https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 17, 2012

ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ်

ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ်

စိတ်ညစ်နေပါသလား။ စိတ်ဖိစီးမှု များနေပါသလား။ စိတ်ဓာတ် ကျနေပါ သလား။ အချိန်သိပ်ပေးစရာ မလိုဘဲ ရိုးစင်းလွယ်ကူတဲ့ အောက်ပါနည်း တွေကို လိုက်နာလိုက်ရုံနဲ့ သင့်တစ်နေတာက ပိုမိုစိတ်ချမ်းသာစရာ ကောင်းလာ မှာပါ။

၁။ ပွေ့ဖက်ပါ
...
သင်ချစ်ခင်တဲ့သူကို စက္ကန့် ၂၀ ကြာ ပွေ့ဖက်လိုက်တာကြောင့် စိတ်ခံစားမှုကို ချက်ချင်း ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်ဟော်မုန်း အထွက်တိုးလာစေလို့ပါ။ ဒါကြောင့် သင့်စိတ်ကို အေးချမ်းပြီး သက်သောင့် သက်သာ ရှိစေပါတယ်။

၂။ ထိုင်ရာမှ ထပြီး လှုပ်ရှားမှု လုပ်ပါ

ထိုင်ရာက ထပြီး ခပ်သွက်သွက် လမ်းလျှောက်ပေးတာကြောင့် စိတ်ကျ သက်သာစေတဲ့ တခြားကုထုံးတွေထက် စိတ်ဓာတ်ကျတာကို သက်သာ လျော့ပါးစေပါတယ်။

၃။ ခေါင်းဖြီးပါ

ဘီးလုံး ဒါမှမဟုတ် ဝက်မှင်ဘီးနဲ့ ဆံပင်တွေကို ဖြီးလိုက်တာကြောင့် ဦးရေ ပြားကို နှိပ်နယ်လိုက်သလို အာနိသင် ရရှိစေပြီး စိတ်ဖိစီးမှု လျော့ကျ စေပါ တယ်။ ဒါက သင့်ဆံပင်သား အတွက်ရော သင့်ဦးရေပြား အတွက်ပါ ကောင်းမွန်စေတဲ့ နည်းကောင်းတစ်ခုပါ။

(ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ)

သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာ လိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် မသောက်တာတွေဟာ
ကင်ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ

စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။
၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ

နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ် လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချ နိုင်ပါတယ်။

Tip!
သွေးတွင်း သကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ

သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီး နိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်း သကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ

ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။

(အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ် )

ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး
သို့မဟုတ် ချစ်သူခင်သူ
တစ်ယောက် ဆုံးပါး သွားခြင်း
တို့သည် အသည်းကွဲခြင်းကို
ဖြစ်စေပါသည်။

ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။

စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာ
များ၏ ရောဂါလက္ခဏာ ရပ်များကို အကြီးအကျယ် လှုံ့ဆော်ပေးနိုင်သည်ဟု ဆိုသည်။


ပထမဆုံးအကြိမ် အဖြစ် လူအမြောက်အမြားတွင် လေ့လာသုတေသန ပြုချက်အရ အမျိုးသမီးများသည် အမျိုးသားများထက် အသည်းကွဲရောဂါ ဖြစ်နိုင်ခြေ ကိုးဆပို၍များသည် ဟုဆိုသည်။

ယခင်က သွေးကြောပိတ်ခြင်း သို့မဟုတ် နှလုံးရောဂါဆိုင်ရာ ပြဿနာ ရာဇဝင်လုံးဝမရှိဘဲ စိတ်ထိခိုက် ခြင်းကြောင့် နှလုံးရောဂါ ဖောက်မှု ရုတ်တရက်ဖြစ်ပေါ်ခြင်းကို အသည်းကွဲရောဂါဟုခေါ်သည်။

