https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Oct 5, 2012

ချစ်သောသူနဲ့ကြူသောကို ဘယ်လိုလူတွေလဲဆို သင်ခွဲခြားတတ်ပါစေ

မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်။


Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။
 ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။

Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ်ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။

ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ်ဖို့လောဆော်နေလိမ့်မယ်။



Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။

ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်း
သွား   ကြည့်ခိုင်းတတ်တယ်။



Q သောသူ - သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှုကိုရယူဖို့ ကြိုးစားလေ့ရှိတယ်၊ မင်းကလဲ  ဒါကိုဘဲ မွေ့လျော်နေတတ်တယ်။

ချစ်သောသူ - သူပြောသမျှစကားတွေက မင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီး အများအားဖြင့် မင်းကို အမိန့်ပေးတာ မျိုးနဲ့ပြောလေ့ရှိတယ်။


Q သောသူ - သူကမင်း အလိုကိုလိုက်တတ်ပြီး မင်းပျော်နေရင်ရပြီ။
ချစ်သောသူ - သူကမင်းကို အမှားအမှန်တွေ ခွဲခြားပြတတ်ပြီး မင်းကတော့သူ့ကို တော်တော်လျှာရှည်တတ်သူလို့ သတ်မှတ်တတ်တယ်


Q သောသူ - သူကမင်းကို အပျော်ဆုံးပေးမယ်လို့ ပြောလေ့ရှိတယ်။

ချစ်သောသူ - သူကတော့ မင်းကို သူနဲ့အတူရှိနေခြင်းဟာ သူ့ရဲ့အပျော်ရွှင်ဆုံးအချိန်ဆိုတာကိုဘဲကတိပေးလိမ့်မယ်။



Q သောသူ - သူက မင်းရဲ. လှုပ်ရှားမှု အသေးစိတ်ကို သတိထားလိမ့်မယ်၊ မင်းမှားတာလုပ်မိရင်တောင်မင်းကို
ထောက်ပြ မှာမဟုတ်ဘူး။

ချစ်သောသူ - သူက မင်းရဲ. လုပ်ပုံကိုင်ပုံ ကို သတိထားပြီးဘယ်နေရာမှာ မှားနေလဲဆိုတာကို ထောက်ပြလိမ့်မယ်။
ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလူတွေနဲ့ဆက်ဆံရမှာကို ပြောပြလေ့ရှိတယ်။


Q သောသူ - မင်းဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ တွဲနေသလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။

ချစ်သောသူ - မင်းဘာတွေလုပ်နေသလဲ၊ ဘယ်သူနဲ့တွဲနေလဲ ဆိုတာကို အရမ်းအလေးထားတတ်ပြီး မင်းကို ဘယ်လို
လူတွေနဲ့ မပေါင်းသင့်ဘူးဆိုတာကို သတိပေးတတ်တယ်။

Q သောသူ - သူကအခုချိန်ကိုဘဲစဉ်းစားတယ်။

ချစ်သောသူ - သူကရှေ့ရေးကိုတောင်မျှော်မှန်းနေပြီး မင်းစိတ်ချမ်းသာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို
တွေးခေါ်တတ်တယ်။



Q သောသူ - သူက ငါမင်းကို ကြိုက်တယ်လို့ ပြောလေ့ရှိတယ်။
ချစ်သောသူ - သူကတော့ ငါမင်းကိုချစ်တယ် လို့ ပြောတတ်တယ်။



တကယ်လို့သင်သာ တစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးတယ် သို့မဟုတ် ချစ်ခံ ခဲ့ ရဖူးတယ်ဆိုရင်တော့ ဒီစာတွေဟာသိပ်ကိုမှန်ကန်တယ်လို့ ခံစားရပါလိမ့်မယ်။
.
ယောက်ျားလေးကရော ကိုယ်တကယ်ချစ်ရဲ့လားဆိုတာကို ဒီစာလေးနဲ့ စမ်းစစ်ကြည့်ပေါ့နော်။
မိန်းကလေးကလည်း ဒီလိုအချစ်ခံရတာလား၊ အကျူခံရတာလား စဉ်းစားကြည့်ပေါ့နော်။
ရန်တိုက်ပေးတာ ဟုတ်ဘူးနော်။

အားလုံးကိုလေးစားလျက်...

မိဘတွေ သားသမီးကို နားလည်နိုင်ကြပါစေ

အမေရိကန်နဲ့ဗီယက်နမ် စစ်ပွဲကြီးပြီးသွားတော့ အမေရိကန်စစ်သားတစ်ယောက်က San Francisco မှာရှိတဲ့ သူ့မိဘတွေဆီကို ဖုန်းလှမ်းဆက်တယ် …

“အဖေနဲ့အမေ … သားအိမ်ပြန်လာရတော့မယ် … သားတစ်ခု ခွင့်တောင်းချင်တယ် … သားသူငယ်ချင်းတစ်ယောက်ကို အိမ်ခေါ်လာလို့ ရမလား ?”

