https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 19, 2012

ဦးဏှောက်ကိုထိခိုက်စေမည့်အချက်လေးတွေ

နံနက်စာ မစားသုံးခြင်း။
  
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။
သကြားဓာတ် ပမာဏ နည်း လို့ ဦးနှောကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့ဦးနှောက်ကို ယိုယွင်းစေပါတယ်။


*********************************


အစားအလွန်အကျွံစားသုံးခြင်း။
  
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။



**********************************

ဆေးလိပ်သောက်ခြင်း။

    ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။



*********************************


သကြားအများအပြားစားသုံးခြင်း။

သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေလို့
အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့် အယှက်ဖြစ်စေပါတယ်။



*********************************


လေထုညစ်ညမ်းခြင်း။
  
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်
စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်ပါ တယ်။



*********************************

အိပ်ရေးပျက်ခြင်း။

    အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ
သေဆုံးမှုကို တိုးပွားစေပါတယ်။



*********************************

ခေါင်းစွပ်နှင့်အိပ်ခြင်း။

    ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး အောက်စီဂျက်စုစည်းမှုကို
လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။



*********************************

နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။

    နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင် ဦးနှောက်စွမ်းရည်လျော့ကျပြီး
ဦးနှောက် ကို ထိခိုက်စေပါတယ်။



*********************************

 
နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။

    ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။





အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
ဖတ်ဖူးတာလေးတွေကိုဝေမျှတာပါ

သူငယ်ချင်းကောင်းဆိုတာ

သူငယ်ချင်းကောင်းဆိုတာ သင့်ကို
"သွား သေလိုက်"လို့အမြဲပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ကို
"ဆရာဝန်နဲ့ ပြလိုက်ဦး" လို့  အမြဲပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ရဲ့အပြစ်တစ်ခုကို
တစ်နေကုန်ခန်း ရွတ်နေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ရှေ့မှာ နားထောင်ရခက်တဲ့
ညစ်တီးညစ်ပတ်စကားတွေကို ပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ကို စားသောက်ဆိုင်ခေါ်သွားပြီး
သင့်မှာပါသမျှမကျန်အောင် မှာစားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ တချို့အချိန်မှာ ပြောမနာ
ဆိုမနာတွေဆိုပေမယ့် သင် အခက်အခဲကြုံချိန်၊ စိတ်ညစ်ချိန်
သင့်ကို နားချတတ်သူ၊ ကူညီတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သူ့နဂိုက စိုးရိမ်သောကများသူဖြစ်ဖြစ်၊
ဆိတ်ဆိတ်နေတတ်သူဖြစ်ဖြစ် ပျော်ပျော်နေတတ်သူဖြစ်ဖြစ်...
အားလုံးနဲ့အတူနေချိန် အချင်းချင်း
စနောက်ပြောင်လှောင်နေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အချိန်ဖြစ်ဖြစ်၊
အကွာအဝေးဖြစ်ဖြစ် သင့်ဦးနှောက်၊ သင့်ရင်ဘတ်ထဲကနေ
တိုက်စားမသွားနိုင်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင်စကားအမှားတစ်ခွန်းကို
ရယ်မောနောက်ပြောင်တတ်သလို အချိန်အတော်ကြာ
အရစ်ရှာနေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာအမြဲမဆက်သွယ်လည်း
မေ့လျော့မသွားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အတူရှိနေချိန် စကားပြောမှားမှာ
တစ်ခုခုလုပ်မှားမှာကို သင်စိုးရိမ်စရာမလိုသူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင်နဲ့အတူ မျှဝေခံစား
သင်အပေါ် သစ္စာမဖောက်တတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သူနဲ့အတူနေချိန်
သင်ဘာမှဟန်ဆောင်စရာမလိုသူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ ညနက်သန်းခေါင်သင်နဲ့အတူနေချိန် အိပ်ရကောင်းလား
မကောင်းလားလို့ တွေဝေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်အပေါ် တဗျစ်တောက်တောက်နေတတ်လို့
"နင်က ငါ့အမေနဲ့ တပုံစံတည်း"လို့ သင်ပြုံးရယ်ပြီး ပြောတတ်သူဖြစ်တယ်
သူငယ်ချင်းကောင်းဆိုတာ သူ့စကားတစ်ခွန်းနဲ့ သင့်မှာ သတ္တိတွေ၊
မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ ပြည့်သွားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အချင်းချင်း ဟာသလုပ်ဇာတ်တွေနဲ့ နောက်ပြောင်ပြီး
စနောက်တာ အကြံအောင်သွားရင် အချင်းချင်း ဟားတိုက်ရယ်မောတတ်သူဖြစ်တယ်။

ရယ်ကြရအောင် (၃)

(၁)
လူနာ "ဆရာ.. ကျွန်တော် ဘာရောဂါဖြစ်နေတာလဲ .. ကျေးဇူးပြုပြီး ပြောပြပါ
" ဆရာဝန်"ခင်ဗျားရဲ့ရောဂါက ပေါင်းစုံနေတယ်ဗျာ။ စကားလုံးတစ်ခုထဲနဲ့ နာမည်တပ်ရဖို့ ခက်နေတယ်
" လူနာ "အမှန်အတိုင်းပြောပါဆရာ.. ရပါတယ်
" ဆရာဝန် "ခုလောလောဆယ်တော့ ရောဂါအမည်တပ်ရဖို့ ခက်နေတယ်။ ဒါပေမဲ့ စိတ်ချပါ။ ခင်ဗျား သေသွားတဲ့
အခါရင်ခွဲကြည့်ပြီး ရောဂါအမှန်ကို ကျွန်တော်ရှာလိုက်ပါမယ်"



(၂)
တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်
ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေနဲ့ ခွန်အားဖြည့်နေတာပေါ့"
ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"
တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"