ဆရာဝန်များ၏ အဆိုအရ ခင်ပွန်းသည် ရုတ်တရက် ဆုံးပါးသွားခြင်းကဲ့သို့သော အဖြစ်မျိုး၌ အက်ဒရီနယ်လင် အပါအဝင် အခြားစိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး ယင်းကနှလုံးရှိ သွေးမှုတ် ထုတ်သည့် အဓိကအခန်းကို ရုတ်တရက် ဝန်ပိစေခြင်းအားဖြင့် ထိခိုက်စေသည်။

ယင်းကဲ့သို့သော ဖြစ်ရပ်၌ နှလုံးခုန်စည်းချက်နှင့် သွေးအတွင်းပါဝင်သည့် အရာများမှာ နှလုံးရောဂါရှိနေသူ၏ လက္ခဏာရပ်များ နှင့်ထပ်တူ ဖြစ်နေ သော်လည်း နှလုံးရောဂါ ရှိနေသူကဲ့သို့ မည်သည့်သွေးလွှတ်ကြောမှ ပိတ်ဆို့ခြင်းမရှိဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု အာကင်ဆက် တက္ကသိုလ်မှ နှလုံးအထူးကုဆရာဝန် အဘီရှက်ဒက်ရှ်မူကာ ခေါင်းဆောင် သော အဖွဲ့သည် ဆေးရုံပေါင်း ၁ဝဝဝ မှ လူနာပေါင်း ၆၂၂၉ ဦး ကို လေ့လာ ခဲ့ရာ အသည်းကွဲ ရောဂါဟု ခေါ်သော ထိုရောဂါဖြစ်နိုင်ခြေသည် အမျိုး သမီးများ၌ အမျိုးသားများထက် ကိုးဆပို၍များကြောင်း တွေ့ရှိရသည်။

အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ

အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ

မန္တလေးမြို့ ရှိနေရာတော်တော်များတွင် အသားကင်ရောင်းချသူ ၊ အကင်ရောင်း ဆိုင်များတော်တော်များရှိနေကြပါသည် များပြားလာသော အက
င်ဆိုင်များတွင်လည်း စားသုံးသူများက များပြားလာခြင်းကြောင့် ထို အကင်များကို
အလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။

အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ အစာအိမ် ကို ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။ စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့ ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင် ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။

ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍ ကင်သော အကင်များကို စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး

အချို့သောအသားများကို ဆီနှင့်ကြော်၍ ရောင်းချသော ဆိုင်များသည်လည်း ပြန်ကြော် ဆီကိုသာ အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ကြောင်း Mg Mandalay သတိပေးရေးသားတင်ပြပါသည် ။

ဒါလေးကိုဖတ်ကြည့်ပါ

သင့် ချစ်သူဟာ သင့် ဘ၀အတွက်အဖော်မွန်ကောင်းဖြစ်နိုင်မလားလို့ သင်တွေးပြီး စိတ်ပူနေလား။ မပူပါနဲ့...
အဲတွက် ဖတ်မိတာလေးကို  မျှဝေပေးဖို့ အဆင်သင့်ပြင်ထားပါတယ်။ ဘယ်လိုနည်းလမ်းတွေပါလိမ့်လို့...
သင် စိတ်ဝင်စားနေပြီမလား.....။

ခက်ခက်ခဲခဲခေါင်းစားစရာမလိုပဲ  သင့် ချစ်သူကြိုက်နှစ်သက်တဲ့ အရောင်လေးကိုသိထားနေရင်ဖြစ် သူ့ရဲ့ စိတ်ထား
လေးတွေကို သင် သိခွင့်ရနိုင်မယ့် နည်းလမ်းလေးပါ....။ ဆက်လက်ဖတ်ကြည့်ကြရအောင်နော်...............

ပထမဦးဆုံးအနေနဲ့ သင် လုပ်ရမှာက သင့် ချစ်သူကြိုက်နှစ်သက်တဲ့ အရောင်လေးကို အရင်ဦးဆုံး သိထားအောင်
မေးမြန်းထားဖို့ လိုပါတယ်။ ဒါမှ သင် သိချင်တဲ့ သူရဲ့ စိတ်ထားလေးတွေအကြောင်း သင်နိုင်မှာဖြစ်တယ်....။
ကဲ မေးထားပြီးပြီဆိုရင် အောက်ပါ အချက်လေးတွေအတိုင်း ဖတ်ကြည့်ကြရအောင်နော်.......



