ဘာလို့ ဓါတ်လိုက်သလဲ
ဘာလို့ဓါတ်သလဲဆိုရင် ဓါတ်မလိုက်နှိုင်ပါဘူး လို့ ထင်ထားတဲ့ပစ္စည်း တွေနဲ့ထိမိတယ် ကိုငတွယ်မိတယ် ဆိုရင်
ဓါတ်လိုက်တတ်တာပါဘဲ၊ ဥပမာ ဘာမှလျှပ်စစ်နဲ့အဆက်အသွယ်မရှိဘူး လို့ထင်ရတဲ့ အ၀တ်ကြိုးတန်း၊ တသက်လုံး
ကိုင်လာတဲ့ ၀က်အူလှဲ ။ ပလာယာ (မနက်ကမှတပည့်လုပ်တဲ့သူကအောက် လွတ်ကျလို့ Insulation ပေါက်နေတာ
သူမသိ)၊ နီယွန် တက်(စ်)တာရဲ့လှဲစားမှု၊ ခလုပ် (Phase line ကိုဖြတ်ရမည့်အစား Neutral line ကိုဖြတ်ထားသည့်
ခလုပ်) ပိတ်ထားပြီးပြီ ကိုင်သာကိုင်ပေတော့ ဆိုတာမျိုး၊ သီတင်းကျွတ်မီးအလှဆင် မီးလုံးတွဲတွေ ကို အိမ်ရှေ့သံဇကာ
မှာ ထွန်းတတ်ကြတယ် ၀ါယာကပေါက်ပြီး သံဖကာကိုထိနေမယ် အဲဒါကိုမသိတဲ့သူက သံဇကာကိုခါတိုင်းလိုဘဲ
သွားကိုင်တယ် ဒီတော့ဓါတ်လိုက်ပြီပေါ့ ၊ အဲဒါကြောင့် ဓါတ်လိုက်မယ်မထင်တဲ့ပစ္စည်း ကဓါတ်လိုက်တယ်လို့
ပြောရတာပါ၊
လျှပ်စစ်လုပ်ကိုင်နေတဲ့ လျှပ်စစ်လုပ်သားတွေ နည်းပညာအပိုင်း လုပ်ငန်းကျွမ်းကျင်မှုအားနဲတာရယ် ၊ လျှပ်စစ်နည်း
ဥပဒေ မလေးစားတာရယ် ၊ လုပ်သားအချင်းချင်း အပေးအယူမမျှတာ ၊ တွက်ကပ်တာ ၊ မိမိကိုယ်ကို အထင်ကြီးတာ၊
အဲဒါတွေကြောင့် အနှစ် ၂၀လောက်လုပ်သက် ရှိတဲ့လျှပ်စစ်လုပ်သားတွေ အသက်ဆုံးကြရတယ်။ အထက်က
ညွန်ကြားချက်တွေ နည်းဥပဒေတွေကိုအပိုတွေပါကွာ ဒီလိုလုပ်လိုလဲဖြစ်တာဘဲ ဆိုပြီးပေါ့ကြလို့ အသက်ဆုံးရသူတွေ
ဒုနဲ့ဒေး ။ လျှပ်စစ် စစ်ဆေးရေးအဖွဲ့(E I ) ဟာ သူတို့ဆီတက်လာတဲ့ ဓါတ်လိုက်မှု စစ်တမ်းတွေပေါ်မှာကြည့်ပြီး၊ဥပဒေ
တွေ ရေးရတာပါ ၊ ဒီလိုလုပ်ရင် ဒီလိုဖြစ်ခဲ့ဘူးတယ် နောက်တခါမဖြစ်အောင် ဥပဒေဆိုတာဖြစ်ပေါ်လာတာဘဲ။ လျှပ်စစ်
လုပ်သားတက်သစ်စတွေရော၊ အိုးဆားဗစ်ကြီးတွေရော ၊ အင်္ဂျင်နီယာတွေပါ လိုက်နာကြရမှာပါ၊