(၃)
မိန်းမက ရာသီဥတုအေးလို့ဆိုပြီး လျှပ်စစ်စောင်တစ်ထည် သွားဝယ်ခဲ့တယ်။ ဒါကို ယောက်ျားက လျှပ်စစ်စောင်စိတ်
မချရဘူးဆိုပြီး တော်တော်နဲ့ မခြုံရဲခဲ့ဘူး။ မိန်းမက အကျိုးအကြောင်းအချိန်ယူပြီး ရှင်းပြလိုက်မှ စိတ်ချလက်ချ
အိပ်ရဲတော့တယ်။ တစ်ညမှာ မိန်းမက နောက်တစ်နေ့မနက်စာအတွက် အလုပ်မရှုပ်အောင်ဆိုပြီး အိုဗင်ထဲ ဝက်ပေါင်
ခြောက်ထည့်ပြီး မီးဖြေးဖြေးလေးနဲ့ အပူပေးထားခဲ့တယ်။ ညသန်းခေါင်ရောက်တော့ ဝက်ပေါင်ခြောက်ကင်နံ့က
သူတို့အိပ်ခန်းထဲ လွှင့်ဝင်လာခဲ့တယ်။ အဲဒီမှာ ယောက်ျားက အိပ်ချင်မူးတူးနဲ့ ကြောက်အားလန့်အားထအော်တယ်...
"မိန်းမ.. မိန်းမ.. မြန်မြန်ထ .. ငါတို့ အကင်ခံလိုက်ရပြီ"



(၄)
တစ်နေ့မှာ ဂျပန်၊ တရုတ်၊ အမေရိကန်က စားဖိုမှူးတွေ ဓားလက်စွမ်းပြတဲ့ စိန်ခေါ်ပွဲတစ်ခုလုပ်ခဲ့ကြတယ်။ ပွဲစစချင်း
မှာ      ဂျပန်စားဖိုမှူးက သူ့လက်ဆွဲတော်ဓားနဲ့ လေထဲနှစ်ချက် ဝှေ့ယမ်းလိုက်တယ်။ ယင်ကောင်တစ်ကောင်
နှစ်ပိုင်းပြတ်သွားလို့ ဒိုင်လူကြီးတွေက သူ့ကို အမှတ်(၈ဝ)ပေးလိုက်တယ်။


  ဒုတိယဝင်ပြိုင်တဲ့ အမေရိကန်စားဖိုမှူးက သူ့လက်ဆွဲတော်ဓားနဲ့ လေထဲနှစ်ချက် ဝှေ့ယမ်းလိုက်တယ်။
ယင်ကောင်တစ်ကောင်ရဲ့ တောင်ပံနှစ်ခုလွင့်ကျသွားလို့ ဒိုင်လူကြီးတွေက သူ့ကို အမှတ်(၉ဝ)ပေးလိုက်တယ်။


   နောက်ဆုံးဝင်ပြိုင်တဲ့ တရုတ်စားဖိုမှူးက သူ့လက်ဆွဲတော်ဓားနဲ့ လေထဲဖျတ်ခနဲတစ်ချက် ဝှေ့ယမ်းလိုက်တယ်။
ယင်ကောင်က ပျံသန်းမြဲ ပျံသန်းတုန်းပဲ။ ဒိုင်လူကြီးတွေက ယင်ကောင်ကိုဖမ်းပြီး စစ်ဆေးကြည့်တယ်။ ပြီးတော့
သူ့ကို အမှတ်(၁ဝဝ)ပေးလိုက်တယ်။ ဒါကို ဂျပန်နဲ့ အမေရိကန်စားဖိုမှူးတွေက မကျေနပ်ကြဘူး။ ဒိုင်လူကြီးကို
သွားရှာတော့ ဒိုင်လူကြီးကပြောတယ်။ "တရုတ်စားဖိုမှူးက အဲဒီယင်ကောင်ကို မျက်ရစ်ခွဲပေးလိုက်တယ်လေ"



(၅)
မြွေနှစ်ကောင် ထိပ်တိုက်တိုးတော့ မြွေတစ်ကောင်ကမေးတယ်....
"ကိုကြီး.. ကိုကြီး.. ကျွန်တော်တို့ အဆိပ်ရှိလား?"
"ဟ.. မင်းဘာဖြစ်လို့ အဲဒီလို မေးရတာလဲ?"
"ကျွန်တော်.. ကျွန်တော် ကိုယ့်လျာကိုယ်ပြန်ကိုက်မိလို့ပါ" ".........."

ဘယ်လောက်ထိချစ်လဲ

ကောင်မလေး။ ။ နင်ငါကို ဘယ်လောက်ထိချစ်လည်း။
ကောင်လေး ။ ။ ချစ်တာပေါ့ အများကြီးပဲ...။
ကောင်မလေး။ ။ ဒါဆို နင် ငါကို ဒဿဂီရီလို့ ချစ်လားဟင်။
ကောင်လေး ။ ။ မချစ်ဘူး။
ကောင်မလေး။ ။ ဒါဆို တကယ်လို ငါ သေသွားခဲ့ရင် ရိုမီယိုလို့ အဆိပ်သောက်ပြီး ငါနဲ့ တူတူသေနိုင်မလား။
ကောင်လေး ။ ။ ( ကောင်လေး ဘာမှမပြောပဲ တိတ်ဆိတ်စွာနေနေ၏)
ကောင်မလေး။ ။ နင်ကိုငါနောက်ဆုံးမေးခွန်းတစ်ခုမေးမယ် တကယ်လို့  ငါ လိုချင်တာတစ်ခုကိုတောင်းဆိုရင်
 အာဒံ့လို နင်ယူပေးမှာလား။
ကောင်လေ ။ ။ ဟင်အင်း။
ကောင်မလေး။ ။ ဒါဆိုနင်နဲ့ငါလမ်းခွဲတာပဲကောင်းတယ်။ နင်က ငါကို ချစ်တယ်ဆိုတာအလကားပဲဆိုပြီးပြောက
ထွတ်သွားဖို့ ပြင်လိုက်တော့
ကောင်လေး ။ ။ နင်သွားမယ်ဆိုရင်လည်းငါမတားပါဘူး ဒါပေ့မယ် ငါပြောတာလေးကိုတော့နာထောင်းပေးသွားအုန်း
ငါ ဘာလို ဒဿလို မချစ်တာလည်းသိလား ငါအချစ်က ဒဿထက်ပိုတယ် ဒါကြောင့် သမိုင်းကြောင်းကို ပြန်ပြင်နေရ
မှာစိုးလို့ . .ရိုမီယိုလိုဘာလို့ အဆိပ်မသောက်တာလည်းသိလား နင်သာ သေဆုံးသွားရင် ငါ အဆိပ်သောက်စရာတောင်
မလိုဘူး ငါနှလုံးသာ နင်ကို ချစ်လွန်းအားကြီးလို့  အဲမှာပဲ ငါနှလုံးသားက ကြွေမွပြီး သေဆုံးသွားနိုင်လို့ .......
အာဒံလို့ ဘာလို မလုပ်ပေးတာလည်းဆိုတော့ ငါက နင်လိုချင်တာကို နင်ပြောစရာတောင် မလိုပဲ ငါယူလာပေးမှာမို့ 
လို့ ပါ.........ကဲ နင်ငါကို စွန့် လွတ်ပြီး ထွတ်သွားမယ်ဆိုရင် သွားပါ ငါမတားပါဘူး ဘာလို့ လည်းဆိုတော့
နင်ကို ချစ်လို့ ပါ........