၁။ သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း
အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့
ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်
ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။
အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။
နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်
မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။





၂။ သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေ
အထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ
ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်
ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိ
ပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘော
သဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း
သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်
တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။
တိုက်ခိုက်တတ်တယ်။





၃။ သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘော
လည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ
နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်
လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့
ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ
နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုး
ရှင်းရှင်း တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်
မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့
စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။





၎။ သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။
ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။
အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း
ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာအပေါင်းအသင်း သိပ်မရှိတတ်ဘူး





၅။ သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။
သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို
အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့
မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်
ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။
မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း
အရူးအမူး ချစ်မယ့်သူပေါ့။





၆။ သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်းရှောင်
သွားလိမ့်မယ်။ ဘာပဲလုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်
ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။
ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ
အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့
သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန်
စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့
ချစ်ခင်တတ်ပါတယ်။





၇။ သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင်
နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်
လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။
ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့
နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထား
တတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။





၈။ သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ
လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား
နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်း
အလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်း
ကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာ
ပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အသက် ရှင်ခဲ့သည့် အမျိုးသမီး

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အသက် ရှင်ခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာ သိပံ္ပပညာ ရှင်များ ပြန်လည်ပုံဖော်

ယူတာဗယ်လီ တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ပီရူး နိုင်ငံအား လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အုပ်စိုးခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာအား  ပြန်လည် ပုံဖော်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြခဲ့သည်။

သုတေသန ပညာရှင် များသည် အဆိုပါ မျက်နှာ ပြန်လည် ပုံဖော်မှုအား ပီရူး နိုင်ငံ လမ္ဘရီကြီး မြို့ရှိ ဘရန်နင်း ပြတိုက်၌ လက်တွေ့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပုရောဟိတ် အမျိုးသမီးသည် အေဒီ ၁၂ဝဝ ဝန်းကျင်ခန့်က ပီရူး နိုင်ငံ၌ သြဇာ အရှိဆုံး အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ဖွယ် ရှိကြောင်း၊ ဘာသာရေးနှင့် နိုင်ငံရေး တွင်လည်း အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ဖွယ် ရှိကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဟအဂန် ကလပ်စ်က ပြောကြားခဲ့ သည်။

၎င်းယဇ်ပုရောဟိတ် အမျိုးသမီး၏ ရုပ်ကြွင်းများအား လမ္ဘရီကြီး မြို့ရှိ ချိုတူနာချော် နန်ကပ်  ရှေးဟောင်း သုတေသန တူးဖော်ရေး လုပ်ကွက်၌ လွန်ခဲ့ေ သာ နှစ်က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ သုတေသန ပညာရှင်များသည် အဆိုပါ အမျိုးသမီး၏ မျက်နှာအား ပြန်လည် ပုံဖော်ရာ၌ ၎င်း၏ ရုပ်ကြွင်း များ၊ ဒေသခံ အမျိုးသမီး များ၏ ဓာတ်ပုံဟောင်း များနှင့် ကွန်ပျူတာဖြင့်  ဖန်တီးထားသည့် ပုံရိပ်များကို ပေါင်းစပ်၍ ငါးလမှ  ခြောက်လကြာ ခက်ခဲစွာ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။ 

၎င်းပုရောဟိတ် အမျိုးသမီးသည် ခန့်မှန်းခြေ အားဖြင့် အသက် ၃ဝ နှင့် ၄ဝ ကြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပညာ ရှင်များက ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/2025-2012-12-17-12-07-48
လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အသက် ရှင်ခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာ သိပံ္ပပညာ ရှင်များ ပြန်လည်ပုံဖော်

