... တစ်ခါက အလွန်အင်မတန်မှရိုးသားတဲ့ ဆရာတော်ကြီးတစ်ပါးရှိပါတယ်..
ဆရာတော်ကြီးက ပိဋကတ်စာပေတစ်ခုသာလေ့လာဖူးတော့ ကျန်တဲ့ကိစ္စတွေသိပ်မသိပါဘူး..
ဒါပေမဲ့ ဆရာတော်ကြီးမှာ တူတစ်ယောက်ရှိပါသေးတယ်၊ ဆရာတော်ကြီးတူက
လောကီအတန်းကျောင်းမှာနေတာပါ၊ နောက်သူစာကျရင်လည်း အားရပါးရအော်ပြီး ကျက်တတ်ပါတယ်..
တစ်နေ့ကျောင်းအောက်ထပ်မှာ ဆရာမကပေးလိုက်တဲ့အိမ်စာကို အကျယ်ကြီး အော်ကျက်နေပါတယ်၊
ဒါကိုဆရာတော်ကကြားတော့ နားကလောတာနဲ့ ထွေးခံနဲ့ ကောက်ပေါက်တာခံရပါတယ်၊
ကြည့်အုန်းလေ ဆရာတော်ရဲ့တူ ကျက်နေတဲ့စာတွေကလည်း၊
အိမ်ပေါ်တက်=အရေးကြီး
အောက်ဆင်း=နွားကြီး၊
မန်း=ဘုန်းကြီး
နန်း=မယ်သီလရင်...
ဆရာတော်မပြောနဲ့ စာဖတ်သူတောင် နားကလောသွားမယ်ထင်ပါတယ်၊ အမှန်ကဒီလိုပါဗျာ.....
Important=အရေးကြီးသည်
Oxen=နွားထီးများ
Monk= ဘုန်းကြီး
Nun= သီလရင် ဆိုတဲ့အဓိပ္ပါယ်တွေပဲဖြစ်ပါတယ်...........
......................................................................................................
>>> ဖခင်…..သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
>>> သား…..ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
>>> ဖခင်…..ဟာ….ငါ့သား တယ်တော်ပါလား…ဘယ်(၂)ခု မတတ်တာလဲ။
>>> သား…..သား “ဒီဟာ” လဲ မတတ်ဘူး။ သား “ဟိုဟာ” လဲ မတတ်ဘူး။
>>> ဖခင်………. ^&(*&!”)(!_)£$”
(၃)
>>> ဖခင်……….. သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
>>> သား……….. မသိဘူး ဖေဖေ
>>> ဖခင်……… လူအ..၂ ရတယ်…ဟင်း…ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
>>> ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
>>> သား……….. ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
>>> ဖခင်………..&^!*”^!%”$!£”)(*
(၄)
>>> “နင့်အမှတ် ဘယ်လောက်ရလဲ”
>>> “သုည ..နင်ကော”
>>> “ငါလဲ သုညပဲရတယ်”
>>> “အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ ဘူး”
>>> ဖခင်……..ဟင်း….ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့…ဟင်း
>>> သား…….. ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
>>> ဖခင်…………&*!^”!%”!^%”!08
>>> (၅)
>>> ဖခင်………. ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။
>>> ဖေဖေ့ တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
>>> သား……….. ဖေဖေ….သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်….
> ဖခင်…………&*!^”!%
ပြုံးပျော်နိုင်ကြပါစေ
Dec 10, 2012
ဘော်လုံးသမားနဲ့ ဟာသများ
စောင့်မယ်
“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “
“ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “
“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “
“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောလုံးသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “
ဖြစ်မှဖြစ်ရလေ
တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က
“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “
ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက
“ ကျွန်တော်ဖမ်းလိုက်မယ် “
ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့
“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “
“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “
တူဘူးလေ
ရွာနှစ်ရွာ ဘောလုံးကန်မယ်ဆိုတော့ ကိုရွှေရိုးက ဂိုးဖမ်းဖို့ တာဝန်ပေးကြတယ်
“ ခင်ဗျာက ရေထဲက ငါးရှဥ့်တောင် ရအောင်ဖမ်းနေတာပဲဗျာ … လက်သွက်ပါတယ် ..
