး။

 ခုဂြိုဟ်ရဲ့ တည်ရှိပုံက ဆန်းကျယ်လွန်းပါတယ်။ နေ(၄)စင်းလုံးရဲ့ သက်ရောက်မှုက ဂြိုဟ်ပေါ်ကို ကျရောက်နေပြီးတဲ့နောက် ရှုပ်ထွေးလွန်းတဲ့ ပတ်ဝန်းကျင်မျိုးကို
 
ဖန်တီးပြီးသား ဖြစ်သွားတယ်။ဒါပေမဲ့ ဂြိုဟ်က တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ လည်ပတ်နေတဲ့ ဟန်ချက် ပျက်မသွားဘူး။ ဒီအခြေအနေကို
 
ကျွန်တော်တို့ အရင်က မျှော်လင့်မထားမိတာ အမှန်ပါပဲ"ဟု ပြောကြားသွားခဲ့သည်ဒေ
မးလ်မှတစ်ဆင့်ကူးယူဖော်ပြသည်။

Planet News

restar လုပ်နည်းသစ်

သင့် ကွန်ပြူတာကို Restart လုပ်ချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းစမ်းသပ်ကြည့်ပါ
အလွယ်ဆုံးလည်းဖြစ်တယ်.... တကယ်ကိုလည်းအကြိုးသက်ရောက်မှုရှိပါတယ်...
နည်းကတော့......

သင့်ရဲ့ကွန်ပြူတာဟာသုံးရင်းနဲ့အရမ်းလေးလာပြီ...ဒါကြောင့်သင့်ကွန်ပြူတာကို Restart လုပ်တော့မယ်ဆိုရင်
ကျွန်တော်အောက်မှာပြထားတဲ့ အလွယ်ကူဆုံး အဆင့်လေးအတိုင်းသာသွားပါ

start Manu >>> Turn Off Computer >>> Restart ဒါကတော့ပုံမှန်ကျွန်တော်တို့တွေ Restart
လုပ်နေကြအတိုင်းပါပဲ....ဒါပေမယ့်ခုကျွန်တော်ပြောမယ့်ဟာကလည်းဒီအတိုင်းပါပဲ..
တခုပဲ ပိုသွားတာရှိတယ်... start Manu >>> Turn Off Computer >>> Restart သင်ဒီအတိုင်းပဲသွားပါ
အဲဒီလိုသွားနေတုန်းမှာ တဖက်ကနေ Shift key ကိုနှိပ်ထားလိုက်ပါ

ဆိုလိုတာကတော့ သင် Restart နဲ့ Shift key ကိုအတူတူတွဲပြီးနှိပ်ရမှာပါ...
အဲဒါဆိုရင်သင့်ရဲ့ကွန်ပြူတာက သင်ယခုလုပ်နေတာတွေနဲ့ သင့်ကွန်ပြူတာပိတ်မသွားပဲ
အလိုလို Restart လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ခင်ဗျာ...
မေးလ်မှတစ်ဆင့်ကူးယူဖော်ပြသည်။

နော်ဝေးနိုင်ငံတွင်တည်ရှိသော ရေလည်ခေါင်ရွာ

နော်ဝေနိုင်ငံမှ ရေလယ်ခေါင်ရွာ

နော်ဝေနိုင်ငံ မြောက်ပိုင်း Troms ပြည်နယ်ရှိ Hosoy အမည်ရ ကျွန်းစု ငယ်လေး ဖြစ်ပါတယ်။
Senja ဆိပ်ကမ်းမြို့ ငယ်ထဲ ပါဝင်ပေမယ့် ပင်လယ် ခြားထားပါတယ်။
ပေ ၉၈၀ ရှည်နဲ့ တံတားနဲ့ ဆက်သွယ် ထားပါတယ်။

ကျွန်းရဲ့  အကျယ်အဝန်းကတော့ မီတာ ၁၀၀၀ အရှည်၊ မီတာ ၅၀၀ အကျယ် ရှိပါတယ်။
Hosoy အမည်ရရွာမှာ ၂၀၀၉ ခုနှစ် စစ်တမ်းအရ လူဦးရေ ၂၃၂ ဦးပဲ နေထိုင်ပါတယ်။
ယနေ့ဆိုရင် ၂၇၅ ကျော် ၃၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။
၁၉၅၀ ခုနှစ်က စလို့ စတင်တည်ထောင်ထားတဲ့ ကျွန်းစုလေး ဖြစ်ပါတယ်။

အဓိက အသက်မွေးဝမ်းကျောင်လုပ်ငန်းကတော့ တံငါ ဖြစ်ပြီး ကျွန်းပေါ်မှာ စားသောက်ဆိုင်၊
အဝတ်အထည်ဆိုင်၊ ကုန်စုံဆိုင်၊ စာသင်ကျောင်း၊ ငါး စက်ရုံ စုံစုံလင်လင် ရှိပါတယ်။

ရွာ တစ်ပတ် ပတ်ဖို့အတွက် ၅ မိနစ်မှ ၁၀ မိနစ်ပဲ ကြာတယ်လို့ ဆိုပါတယ်။
နော်ဝေနိုင်ငံရဲ့  ကမ္ဘာလှည့် ခရီးသွားများအား အဓိက ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် တည်ရှိနေတယ် လို့ သိရပါတယ်။
----
Ref: wiki
http://www.innewsmyanmar.com/2012/11/blog-post.html

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...