ယူတာဗယ်လီ တက္ကသိုလ်မှ သုတေသန ပညာရှင်မ
ျားသည် ပီရူး နိုင်ငံအား လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အုပ်စိုးခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာအား ပြန်လည် ပုံဖော်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြခဲ့သည်။

သုတေသန ပညာရှင် များသည် အဆိုပါ မျက်နှာ ပြန်လည် ပုံဖော်မှုအား ပီရူး နိုင်ငံ လမ္ဘရီကြီး မြို့ရှိ ဘရန်နင်း ပြတိုက်၌ လက်တွေ့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပုရောဟိတ် အမျိုးသမီးသည် အေဒီ ၁၂ဝဝ ဝန်းကျင်ခန့်က ပီရူး နိုင်ငံ၌ သြဇာ အရှိဆုံး အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ဖွယ် ရှိကြောင်း၊ ဘာသာရေးနှင့် နိုင်ငံရေး တွင်လည်း အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ဖွယ် ရှိကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဟအဂန် ကလပ်စ်က ပြောကြားခဲ့ သည်။

၎င်းယဇ်ပုရောဟိတ် အမျိုးသမီး၏ ရုပ်ကြွင်းများအား လမ္ဘရီကြီး မြို့ရှိ ချိုတူနာချော် နန်ကပ် ရှေးဟောင်း သုတေသန တူးဖော်ရေး လုပ်ကွက်၌ လွန်ခဲ့ေ သာ နှစ်က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ သုတေသန ပညာရှင်များသည် အဆိုပါ အမျိုးသမီး၏ မျက်နှာအား ပြန်လည် ပုံဖော်ရာ၌ ၎င်း၏ ရုပ်ကြွင်း များ၊ ဒေသခံ အမျိုးသမီး များ၏ ဓာတ်ပုံဟောင်း များနှင့် ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ပုံရိပ်များကို ပေါင်းစပ်၍ ငါးလမှ ခြောက်လကြာ ခက်ခဲစွာ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

၎င်းပုရောဟိတ် အမျိုးသမီးသည် ခန့်မှန်းခြေ အားဖြင့် အသက် ၃ဝ နှင့် ၄ဝ ကြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပညာ ရှင်များက ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/2025-2012-12-17-12-07-48

ကမ္ဘာ့အကြီးဆုံးဖား

ကမ္ဘာ့အကြီးဆုံးဖား 

ပုံမှာမြင်တွေ့ရတာကတော့ အသက်ရှင်လျက် ကမ္ဘာ့အကြီးဆုံးဖားလို့ အသတ်မှတ်ခံထားရတဲ့ အာဖရိကန်အနောက်ပိုင်းဒေသ (Gabon) မှာတွေ့ရ တဲ့ ဖားဖြစ်ပါတယ်။ 

သူ့ရဲ့ ဇီဝဗေဒအမည်ကတော့  Conraua goliath ဖြစ်ပြီး ခန္ဒာကိုယ်အရှည် ၁၃ လက်မရှိပါတယ်။ အလေးချိန်အားဖြင့် ၈ပေါင် ရှိပြီး ၁၃ လက်မ အရှည် ရှိပါတယ်။ အာဖရိကတိုက် အလယ်ပင်းမှာ နေထိုင်ကျက်စားပြီး ကင်မရွန်းနဲ့ အီကွေတာဂီနီ နိုင်ငံတို့မှာ ပိုအတွေ့များပါတယ်။ 