ခုဟာက ဧရာမအလုံးကြီးဖမ်းရမှာပဲ “
ဒီလိုနဲ့ကန်ကြတော့ (၈) ဂိုး နဲ့ ရှုံးပါလေရော
“ ကိုစိန်ရိုး ဘယ်လိုဖြစ်တာလဲ “
“ ဟာကွာ … ဘောလုံးက ငါးရှဥ့်ဖမ်းသလို လက်ညှိုးနဲ့လက်သူကြွယ်ခံထားပြီး
လက်ခလယ်နဲ့ကုပ်ဖမ်းလို့မှ မရပဲကွာ … လွတ်ကုန်တာပေါ့ “
အ၀င်မခံဘူး
“ သမီးရဲ့ယောက်ျားက သူ့ကြောင့်အရောင်းအ၀ယ်တည့်သွားလို့ ပွဲခပေးတာကို
ပုတ်ထုတ်လိုက်တယ်ဆို “
“ ဟုတ်တယ် .. အမေ … သူက ဂိုးသမားဆိုတော့ အကျင့်ပါနေလို့တဲ့ “
ကိုယ့်အကြောင်းနှင့်ကိုယ်
“(၁-၀) နဲ့ရှုံးလာလို့ အသင်းသားတွေက စိတ်ညစ်နေကြတယ် … အဓိကကတော့ ဂိုးသမားပေါ့ “
“ စိတ်ညစ်မနေပါနဲ့ဗျာ … ဟိုဘက်သင်းက တဒိုင်းဒိုင်းရှုးနေတာ ..
တစ်ဂိုးတည်းဝင်တာ တော်သေးတာပေါ့ “
“ မင်းတို့မသိပါဘူးကွာ .. တခြားအလုံးတွေက ဘားတန်းဝင်မှန်လို့သာကိုး ”
ခွင့်လွှတ်နိုင်အောင်
ဟိုဘက်ရွာ ဒီဘက်ရွာ ဘောလုံးကန်ကြတော့ ဒီဘက်ရွာအသင်းက (၅)
ဂိုးတောင်ရှုံးလာသတဲ့ … ဒီတော့ ရွာသားတွေက ဂိုးသမားကို
“ ခင်းဗျားဗျာ … (၅) ဂိုးတောင် အ၀င်ခံရတယ်လို့ “
“ ဟိုဘက်အသင်းက (၄၊၅) ယောက် ၀ိုင်းသွင်းတာကွ “
“ လေးငါးယောက်ရှုးလည်း ဘောလုံးက တစ်လုံးတည်းပါဗျာ “
“ ငါကလည်း အဲဒီတစ်လုံးတည်းမို့ မကျေနပ်တာပေါ့ကွာ .. (၄၊၅) လုံး
ဝိုင်းရှုးရင် ကျေနပ်သေးတယ် … မင်းတို့ငါ့ကို ခုလိုပြောမှာ မဟုတ်ဘူး “

ဟာသလေးများ
" မျက်လုံးကိုပြူးရော "
စားသောက်ဆိုင်ကြီးတစ်ခုထဲမှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ လူတစ်ယောက်က စားပွဲထိုးကို လှမ်းခေါ်လိုက်ပါတယ်။
စားသုံးသူ.... "ရေတစ်ခွက်လောက်ပေးစမ်းပါအုံးကွာ....."
စားပွဲထိုး...... " ဒီမှာဗျာ . ဒါနဲ့ဆိုခင်ဗျား တောင်းတာ ဆယ်ကြိမ်ရှိသွားပြီ။ လက်ဖက်ရည်တစ်ခွက်မှာပြီး
ဆယ့်ငါးမိနစ် အတွင်း ဒီလောက်ကြီးတဲ့ ရေသောက်တဲ့လူမျိုး ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူးဗျာ... "
အဲဒီမှာ စားသုံးသူပြန်ပြောလိုက်တဲ့စကားကြောင့် စားပွဲထိုး ခမျာ မျက်လုံးကိုပြူးရော....
စားသုံးသူ.... " ရေကသောက်ဖို့မှတ်လို့လား။ ငါထိုင်နေတဲ့ ကုလားထိုင် မီးလောင်နေလို့ကွ "
" သပ်သပ်စီပဲ"
တစ်နေ့မှာ... ယုယုဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောနေတာပေါ.
ယုယု...... " ကိုယ်တော့ မောင်မောင်နဲ့ စေ့စပ်ထားတာ ၊ ဖျက်ပစ်ဖို့ဆုံးဖြတ်လိုက်ပြီ။ "
သူငယ်ချင်း .... " ဘာကြောင့်လဲကွာ ... "
ယုယု..... " သူ့အပေါ်ခံစားလို့မရတော့လို့ပါ. ကိုယ်သူ့ကို စိတ်ကုန်သွားပြီ ... " လို့ပြောတယ် ။
ဒါနဲ့သူငယ်ချင်းက ယုယုကိုပြောလိုက်ပုံက .....
သူငယ်ချင်း..... " ဒါနဲ့များ သူပေးထားတဲ့ စိန်လက်စွပ်ကြီးတော့ ခုထိဝတ်ထားတုန်းပါလား လို့" ပြောတော့ ယုယု ပြန်ပြောလိုက်ပုံကတော့
ယုယု ..... " ဟဲ့ . . . . စိန်လက်စွပ်ကြီးကိုတော့ စိတ်မကုန်ဘူးလေ.. တဲ့ .. "
ချစ်သူဘ၀. . . .