“ရတာပေါ့သားရယ်” ဖုန်းကိုင်ထားတဲ့ အဖေဖြစ်သူက ပြန်ဖြေတယ်


“အဖေတို့ သိထားဖို့ သားတစ်ခု ဆက်ပြောရဦးမယ် … သူက ရှေ့တန်းမှာ ဗုံးနင်းမိပြီးတော့ သူ့ခြေတဖက်နဲ့ လက်တဖက်ကို ဖြတ်ထားရတယ် … သူ့မှာ သွားစရာနေရာလည်းမရှိဘူး … အဲ့ဒါကြောင့် ကျွန်တော်တို့နဲ့ တူတူနေဖို့ ခေါ်လာမှာ”

“မင်းဘာကိုတောင်းဆိုနေလဲဆိုတာကို မင်းသိရဲ့လား … အဲ့လို ဒုက္ခိတ တစ်ယောက်က ငါတို့မိသားစုအတွက် ၀န်ထုပ်ဝန်ပိုး သက်သက်ပဲကွ… ငါတို့ရဲ့ သာယာတဲ့ ဘ၀လေးကို လူတစ်ယောက်အတွက်ကြောင့် အနှောင့်အယှက် မဖြစ်စေချင်ဘူး … ဒီတော့ သားပြန်လာရင် သူ့ကိုမခေါ်ခဲ့ဘဲ မေ့နိုင်အောင် ကြိုးစားပါ … သူ့နည်းသူ့လမ်းနဲ့ ဘ၀မှာ အသက်ရှင်နေနိုင်ပါလိမ့်မယ်” လို့ အဖေဖြစ်သူက ပြောလိုက်တယ် …

အဲ့ဒီအချိန်မှာပဲ သားဖြစ်သူက ဖုန်းချလိုက်တယ် …
အဲ့ဒီ့နောက်ပိုင်း သူ့သားဆီက ဘာအဆက်အသွယ်မှ မရတော့ဘူး … သူ့တောင်းဆိုမှုကို လက်မခံလို့ စိတ်ဆိုးသွားတယ်လို့ပဲ မိဘတွေက ယူဆလိုက်ကြတယ် …

ရက်ပေါင်းအနည်းငယ်အကြာမှာ … San Franciso ရဲအဖွဲ့ဆီက ဖုန်းဆက်လာပါတယ် … သူတို့ရဲ့သားက အဆောက်အဦးပေါ်ကနေ ပြုတ်ကျပြီး ကွယ်လွန်သွားတဲ့အတွက် အကြောင်းကြားတာပါ … ရဲတွေကတော့ သူ့ကိုယ်သူ သတ်သေတဲ့အမှုလို့ ယုံကြည်ကြပါတယ် …

မိဘတွေလည်း ကြားကြားချင်း ရဲဌာနကိုလိုက်သွားခဲ့ကြတယ် … သူ့သားမဖြစ်ပါစေနဲ့လို့ တလမ်းလုံး ဆုတောင်းရင်းနဲ့ပေါ့… ရဲဌာနလည်း ရောက်ရော ရဲတွေက သူတို့သားအလောင်းဖြစ်ကြောင်း အတည်ပြုဖို့ ရင်ခွဲရုံကို ခေါ်သွားခဲ့ကြတယ် …

အလောင်းပေါ် ဖုံးအုပ်ထားတဲ့ အ၀တ်စကို လှန်လိုက်တဲ့အခါ
မိဘနှစ်ဦးစလုံး မှင်သက်သွားခဲ့တယ် …
သေဆုံးနေတဲ့ သူတို့သားက ခြေတဖက်နဲ့ လက်တဖက် ပြတ်နေလို့လေ !!!

+++++++++++++++++++++++++++

ကျွန်တော်တို့တွေလည်း ဒီအဖြစ်အပျက်ထဲက မိဘတွေနဲ့
သိပ်မကွာပါဘူး ... မိမိတို့အပေါ် ကူညီတာ ခံချင်ကြပေမယ့် မိမိကပြန်ပြိး ကူညီရဖို့ဆိုရင် အတော်ကို ၀န်လေးတတ်ကြပါတယ် ...

ဒုက္ခရောက်တဲ့လူတစ်ယောက်အပေါ်
"ကိုယ်သာ သူ့နေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ" လို့
ကိုယ်ချင်းစာစိတ်လေးနဲ့တွေးပြီး စာနာထောက်ထားနိုင်ကြပါစေ ...♡♡♡

( Unconditional love by Unknown Arthur ကို ဘာသာပြန်သည် )

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...