  Conraua goliath ဖားမျိုးတွေဟာ ကင်းမြီးကောက်၊ အင်းဆက်ပိုးများ နဲ့ ဖားငယ်များကို စားသုံးလေ့ရှိပါတယ်။ ယင်းဖားအမျိုးအစား ဟာ ရှားပါး လာပြီဖြစ်ပြီး အသက် ၁၅ နှစ်အထိပဲ အသက်ရှင်နိုင်ကြပါတယ်။ 
ဒါကြောင့် Conraua Goliath ခေါ် အာဖရိကဖားများကို ကမ္ဘာ့အကြီးဆုံး ဖားအဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။
---
Ref:Duknow

http://www.innewsmyanmar.com/2012/12/blog-post_9693.html

--
ကမ္ဘာ့အကြီးဆုံးဖား

ပုံမှာမြင်တွေ့ရတာကတော့ အသက်ရှင်လျက် ကမ္ဘာ့အကြီးဆုံးဖားလို့ အသတ်မှတ်ခံထားရတဲ့ အာဖရိကန်အနောက်ပိုင်းဒေသ (Gabon) မှာတွေ့ရ တဲ့ ဖားဖြစ်ပါတယ်။

သူ့
ရဲ့ ဇီဝဗေဒအမည်ကတော့ Conraua goliath ဖြစ်ပြီး ခန္ဒာကိုယ်အရှည် ၁၃ လက်မရှိပါတယ်။ အလေးချိန်အားဖြင့် ၈ပေါင် ရှိပြီး ၁၃ လက်မ အရှည် ရှိပါတယ်။ အာဖရိကတိုက် အလယ်ပင်းမှာ နေထိုင်ကျက်စားပြီး ကင်မရွန်းနဲ့ အီကွေတာဂီနီ နိုင်ငံတို့မှာ ပိုအတွေ့များပါတယ်။

Conraua goliath ဖားမျိုးတွေဟာ ကင်းမြီးကောက်၊ အင်းဆက်ပိုးများ နဲ့ ဖားငယ်များကို စားသုံးလေ့ရှိပါတယ်။ ယင်းဖားအမျိုးအစား ဟာ ရှားပါး လာပြီဖြစ်ပြီး အသက် ၁၅ နှစ်အထိပဲ အသက်ရှင်နိုင်ကြပါတယ်။
ဒါကြောင့် Conraua Goliath ခေါ် အာဖရိကဖားများကို ကမ္ဘာ့အကြီးဆုံး ဖားအဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။
---
Ref:Duknow

မာလကာသီး၏အစွမ်း

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။

အများဆုံးပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံးသွားပါက သွေးတိုးကျဆင်းစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြား သည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာ့အရှည်ဆုံးကား

ကမ္ဘာ့အရှည်ဆုံးကား

ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ 

အရှည်ပေ ၁၀၀ ရှိပြီး ၂၆ဘီး ပါရှိတဲ့ကား ဖြစ်ပါတယ်။ Ford Motor ကုမ္မဏီက ထုတ်လုပ်တဲ့ Limousine ကားကိုမှာ သူ့စိတ်ကြိုက် ပြန်ရှည် ထားတာ ဖြစ်ပါတယ်။ Limousine က Stretch လုပ်ထားတဲ့ ကားတောင် သူ့ကားလောက် မရှည်ပါဘူး။ ကမ္ဘာ့အရှည်ဆုံး Limousine ကားလို့လည်း စံချိန်တင် ရပါတယ်။ ဂင်းနစ် မှတ်တမ်းစာအုပ်ထဲမှာလည်း ကမ္ဘာ့အရှည်ဆုံး ကား အဖြစ် စံချိန်တင် ထားပါတယ်။ 

ဒီတော့ ကား ဒရိုင်ဘာခန်းက မီးရထားတွေလိုပဲ အရှေ့ မှာ တစ်ခန်း၊ အနောက်မှာ တစ်ခန်း ပါရှိပါတယ်။ အကွေ့တွေမှာ အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် အလယ်မှာ ခါးချိုးနိုင်ပါတယ်။ ပေ ၁၀၀ ရှည်တဲ့ကားကို ခါးမချိုး ပဲ မြို့ ထဲလမ်းတွေမှာ မောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေ ၅၀ အဆင်ပြေ ဖို့တောင် သတိထား မောင်းနှင်ရမှာ ဖြစ်ပါတယ်။ 