ပျော်ရွှင်ခြင်းရဲ့အဓိပ္ပာယ်

1 . Show Up = လူတောတိုးပေး/ ပွဲတက်ပေး။
2. Follow Your Heard = နှလုံးသားစေရာအတိုင်းလုပ်။
3. Stay Inspired = ရွင်လန်းတက်ကြွစွာနေပါ။
4. Stop Being a victim = သားကောင်အနေအထားမှ ရုန်းထွက်ပါ။
5. Do thing You're Good Act = မိမိအားသန်တာကို လုပ်။
6. Love Your Work = မိမိအလုပ်ကို ချစ်ပါ။
7. Get A New Perspective = တစ်ခြားရှု့ထောင့်တစ်ခုမှ ပြောင်းကြည့်ပါ။
8. Have a Sense of Wonder = နှစ်သက်ကြည်းနှုးတတ်ပါ။
9. Don't Isolate = တစ်ယောက်တည်းမနေနှင့်။
10. Fine People You Love = ကိုယ်ချစ်တဲ့ ခင်တဲ့သူနဲ့တွေ့။
11. Set goals = ရည်မှန်းချက် ပန်းတိုင်များ ထားရှိပါ။
12. Finish What you Started = မိမိစတင်ခဲ့သည် ကိုပြီးဆုံးအောင်လုပ်ပါ။
13. Help Others = တစ်ခြားသူများကို ကူညီပါ။
14. Do a One Day New Fast = တစ်ရက်လောက် သတင်းမှာနှင့် အဆက်ဖြတ်ပြီး နေကြည့်ပါ။

ချစ်သူနဲ့ကြာကြာလက်တွဲနိုင်ဖို့

ချစ်သူနဲ့ကြာကြာလက်တွဲနိုင်ဖို့
1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို မလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

လူကိုနွေးထွေးစေသောစကား (၅) ခွန်း

တန်းဖိုးထားထိုက်ဆုံးစကားတခွန်း
“နင့်ကိုငါချစ်တယ်”

ဒီစကားတခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာ တခြားသူရဲ့ ချစ်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။
လောကမှာ အချစ်ခံရတာထက် ပိုချိုမြိန်၊ပိုပျော်ရွှင်တဲ့အရာရှိနိုင်ဦးမလား???
တကယ်လို့ဒီလိုစကားတခွန်းကိုသင်လည်း ပြော လိုက်ပြီဆိုရင် စိတ်ကူးထဲက
အဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်းပြောနေပါတယ်။
လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့တစ်ချိန်ချိန် သင့်မျက်စိဖြတ်ခနဲ အလက်
 “ဟော..သူ(သူမ)ပဲ” ဆိုတဲ့ အဖော်ကိုသင်တွေ့သွားခဲ့တယ်။
အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ “အမလည်းမကျန်တော့ဘူးနော်”
အချစ်ရှိပြီဆိုရင် စိတ်တွေမဝေတော့ ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့ပါးပါးနေလို့မဖြစ်တော့ဘူး။
အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊
အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုးဖြစ်ပါတယ်..။



နှစ်သိမ့်ထိုက်ဆုံးစကားတခွန်း
“အခုပဲလာခဲ့မယ်”

လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေရှိပါတယ်။
တစ်ပတ်လောက်ပ်ငပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မျာ
သင် အနားယူနေတုန်း ရုတ်တရက် အိမ်က ရေစက်ခေါင်းပျက် သွားတယ်။
ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက် တော့ သူက “ကျွန်တော်အခုပဲလာခဲ့မယ်”
လို့ ပြန်ဖြေတဲ့အချိန်သင့်စိတ်သက်သာရာရသွားတယ်။
သင်ကားမောင်းနေ တုန်း လမ်းတစ်နေရာမှာ ရုတ်တရက်ကားပျက်သွားတယ်။
နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက် မပြတ်တီးနေတယ်။
သင်စိတ်ပူပန်လှုပ်ရှားပြီးသူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။
သူငယ်ချင်းရဲ့ “ငါအခုပဲ လာခဲ့မယ်” ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားပါတယ်။



လူကိုယုံကြည်မှုတိုးစေဆုံး စကားတခွန်း
“မင်းလုပ်နိုင်တယ်ဆိုတာငါယုံတယ်”

ဆရာတစ်ဦးက ကျွန်တော့ကို ပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ
ကိုင်တွယ်နည်းက ကျောင်းသား တွေနဲ့ အမြဲ တမ်းနှစ်ကိုယ်ကြားဆွေးနွေးတာပဖြစ်တယ်။
အမှတ်ကောင်းတဲ့ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်
ဆရာအမြဲပြောလေ့ရှိတာက “မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်” ဆိုတာပဲဖြစ်တယ်။
ဒါကြောင့်သူသင်ဖူးတဲ့ ကျောင်းသား တိုင်းလိုလိုဟာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်အပြည့်ရှိသူတွေဖြစ်တယ်
“လုပ်နိုင်သူ” တွေက ”ပိုလုပ်နိုင်” ခဲ့ကြပြီး ”မလုပ်နိုင်သူ” တွေလည်း ”လုပ်နိုင်” ခဲ့ကြတယ်။
ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။
“စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိ ရင် တောင်ကို ရွှေ့တာပဲဖြစ်ဖြစ်၊ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ်
နောက်ဆုံးမှာပြီးမြောက်အောင်လုပ်နိုင်တယ်။
တကယ် လို့စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင်
လက်ဖဝါးလှည့်တာ ၊ သစ်ကိုင်းကို ချိုးတာလောက်လွယ်ကူတဲ့ အလုပ်ကိုတောင်
ပြီးမြောက်အောင်လုပ်နိုင်မှာမဟုတ်ဘူး”



