Gtalk ၀င်ခဲ့တဲ့နာမည်တွေ မပေါ်အောင်MZ Forum မှာ ညမီးအိမ်တင်ထားတဲ့ Thread ကို ဖောက်သည်ချလိုက်တာပါ
ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။
အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။ (ကျွန်တော်ဆိုရင် username မှာ as
password မှာ as နှိပ်ပြီးနောက်လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as
ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် userတွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။
(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေးလာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့
ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကိုမှတမိမာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။
အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalkကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။
win+R နှိပ်ပါ။ box ထဲမှာregedit ရိုက်ထည့်ပါ။ အဲဒီကနေ
HKEY_CURRENT_USER==>Software==>Google==>Google
Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။
အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့
username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။
ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့
။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား
အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ +
လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။
ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete
နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ် ) သွားပါပြီ။
Dec 18, 2012
ဘာပဲဖြစ်ဖြစ်အဖေလာမယ်
အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော်ကျောင်းဆီရောက်တော့ ကျောင်းကမြေမှာပြားချပ်နေပြီ။
ရုတ်တရက် သူ့ရင်ထဲဆို့နင်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကိုသူပေးထားသည့် ကတိစကားကို ပြန်ရ်ျသတိရသည်။ “ဘယ်ကိစ္စမျိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲ့၊ အဖေရောက်လာမယ်စိတ်ချ” ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေအိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သော နေရာတွင် အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှ မျှော်လင့်နိုင်စရာမရှိအောင် ပိပြားနေသည့် အုတ်ပုံကြီး တစ်ခု။ သို့သော် သားထံပေးခဲ့သည့် ကတိစကားကို သူထပ်တလဲလဲပြန်ကြားနေသည်။
စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကာ သူနေ့စဉ်နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏စာသင်ခန်းရှိရာနေရာကို မှန်းဆ ရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်းနောက်ဘက်ခြမ်းမှာ။
သည်နေရာသို့ သူပြေးသွားသည်။ ပြီး အုတ်ကျိုးအုတ်ပဲ့တွေကို စတင်တူးဆွ ဖယ်ရှားခြင်းပြုလေသည်။
သူဖယ်ရှားနေဆဲ တခြားမိဘတွေပါရောက်လာကြသည်။ “ငါ့သားလေး သေပါပြီ”။ “အံမယ်လေး .. ငါ့သမီးလေး မရှိတော့ပါဘူး” စသဖြင့် သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် တချို့မိဘများကတော့ (သွေးရူးသွေးတမ်း လုပ်ကိုင်နေဟန်ရှိသော) သူ့အား ဂရုဏာသက်ကာ ကျောက်ပျက်အုတ်ကျိုးပုံမှ ဖျောင်းဖျခေါ်ယူကြသည်။
“မရတော့ပါဘူးဗျာ”
“ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ”
“အဲ့ဒီလိုလုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာပြန်ပါဗျာ”
“စိတ်ထိန်းမှပေါ့၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ရဦးမှာလဲ” စသဖြင့် ပြောကြသည်။
တချို့ကဆိုလျှင် “ဟေ့လူ တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ်” ဟု အပြစ်တင်ကြသည်။
သည်လိုလာပြောသည့် မိဘတိုင်းကို သူကစကားတစ်ခွန်းပဲပြန်ပြောသည်။ “ဒီမှာ .. ခင်ဗျား အခုကျွန်တော်လုပ်နေတာကို ၀င်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ” ဟူရ်ျ။ သည့်နောက်အဲ့သည့်လူတွေကို လျစ်လျူရှုကာ သူ့သားကိုဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်း တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။
သည်အချိန် မီးသတ်အရာရှိရောက်လာပြီး သူ့ကိုဆွဲထုတ်ဖို့ကြိုးစားသည်။ “မီးတွေလောင်နေပီ၊ ဘယ်နေရာကမဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျွန်တော်တို့လုပ်ပါ့မယ်၊ ကိုယ့်အိမ်ပြန်ပါ” ဟုဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကိုအရေးမထား။ “ခင်ဗျား ကျုပ်ကိုကူညီမလား၊ မကူညီဘူားး၊ ဒါပဲပြောပါ” ဟုပဲပြန်ပြောသည်။
ရဲကလည်းရောက်လာသည်။
“ခင်ဗျား သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ် အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ်” ဟုဆိုသော်လည်း သူက ရဲကိုလည်း “ခင်ဗျား ကျွန်တော့ကိုကူညီများလား” ပဲပြန်မေးသည်။
