အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။
၁။ လေ့လာစမ်းသပ်မှု Result တွေအရ အသက်ငါးနှစ်အောက်အရွယ် (Preschool children ) တွေမှာ အိပ်မက်မက်
လေ့မရှိပါဘူး ။ အိပ်မက်မက်တဲ့အခါ အဓိကအရေးပါတဲ့ ဦးခေါင်းထိပ်မှာရှိတဲ့ Parietal lobe ဦးနှောက် ရဲ့အစိတ်အပိုင်း
ဟာ ငါးနှစ်ကျော်မှ ဖွံ့ဖြိုးတာဖြစ်တယ်လို့ ပညာရှင် Dr.Roberstsan က ဖော်ပြခဲ့ ပါတယ် ။
၂။ အိပ်နေစဉ် မျက်ခွံလှုပ်ရှားနေတဲ့အချိန်ကို (REM Sleep ) လို့ခေါ်ပြီး မျက်ခွံလှုပ်ရှားမှုမရှိတဲ့အချိန် ကို
(Non-REM Sleep ) လို့ခေါ်ပါတယ် ။ ညတစ်ညမှာ မျက်ခွံ့လှုပ်ရှားတဲ့အချိန်ဟာ ၄-၅ ခါလောက်ဖြစ်တတ်ပြီး တစ်ကြိမ်ကို ၄၅ မိနစ်လောက်ကြာမြင့်ပါတယ် ။ အိပ်မက်ဟာ မျက်ခွံ့လှုပ်ရှားနေတဲ့အချိန်မှာ မက်လေ့ရှိတာမို့ ၄-၅ ခါ မက်နိုင်ပါတယ် ။ နေ့တိုင်းလည်းအကြောင်းအရာ တူချင်မှ တူပါလိမ့်မယ် ။
၃။ အိပ်မက်မမက်နိုင်တဲ့သူတွေကတော့ - ငါးနှစ်မတိုင်မီ မျက်စိကွယ်သောသူများ ၊ ဦးနှောက်ရဲ့ အိပ်မက်မက်တဲ့နေရာဖြစ်တဲ့ ခေါင်းထိပ် ( Parietal lobe ) ကို ထိခိုက်ဒါဏ်ရာရသူတွေဖြစ်ပါတယ် ။
၎။ အိပ်မက်မက်ဖို့အတွက် မျက်စိ နှစ်လုံးထဲက တစ်လုံးတော့အနည်းဆုံးကောင်းဖို့လိုပါတယ် ။ ငါးနှစ်မပြည့် ခင်မှာVisual Imagery လို့ခေါ်တဲ့ ပုံရိပ်ကိုဖမ်းပြီး ဦးနှောက်ရဲ့ Parietal lobe အပြင်ဖက် အကာသား Myelination ပြည့်စုံအောင်မဖွံ့ဖြိုးသေးလို့ အိပ်မက်မက်လို့မရသေးပါဘူး ။ ၇ နှစ်ကျော် မှဖွံ့ဖြိုးလာပြီး မျက်စိ လည်းမြင်ပါမှ ဦးနှောက်ကိုသတင်းပို့ပြီး အိပ်မက်အဖြစ်မက်နိုင်တာဖြစ်ပါတယ် ။ ၅ နှစ်မတိုင် ခင်မျက်စိ ကွယ်ခဲ့ ရင်တော့ ဦးနှောက်က ဖွံ့ဖြိုးလာတဲ့တိုင်အောင် အမြင်အာရုံမရှိတဲ့အတွက် အိပ်မက်မက်နိုင်ခြင်းမရှိပါဘူး ။ လေ့လာ တင်ပြသူကတော့ Hurovitz ဖြစ်ပြီး၁၉၉၉ မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။
၅။ အသက် ၇ နှစ် ၈ နှစ်အရွယ်အထိဟာ Blind Image လို့ခေါ်တဲ့ကျားကြီးတွေ ဆင်ကြီးတွေလိုမျိုးတွေ သာမက်လေ့ရှိတယ် ။ ၉ နှစ် ၁၀ နှစ်လောက်မှစပြီး အစီစဉ်တကျဖြစ်တဲ့အိပ်မျက်မျိုး (Sequence of Event) တွေစ မက်ပါတယ် ။ ၁၁ နှစ်ကနေ ၁၃ နှစ်အထိလူကြီးဘ၀မှာ မက်တဲ့အိပ်မက်မျိုးမက်လေ့ရှိ တာတွေ့ရတယ် ။ လူလတ်ပိုင်းအရွယ်မှာတော့ ထိတ်လန့်စရာ ၊ ကြောက်လန့်စရာတွေ (Negative emotion ) တွေမက်လေ့ရှိပြီး လူကြီးပိုင်းရောက်လာတာနဲ့အမျှ ဒီလို အိပ်မက်မျိုးတွေလျော့နည်းသွားပြီး (Positive emotion ) တွေ မက်လေ့ ရှိတာများပါတယ် ။