အတင်းအဖျင်းကိုပထုတ်နိုင်ဆုံးစကားတခွန်း
“မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာပြောပါစေ”

ကျွန်တော့ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။
“တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားအရယူ ချင်ရင်
သူတို့မပေး ဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။
တကယ်လို့ တခြားလူအနားယူချိန်သားလည်းအနား ယူမယ်၊
တခြားလူအလုပ်လုပ်ချိန်မှာ သားအလုပ်လုပ်မယ်။
တခြားလူ ဘဝကိုဘယ်လိုဖြတ်သန်းရင်သားလဲ သူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင်
သူတို့ရတာပဲ သားရလိမ့်မယ်” ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊
တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူ ထကက်ပိုအလုပ်လုပ်တယ်။
အဲဒီလို ပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာခံရတယ်။
ဒါကြောင့်တခြား လူဆီကနေ မတူတဲ့ အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့အပြုမှုပြောဆိုမှုကို
ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြင်အောင် လုပ်ရတယ်။
လူရွန်းပြောသလိုပါပဲ...“သူတို့ပြောချင်ရာပြောပါစေ...ကဲ့ရဲ့ဝေဖန်အတင်းအဖျင်းပြောသူတွေရဲ့
ချီးကျူးစကားက ကိုယ်အောင်မြင် မှုရပြီးချိန်မှကြားရတတ်တဲ့စကားဖြစ်တယ်”။



ပြောရအခက်ဆုံးနဲ့သဘောထားကွဲလွဲမှုကိုအဖြေရှင်းနိုင်ဆုံးစကားတခွန်း
”မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်”

ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲက လူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ..
ငြင်းခုန်ရန်ဖြစ်ပွဲမှာ အများကိုဝန် ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။
ဒါပေမယ့် အခြေအနေတော်တော်များများမှာ ဒီလိုစကားတခွန်းက
ဒေါသကြောင့် တောက်လောင်မယ့်မီးကို အချိန်မီငြိမ်းစေနိုင်သလို၊
ပွတ်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သ လို၊ ချိန်ရွယ်ထားတဲ့
လက်သီးကို ဖြည်လျှော့စေနိုင်သလို၊ ကွဲပြားတဲ့အတွေးအမြင်ကိုတစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီး နိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့
တည်ငြိမ်ခြင်းကိုလည်း ထိန်း ချုပ်နိုင်ပါတယ်။
ဒီလိုစကားတခွန်းက မိသားစု အငြင်းအပွားမှုမှာ ပိုအသုံးဝင်ပါတယ်။
လင်မယားကြာမှာ ကိစ္စ သေးသေးမွှားမွှားနဲ့ စကားများ ရန်ဖြစ်တဲ့အခါ
တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကို အရင်ဆုံးပြောလိုက်ရင်
သဘောထားကွဲ လွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။
နှစ်ဦးနှစ်ဖက် သွေးအေးသွားမှပြဿနာရဲ့ အရင်းအမြစ်ကိုရှားပြီ ဖြေရှင်းနိုင်ပါတယ်။
အချင်းချင်းချစ်ကြိုက်လို့ အတူတကွ ပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့
ဘာကြောင့်နှစ်ဦးနှစ်ဖက် ဒဏ်ရရ ထိခိုက်အောင်ပြောဆိုငြင်းခုကြမလဲ??
“မင်းမှန်တာလည်းဖြစ်နိုင်ပါတယ်“ ဆိုတဲ့ စကားတခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါူးဘူး.....။

နိုင်နိုင်းစနေဘာသာပြန်သည်။
 

ငါအိုသောအခါ

ငါအိုသောအခါ.....

 
* ငါအိုသောအခါ ငါဟာ အရင်က ငါမဟုတ်တော့်ဘူး။ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။


* ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ီၤေပၚ ဖိတ္စင္သြားတဲ့အခါ အက်ီၤ၊လံုခ်ည္ဖို သီဖတ်သီဖြစ်နေတဲ့အခါ
ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်း ကငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။


* အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ
ငယ်ငယ်တုန်းက အိပ်ယာဝင် တိုင်းတစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိါတ်တော်တွေ၊ဇာတ်ကြီးဇယ်ဘွဲ့ တွေ
စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကိုသတိရပေးပါ။




* မလှုပ်ရှားနိုင်လို့ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်။ ခြောက်တည့်
လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။


* ခောတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်လဲ” ဆိုတဲ့
မေးခွန်းတိုင်းကို စိတ်ရှည်ရှည်နဲ့ ငါပြန်ဖြေခဲ့တာကိုသတိရပေးပါ။




* စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါခွန်အားပါသော လက်တစ်စုံနှင့် ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာ တွေကိုသတိရပေးပါ....။

* တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက
လူ့ဘဝတက်လမ်းအတွက် ငါလမ်းပြခဲ့ သလိုအခုချိန်မှာ ငါ့ဘဝ နောက်ဆုံး အချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်း
မေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ.။

ယောက်ကျားဆိုတာ

ယောက်ျားဆိုတာ..
> If you kiss him, he kisses you back
> သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
> If you don't, he patiently waits
> မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
> If you praise him, he says thanks you
> သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
> If you don't, he feels secure in your love
> မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
> If you agree to all his likes, you have met your fantasy man
> သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
> If you don't, you still get along
> မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
> If you visit him often, he welcomes you every time
> သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
> If you don't, he'll visit you instead
> သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
> If you are well dressed, he says you are beautiful
> သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့
သူကပြောမယ်
> If you don't, you are still beautiful
> အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
> If you are jealous, he reassures you and holds you
> သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
> If you're not, he gives you no reason to be
> မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
> If you kiss him once in a while, he's appreciative of your affection
> သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်...သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
> If you kiss him often, he will always have you on his mind
> မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
> If you stare at another man, he knows that you're only admiring
> သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
> If he is stared by other women you know why-he's one hot babe
> သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
> If you talk, he'll always listen
> သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
> If you listen, he'll tell you anything you want to know
> သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...
>
> In short:
> အတိုချုပ်ရင်
> So complex, yet so direct
> ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
> So strong, yet so supportive
> ခွန်အားရှိသလို... အရမ်းပံပိုးသူ...
> So dazzling, yet so humble
> တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
> So passionate, yet so marvelous... .MEN!
> စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား..