မည်သူကမျှမကူညီ။
သို့သော ကိစ္စမရှိ။ သူ့ဘာသာ တစ်ကိုယ်တည်း ဇွဲနပဲကြီးစွာ သူတူးဖော်သည်။ သူ့မှာအရေးကြီးနေတာတစ်ခုပဲရှိသည်။ “ငါ့သားလေး သေပြီလား၊ အသက်ရှင်နေသေးလား” ဒါသေချာဖို့လိုသည်။ မျက်မြင်ဒိဌ သူတွေ့ရဖို့လိုသည်။
သူတစ်ယောက်တည်း အုတ်ကျိုး အုတ်ပျက်ပုံကိုဖယ်ရှားသည်။ 8နာရီကြာပြီ၊ .. 12နာရီ၊ .. 24နာရီ၊ .. 36နာရီ၊ အဲသည်နောက် 38 နာရီမြောက်တွင် အင်္ဂတေတုန်းကြီးတစ်တုံး သူဆွဲထုတ်လိုက်ပြီးသည်နောက်တွင် သား၏အသံကို ကြားလိုက်ရသည်။
ချက်ချင်းပင် သားနာမည်ကို သူသံကုန်အော်ခေါ်လိုက်သည်။
“အားမန်း ........... ”
ပြန်အော်သံကြားရသည်။ “ဖေဖေ ... ဖေဖေလား၊ သားပါဖေဖေရ၊ သူငယ်ချင်းတွေလည်း သားပြောထားတယ်၊ ဘာမှမကြောက်ကြနဲ့၊ ငါ့အဖေမသေသေးရင် ငါ့ကိုသေချာပေါက်လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လည်းလွတ်မယ် လို့၊ ဖေဖေ သားကို ကတိပေးထားတယ်မဟုတ်လား၊ ဘယ်ကိစ္စမျိုးကြုံကြုံ သားမစိုးရိမ်နဲ့၊ အဖေရောက်လာမယ် စိတ်ချ ဆိုတာလေ၊ အခုအဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့”
“အဲ့ဒီအောက်ထဲမှာ ဘယ်လိုအခြေအနေရှိလဲ သား” အဖေကမေးသည်။
“သားတို့ 33 ယောက်ထဲမှာ 14ယောက်ပဲကျန်တယ် အဖေ၊ သားတို့ကြောက်လည်းကြောက်တယ်၊ ဆာလည်းဆာတယ်၊ ရေလည်းငတ်တယ်၊ အဖေရောက်လာတာ အရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့်မပိဘဲကျန်နေတယ်၊ အဲ့ဒါကြောင့် သားတို့မသေတာ”
“ကဲ .... ထွက်ခဲ့တော့ သားရေ”
“နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေရှိနေတာပဲ၊ ဘယ်လိုကိစ္စမျိုးကြုံကြုံ သားကမစိုးရိမ်ဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ်” ဟု သားက ပြောလိုက်ပါတော့သည်။
ဖေမြင့်
သူငယ်ချင်းကောင်းဆိုတာ
A - Accepts you as you are.
သင့်ကိုအရှိအတိုင်းလက်ခံသူ
B - Believes in ''you'' .
သင့်ကိုယုံကြည်သူ
C - Calls you just to say ''HI'' .
"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ
D - Doesn't give up on you.
သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ
E - Envisions the whole of you (even the unfinished parts)
သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ
F - Forgives your mistakes.
သင့်အမှားများကို ခွင့်လွှတ်တတ်သူ
G - Gives unconditionally.
ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ
H - Helps you.
ကူညီဖေးမသူ
I - Invites you over.
နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ
J - Just ''be'' with you.
သင်နှင့်အတူရှိနေတာကို ကျေနပ်သူ
K - Keeps you close at heart.
လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ
L - Loves you for who you are.
ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ
M - Makes a difference in your life.
သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ
N - Never judges.
အပြစ်တင်ဝေဖန်ခြင်းမပြုသူ
O - Offer support.
သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ
P - Picks you up.
ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ
Q - Quiets you fears.
ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ
R - Raises your spirits.
စိက်ဓာတ်မြှင့်ပေးသူ
S - Says nice things about you.
သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ
T - Tells you truth when you need to hear it.
သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ
U - Understand you.
သင့်ကိုနားလည်သူ
V - Values you.
သင့်ကိုတန်ဖိုးထားသူ
W - Walks beside you.
သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ
X - Xplains thing you don't understand.
သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ
Y - Yells when you won't listen.
သူ့စကားကိုနားမထောင်ပါက အော်တတ်သူ
Z - Zaps you back to reality.
သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

ဘဝအခွင့်အရေး
အနော်က..အတစ်ယေးပါခင်ညား....မယုံရင်..... အနော်..ကြောတဲ့ပို့စ်လေးဖတ်ကြည့်ပါဦး
မနက်စောစောအိပ်ရာနိုးအောင်..အကျင့်လုပ်မယ်....(ယောက်ကျားလေးများအတွက်သာ)
ဒီနည်းလမ်းလေးကအရမ်းကောင်းပါတယ်... ကျနော်တောင်ကြိုက်သွားတယ်.. ကျန်းမရေးအတွက်လဲ ညီညွှတ်ပါတယ်..... ကျနော်က.... အမြဲတမ်းမဟုတ်ပေမယ့်.. ဒီနည်းလေးကို အဆင်ပြေတဲ့အချိန်သုံးပါတယ်..... အိပ်ရာထနောက်ကျသူတွေရှိပါတယ်..အိပ်ရာထနောက်ကျတော့အရာရာဟာနောက်ကျသွားပါတယ်..... စောစောအိပ်ရထလို့ရအောင်... လုပ်ကြမယ်လေနည်းလမ်းက ၁ ခုတည်းပါ.... သူငယ်ချင်းတို့လဲကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်...... ကျနော်အောက်မှာ နည်းလမ်းပေးထားပါမယ်.... မသိတာရှိရင်ပြန်မေးနိုင်ပါတယ်....