ကောင်မလေးနှင့်ကောင်လေး ချိန်းတွေ့ကြ၏. . . ကောင်းကင်မှာ ငှက်ကလေးတွေက တကျီကျီ မြည်တမ်းလျက် ပျံသန်းသွားကြသည်. . . ငှက်ကလေးတွေကိုကြည့်ပြီး ကောင်မလေး က မေးခွန်းတစ်ခု မေးလိုက်၏. . .
"ဘာငှက်လေးတွေလဲ မသိဘူးနော် . . မောင်ရော သိရဲ့လား . . . "
"အချစ်ငှက်လေးတွေပေါ့. . . .အချစ်ရာ. . . "
ဟု . . . ကောင်လေးက ချိုသာသော အသံဖြင့် ပြန်ဖြေသည်. . . ချစ်ရည်ရွှန်းသော အကြည့်တို့ဖြင့် တစ်ဦးကို တစ်ဦး ကြည့်၍ ပြိုင်တူ ပြုံးလိုက်ကြ၏. . .
အိမ်ထောင်ကျပြီးစ.
ကောင်မလေးက သူ့ယောကျာ်းကို ခေါ်ပြီး ရည်းစားဘ၀က အတူတူထိုင်၍ ကြည်နူးခဲ့ဖူးသော နေရာဟောင်းလေးသို့ အတူတူသွား၍ ထိုင်ကြသည်. . . ကောင်းကင်ယံမှာလည်း ငှက်ကလေးတွေ တချို့ ပျံသန်း သွားကြပြန်သည်. . . ကောင်မလေးက ကြည်နှူးစွာ မေးခဲ့ဖူးသော မေးခွန်းတစ်ခုကို အသစ်လုပ်ကာ ပြန်မေးလိုက်၏. . .
"ဘာငှက်လေးတွေလဲ မသိဘူးနော်. . မောင်ရော သိရဲ့လား . . . ."
"စာငှက်တွေလေကွာ. . "
ပျော်ရွှင်စွာ ရယ်နိုင်ကြပါစေ။

အသက်ပေးပြီးချစ်ခဲ့သူ
ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။
ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။
အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေကြတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။ နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်...
တကယ်တော့ အရင်က သူ မရူးဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်နဲ့ ရိုက်မိပြီးနောက် သူရူးသွားတာဖြစ်တယ်။ သူမလည်း အစက မရူးဘူး။ တက္ကသိုလ်ဝင်တန်းမှာ မြို့နယ်ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီးတစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမစကားမပြောတော့ဘူး။ အဖေအမေကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမ ရူးသွားခဲ့တယ်။
လမ်းခရီး ဘယ်လောက်ကြာကြာ သူတို့လျှောက်ခဲ့ကြမှန်းမသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ်ပေရေနေတယ်။ မည်းညစ်နေတဲ့ ခြေဖျားတွေဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံလည်း မီးခိုးရောင်ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာဖြူနေတယ်။ ဖြူရော်နေတယ်။ လက်ထဲမှာ ရေပုလင်းတစ်လုံးကိုင်ထားပြီး လမ်းသွားလမ်းလာတွေကို ထုံအ,အ သူမရယ်ပြနေခဲ့တယ်။
ညနေဝင်ရီတရောအချိန်မှာ သူနဲ့သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ပေါင်မုန့်တစ်ချပ်ကို အတူတွေ့ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြခဲ့တယ်။ ပေါင်မုန့်ဆီ နှစ်ဦးသားလက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်းတိုက် ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။ နောက်ဆုံး သူ့လက်ထဲပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကိုဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။ သူမ မလှုပ်ဘဲ သူ့ကိုငေးစိုက်ကြည့်နေတယ်။
သူမကို အရောင်မပါတဲ့မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။ စားလက်စပေါင်မုန့်ကိုရပ်ပြီး ထုံအအနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။
သူမကို သူပေါင်မုန့်ကမ်းပေးလိုက်တယ်။ တစ်ဝက်သာကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲဆွဲယူပြီး အားရပါးရစားလိုက်တယ်။ နေရာက သူလှည့်ထွက်လာခဲ့တယ်။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျအိမ်အိုကြီးဆီ သူပြန်လာခဲ့တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်းသိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။ သူတို့အချင်းချင်း စကားတစ်ခွန်းမှမပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။