မိန်းကလေးဆိုတာ..

၁။ ငါငိုရင် နင်မှားတယ်၊ မမှားတယ်ဆိုတာ အသာထား။ ယောကျာင်္းလေးပီပီ အရင်လာချော့ပါ။


၂။ ငါ မင်းကို ရစ်နေတယ်၊ ရှုပ်နေတယ်ဆိုတာက မင်းကို ပိုဂရုစိုက်စေချင်လို့ပါ။


၃။ တစ်ခါတစ်လေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးဝတ်လာပါ။

၎။ ငါက အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်။ နူးညံသိပ်မွေ့တယ်လို့ပြောတာတော့
ကြားချင်တာပေါ့...။

၅။ ငါတို့နှစ်ယောက် ချစ်သူဖြစ်တဲ့ရက်၊ ထူးခြားတဲ့ ရက်၊ အသိအမှတ်ဖြစ်တဲ့ ရက်၊ မွေးနေ့တွေကိုတော့ မင်းသိသင့်တယ်။

၆။ တစ်ခါတစ်လေ အိပ်ခါနီး ဖုန်းလေးတစ်ချက်လောက်ဆက်ပါလား၊ ဖုန်းပြောပြီးမှ အိပ်သွားရတာကလည်း
ငါတို့ကြည်နူးစရာပါ။

၇။ မင်းချောဖို့၊ ရုပ်ဖြောင့်ဖို့ မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် ကိုယ့်စတိုင်နဲ့ ကိုယ်နေရင် ကျေနပ်ပါတယ်။

၈။ ငါ့သူငယ်ချင်းတွေကို မင်းလက်ခံနိုင်အောင် ကြိုးစားပါ။


၉။ နှစ်ယောက်သားချိန်းတွေ့တဲ့အခါ မှာ ငါက ဘယ်သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့ မပြောပါနဲ့။ အဲဒါက
အလိုလိုက်တာမဟုတ်ဘူး။ ငါနဲ့ချိန်းတွေ့တာကို စိတ်မပါသလို ငါခံစားရလို့ပါ။


၁၀။ မိန်းကလေးသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး မဆတ်ဆံပါနဲ့။ ချစ်သူရှိကြောင်း ပြောပြီး စည်းလေးတစ်ခုနဲ့ နေပါ။

၁၁။ ငါ့မှာ ယောကျာင်္းလေးသူငယ်ချင်းတွေတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့
မဟုတ်ပါဘူး။ တံတိုင်းနဲ့ ခြားထားတာပါ။

၁၂။ ငါလည်း ရည်းစားဟောင်း၊ အချစ်ဦး၊ ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တစ်ခါတစ်လေ သတိရမိတာပေါ့။
ကလေးတုံးကမို့ သတိရပြီးသဘောကျမိသွားတာပါ။ အခုကစပြီး နောင်ကို ဆတ်ချစ်သွားမှာကတော့ မင်းကိုလေ။


၁၃။ ငါ့ကို ချစ်တယ်လို့ မကြာခဏပြောပေးပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။

၁၄။ ငါစိတ်ဆိုးလို့ ငါ့ကို နောက်လာမရှာနဲ့၊ ဖုန်းမဆတ်နဲ့လို့ ပြောနေတာက မင်းကို လာရှာခိုင်း ၊
ဖုန်းဆတ်ခိုင်းတာပါ။


၁၅။ ငါတို့ တွဲလာတာကြာပြီဆိုပေမဲ့ မင်းဆီက မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီက လိုချင်တာပါဘဲ။


၁၆။ shopping ထွတ်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ ဒါကို အပြစ်မပြောနဲ့။ တစ်ခါတစ်လေမှာ
ငါ့ကိုခေါ်ပြီး လိုက်ဝယ်ပေးပါလား။


၁၇။ ငါကြိုက်တယ်လို့ပြောတဲ့ အရာတွေအားလုံးဝယ်ပေးစရာမလိုဘူး။ အမှတ်တရဖြစ်စေတဲ့ နေ့တွေမှာ တစ်ခုနှစ်ခု
လောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ ငါအတွက် ရှိနေတာ သိရင် လုံလောက်ပါတယ်။

ဘဝမြင့်မားခြင်း၏ လမ်းစ (၇) မျိုး

ဘ၀မြင့်မာခြင်း၏ လမ်းစများ..

၁၊ ချွေတာခြင်းသည် ချမ်းသာခြင်း၏လမ်းစ...။
၂၊ စည်းကမ်းရှိခြင်းသည် လူ့အဆင့်အတန်းမြင့်မားခြင်း၏လမ်းစ...။
၃၊ ရိုးသားခြင်းသည် ယုံကြည်ရခြင်းလမ်းစ...။
၎၊ အမှန်အတိုင်းပြောတက်ခြင်းသည် သစ္စာရှိခြင်း၏လမ်းစ...။
၅၊ ကြိုးစားခြင်းသည် တိုးတက်ခြင်း၏လမ်းစ...။
၆၊ ဖော်ရွှေခြင်းသည် လူချစ်လူခင်ပေါ်ခြင်း၏လမ်းစ...။
၇၊ အခွင့်အရေးမယူတက်ခြင်းသည် ခင်မင်မှု့၏လမ်းစ...။
ဘ၀မြင့်မာခြင်း၏ လမ်းစများ..