(ဘုန်းကြီးကျောင်းမှာသွားအိပ်ပါ) :P မနက်အချောကြီးနိုးမှာဧကန်ပါပဲ... မနက်အချောကြီးမနိုးရင်.... အနော့ကိုတရားလာချွဲပါခညား.... :P
ကဲဘာမသိတာရှိသေးလဲ
(တစ်ချာ) :P

ဟာသာလေးများ
ဆရာမကြီး အထာနဲ့ 
သူ့ဘာသာသူ အေးအေးလူလူ ဆေးလိပ်ထိုင်သောက်နေတဲ့ ယောက်ျားတစ်ယောက်ကို လမ်းသွားလမ်းလာ
မိန်းမတစ်ယောက်က ဆရာမကြီးအထာနဲ့ မေးခွန်းထုတ်လာပါတယ်။
မ။ ရှင် ဆေးလိပ်သောက်တတ်တယ်ပေါ့။
ကျား။ ဟုတ်ကဲ့ သောက်တတ်ပါတယ်။
မ။ တစ်နေ့ကို ဘယ်နှစ်ဗူးသောက်သလဲ။
ကျား။ သုံးဗူး သောက်ပါတယ်။
မ။ တစ်ဗူးကို ဘယ်လောက်ပေးရလဲ။
ကျား။ တစ်ထောင်ငါးရာလောက်ပါပဲ။
မ။ ဆေးလိပ် စွဲသောက်နေတာ ဘယ်လောက်ကြာပြီလဲ။
ကျား။ ဆယ့်ငါးနှစ်လောက်တော့ ရှိပြီထင်ပါတယ်။
မ။ ဒါဆို ဆေးလိပ်တစ်ဗူးကို တစ်ထောင်ငါးရာ၊ တစ်ရက်ကို သုံးဗူးဆိုတော့ လေးထောင်ငါးရာ၊ တစ်လကို
တစ်သိန်းသုံးသောင်းငါးထောင်လောက် ကုန်ပြီပေါ့။ တစ်နှစ်ဆိုရင် တစ်ဆယ့်ခြောက်သိန်း လေးသောင်းနှစ်ထောင့်ငါးရာ
ကုန်ကျမနေဘူးလား။
ကျား။ မှန်ပါတယ်။
မ။ တစ်နှစ်ကို အဲသလောက်ကုန်တယ်ဆိုရင် ရှင်သောက်လာတာ ဆယ့်ငါးနှစ်ဆိုတော့ နှစ်ရာလေးဆယ့်ခြောက်သိန်း
သုံးသောင်း ခုနှစ်ထောင်ငါးရာ ဖြုန်းခဲ့သလို ဖြစ်မနေဘူးလား။
ကျား။ ဟုတ်ပါတယ်။
မ။ အဲသည့် ငွေဟာ ငွေကြေးဖောင်းပွနှုန်းနဲ့တွက်ရင် သိန်းသုံးရာကျော်လောက်ရှိမသွားနိုင်ဘူးလား
ကျား။ သေချာပါတယ်။
မ။ တကယ်လို့ ရှင်သာ ဆေးလိပ်မသောက်ခဲ့ပဲ အဲဒီပိုက်ဆံတွေကို ဘဏ်မှာစုထားနိုင်ခဲ့ရင် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှု
တစ်ခုခုကို လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က စလုပ်ခဲ့ရင် ခုချိန်မှာဆို နောက်ဆုံးပေါ်ပြိုင်ကားတောင် ဝယ်မစီးနိုင်ပေဘူးလား။
ရှင်ကိုယ်ရှင် နားလည်ဖို့သင့်တယ်။
ကျား။ ခင်ဗျားကော ဆေးလိပ်သောက်လား။
မ။ လုံးဝမသောက်ပါဘူး
ကျား။ေxာက်ကောင်မ အဲလိုသာတွက်ကြေးဆို နင့်ပြိုင်ကားဘယ်မှာလဲပြောစမ်း။
သြော်....ပုရိသ...
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်းပြောသည်။ အမျိုးသားကသူ၏စောင်ကို အမျိုးသမီးအား ခြုံစေသည်။
သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော် ရထားပေါ်က ခုန်ချပြီး
ခင်ဗျားအမေကို လိုက်ရှာ လို့မှ မဖြစ်နိုင်တာ"
ပြုံးပျော်နိုင်ပါစေ......
တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကိုကျင်းပကြပါတယ်။
သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။
ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကိုမေးမြန်း
ဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။
အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကို
ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...
"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာမြင်းစီးသွားမယ်ဆိုပြီး
မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့
မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ
ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။
ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့
ပထမဆုံးအကြိမ်နော်..." လို့ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့
ဒုတိယအကြိမ်နော်..." လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့
ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်
လိုက်ပါလေရောဗျာ။
ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို
မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!"လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့
"ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။
အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ"
အော်.. ယောက်ျား
ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?
လက်ထပ်ပြီးစ.......အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?
ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ
မီးဖိုထဲတွင်
၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ်
၆လအကြာ........ ဒီည ဘာစားမလဲ?
၆နှစ်အကြာ...... လာပြန်ပြီ.. ဒီဟင်း!
ရှော့ပင်းပြန်ချိန်
၆ရက်အကြာ..... ဟာ... ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းပဲ
၆လအကြာ...... ရှော့ပင်းထွက်ပြန်ပြီလား?
၆နှစ်အကြာ..... မင်း ပိုက်ဆံတွေ ဘယ်လောက်ဖြုန်းခဲ့ပြန်ပြီလဲ?