ညအိပ်ချိန်မှာ တစ်ခါမှမခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေတယ်။ အရူးတစ်ယောက်ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။
ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေကောက်ယူစားပြီး သူတို့ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ နေ့ရက်တွေကို သူတို့ကျော်ဖြတ်ခဲ့ကြတယ်။
တစ်ညမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေတက်နေတဲ့ လက်စွပ်ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။ သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီးရယ်နေတယ်။ အဲဒီညက သူမ အားရပါးရရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသားကြားနေရတယ်။ ရယ်သံတွေရဲ့နောက်မှာ ငိုသံတွေပါနေခဲ့တယ်။ ပထမဆုံးအကြိမ် သူမငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်းမသိ သူမ ငိုနေမိတယ်။ သူက မတုန်လှုပ်တဲ့အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။
သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျားနေခဲ့တယ်။ သူနဲ့အတူ မနက်စာထွက်မကောက်ခဲ့ဘူး။ သူ့ကို ရယ်ပြမနေခဲ့တော့ဘူး။ သူ့တစ်ယောက်တည်း အစာတွေသွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာ ရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။ သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင်ရိုက်ထားလို့ဖြစ်တယ်။
မျက်လုံးတွေကို သူမမှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတွေကို မြင်ရတယ်။ စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ... အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။
"ကျွန်တော့်အမျိုးသမီးကို ကယ်ပါ" လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။
"သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့လာတိုးနေမှန်း မသိဘူး"
ရဲသားက ပြောပြောဆိုဆို သူ့ကိုကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက်လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့် အားနဲ့သုံးလေးချက် ဆင့်ပြီးကန်ချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက်ထွေးထည့်ပြီး နေရာကထွက်သွားတယ်။ မြေပေါ်မှာ သူအကြာကြီးလဲနေခဲ့တယ်။ သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။
သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကိုတစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။ ကြည့်ကြတဲ့လူတွေကလည်း ရွံ့ရှာတဲ့အေးတိအေးစက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။ သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူအညီမဲ့မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရူနေတယ်။ ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ်ပိန်လှီနေတဲ့ လက်ပေါ်ခုတ်ချလိုက်တယ်။ သူမလက်ထဲကသွေးတွေ ဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။
"ဟား.. ဟား... ကျွန်တော်လူသတ်လိုက်ပြီ... ခင်ဗျားတို့ကြည့် ကျွန်တော်လူသတ်လိုက်ပြီ"
အဲဒီနောက် အရေးပေါ်လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ်သွားကြတယ်။ ဝိုင်းကြည့်နေတဲ့လူတွေက သူ့ကိုကန်ကျောက်ပြီး ဆဲဆိုထွက်သွားကြတယ်။ ကယ်တင်ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံးသွားခဲ့ရတယ်။ အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။ သေဆုံးသွားပေမယ့် သူမမျက်နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမလက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။
သူမပြန်အလာကို သူအကြာကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့ပါဘူး....။

စပယ်ယာနဲ့...ခရီးသွားဟာသ
မနက်မိုးလင်းသည်နှင့် ၃၉ကားလိုင်းသည်နှင့် သင်္ကန်းကျွန်းမှတ်တိုင်မှ မော်တင်သို့ ပြေးဆွဲသည်။