၁၊ ချွေတာခြင်းသည် ချမ်းသာခြင်း၏လမ်းစ...။
၂၊ စည်းကမ်းရှိခြင်းသည် လူ့အဆင့်အတန်းမြင့်မားခြင်း၏လမ်းစ...။
၃၊ ရိုးသားခြင်းသည် ယုံကြည်ရခြင်းလမ်းစ...။
၎၊ အမှန်အတိုင်းပြောတက်ခြင်းသည် သစ္စာရှိခြင်း၏လမ်းစ...။
၅၊ ကြိုးစားခြင်းသည် တိုးတက်ခြင်း၏လမ်းစ...။
၆၊ ဖော်ရွှေခြင်းသည် လူချစ်လူခင်ပေါ်ခြင်း၏လမ်းစ...။
၇၊ အခွင့်အရေးမယူတက်ခြင်းသည် ခင်မင်မှု့၏လမ်းစ...။

အသက်ကြီးသည့်တိုင် အိမ်ထောင်မှုသုခ ရရှိနေအောင်

အသက်ကြီးသည့်တိုင် အိမ်ထောင်မှုသုခ ရရှိနေအောင်

အိမ်ထောင်ကျတဲ့ နှစ်ကာလ ကြာရှည်ပြီး အသက်အရွယ် ကြီးလာတဲ့ အခါ အိမ်ထောင်ရေးသုခ ပျောက်ဆုံး လာတတ်ကြပါတယ်။ ပျင်းရိငြီးငွေ့မှု၊ နာမကျန်းမှု၊ ဆေးကုသမှု ခံယူရတာ စတဲ့အကြောင်း ပြချက်တွေကြောင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့ချင်စိတ်တွေ လျော့နည်း သွားတတ်ပါတယ်။ ကျန်းမာတဲ့သူတွေက အသက်ကြီးလာတဲ့အထိ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိတယ်လို့ လေ့လာသူတွေက ဆို ထားတာကြောင့် သင်တို့ ဇနီးမောင်နှံရဲ့ ချစ်ခရီးလမ်း အမြဲအဆင်ပြေ စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

၁။ ကျန်းမာအောင် နေထိုင်ခြင်း

အသက်ကြီးတဲ့အထိ ကျန်းမာနေဖို့ အခုကတည်းက နေ့စဉ်မှန်မှန် လိုက်နာသင့်တဲ့အချက် တွေကတော့

- လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ

ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်နေရင် sex ကိစ္စမှာ ပိုမို အဆင်ပြေတတ်ပါတယ်။ ပုံမှန် အေရိုးဗစ် လေ့ကျင့်ခန်းပြုလုပ်တာက နှလုံးရဲ့ သွေးညှစ်အား ကောင်းမွန်ပြီး သွေးစီးဆင်းအား ကောင်းမွန်စေပါ တယ်။

- အာဟာရမျှတစွာ စားသောက်ပါ

အဆီနဲ့ သကြားဓာတ်နည်းတဲ့ အစာကို စားပြီး အမျှင်ဓာတ်များတဲ့အစာကို စားပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတို့ ကို များများစားပေးပါ။ ငါး၊ အဆီနည်းတဲ့ အသား တို့ကို စားပြီး ပရိုတင်းဓာတ်ကို ရယူပါ။

- အိပ်ရေးဝ၀ အိပ်စက်ပါ

အိပ်ရေးဝ၀ အိပ်စက်အနားယူတာက ခန္ဓာ ကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုတို့ ပပျောက်ပြီး ခွန်အား ရရှိစေပါတယ်။

- အကျင့်ဆိုးများကို စွန့်လွှတ်ပါ

ဆေးလိပ်နဲ့ အယ်လ်ကိုဟောဟာ လိင်ပိုင်းဆိုင် ရာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပြီး Sex ကိစ္စအပါအဝင် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ကြည်နူးဖွယ်ရာ စကားများ ပြောဆိုခြင်း

သင့်အိမ်ထောင်ဖက်နဲ့ သာယာနှစ်လိုဖွယ် ကောင်းတဲ့ စကားတွေကို ပြောဆိုတာက ပိုမိုပျော်ရွှင် ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ဖြစ်စေပါတယ်။

- နှစ်သိမ့်စကား ဆိုပါ

သင့်အိမ်ထောင်ဖက်က သူ့ခန္ဓာကိုယ်အနေ အထား၊ ရုပ်ရည်တို့နဲ့ ပတ်သက်ပြီး စိတ်ပူပင်သောက ရှိနေရင် အားပေးနှစ်သိမ့်ပေးပါ။

- ချီးကျူးပါ

သင့်ဘဝအဖော်ရဲ့ ကောင်းတဲ့ လုပ်ဆောင်မှု တိုင်းအတွက် ချီးကျူးစကားပြောပေးပါ။ သူ့ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့ လှုံ့ဆော်ရာရောက် ပါတယ်။

- ပြစ်တင်ရှုတ်ချမှု မပြုလုပ်ပါနှင့်

လူတိုင်း မှားတတ်ကြပါတယ်။ သင်လည်း တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာ အမှားကို လုပ်မိချင်လုပ်မိ နိုင်တာပါပဲ။ သင့်အဖော်က သူ့အမှားကို သတိမမူ မိရင် ညွှန်ပြတာမျိုးပဲ ပြုလုပ်သင့်ပါတယ်။ ပြစ်တင် ရှုတ်ချမှု မလုပ်သင့်ပါဘူး။

- သင့်တော်သောအချိန်တွင် ပြောပါ

ချစ်ခင်နေတဲ့ အချိန်မျိုးမှာ စိတ်ပူပင်သောက တွေ၊ အဆိုးမြင်တဲ့ ခံစားချက်တွေနဲ့ စိတ်ဖိစီးစရာ ကိစ္စတွေကို မပြောဆိုပါနဲ့။

၃။ ပျော်ရွှင်ဖွယ်ရာ အပြုအမူများ ဖန်တီးခြင်း

အသက်ကြီးတဲ့အထိ အိမ်ထောင်မှု သုခပြည့်ဝ နေဖို့ရာအတွက်

- ပွေ့ဖက်ပါ

သင့်ဇနီးကို တစ်နေ့အနည်းဆုံး တစ်ကြိမ် ပွေ့ဖက်တာမျိုး ပြုလုပ်ပေးပါ။ ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ လက်ချင်းဆုပ်ကိုင်တာတွေက အိမ်ထောင် ရေးကို ပိုမိုပျော်ရွှင်ကျေနပ်မှု ရရှိစေပါတယ်။

- ထိတွေ့ပါ

အသက်ကြီးလာပြီဆိုပြီး ချစ်ရေးချစ်ရာကိစ္စ တွေက အရေးမပါတော့ဘူးလို့ မယူဆသင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ငယ်ငယ်တုန်းက အကြောင်းတွေ နောက်ပြောင်ကျီစယ်ရင်း ထိတွေ့သင့်ပါတယ်။