တီဗွီရှေ့တွင်
၆ရက်အကြာ...... ချစ်လေး.. ဒီညမောင်တို့ ဘာအစီအစဉ်ကြည့်မလဲ?
၆လအကြာ........ ဒီကားကြည့်မယ်.. ဒီကားကြိုက်တယ်။
၆နှစ်အကြာ....... ဒီကားကြည့်မယ်။ မင်း မကြည့်ချင်ရင် သွားအိပ်တော့..ကိုယ့်ဘာသာ ကိုယ်ကြည့်မယ်။
ကျနော် စာဖတ်သူတွေအတွက်... မပျင်းရအောင်..ဟာသလေးရှာဖွေတင်ပေးလိုက်ပါတယ်... ကျနော်ဖတ်ဖူးသမျှတွေပါ... အားလုံးပြုံးပျော်နိုင်ကြပါစေ....

သင့်မှာလက်တစ်ဖက်တည်းရှိခဲ့ရင်
အခန်း (၁)
ကျွန်မ အသက် (၂၀ ) အရွယ် သူနာပြုကျောင်းဆင်းကာစတုန်းကပေါ့..။ တစ်ရက်မှာ… ကျွန်မဟာ ကလေးဆောင် မှာ
အလုပ်ဆင်းဖို့ အလှည့်ကျပါတယ်..။ အခြားသောအဆောင်များနဲ့ နှိုင်းယှဉ်လိုက်ရင် ကလေးဆောင်က ဘာမှ အပန်းမကြီး
ပါဘူးလို့တွေးရင်း သင်တန်းဆင်းဖို့ လိုအပ်နေတဲ့ အဆင့်တစ်ဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်သွား နိုင်တော့မယ်လို့
ထင်မိလိုက်ပါတယ်။
ကလေးလူနာဆောင်လည်း ရောက်ရော… မောင်ချစ်ကို ဆိုတဲ့ကလေးနဲ့ စတွေ့တော့တာပါပဲ…။ မောင်ချစ်ကို ဟာ
အသက် (၁၁) နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး အားကစားမှာ ထူးချွန်တဲ့ကလေး တစ်ယောက် ဖြစ်တယ်လို့
သိလာရပါတယ်..။ တစ်နေ့မှာ မိဘတွေမသိအောင် အလစ်မှာ ထွက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ၀င်ကြည့်
မိချိန်မှာ ငြမ်းပြုတ်ကျလို့ လက်ကျိုးသွားခဲ့ရတာပါ။
ကံဆိုးရှာတဲ့ကလေးဟာ..ကျိုးတဲ့လက်ကို ကျောက်ပတ်တီးစည်းရင်း အရမ်းကြပ်သွားရာကနေ..ပိုးဝင်ပြီး နောက်ဆုံး
မှာ လက်တစ်ဘက် ဖြတ်လိုက်ရသူလေးပါ။ ခွဲစိတ်ကုသပြီးနောက် သူ့ကိုစောင့်ရှောက်ရသူအဖြစ် ကျွန်မက တာဝန်ချ
ထားပေးခဲ့တာပါ။ ပထမ လေးငါးရက်ကတော့ ဖျိုးကနဲ့ ဖျက်ကနဲ ကုန်သွားပါတယ်..။ ကျွန်မလည်း အရွင်လန်းဆုံးဖြစ်
အောင်လုပ်ပြီး မောင်ချစ်ကို လေးကို အတက်နိုင်ဆုံးဂရုစိုက်ပေးခဲ့ပါတယ်။ သူ့မိဘများလည်း သူ့အနားမှာ တချိန်လုံးရှိ
နေပါတယ်။ သည်လိုနဲ့ တစ်ချိန်လုံး အနာသက်သာစေတဲ့ဆေးတွေ ပေးဖို့မလိုတော့လေလေ.. မောင်ချစ်ကိုလေးရဲ့
ပတ်ဝန်းကျင် ကို ဂရုစိုက်မှုက တိုးလာလေလေ…သူ့ ဇ ကလေးကပြလာလေလေ … ဖြစ်လာပါတယ်။
တရက်မှာတော့ သူ့ကိုရေပတ်တိုက်ဖို့ ပစ္စည်းလေးတွေယူပြီး ၀င်သွားတဲ့အခါ သူကကျွန်မကို ကြည့်ပြီး အတော် နိုးကြား
တက်ကြွနေပါတယ်။ အဲ့ဒါနဲ့ ရေပတ်ဝတ်ကလေး သူ့ကိုပေးပြီး ကိုယ့်ဖာသာကိုယ် ရေပတ်ဝတ် တိုက်ခိုင်း ကြည့်ပါတယ်။