အတွင်းမှာ ရေကူးကန်၊ ဧည့်ခန်း၊ တီဗီကြည့်ရှုခန်း၊ အပန်းဖြေနားနေခန်း၊ အမိုးဖွင့် အပေါ်ကြည့် ခန်း၊ အိပ်ခန်း အစရှိသဖြင့် ပေ ၁၀၀ထဲမှာ သူ့စိတ်ကြိုက် ဖန်တီးထားပါတယ်။ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်လာဖို့ ကုမ္မဏီ အမျိုးမျိုးက ကြိုးစားပေမယ့် ယခု သူ့ကား အရှည်ကို လိုက်မမှီသေး ပါဘူး။ 

ရုပ်ရှင်တွေထဲမှာ အသုံးပြုဖို့အတွက် ငှားစားပါတယ်။ ပြီးတော့ ပါတီပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေအတွက် ငှားရမ်းသူများလည်း ရှိတဲ့အတွက် Jay ရဲ့  ပေ ၁၀၀ ကား က ကမ္ဘာတစ်လွှား လူသိများ ကားတစ်စီး ဖြစ်လာပါတယ်။ 
--
Ref: masefact

www.facebook.com/motors.com.mm

http://www.innewsmyanmar.com/2012/12/blog-post_1147.html
ကမ္ဘာ့အရှည်ဆုံးကား

ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

အရှည်ပေ ၁၀၀ ရှိပြီး ၂၆ဘီး ပါရှိတဲ့ကား ဖြစ်ပါတယ်။ Ford Motor ကုမ္မဏီက ထုတ်လုပ်တဲ့ Limousine ကားကိုမှာ သူ့စိတ်ကြိုက် ပြန်ရှည် ထားတာ ဖြစ်ပါတယ်။ Limousine က Stretch လုပ်ထားတဲ့ ကားတောင် သူ့ကားလောက် မရှည်ပါဘူး။ ကမ္ဘာ့အရှည်ဆုံး Limousine ကားလို့လည်း စံချိန်တင် ရပါတယ်။ ဂင်းနစ် မှတ်တမ်းစာအုပ်ထဲမှာလည်း ကမ္ဘာ့အရှည်ဆုံး ကား အဖြစ် စံချိန်တင် ထားပါတယ်။

ဒီတော့ ကား ဒရိုင်ဘာခန်းက မီးရထားတွေလိုပဲ အရှေ့ မှာ တစ်ခန်း၊ အနောက်မှာ တစ်ခန်း ပါရှိပါတယ်။ အကွေ့တွေမှာ အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် အလယ်မှာ ခါးချိုးနိုင်ပါတယ်။ ပေ ၁၀၀ ရှည်တဲ့ကားကို ခါးမချိုး ပဲ မြို့ ထဲလမ်းတွေမှာ မောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေ ၅၀ အဆင်ပြေ ဖို့တောင် သတိထား မောင်းနှင်ရမှာ ဖြစ်ပါတယ်။

အတွင်းမှာ ရေကူးကန်၊ ဧည့်ခန်း၊ တီဗီကြည့်ရှုခန်း၊ အပန်းဖြေနားနေခန်း၊ အမိုးဖွင့် အပေါ်ကြည့် ခန်း၊ အိပ်ခန်း အစရှိသဖြင့် ပေ ၁၀၀ထဲမှာ သူ့စိတ်ကြိုက် ဖန်တီးထားပါတယ်။ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်လာဖို့ ကုမ္မဏီ အမျိုးမျိုးက ကြိုးစားပေမယ့် ယခု သူ့ကား အရှည်ကို လိုက်မမှီသေး ပါဘူး။

ရုပ်ရှင်တွေထဲမှာ အသုံးပြုဖို့အတွက် ငှားစားပါတယ်။ ပြီးတော့ ပါတီပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေအတွက် ငှားရမ်းသူများလည်း ရှိတဲ့အတွက် Jay ရဲ့  ပေ ၁၀၀ ကား က ကမ္ဘာတစ်လွှား လူသိများ ကားတစ်စီး ဖြစ်လာပါတယ်။
--
Ref: masefact

ဒါတွေသိရဲ့ လား..?

၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်းချခဲ့ရာ အမေရိကန
်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။

၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါးအဖြစ်ရောင်းချခဲ့သည်။

၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။

၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။

၆။ ကာရေဘီယန်ကျွန်းစုများအနက် လူနေသောကျွန်းမှာ တစ်ရာခိုင်းနုန်းသာ ရှိသည်။

၇။ သွေးလှူဒါန်းသူ အရေအတွက်မှာ ကမ္ဘာ့လူဦးရေဧ။် ခုနစ်ရာခိုင်းနူန်းပင်မပြည့်ပါ။

၈။ ကမ္ဘာမြေပေါ်တွင် ရေပြင်အားလုံးဧ။် နှစ်ရာခိုင်းနူန်းသာလျှင် ရေချိုဖြစ်သည်။
(မှတ်ချက် မြန်မာ့သင်္ကြန်က ရေချိုတွေဘယ်လောက်ဖြုန်းပစ်လဲ မသိပါ)

၉။ တရုတ်နိုင်ငံတွင် လူပေါင်း ၈၇သန်းကျော်တို့ဧ။် ရှေ့ဆုံးအမည်စာလုံးမှာ 'လီ' ဖြစ်သည်။

၁၀။ ကမ္ဘာမြေပေါ်တွင် လျှပ်စီးလက်သည့်အကြိမ်မှာ တစ်မိနစ်လျှင် အကြိမ်ပေါင်း ၆,၀၀၀ ဖြစ်သည်။

၁၁။ ပုစွန်တုပ်များဧ။် သွေးသည် အပြာရောင်ရှိသည်။

၁၂။ လီမွန်ငါးမန်းတို့သည် ရက်သတ္တပတ်နှစ်ပတ်လျှင် သွားအသစ်တစ်စုံးနူန်း ထွက်လေ့၇ှိသည်။ သူတို့သည် တစ်နှစ်လျှင် သွားအသစ်ပေါင်း ၂၄, ၀၀၀ ကျော် ထွက်လေ့ရှိသည်။

၁၃။ ၁၉၆၉ ခုနစ်တွင် လာရီလူးဝစ်သည် ကိုက် ၁၀၀ အကွာအဝေးကို ၁၇.၉ စက္ကန့်ဖြင့်ပြေးပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ သို့သော် သူဧ။်စံချိန်မှာ အသက်၁၀၀ နှင့်အထက် အသက်အုပ်စုတွင်ဖြစ်သည်။သူဧ။်အသက်မှာ ၁၀၁ နှစ်ဖြစ်သည်။

၁၄။ လေဒီအက်စတာသည် တစ်ခါက ဝင်စတန်ချာချီအား " ရှင်သာ ကျမရဲ့ ခင်ပွန်းဆိုရင် ရှင်သောက်မယ့် ကော်ဖီခွက်ထဲကို အဆိပ်ခပ်မှာပဲ " ဟု ပြောခဲ့ဖူးပြီး " မင်းသာ ငါ့ဇနီးဆိုရင်လည်း ငါက အဲဒီကော်ဖီခွက်ကို သောက်မှာပေါ့ဟု ဝင်စတ်ချာချီက ပြန်ပြောခဲ့ဖူးသည်။

၁၅။ သိုးမွေးထိုးခြေအိတ်များကို ရှေ့ဟောင်းအီဂျစ်သင်္ချိုင်းဂူများတွင် တွေ့ရှိခဲ့ရပြီး အစောဆုံးမှာ အေဒီသုံးရာစုဖြစ်သည်။