ကေအမ်
Good Health

အိမ်ထောင်ကျတဲ့ နှစ်ကာလ ကြာရှည်ပြီး အသက်အရွယ် ကြီးလာတဲ့ အခါ အိမ်ထောင်ရေးသုခ ပျောက်ဆုံး လာတတ်ကြပါတယ်။ ပျင်းရိငြီးငွေ့မှု၊ နာမကျန်းမှု၊ ဆေးကုသမှု ခံယူရတာ စတဲ့အကြောင်း ပြချက်တွေကြောင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့ချင်စိတ်တွေ လျော့နည်း သွားတတ်ပါတယ်။ ကျန်းမာတဲ့သူတွေက အသက်ကြီးလာတဲ့အထိ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိတယ်လို့ လေ့လာသူတွေက ဆို ထားတာကြောင့် သင်တို့ ဇနီးမောင်နှံရဲ့ ချစ်ခရီးလမ်း အမြဲအဆင်ပြေ စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

၁။ ကျန်းမာအောင် နေထိုင်ခြင်း

အသက်ကြီးတဲ့အထိ ကျန်းမာနေဖို့ အခုကတည်းက နေ့စဉ်မှန်မှန် လိုက်နာသင့်တဲ့အချက် တွေကတော့

- လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ

ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်နေရင် sex ကိစ္စမှာ ပိုမို အဆင်ပြေတတ်ပါတယ်။ ပုံမှန် အေရိုးဗစ် လေ့ကျင့်ခန်းပြုလုပ်တာက နှလုံးရဲ့ သွေးညှစ်အား ကောင်းမွန်ပြီး သွေးစီးဆင်းအား ကောင်းမွန်စေပါ တယ်။

- အာဟာရမျှတစွာ စားသောက်ပါ

အဆီနဲ့ သကြားဓာတ်နည်းတဲ့ အစာကို စားပြီး အမျှင်ဓာတ်များတဲ့အစာကို စားပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတို့ ကို များများစားပေးပါ။ ငါး၊ အဆီနည်းတဲ့ အသား တို့ကို စားပြီး ပရိုတင်းဓာတ်ကို ရယူပါ။

- အိပ်ရေးဝ၀ အိပ်စက်ပါ

အိပ်ရေးဝ၀ အိပ်စက်အနားယူတာက ခန္ဓာ ကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုတို့ ပပျောက်ပြီး ခွန်အား ရရှိစေပါတယ်။

- အကျင့်ဆိုးများကို စွန့်လွှတ်ပါ

ဆေးလိပ်နဲ့ အယ်လ်ကိုဟောဟာ လိင်ပိုင်းဆိုင် ရာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပြီး Sex ကိစ္စအပါအဝင် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ကြည်နူးဖွယ်ရာ စကားများ ပြောဆိုခြင်း

သင့်အိမ်ထောင်ဖက်နဲ့ သာယာနှစ်လိုဖွယ် ကောင်းတဲ့ စကားတွေကို ပြောဆိုတာက ပိုမိုပျော်ရွှင် ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ဖြစ်စေပါတယ်။

- နှစ်သိမ့်စကား ဆိုပါ

သင့်အိမ်ထောင်ဖက်က သူ့ခန္ဓာကိုယ်အနေ အထား၊ ရုပ်ရည်တို့နဲ့ ပတ်သက်ပြီး စိတ်ပူပင်သောက ရှိနေရင် အားပေးနှစ်သိမ့်ပေးပါ။

- ချီးကျူးပါ

သင့်ဘဝအဖော်ရဲ့ ကောင်းတဲ့ လုပ်ဆောင်မှု တိုင်းအတွက် ချီးကျူးစကားပြောပေးပါ။ သူ့ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့ လှုံ့ဆော်ရာရောက် ပါတယ်။

- ပြစ်တင်ရှုတ်ချမှု မပြုလုပ်ပါနှင့်

လူတိုင်း မှားတတ်ကြပါတယ်။ သင်လည်း တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာ အမှားကို လုပ်မိချင်လုပ်မိ နိုင်တာပါပဲ။ သင့်အဖော်က သူ့အမှားကို သတိမမူ မိရင် ညွှန်ပြတာမျိုးပဲ ပြုလုပ်သင့်ပါတယ်။ ပြစ်တင် ရှုတ်ချမှု မလုပ်သင့်ပါဘူး။

- သင့်တော်သောအချိန်တွင် ပြောပါ

ချစ်ခင်နေတဲ့ အချိန်မျိုးမှာ စိတ်ပူပင်သောက တွေ၊ အဆိုးမြင်တဲ့ ခံစားချက်တွေနဲ့ စိတ်ဖိစီးစရာ ကိစ္စတွေကို မပြောဆိုပါနဲ့။

၃။ ပျော်ရွှင်ဖွယ်ရာ အပြုအမူများ ဖန်တီးခြင်း

အသက်ကြီးတဲ့အထိ အိမ်ထောင်မှု သုခပြည့်ဝ နေဖို့ရာအတွက်

- ပွေ့ဖက်ပါ

သင့်ဇနီးကို တစ်နေ့အနည်းဆုံး တစ်ကြိမ် ပွေ့ဖက်တာမျိုး ပြုလုပ်ပေးပါ။ ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ လက်ချင်းဆုပ်ကိုင်တာတွေက အိမ်ထောင် ရေးကို ပိုမိုပျော်ရွှင်ကျေနပ်မှု ရရှိစေပါတယ်။

- ထိတွေ့ပါ

အသက်ကြီးလာပြီဆိုပြီး ချစ်ရေးချစ်ရာကိစ္စ တွေက အရေးမပါတော့ဘူးလို့ မယူဆသင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ငယ်ငယ်တုန်းက အကြောင်းတွေ နောက်ပြောင်ကျီစယ်ရင်း ထိတွေ့သင့်ပါတယ်။

ကေအမ်
Good Health

facebook မှကူးယူဖော်ပြသည်။

ရယ်ကြရအောင် (၂)