အဆင်ပြေသင့်သလောက် အဆင်ပြေပါတယ်။ နောက်တစ်ရက်ကျတော့ တစ်ကိုယ်လုံးကို ကိုယ့်ဖာသာကိုယ် တိုက်ခိုင်း
ကြည့်ပါတယ်။ အဲ့အခါ မောင်ချစ်ကိုက မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ ကျွန်မလည်း ကြိုးစားပြီး တိုက်ဖို့ပြောတော့ မောင်
ချစ်ကိုလည်း သူ့ဖာသာသူ ရေပတ် တိုက်ပါတယ်။ ဒါပေမယ့် တစ်ဝက်လောက်လည်းကျရော အိပ်ယာပေါ် ပစ်လဲပြီး
"မောပြီ" လို့ပြောပါတယ်။
ကျွန်မလည်း မောင်လေးကမကြာခင်မှာ ဆေးရုံကဆင်းရတော့မှာ မောင်လေးရဲ့….ဆေးရုံကဆင်းရင် မောင်လေးဖာသာ
မောင်လေးအစစအရာရာ လုပ်ကိုင်တက်အောင် အခုကတည်းက လေ့ကျင့်ထားမှာပေါ့မောင်လေးရယ်..။ လို့ ကျွန်မ သူ့ကို
ပြောမိသွားတယ်။။
"လက်တစ်ဘက်တည်းနဲ့ ဘယ်လိုလုပ်ပြီး ကျွန်တော့်ဘာသာ ကျွန်တော်လုပ်လို့ရမလဲဗျ" လို့ သူက စူပုတ်နေတဲ့
မျက်နှာနဲ့ ပြန်ပြောတယ်။ ကျွန်မလည်း မျက်နှာကို အကြည်လင်ဆုံး ထားပြီး သူ့ကို ပြန်ပြောမိပါတယ်။။
"လုပ်နိုင်ပါတယ် မောင်ချစ်ကိုရယ်… မောင်လေးမှာ ညာလက်တစ်ဘက်လုံး အကောင်းကြီးကျန်သေးတာကိုကွယ်"
"ကျွန်တော်က ဘယ်သန်ဗျ..ဆရာမက သိလည်းမသိဘဲနဲ့ လျှောက်ပြောနေတယ်..။" ကျွန်မ စိတ်နည်းနည်းပျက်သွား
မိပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုကိုယ် စိတ်ပျက်သွားမိတယ်။ ကလေးတစ်ယောက်အပေါ်မှာ စိတ်ကောင်းမမွေးသူ
လိုဖြစ်နေတယ်..။ အပေါ်ယံ ဟန်ဆောင်ပြီး ကိုယ့်အလုပ်ကိုပဲ မဲ လုပ်နေသူလို ဖြစ်နေတယ်။
သူဟာ ညာသန်ပါလို့ ကျွန်မက ဘယ်လိုလုပ်ပြီး အပိုင်တွက်လို့ရမှာလဲ..။ အင်း… ဒါဆိုရင်တော့ သူရော ကျွန်မပါ
သိစရာ တက်စရာတွေ အများကြီး ကျန်ပါသေးလားလို့ တွေးမိရပါတော့တယ်..။
အခန်း (၂)
နောက်တစ်ရက် မိုးလင်းလို့ မောင်ချစ်ကိုဆီသွားတဲ့အခါမှာတော့ ခါတိုင်းထက်ပို ပိုပြီးပြုံးရွှင်စွာနဲ့ ၀င်သွား လိုက်ပါတယ်။
ကျွန်မလက်ထဲမှာလည်း သားရေကွင်း တစ်ကွင်းပါသွားပါတယ်..။ မောင်ချစ်ကိုကတော့ ကျွန်မကို မသင်္ကာသလို
ကြည့်နေပါတယ်။ ကျွန်မလည်း သားရေကွင်းကို ကျွန်မလက်ကောက်ဝတ်မှာ စွပ်လိုက်ပြီးတော့သူ့ကို ပြောလိုက်ပါတယ်
"မောင်လေးက ဘယ်သန်..မမက ညာသန်နော်..။ အခု မမရဲ့ ညာဘက်လက်ကိုကျောမှာ ပစ်ထားလိုက်မယ်။ ပြီးရင်
အဲ့လက်ကို သုံးလို့ မရအောင် ဒီသားရေးကွင်းနဲ့ ကျောဘက်က အိင်္ကျီကြယ်သီးမှာ တွဲချည်ထားလိုက်မယ်။ ဟုတ်ပလား..