၁၆။ Killer Whales ဟုခေါ်သော ဝေလငါးမျိုးသည် အထိအတွေ့အာရုံ၌ အလွန်ထက်မြက်ရာ အကယ်ရ်ျ သင်သည်ဆေးပြားတစ်ပြားကို ပုံးတစ်ပုံးတွင် ထည့်ပြီးယင်းကိုအော်ကာငါးများကိုကျွေးခဲ့လျှင် အဆိုပါ ဝေလငါးသည်အော်ကာငါးကိုစားပြီး ဆေးပြားကို ပြန်ထွေးထုတ်လိမ့်မည်။

၁၇။ တစ်သျှူးပေပါစများကို မူလက ဓာတ်ငွေ့ကာမျက်နှာဖုံးများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
 
၁၈။ ကမ္ဘာပေါ်တွင် အက္ခရာအနည်းဆုံး ဘာသာစကားမှာ နယူဂီနီနိုင်ငံရှိ ရိုတိုကပ်စ်ဘာသာစကား ဖြစ်သည်။ ယင်းတွင်အက္ခရာ ၁၁ လုံးသာ ပါဝင်ပြီး ယင်းတို့မှာ A,B,E,G,I,K,O,P,R,T နှင့် US တို့ဖြစ်သည်။

၁၉။ ဒေါက်တာ အလက်ဇန်းဒါးဝုဒ်သည် ဆေးထိုးအပ်ကို ၁၈၈၂ ခုနစ်တွင်တီထွင်ခဲ့သည်။

၂၀။ ဂျပန်ဘာသာစကားတွင် နံပါတ် ၄ နှင့် သေးဆုံးသည်ဟူသော စာလုံးနှစ်လုံးသည် လည်းကောင်း၊ နံပါတ် ၉နှင့်နာကျင်မှုဟူသော စားလုံးနှစ်လုံးသည် လည်းကောင်း အသံထွက်ချင်းအတူတူဖြစ်သည်။ထို့ကြောင့် ဂျပန်နိုင်ငံရှိဟိုတယ် များဧ။် အခန်းနံပါတ်များတွင် ၄ နှင့် ၉တို့ မရှိပါ။

၂၁။ ဘီးခုံးပုံသဏ္ဌာန် ဝီစကီဖန်ခွက်ထဲသို့ အရက်တစ်ဝက်ခန့် ဖြည့်ပြီးပါက ၅၀ ရာခိုင်းနုန်းဖြည့်ပြီးပြီဟု မထင်ပါနှင့်။အမှန်တကယ် ၁၂- ၁၃ ရာခိုင်နုန်းခန့်သာ ရှိသေးဧ။်။

၂၂။ သင်သည် သင်ဧ။်တံတောင်ဆစ်အား လျှာဖြင့်လျက်ရန် ကြိုစားခဲ့ဖူးပါသလား။ ကြိုးစားခဲ့ဖူးလျင်တောင်မှဘယ်သောအခါမှ အောင်မြင်ခဲ့လိမ်မည် မဟုတ်ပါ။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

၂၃။ Pherenology ဟူသည်မှာ လူတစ်ယောက်ဧ။် ဦးခေါင်းပုံသဏ္ဌာန်ကို ကြည့်ရ်ျ သူဧ။်စရိုက်လက္ခဏာကို နားလည်နိုင်သော ရှေ့ဟောင်းသိပ္ပံပညာရပ်တစ်ခု ဖြစ်သည်။

၂၄။ အာဖရိကငှက်ကုလားအုတ်တစ်မျိုးသည် ကမ္ဘာပေါ်တွင် ဥအကြီးဆုံးဥသော သတ္တဝါဖြစ်သည်။ ဥခွံသည် ၁.၅ မီလီမီတာထူပြီး ဥတစ်လုံးသည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ဧ။် ခန္ဓာကိုယ်အလေးချိန်နှင့်ညီမျှသည်။

၂၅။ ရှားပါးသော အကြောက်လွန်ရောဂါတစ်မျိုးမှာ Lutraphobia ခေါ် ဖျံများကို သေမလောက်ကြောက်ရွံ့ သည့်ရောဂါဖြစ်သည်။

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်........
@Wik

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...