၆။ တချို့ဟာ ညဖက်မက်တဲ့အိပ်မက်ကို အသေးစိတ်ပြန်ပြောနိုင်တဲ့သူရှိသလို ဘာမှပြန်မ မှတ်မိတဲ့ သူတွေ လည်းရှိပါတယ် တချို့ကတော့အိပ်ရာနိုးခါစ မှတ်မိတတ်ကြပေမယ့် ၂ ရက် ၃ ရက်ကြာရင်မေ့သွားတာမျိုးလည်း ရှိပါတယ် ။တကယ်တော့ တွေ့ကြုံဖြတ်သန်းခဲ့ရတာမဟုတ်တဲ့အတွက် အိပ်ရာနိုးနိုးချင်းရေးမှတ်ထားရင်တော့ အိပ်မက် မှတ်တမ်း
ရေးလို့ရနိုင်ပါတယ် ။
၇။ အချို့သောဆေးဝါးတွေဟာ အိပ်မက်ကောင်းကောင်းမက်အောင်စွမ်းဆောင်နိုင်သလို တချို့ကျတော့လည်းကယောင်ချောက်ချားဖြစ်အောင်လုပ်တာတွေရှိပါတယ် ။ ဥပမာ အတက်ရောဂါ Epilepsy မှာအသုံးပြုတဲ့ အတက်ကျဆေးတွေဟာ အိပ်မက်ဆိုးမမက်အောင် ဟန့်တားပေးပါတယ် ။ အသက်ကြီးရင်ဖြစ်တတ်တဲ့ ပါကင် ဆန်ရောဂါ(Parkinson's disease ) မှာ အသုံးပြုတဲ့ L-levodopa ဆိုရင်လည်းအိပ်မက်ကောင်းမက်ဖို့ အထောက် အကူပေးပါတယ်။အချို့ဆေးတွေကတော့ သောက်နေတုန်းဘာမှမဖြစ်ပဲ ဘာပြဿနာ မှမရှိ ပဲ ဆေးရပ်လိုက်တော့မှ အိပ်မက်ထဲ
မှာ ကယောင်ချောက်ချား ( Nightmares ) ဖြစ်တာတွေရှိပါတယ် ။ ဆေး ၀ါးတွေ သာမကပဲ မူးယစ်ဆေးဝါး အရက်စတာတွေကလည်း အိပ်မက်အပေါ်သက်ရောက်မှုရှိပါတယ် ။
၈။ အိပ်မက်ဆိုတာ မက်သူရဲ့ခံစားချက် ၊ စိတ်နေသဘောထား ၊ ကျန်းမာရေး ၊ ရည်ရွယ်ချက်စတာတွေနဲ့ ဆက်နွယ်
နေလေ့ရှိတယ် ။ အပြင်မှာ ဖြစ်ချင်တဲ့အကြောင်းအရာတွေနဲ့ အိပ်မက်တွေကို ဆက်စပ်လေ့ လာကြည့်ရင် ဆက်စပ်မှု
သိပ်မရှိတာတွေ့ရတယ် ။ အိပ်မက်ထဲက အကြောင်းအ ရာကို နှစ် သက် လို့ကြိုးစားရင်းအပြင်မှာ တကယ်ဖြစ်သွားတာ
တွေလည်းရှိတယ် ။ ဒါကြောင့် Dream comes true လို့ခေါ်ကြ တာပေါ့ ။
၉။ လူတစ်ယောက်အိပ်ပျော်နေတုန်း အိပ်မက်မက်အောင်အပြင်ကနေ လှုံ့ဆော်ပေးလို့မရပါဘူး ။ ဥပမာ အပြင်ကနေ
စကားပြောတာ ကတ်ဆက်နဲ့အသံဖွင့်ပြတာ ၊ ရေနဲ့ပက်ဖျန်းပေးတာ စတဲ့ ပြုလုပ်ချက်တွေက အိပ်ရာ က နိုးစေတာကလွဲ
လို့ အိပ်မက်မက်စေဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး ။
၁၀။ အိပ်မက်မက်ခြင်းဟာ အနာဂါတ်အတွက် ရှေ့ပြေးနိမိတ်အဖြစ်ယူဆခြင်းနဲ့ပတ်သတ်လို့ လူအများစုက အိပ်မက်
ထဲကအကြောင်းအရာတွေကိုရေးမှတ်ပြီး နောင်တကယ်ဖြစ်မဖြစ် လေ့လာကြတဲ့အခါ အချို့လည်းဖြစ်တာရှိသလို အချို့
လည်း ဘယ်လိုမှ ဆက်စပ်လို့မရတာတွေလည်းရှိပါတယ် ။ ဆေးပညာရပ်ထက်စာရင် တခြား ပညာရပ်တွေနဲ့အများကြီး
ပိုမိုသက်ဆိုင်ပါတယ် ။ အိပ်မက်မက်ခြင်းဟာ ဆေးပညာရှုထောင့်ကနေကြည့်ရင် ကောင်းတယ်လို့ပြောလို့ရပါတယ် ။
အိပ် မက်ကောင်းကောင်း ဒါမှမဟုတ် ပုံမှန်အကြောင်းအရာတွေကို မက်ခြင်းက စိတ်ကျန်း မာေ၇းကောင်းနေ တယ်
ဆိုတာ ပြသနေပါတယ် ။ လူတိုင်းလူတိုင်းအိပ်မက်လှလှကလေးတွေ မက်နိုင်ကြပါစေ ။