အဲ..မောင်လေးကို တစ်ခုခုလုပ်ခိုင်းတဲ့ အခါတိုင်းမှာ မမက မမရဲ့ ဘယ်လက်နဲ့ အရင်လုပ်ပြမယ်။ မမအရင်တုန်းက
တစ်ခါမှာ ဘယ်လက်နဲ့မလုပ်ခဲ့ဖူးဘူး။ အဲ့ဒါကိုတော့ မောင်လေး ယုံ။
ကဲ..အခု ဘာကို အရင်ဆုံးလုပ်ကြည့်ရင် ကောင်းမလဲ။"
"ကျွန်တော် အခုမှ အိပ်ယာက နိုးတာဗျ။ အဲ့တော့ သွားတိုက်ရမှာပေါ့..။ သွားတိုက်ဆေး ထည့်ပေး" လို့ မောင်ချစ်ကို
က ပြောလာပါတယ်။ အဲ့ဒါနဲ့ကျွန်မလည်း ဘယ်လက်တစ်ဘက်တည်းနဲ့ သွားတိုက်ဆေးဘူးရဲ့ ၀က်အူရစ်အဖုံးကို
အောင်အောင်မြင်မြင် ဖွင့်ပေးနိုင်သွားပါတယ်။ ပြီးတော့ မောင်ချစ်ကိုရဲ့ သွားပွတ်တံလေးကိုယူပြီး အိပ်ယာဘေးက
စားပွဲပေါ်တင် လိုက်ပါတယ်။ သွားတိုက်ဆေးကို သွားပွတ်တံထိပ်က ၀က်မင်ဘီးလေးတွေပေါ်ကို ဘယ်လက်နဲ့ ထည့်ဖို့
လုပ်တဲ့ အခါကျတော့ မလွယ်တော့ဘူး။ ဖိတ်ကျလို့ကျ..ချော်ထွက်လို့ထွက်နဲ့ ကမောက်ကမတွေဖြစ်နေတော့တာပါပဲ။
ဆယ်မိနစ်နီးပါး အချိန်ကုန်ခံ၊ သွားတိုက်ဆေး အကုန်ခံပြီး လုပ်လိုက်တော့မှ သွားပွတ်တံပေါ်မှာ သွားတိုက်ဆေးက
နေရာရသွားတော့တယ်။
"ကျွန်တော်သာ ဆိုရင် အဲ့လောက် အကြာကြီးလုပ်နေရမျာ မဟုတ်ဘူးအစ်မရဲ့" လို့ မောင်ချစ်ကိုကပြောပါတယ်။ ဒါနဲ့
ကျွန်မလည်း သူ့ကို လုပ်ခိုင်းကြည့်တော့ ဟုတ်ပါတယ်။ သူက ကျွန်မထက် မြန်မြန်သွက်သွက် လုပ်သွားနိုင်တာကိုတွေ့
ရတယ်။ သူ့မျက်နှာမှာလည်း ကျေနပ်တဲ့ အပြုံးစလေးတွေနဲ့။ ကျွန်မလည်း ကျေနပ်တဲ့ အပြုံးလေးတွေနဲ့..။
အခန်း (၃)
သည်လို့နဲ့ နောက်ထပ် (၂) ပတ်တာ အချိန်ကို ကုန်လွန်သွားပြန်ပါတယ်။ ဒီနှစ်ပတ် အတွင်းမှာတော့ မောင်ချစ်ကိုနဲ့
ကျွန်မဟာ သူ့ရဲ့ညာလက်..ကျွန်မရဲ့ ဘယ်လက် တစ်ဖက်တည်း ကိုယ်စီနဲ့ လုပ်စရာရှိသမျှ အရာအားလုံးကို စိတ်ပါ
လက်ပါ လုပ်ကြတယ်..။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်လုပ်ကြတယ်..။
ကျွန်မနဲ့ မောင်ချစ်ကို အသက်ချင်းကွာခြားလှပေမယ့် ရွယ်တူတွေလိုပဲ လက်တစ်ဖက်တည်းနဲ့ လုပ်စရာရှိတာကို မရအရ
လုပ်တမ်းကစားပွဲမှာ လက်ရည်တူ ကစားဖြစ်နေပါတယ်။
ကျွန်မရဲ့ ကလေးလူနာဆောင် တာဝန်ပြီးဆုံးကာနီးကို ရောက်လာချိန်မှာ မောင်ချစ်ကိုဟာလည်း ဆေးရုံကဆင်းလို့
ရလောက်တဲ့အခြေအနေကို ရောက်လာပါပြီ။ လောကကြီးကိုရင်ဆိုင်ဖို့အတွက်လည်း သူ့ကိုယ်သူ ယုံကြည်မှု အပြည့်နဲ့
ဖြစ်နေပါပြီ။
သူဆေးရုံကဆင်းတဲ့နေ့မှာ.. ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုမိကြပါတယ်။ သံယောဇဉ်
ဆိုတာ အဲ့ဒီလိုပါပဲလေ…။ အခုဆိုရင် မောင်ချစ်ကိုနဲ့ဆုံဖူးခဲ့တဲ့ အချိန်ကို ရေတွက်ကြည့်ရင် နှစ်ပေါင်း၂၀ ကျော်ကြာခဲ့
ပါပြီ..။ ကျွန်မ ဘ၀ မှာလည်း အနိမ့် အမြင့် အတက် အကျ ပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဘာအခက်