ဓါတ်လိုက်ပြီဆိုရင် အသက်ဆုံးကြရတယ် မီးလောင်မယ် ပြုတ်ကျရင် ခြေကျိုး လက်ကျိုး အနဲဆုံးးဖြစ်မယ်၊
တန်းလန်းကြီးလဲ အသက်ဆုံးတတ်တယ် လျှပ်စစ်ဆိုတာ သာမန် မျက်စေ့နဲ့မမြင်ရတော့ မကြောက်ကြဘူး၊ လျှပ်စစ်
လုပ်ငန်းမှာ လုပ်ကိုင်ကြရမယ့်လုပ်သားတွေ ကိုတော့ သင်တန်းမှာကထဲက ဆရာတွေက ဒီလိုသင်ပေး ကြတယ်
“မောင်တို့ မယ်တို့ လျှပ်စစ်က မမြင်ရဘူး ဒီတော့ ၀ါယာကြိုးမှန်သမျှ လျှပ်စစ်ရှိတယ်လို့ သဘောထားပြီး
သတိနဲ့ကိုင်တွယ်ရမယ် “
. ဓါတ်လိုက်တယ်ဆိုတာ လျှပ်စစ်ကခန္ဒာကိုယ် ကိုဖြတ်စီးသွားတာပါ လျပ်စစ်ကရေလိုဘဲ ရေကမြင့်ရာကနေ နိမ့်ရာကို
စီးသလိုလျှပ်စစ်က Potential မြင့်ရာကနေ Potential နိုမ့်ရာကိုစီးဆင်းတယ် တနည်းပြောရရင်တော့ ဘို့အားများတဲ့
နေရာကနေ ဘို့အားနဲတဲ့ဆီကို စီးဆင်းတယ် မဟာပထ၀ီမြေကြီး မှာလဲလျှပ်စစ်ရှိတယ်လေ ဒါကအရေးပါဆုံးပေါ့
Earth လို့ခေါ်တဲ့မြေဓါတ်ဟာ Zero potential သုံည ဘို့အားရှိတယ်။ အသုံးအဆောင်ပစ္စည်းတခုမှာ လျှပ်စစ်ရှိ
တယ်ဆိုတာနဲ့ သုံညထက်တော့ များမှာဘဲလေ ဒီတော့ ၀ါရာကြိုးတခုမှာဖြစ်ပေါ်နေတဲ့ လျှပ်စစ်ဟာ မြေကြီးနဲ့
အဆက်အသွယ်ရတာနဲ့ မြေကြီးဆီသို့ သာ ဦးတည်စီးမှာဘဲလေ၊ ၀ါယာ(သို့)လျှပ်စစ်စီးနိုင် တဲ့ပစ္စည်း conductor ရွှေ
ငွေ သံ ကြေး ဒန် နီကယ် စတဲ့သတ္ထုပစ္စည်းတွေမှာ လျှပ်စစ်ကျရောက်နေတယ် အဲဒီပစ္စည်းကို လူက ထိမိတယ်
ဆိုရင် ပစ္စည်းကနေလူ၊ လူကနေ မြေ ကြီးကိုစီးဆင်းသွားတာပါဘဲ ဒါကြောင့် ဖိနပ်မပါတဲ့ လူ ဓါတ်လိုက်ခံရရင် တုံး
ကနဲ ဘုန်းကနဲ စမ့်စမ့်ကြီး ဖြစ်တာဘဲ။ လျှပ်စစ်လုပ်ငန်းနဲ့ပါတ်သက်သူတွေ ရေမစိုတဲ့ ဖီနပ်ခြေလုံအောင် စီးထားပါ
(လျှပ်စစ်အင်/ယာ လိုင်မန်းအစ လျှပ်စစ်နဲ့ထမင်းချက်တဲ့ အိမ်ရှင်မအဆုံးပေါ့ )
လျှပ်စစ်မှာနှစ်မျိုးရှိတယ်လေ အေစီ နဲ့ ဒီစီ ဆိုတာပေါ့၊ အခုပြောချင်တာက အေစီလျှပ်စစ်ပါ၊ အေစီ လျှပ်စစ်ဆိုတာ