သင်္ကန်းကျွန်းကားမှတ်တိုင်တွင် ခရီးသည်တင်ရန် ဘတ်စ်ကားကို ရပ်လိုက်သည်။
စပယ်ရာကိုဘချစ် ။ ။ မြို့ထဲ ရောက်မယ်၊ မြို့ထဲ ရောက်မယ်…
ကားစပယ်ရာ ကိုဘချစ်က ခရီးသည်တွေဆီမှ ကားခကို ကောက်ယူသည်။ ထိုအချိန်တွင်
အဘွားအိုတစ်ဦးတက်လာ သဖြင့် စပယ်ရာ ကိုဘချစ်က အဘွားအိုအား ဆွဲကူပေးသည်။
အဘွားအိုထိုင်ရန် နေရာသို့သွားစဉ် ချာတိတ်တစ်ဦးသည် ထိုနေရာသို့
အမြန်ဝင်ထိုင်လိုက်သည်။
စပယ်ရာကိုဘချစ် ။ ။ ဟေ့ ချာတိတ်၊ ဒီမှာ အဘွားထိုင်ဖို့ မင်းတခြားထိုင်ခုံမှာ သွားထိုင်ချည်း…
ချာတိတ် ။ ။ ခုခေတ်က ဦးရာလူစနစ်ပဲဗျ၊ ကျွန်တော်အရင်ရောက်တာ ဒါကျွန်တော်နေရာပဲ၊ မဖယ်ပေးနိုင်ဘူးဗျာ…
အဘွားအိုသည် ချာတိတ်ကောင်လေးကို သေချာ စိုက်ကြည့်ပြီး ပြန်တုံ့ပြန် လိုက်ပုံမှာ။
အဘွားအို ။ ။ ဟဲ့မိုက်ရိုင်းလိုက်တဲ့ ကောင်လေး ငါနေရာဟဲ့၊ ဖယ်စမ်း ဖယ်စမ်း…
အဘွားအိုက ဒေါသတကြီးနဲ့ ချာတိတ်ကလေးကို ထုနှက်ရိုက်ပုတ်ပါလေရော။
ချာတိတ်ကောင်လေးလည်း အဘွားအိုကို ကြောက်လန့်ပြီး ထွက်ပြေးသွားမှ အဘွားအိုက
သူ့နေရာမှာ ၀င်ထိုင်လိုက်သည်။ စပယ်ရာ ကိုဘချစ်က အားသန်လှသော အဘွားအိုကို
အံ့ဘြသော အကြည့်ဖြစ် ကြည့်နေသည်။ အဘွားအိုက စပယ်ရာ ကိုဘချစ်ကို
မော့ကြည့်လိုက်ပြီး။
အဘွားအို ။ ။ ခုခေတ်က ကြီးနိုင်ငယ်ညှင်းခေတ်ကွဲ့…
စပယ်ရာ ကိုဘချစ်လည်း ဘာပြန်ပြောရမှန်း မသိတာနှင့် ခေါင်းညိတ်ပြပြီး
ပြန်ထွက်လာခဲ့သည်။ နောက် တာမွေဘတ်စ်ကားဂိတ် ရောက်တော့ ထပ်ရပ်ပြီး
ခရီးသည်တင်ပြန်သည်။ ခရီးသည်တစ်ဦးသည် Rapper လိုဘောင်းဘီပွပွ၊
အကျီင်္ပွပွနဲ့ ခေါင်းမှာလည်း အစည်းစီးထားသော အထူးအဆန်း ချာတိတ်တစ်ဦး
ဘတ်စ်ကားပေါ်သို့ တက်လာသည်။ ချာတိတ်က ကားခပေးရန် သူ့ဘောင်းဘီ အိတ်ကပ်ထဲမှ
အလွန်စုတ်ပြတ်နေသော ၂၀၀တန် တစ်ရွက်ကို ထုတ်၍ ကားစပယ်ရာ ကိုဘချစ်ကို
ကားခပေးလိုက်ပြီး ချာတိတ်ပြောလိုက်ပုံမှာ။
ချာတိတ် ။ ။ ရော့ ၅၀၀၀တန် ပြန်မအမ်းနဲ့တော့၊ ပိုတာယူလိုက်…
ပြောကာ သူထိုင်မယ့်နေရာသို့ ထွက်သွားသည်။ စပယ်ရာကိုဘချစ်လည်း
ခေါင်းကုတ်လျှက် ကျန်ရစ်ခဲ့သည်။ ချာတိတ်က ထိုင်ခုံပေါ်သို့ မထိုင်မီ
သူမှာပါလာသော လက်ကိုင်ပုဝါကို ဖြန့်ခင်းပြီးမှ အကျော့သား ထိုင်ချလိုက်သည်။
ခဏကြာတော့ ဖုန်းသံတစ်ခုကျယ်လောင်စွာ ထွက်လာသည်။
ဖုန်းမြည်သံ ။ ။ ငါအကြွေး ပြန်ပေး၊ ငါအကြွေး ပြန်ပေး၊ ငါအကြွေး ပြန်ပေး…
ချာတိတ်ကောင်လေးက တစ်ချက်ရယ်လျှက် သူ့ဖုန်းကို ဖွင့်လိုက်ပြီး အသံပြောင်း၍…
ချာတိတ် ။ ။ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ အကြွေးမဆက်နိုင်ပါသဖြင့်၊ စက်ပိတ်ထားပါသည်…
ခဏနေတော့ ချာတိတ်ကောင်လေးဆီမှ နောက်ဖုန်းသံအသစ်တစ်ခု ထွက်ပေါ်လာပြန်သည်။
ဖုန်းမြည်သံ ။ ။ မင်းနှမနဲ့ ငါနဲ့ဌား၊ မင်းနှမနဲ့ ငါနဲ့ဌား၊ မင်းနှမနဲ့ ငါနဲ့ဌား…
ချာတိတ် ။ ။ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းပိုင်ရှင်မှာ သူညီမ လင်နောက်လိုက်သွားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါခင်မျာ…
ဖြေလိုက်သဖြင့် ဘေးမှ ခရီးသည်တွေက ထိုချာတိတ်လေးကို အံ့အားသင့်ပြီး
ဝိုင်းကြည့်ကြသည်။ ချာတိတ်က သူ့နဲ့ မဆိုင်တဲ့ ပုံနှင့်ပေ။ နေ

ဆောင်ကြဦးမလား မင်္ဂလာပါ
“ဆောင်ကြဦးမလား မင်္ဂလာ”
တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ .. ..
ကျားဆိုတာ တောဘုရင်(တောမျက်နှာဖုံး)ဆိုတော့ တောနေလှေအောင်း မြင်းဇောင်းမကျန် ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့ .. အဲ … မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံးအချိန်ရောက်တော့ ပရိသတ်တွေလည်း စုံစုံလင်လင် ရောက်နေတာပေါ့ .. ..
အဲလောက် ပရိသတ်များများမမြင်ဘူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာ ထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ .. ..