အခဲပဲ ကြုံလာကြုံလာ ကျွန်မဟာ မောင်ချစ်ကိုလေးကို ပြန်သတိရမိပါတယ်။
လက်တစ်ဖက်တည်းရှိတဲ့ မောင်ချစ်ကိုလေးတောင် အရာရာကို မဖြစ်ဖြစ်အောင် ဖြေရှင်းနိုင်သေးတာကျွန်မမှာ
လက်နှစ်ဖက်စလုံး အကောင်းပကတိ ရှိနေသေးတာပဲ..။ ဘာအခက်အခဲကိုပဲ ဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်..။ ကိုင်တွယ်နိုင်
တယ်..ဖြေရှင်းနိုင်တယ်လို ကျွန်မ တွေးမိနေပါတယ်။
တစ်ခါတစ်လေဆိုရင် ကျွန်မရဲ့ ညာလက်ကိုနောက်ပစ်ပြီးခါးပတ်ကြားမှာ လက်မကို ညှပ်ထားလို့ ဘယ်လက်တစ်ဖက်
တည်းနဲ့ လုပ်စရာကိုင်စရာကိစ္စတွေကို ကြိုးစားလုပ်ကြည့်မိတက်တာလည်း ဒီနှစ်ပေါင်း (၂၀)အတွင်းမှာ မကြာခဏ
ဆိုသလိုပါပဲ။
ပြီးတော့ စိတ်ဆင်းရဲတဲ့အခါ ..ကိုယ့်ကိုကိုယ် ကံဆိုးတယ်လို့ ထင်မိတဲ့အခါ..ဘာမဟုတ်တာလေးနဲ့ စိတ်ပင်ပန်းသွားတဲ့
အခါကျွန်မဟာ ရေချိုးခန်းထဲသွားပြီး ဘယ်လက်တစ်ဖက်တည်းနဲ့ သွားတိုက်ဖို့ ကြိုးစားမိလိုက်တာကြီးပဲရှင်…။
Susan M. Goldberg ရေးတဲ့ You Can Do Anything! ကိုပြန်ဆို တင်ပြလိုက်တာပါ..။ လူ့ဘ၀မှာ လူတိုင်းလူတိုင်းဟာ
အတွေ့အကြုံအမျိုးမျိုးကို နေ့စဉ်တွေ့ကြုံရင်ဆိုင်နေကြရတာပါပဲ။ အဲ့ဒီ အတွေ့အကြုံတွေထဲက တစ်ခုခုဟာ
ကိုယ့်အတွက် တစ်သက်တာ မှတ်စရာဖြစ်သွားအောင် ယူလိုက်မယ်ဆိုရင်လည်း ရတယ်ဆိုတာ.. ဒီအက်ဆေးလေးက
ပြဆိုနေတယ်လို့ ခံစားရပါတယ်။
ဘယ်သန်တစ်ယောက်အတွက်..ဘယ်လက်မရှိတော့ခြင်း..ညာသန်တစ်ယောက်အတွက် ညာလက် သုံးခွင့် ဆုံးရှုံးခြင်း
တို့ဟာ..အင်မတန်ကို စိတ်ဆင်းရဲစရာ ကောင်းမယ်ဆိုတာကို ကိုယ်ချင်းစာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မစာနိုင်ဘူးဆိုရင်လည်း သည်ဇာတ်လမ်းထဲက သူနာပြုဆရာမလေးလို သန်တဲ့လက်တစ်ဖက်ကို မသုံးဘဲ.. မသန်တဲ့
လက်တစ်ဖက်နဲ့ သုံးကြည့်လိုက်ပါ..။ ဘယ်လောက်ခက်ခဲရတယ်..ပင်ပန်းဆင်းရဲရတယ်ဆိုတာ သတိထားမိလာနိုင်
ပါတယ်..။ ဒါပေမယ့် လုပ်ကြည့်ရင် မဖြစ်ဘူးလားဆိုတော့ ဖြစ်တယ်ဆိုတာကိုလည်း တွေ့ရပါလိမ့်မယ်။ ပြီးတော့ မဖြစ်
မနေ လုပ်ရင်းနဲ့ ပင်ပန်းဆင်းရဲတာ..ခက်ခဲတာကိုလည်း ကျော်လွှားလွန်မြောက်သွားနိုင်ဦးမှာပါပဲ..။
အစပိုင်းမှာ ခက်ကောင်းခက်နိုင်ပေမယ့် တစ်ချိန်မှာတော့ အဆင်ပြေသွားမှာ အသေအချာပါ။ တစ်ခါတစ်လေတော့ လုပ်
လို့ မဖြစ်တာမျိုးလည်း ကြုံကောင်းကြုံကြမှာပါ..။ အဲ့ဒီအခါကျရင်တော့ တစ်ချိန်တုန်းက ကျွန်တော်ရေးခဲ့တဲ့ဆက်ဆေး
လေးအတိုင်း ဖန်ခွက်တွေကို ခနလောက် ပြန်ချထားပါ လို့ ပြောချင်ပါသေးတယ်။
လောကဓံဆိုတာ လူတိုင်းတွေ့ကြုံခံစား ရင်ဆိုင်နေကြရတာပါ။ လောကဓံတရား ရှစ်ပါးကတော့ ဘယ်သူမှ မလွန်ဆန်
နိုင်ပါဘူး။ ဒါပေမယ့် အားငယ်တဲ့အခါ..ငိုချင်တဲ့အခါ..အရှုံးပေးချင်လာတဲ့အခါ…ကိုယ့်ကိုကိုယ် သနားနေမိတဲ့အခါ..