တုန်ခါမှု frequency ရှိတယ် ဒါကြောင့်လဲသိမှုကို ဖြစ်ပေါ်စေတာပါ ယခု ယနေ့ အချိန် အခါမှာ ၀ါယာစလေးနှစ်ခုနဲ့
အနှိုပ်သယ်စက် (Happy World အနှိပ်ခန်းတွင်ရောင်းသည်) ကိုတွေ့ ဘူးကြမယ်ထင်တယ်၊ အဲဒါ ဓါတ်လိုက်ခြင်း
တမျိုးဘဲ (နောက်ကြုံ ကြိုက်ရင်သီးသန့်အဲဒီအကြောင်းရေးပါအုံးမယ် ) အေ စီလျှပ်စစ် က ကြိုးနှစ်ချောင်းရှိတာမှာ
တချောင်းကအပူကြိုး Phase တချောင်းကအဧကြိုး Neutral လို့ခေါ်ကြတယ် အဧကြိုးက Earth နဲ့ခတ်ဆင်ဆင်
ဘို့အားရှိတယ်(Neutral ကို သုံည ဘို့အားဖြစ်အောင် ကြိုးစားနေတာပါ သု့ညတော့မဟုတ်ပါဘူး ) အဲဒါကြောင့်
လျှပ်စစ်စီးဆင်းမှုဟာ ၁-အပူကြိုးမှ အဧကြိုးသို့ ၂-အပူကြိုးမှ အပ်ကြိုးသို့ ၃- အဧကြိုးမှ အပ်ကြိုးသို့ ဆိုပြီး
လမ်းကြောင်းသုံးခုရှိပါတယ် ၊ အဲဒီလမ်းးကြောင်းတခုခု ထဲမှာ လူရောက်နေရင်
ဓါတ်လိုက်ခံရတာပါဘဲ ၊
.
.
လူရဲ့နှစ်လုံး ကိုဖြတ်စီးခံရရင် နှစ်လုံးခုန် စီးချက် လွဲသွားပြီး ဘာဆက်လုပ်ရမှန်းမသိဘဲ ရပ်သွားတယ် လို့ဘဲ
လွယ်လွယ် ဆိုကြပါစို့ Electric shock လို့ခေါ်တယ်လေ သတိလစ်သွားတာပေါ့ မီးနေသည် မီးတွင်း မှာသတိလစ်
သွားတာတို့ သရဲသဆေ တွေ့လို့ လန့်ပြီးအသက်ရှုရပ် တာတို့ ပုံစံချင်း တူတယ် ရှေ့ဦးသူနာပြုစုနည်း ကတော့အတူ
တူပါဘဲ ပက်လက်လှန် ရင်ပတ်ပေါ် လက်နှစ်ဖက်နဲဖိတဲ့ နည်း၊ ပါးစပ်ချင်းတေ့ပြီးမှုတ်တဲ့နည်းတွေပေါ့ အသေးစိတ်
တော့ မပြောတော့ပါဘူး ၊ ဒီမှာရှာကြည့်ကြပေတော့
သိပ်ရှည်ရင်ပျင်းသွား လိမ့်မယ် ခတ္တနားရင်ကောင်းမယ။်
Comment ကိုကြည့်ပြီးမှ ရေးတာကောင်းပါတယ် အဘိုးကြီးလျှာရှည်တယ်လို့တော့ မထင်ပါနဲ့
စေတနာကိုနားလည်ပေးပါ။ ဆက်ပါဦးမည်လို့ရေးရရင်ကောင်းမလား
မေးလ်မှတစ်ဆင့်... ကူးယူဖော်ပြသည်။