“ ကိုနွား”
“ဘာလဲကွ”
“ဒီလောက်စည်ကားတဲ့မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ” လို့ပြောတော့ ကိုနွားက “ပျော်စရာကြီးကွနော” လို့ပြုံးပြုံးကြီးပြောသတဲ့ .. .. ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက ဘိတ်သိတ်သီချင်း တီးပါလေရော …. …. ဒီမှာတင် .. ခုနကနွားထီးကြီးက ထ ကတော့တာကိုး .. .. .. ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့ .. ..
“ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ” ဆိုတော့ … ကိုနွားက .. ..
“ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ” လိုကပြောသတဲ့ .. .. ဒီတော့ မျောက်ကမေးတာပေါ့ .. .. “ ကိုနွားကလဲ ကြံကြီးစည်ရာဗျာ .. ခင်ဗျားက နွား ဟိုက ကျား လားလားမှ မဆိုင်တာပဲ” လို့ ပြောတော့ ကိုနွားက .. ..
“ ညီလေးမျောက် .. လောကမှာမင်းမသိတာတွေ အများကြီးရှိတယ်ကွ”
“ တကယ်တော့ ညီလေးရေ ခုမင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ” လို့ပြောသတဲ့ … ..
ဒီမှာတင်မျောက်က .. “ ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်း ဟုတ်လား .. ဟားဟား … မဖြစ်နိုင်တာဗျာ လာနောက်မနေပါနဲ့” လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့ .. .. ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့ ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့ .. ..
“ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ” .. ..
(မင်္ဂလာဆောင်ပြီမှ နွားဖြစ်သွားရှာတာ) ဟဲဟဲ သယ်ချင်းတို့ ဆောင်ကြဦးမလား မင်္ဂလာ

အချစ်ဆိုတာဘာလဲ?
ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က
အားတိုင်း မကြာခဏဆိုသလိုပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို
ကြည့်ပြီး စကားတွေပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး
"ပင်လယ်... ငါမှာဖြင့်နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို
ပြန်မချစ်ခဲ့ဘူး။ ငါ့ကိုအချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး
နေမပြပါနဲ့"လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"
"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"
"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကိုငါစောင့်နေတယ်"
ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။
အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူနောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီးပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်ကတစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်ကပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီးယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကိုနားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေလူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။
အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြားအပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကိုထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကိုမတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကိုချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...
" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။
" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။
"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ...နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့ကနင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကိုသူတို့ခံစားကြရမှာပေါ့"
တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ်ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား....?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့ကိုယ်မထိုက်ခဲ့လို့ပဲ။
အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။ အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကိုနားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။

တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ
ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား
ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူမိုင်ပေါင်းထောင်ချီဝေးနေလည်း
ကိုယ့်ကို ယုံကြည်စိတ်ချသူကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို
ရင်မဖွင့်ပြတတ်တဲ့သူကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို
ထုတ်ဖော်ပြောတတ်တဲ့သူ.........
တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွှတ်ခြင်းတွေရှိရမယ်၊ အကြင်နာတွေ ရှိရမယ်။ ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။

အလောင်းအစား
လွန်ခဲ့သော ကာလတစ်ခုတုန်းကဖြစ်သည်။ ရွာတစ်ရွာတွင် သရဲဆို လုံးဝမကြောက်တတ်သော ကိုရင်လေးတစ်ပါးရှိ
လေသည်။ သူက ဘယ်လောက်ခြောက်တဲ့ သ၇ဲပဲဖြစ်ဖြစ် ကြောက်သူမဟုတ်ပေ..............။ သူသ၇ဲမကြောက်တာက
နာမည်ကြီးလေသည်။ ဒီလိုနဲ့ သူတို့ရွာက လူတစ်ယောက်ကွယ်လွန်လေသည်.။ သူက လူ့ဘ၀မှာတုန်း ကလဲ..