ကျရင်.. ငါ့မှာ လက်နှစ်ဖက်စလုံး အကောင်းပကတိ ရှိနေသေးတာပဲ.. မောင်ချစ်ကို လေးတောင်မှ…..ဆိုတဲ့ အတွေးကို
ပြန်တွေးမိစေချင်ပါတယ်..။

သင့်ဘဝအတွက် စကား (၂၆ ) ခွန်း
၁။ အချစ်ရေးကိစ္စ အဆင်မပြေဘူးဆိုရင်- လိုလာ ဆိုတဲ့ စကားကို (၁၂) ခွန်း ရွတ်ဆိုပါ။
၂။ ငွေရေးကြေးရေး အဆင်မပြေဘူးဆိုရင်- တြင်ကာ ဆိုတဲ့ စကားကို(၅) ခွန်း ရွတ်ဆိုပါ။
၃။ စကားငြင်းခုန်ရမယ့် ကိစ္စအတွက်ဆိုရင် အနိုင်ရဖို့အတွက် ဆိုရင်- အွန်ရာဆိုတဲ့ စကားကို(၃) ခွန်းရွတ်ဆိုပါ။
၎။ ပစ္စည်းပျောက်တဲ့အခါမှာ ဆိုရင်- ယာနို ဆိုတဲ့ စကားကို(၁၀၁) ခွန်းရွတ်ဆိုပါ။
၅။ တစ်စုံတစ်ခုကို မေ့နေခဲ့တယ်ဆိုရင်- မိုအင်ဒု ဆိုတဲ့ စကားကို(၁၄) ခွန်းရွတ်ဆိုပါ။
၆။ အကြောင်းအရာ တစ်ခုကို မေ့နေခဲ့တာဆိုရင် - ဇင်းဒါး ဆိုတဲ့စကားကို(၁၂) ခွန်းရွတ်ဆိုပါ။
၇။ စကားဝှက်တွေ ဘာတွေ ဖြေဆိုဖို့ ဆိုရင်တော့ - လနစ် ဆိုတဲ့စကားကို(၁၉) ခွန်းရွတ်ဆိုပါ။
၈။ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေ တွေ့တယ်ဆိုရင်တော့ - အော့်တဝေးဆိုတဲ့ စကားကို (၂၀) ခွန်းရွတ်ဆိုပါ။
၉။ လွတ်မြောက်ဖို့ ကိစ္စအတွက် ဆိုရင်တော့ - အရွန် အရွန် လောက်စ် ဆိုတဲ့စကားကို(၄၁) ခွန်းရွတ်ဆိုပါ။
၁၀။ အကူအညီ လိုအပ်တဲ့အခါမျိုးတွေ ဆိုရင်တော့ - အရွန် အရွန် ဆိုတဲ့စကားကို(၄၁) ခွန်းရွတ်ဆိုပါ။
၁၁။ ကစားပွဲတွေ ဘာတွေ နိုင်ဖို့ဆိုရင်တော့ - တာဗားနိုး ဆိုတဲ့ စကားကို(၃၁) ခွန်းရွတ်ဆိုပါ။
၁၂။ နာကျင်တဲ့အခါမျိုးမှာ အနာသက်သာစေဖို့ ဆိုရင်တော့ - ဆွာဆွန် ဆိုတဲ့စကားကို(၈) ခွန်းရွတ်ဆိုပါ။
၁၃။ မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အော်မား လို့(၇) ခွန်းရွတ်ဆိုပါ။
၁၄။ ပညာဥာဏ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အိုဝါယီး လို့(၂၂) ခွန်းရွတ်ဆိုပါ။
၁၅။ အချိန်ဆွဲလိုတဲ့ ကိစ္စတွေမှာ ဟစ်(စ်) လို့(၄၉) ခွန်းရွတ်ဆိုပါ။
၁၆။ ရိုသေခန့်ညားမှု အတွက်ဆိုရင် လင်(န်)ရားမ လို့(၇၁) ခွန်းရွတ်ဆိုပါ။
၁၇။ ကျန်းမာရေးကောင်းဖို့ အတွက်ဆိုရင် ဗရီးမား လို့(၁၆) ခွန်းရွတ်ဆိုပါ။
၁၈။ တန်ခိုးသိဒ္ဓိတွေ နားလည်ဖို့ကိစ္စတွေမှာ အော်ကွန်ဒေါ လို့(၆၃) ခွန်းရွတ်ဆိုပါ။
၁၉။ တန်ခိုးသိဒ္ဓိတွေကို ထိန်းချုပ်ဖို့ကိစ္စတွေမှာဆိုရင် အွန်ရာမားလို့(၉) ခွန်းရွတ်ဆိုပါ။
၂၀။ လွမ်းဆွတ်တမောဖွယ်ရာ တွေအတွက်ဆိုရင် လျှိုရတ်(စ်) လို့(၂) ခွန်းရွတ်ဆိုပါ။
၂၁။ အိမ်ထောင်ရေး အဆင်ပြေဖို့အတွက်ဆိုရင် တာဂျူရယ် ဆိုပြီး (၁၅) ခွန်းရွတ်ဆိုပါ။
၂၂။ ခွန်အားသစ်တွေ ရဖို့အတွက်ဆိုရင် အတုံ၊ အတုံ ဆိုတဲ့စကားကို(၄၅) ခွန်းဆိုပါ။
၂၃။ တင်းကျပ်မှုတွေကို ဖြေလျှော့ဖို့အတွက်ဆိုရင် ဆွာ၊ဆွာ၊ဆွန်ကို(၃၄) ခွန်းရွတ်ဆိုပါ။
၂၄။ တစ်ဦးနှင့်တစ်ဦး အကြိတ်အခဲတွေ ပြေပျောက်သွားဖို့ဆိုရင် အော်လတ်လို့(၉၂) ခွန်းရွတ်ဆိုပါ။
၂၅။ လူငယ်လူရွယ်တွေနဲ့ ပတ်သတ်တဲ့ ကိစ္စတွေပြေလည်ဖို့ဆိုရင် လိုအာမတ်ကို(၂၁) ခွန်းရွတ်ဆိုပါ။
၂၆။ ကျန်းမာရေးအတွက်ဆိုရင် ဗရီမာ ဆိုတဲ့စကားကို(၁၁) ခွန်းဆိုပါ။

Subscribe to:
Posts (Atom)