အောက်လမ်းဆရာလိုလို ..စုန်းလိုလို ဖြစ်တာကြောင့် လူ့ဘ၀မှာတဲက လူတွေက ခပ်ရှောင်ရှောင်နေကြလေသည်။
ခုသူသေတော့ ပိုဆိုးကုန်တာပေါ့... ။ ဘယ်သူကမှ သူ့အသုဘ မှာ ညအိပ်ရဲတဲ့သူမရှိဘူးပေါ့..။ ဒီလိုနဲ့ ၇ွာဓလေ့ထုံးစံ
အတိုင်း သူ့ကို သဂြိင်္ုဟ်ပြီးလို့ ရက်မလည်ခင် နှစ်ရက်အလိုတွင်ဖြစ်သည်။ သူကလဲ ကြောက်လောက်အောင်ကို
ခြောက်သည် ဆိုသည်။
ဒီလိုနဲ့ ၇ွာကင်းစောင့်တဲ့သူတွေ တောင် လာလာခြောက်သည်။ ဆိုတော့က လူတွေက မစောင့်ချင်ဘူးပေါ့.. ဒါပေမယ့်
လဲ အဲဒီခေတ်က သူခိုးသူဝှက်နဲ့ အခြားသော ရန်တွေက၇ှိနေပြန်တာကြောင့် မစောင့်လို့မဖြစ်ဘူးပေါ့... တစ်နေ့ ကင်း
စောင့်တဲံသူတွေ ကင်းတဲတွင် ရှိနေခိုက်တွင်ဖြစ်သည်။ ကိုရင်လေးက ဘုန်းကြီး ခိုင်းလို့၇ွာထဲကို ကိစ္စ တစ်ခုကြောင့်
လာတာထင်ပါတယ်...အဲဒီမှာ ကင်းတဲကိုေ၇ာက်တော့... ကင်းသမားတွေက “ ကိုရင်လေး ညကြီးမင်းကြီး ဘယ်သွား
မလို့တုန်း.. သရဲခြောက်မှာ မကြောက်ဘူးလား” လို့ဆိုတော့ ကိုရင်လေးက .. “ဘာလို့ကြောက်ရမှာလဲ... သူတို့က
လူကိုထိလို့မရဘူး... သင်္ဃန်းကိုလဲ ထိလို့မရဘူး...” လို့ဆိုတော့. ရွာသားတွေက “ ကိုရင်လေး ရွာထဲမှာ သရဲတကယ်
ခြောက်နေတာနော်... တပည့်တော်တို့လိုက်ပို့ရမလား ..” လို့ မေးတော့.. ကိုရင်လေးကလဲ.. “နေပါစေ.. ကျုပ်ဖာသာ
သွားပါ့မယ် .” ဆိုပြီးသွားတာပေါ့...ကိုရင်လေးက တကယ်လဲ မကြောက်တတ်တော့သွားတယ်လေ..။ အေးအေးဆေး
ဆေး ပြန်လာတဲ့ ကိုရင်လေးကိုမြင်တော့... ကင်းစောင့်တဲ့ကောင်တွေက နဲနဲယုံသွားကြတယ်...
ဒီထဲမှာ လုံးဝမယုံတဲ့ သူလဲပါတာပေါ့.. ဒီတော့ ကိုရင်လေးပြန်အလာမှာ..“ကိုရင်လေး တကယ်သရဲမကြောက်တတ်
ဘူးလား...” ပေါ့... ဒီတော့ဟိုကလဲ “လုံးဝကို မကြောက်တတ်ဘူး... ” လို့ပြန်ဖြေုတယ်...။ ဒီတော့ ကင်းသမားက
“ကိုရင်လေး မကြောက်တတ်တာ မှန်တယ်ဆိုရင် အလောင်းအစားလုပ်မယ်... ဘယ်လိုလဲ ကိုရင်လေး...” ဆိုတော့
ကိုရင်လေးကလဲ သူရဲကောင်းလုပ်ချင်တာလဲ ပါတယ်ထင်တယ် ရဲရဲကြီးကို လက်ခံလိုက်တယ်လေ။ အဲဒီမှာ ဇာတ်လမ်း
က စတာ။ လုပ်ရမယ့် အလုပ်က အဲဒီသူတို့၇ွာက သေသွားတဲ့ လူကြီးရဲ့ မြေပုံပေါ်ကို ငုတ်သွားစိုက်၇မယ်ပေါ့..
ကိုရင်လေးကလဲ ရတယ်သွားမယ်.. ကင်းသမားတွေက တားသေးတယ်... မ၇ဘူး သွားမယ်ဆိုတာချည်းပဲ..တကယ်လို့
သာ ကိုရင်လေးက နိုင်သွားရင် ကိုရင်လေးကို ငွေတစ်ထောင် ကန်တော့မယ်လို့ ဆိုတော့ သွားချင်တာပေါ့... အဲဒီတုန်း
က ငွေတစ်ထောင်ဆိုတာက နဲတာမှာမဟုတ်တာကို.... သူတို့အလောင်းအစား တည့်သွားပါပြီ..ကိုရင်လေး တဦးတည်း
ထွက်လာခဲံလိုက်သည်း.. သူ့လက်ထဲမှာ ငုတ်ချွန်တစ်ခုနဲ့ ရဲဒင်းတစ်ခုပါတာပေါ့.... ဒီလိုနဲ့ ရွာရဲ့သုသာန်ကိုေ၇ာက်လာ
ပါလေရော...
အာဂ ကိုရင်လေးပါပေ...။ တစ်ချက်မှ မကြောက်.. အေးအေးဆေးဆေး ပါပဲ... ၀င်လာခဲပါပြီ... သင်းချိုင်းကုန်းထဲကို
တောရွာတွေရဲ့ ထုံးစံအတိုင်း ခြုံနွယ်ပိတ်ပေါင်းထူထပ်ပြီး.. ကြောက်စရာအတိပေါ့။ တစ်ချက်တစ်ချက် ရွာဘက်မှ ဆွဲဆွဲ
ငင်ငင် အူလိုက်တဲ့ ခွေးအူသံကြီးက ကြားရသူအဖို့ ကျောချမ်းသွားစေသည်။.... ကိုရင်လေးကတော့ ရေခဲတုံးက အ၇ှံ့း
ပေးရလောက်အောင်ကို အေးဆေးပါပဲ..
အဲဒီထဲမှာ ဟိုလူကြီးရဲ့မြေပုံကို ရှာဖွေနေလေသည်။ အတော်ရှာလိုက်၇သည်။ အဲဒီမြေပုံနားမှာက ကျွန်းငုတ်တွေက
ထိုးထိုးထောင်ထောင်ပေါ့... တစေတွေ ငုတ်တုတ်ထိုင်နေသည့် အလားပေါ့.... ရပါသေးတယ် ကိုရင်လေးက
မကြောက်သေးဘူး.......
အေးအေးဆေးဆေး ဟိုလူကြီး မြေပုံမှာ ငုတ်ရိုက်ဖို့ပြင်လိုက်သည်။ ရွာထဲကလာခဲ့တာဆိုတော့ သူ့သင်္ဃန်းတွေက
ကပိုကရိုပေါ့... ကိုရင်လေးလဲ ပတ်ဝန်းကျင်ကို ဂရုစိုက်မိသွားတယ်....ဒီတော့ ဘယ်လောက်မကြောက်ဘူး ပဲပြောပြော
နဲနဲတော့ သူစိုးရိမ်စိတ် ၀င်သွားလေသည်။ ဒီတော့ မြန်လေကောင်းလေ ဆိုပြီ ငုန်ကို ရိုက်လိုက်လေတော့သည်။ ၇ိုက်လို့
ပြီးသွားပါပြီ....
ကိုရင်လေး သက်ပြင်း တစ်ချက်ချလိုက်ပြီး လှည့် အပြန်...... သင်္ဃန်း စ ကို တစ်စုံတစ်ယောက် ဆွဲထားလေပြီတည်း...
ကြောက်စိတ်ကြောင့် ဘာကိုမှ မမြင်နိုင်တော့ပေ..... “အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ” သူ့ရဲ့ အသံ
က ကင်းစောင့်နေသူတွေ အသာလေးကြားနိုင်လေသည်း။ ဒီတော့ရွာသားတွေလဲ ကိုရင်လေးတော့ တစ်ခုခုဖြစ်ပြီ ဆိုတာ
သိတာနဲ့တပြိုင်နက်အဲဒီကို သွားဖို့ပြင်လိုက်တယ်.....
ဒါပေမယ့် ဆိုထားတဲံ့အတိုင်း... သူတို့က သရဲကြောက်လို့ အရင် ဘုန်းကြီးကျောင်းကို သွားပြီးဘုန်းကြီးကို လျောက်
ရတာပေါ့............ဘုန်းကြီးပါမှာသူ့တို့လဲ သုသာန်ဘက်ကို လိုက်လာခဲ့ကြတာပေါ့....အဲဒီမှာ...ဟိုလူကြီးရဲ့ မြေပုံဘေး
မှာလဲနေတဲံ ကိုရင်လေးကို အဝေးကမြင်နေရတာပေါ့..
အနားလဲရောက်ရော...အားလုံးကိုရင်လေးကိုပြုစုကြတာပေါ့... ဒါပေမယ့် ကိုရင်လေးက တော့ အသက်မရှိတော့ပါဘူး
ကိုရင်လေးအလောင်းကို မလိုက်တော့ အောက်ဘက်ဆီက ဆွဲတားလေသည်။ ရွာသားတွေလဲကြောက်အားလန့်အားနဲ့
အော်တဲ့သူတွေကအော် ပြေးတဲ့သူတွေက ပြေးပေါ့...
နောက်မှသေချာကြည့်လိုက်တော့...ကိုရင်လေး.. အလောတကြီး ရိုက်လိုက်တဲ့ ငုတ်က ကိုရင်လေးသင်္ဃန်းကို ခုရိုက်
သလိုဖြစ်သွားပြီး... သင်္ဃန်း စက ငုတ်မှာချည်ထားသလိုဖြစ်သွားတာပေါ့.. ဒီတော့မှ... အားလုံးသဘောပေါက်သွားကြ
လေသည်။ ကိုရင်လေးဘာကြောင့် လန့်သွားရလဲဆိုတာကိုပေါ့..... အားလုံးလဲ သင်ခန်းစာရကြလေသည်။
သတ္တိကို ပြချင်တဲ့ကိုရင်လေး ရဲ့ သင်္ဃန်းမသေမသတ်က ကိုရင်လေးကို သတ်လိုက်တားလားတော့ မသိနိုင်ပါပေ....
လူတွေပြောနေကြတဲ့ အလောင်းအစား..... သရဲခြောက်တာနဲ့ပတ်သက်ရင် အလောင်းအစား မလုပ်သင့်ဘူးဟု
ဆိုလေသည်။။။
ပြီးပါပီ......

Subscribe to:
Posts (Atom)