ရှင် မိုက်ရိုင်းလှချည်လား´
ပါတီတစ်ခုမှာ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် အချိန်တော်တော်ကြာ တစ်ဦးနဲ့ တစ်ဦး စိုက်ကြည့်ပီးနောက်မှာ ကောင်မလေးက ကောင်လေးကို မေးတယ်.... ရှင်ကျွန်မကို ကြည့်ပီး ဘာတွေ တွေးနေတာလဲတဲ့..... ကောင်လေးက ကောင်မလေးကို ခင်ဗျားတွေးသလိုတွေးနေတာလို့ ပြန်ဖြေလိုက်တော့ ကောင်မလေးကကောင်လေးကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်ပုံက `ရှင်မိုက်ရိုင်းလှချည်လား
စေတနာရှင်လေး
“မနက်စောစော လူကြီးတစ်ယောက်ကို ကူညီခဲ့တယ် ဖေဖေ”
“စောစောစီးစီး ဘာကူညီခဲ့တာတုန်းသားရဲ့”
“ဘေးခန်းက ဦးလေးကြီး သူအလုပ်သွားတော့ မမီမှာစိုးလို့
အိမ်ကအင်းခွေးကြီးကို ကြိုးဖြည်ပေးလိုက်တယ်။ခွေးလိုက်ဆွဲလို့
အတင်းပြေးတာကြောင့် သူ့အလုပ်ကို ကောင်းကောင်းမီမှာ ကျိန်းသေတယ် ဖေဖေရဲ့”
မိန်းမ နဲ့ ယောက်ျား
လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။
ဖြစ်ပုံက ဒီလို... ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့
...စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။
ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ၀က်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့
ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး ``မင်း အမျိုးတွေလား`` လို့ တင်စီးပြီး
စကားစလိုက်တယ်။
မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ ``ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ`` တဲ့။
ကျဉ်းမြောင်းသော ကမ္ဘာ
"ဒါလင်ရေ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ဘဲနော်။ ဒါလင်ရဲ့
တတိယဇနီးနဲ့ ကျွန်မရဲ့ ဒုတိယ ယောက်ျားတို့ဟာ ဒါလင် ဒုတိယဇနီးနဲ့ ကျွန်မ
ပထမယောက်ျားပိုင် ပင်လယ်ကမ်းစပ်က တိုက်အိမ်မှာ သူတို့ရဲ့
ပျားရည်ဆမ်းခရီးကို ကုန်လွန်ခဲ့တယ်ဆိုဘဲ"

ပြုံးပျော်နိုင်ကြပါစေ
ခင်မင်လျက်
ရသကမ္ဘာ(မိုးထက်အာကာ)

ရယ်ကြရအောင်

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင် ရေပြီးပြီ ” တဲ့။
:)



သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”
ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့ မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။ ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´
စကူပြန်ဖြေသည် `ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´


ချိုသာစွာပြောပါ

လေယာဉ်တစ်စီး ... စက်ချို.ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ခရီးသည်တွေကို အားပေးစကားပြောဖို. လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်း လေး ကိုင်လို. အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး ... အချိုတည်းကြရအောင် ... " တဲ့ ...


ယူမိသည့်တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...


 ပြုံးပျော်နိုင်ပါစေ
ခင်မင်လျက်
ရသကမ္ဘာ(မိုးထက်အာကာ)

ပျော်ရွှင်စေရန်အတွက်နှင့်... အသက်၁၀၀ ကျော်နေနိုင်ဖို့အတွက်...

(၁)  လက်ရှိ အချိန်ကာလကို ခံစားနေထိုင်တတ်ပါ။
(၂)  လှိုက်လှိုက်လှဲလှဲ ရယ်မောပါ။
(၃)  မအိပ်ခင် စာကောင်းကောင်းလေးတွေ ဖတ်ပြီး အိပ်ရာဝင်ပါ။
(၄)  ဂီတ နားဆင်ပါ။
(၅)  စိတ်ရော ကိုယ်ပါ ကစဉ့်ကလျား မဖြစ်ပါစေနဲ့။
(၆)  မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။
(၇)  စိတ်ညစ်စရာ ပြဿနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။
(၈)  တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
(၉)  လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။
(၁၀)  မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။
(တိရိစ္ဆာန်လေးများကို ကြင်နာတတ်ပါစေ)
(၁၁)  ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ ရှိပါစေ။
(၁၂)  လင်းလင်းရှင်းရှင်း၊သန့်သန့်မွှေးမွှေး နေတတ်ပါ။
(၁၃)  လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။
(၁၄) တိတ်ဆိတ် အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။
(၁၅) လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
(၁၆) တစ်ယောက်တည်း နေတတ်ပါစေ။
(၁၇) စိတ်ပါ လက်ပါ လမ်းလျှောက် လှုပ်ရှားမှုပြုပါ။
(၁၈) ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။
(၁၉) ဘာသာတရား ကိုင်းရှိုင်းပါ။
(၂၀) အကောင်းမြင် မေတ္တာထားတတ်ပါစေ။



အသက် (၁၀ဝ) ကျော်နေရဖို့အတွက်…


(၁)   စောစောအိပ်ရာထပါ။
(၂)   အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ဝန်ပိစေပါတယ်။
(၃)   စိတ်မရွှင်မပျ ဖြစ်ရင်အပန်းဖြေခရီးတစ်ခုကိုစိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
(၄) အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
(၅)   မိမိပတ်ဝန်းကျင်မှာ ပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လျောစွာ နေတတ်ပါ။
(၆)   ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။
(၇)   မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊
(၈)   ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
(၉)   နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။
(၁၀)  အစားအသောက်ကို တိုးစားလိုက်၊ လျော့စားလိုက် မလုပ်ပါနဲ့။
(၁၁)  ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။
(၁၂) နှစ်သက်သဘောကျတဲ့ဝါသနာတစ်ခုရှိနေရင်စိတ်တက်ကြွရှင်သန်နေပါမယ်။
(၁၃) သကြား၊အချိုများတဲ့အစားအသောက်ရှောင်ပါ။
(၁၄) အဆီအဆိမ့်များတဲ့အစားအသောက်ရှောင်ပါ။
(၁၅) ထုတ်ပိုးပြုပြင်ထားသောအစားများရှောင်ပါ။
(၁၆) သစ်သီး၊ဟင်းသီးဟင်းရွက်အစိမ်းများများစားပါ။
(၁၇) ရေတွေ၊အရည်တွေများများသောက်ပါ။
(၁၈) တစ်နေ့ငှက်ပျောသီးတစ်လုံးစားဖြစ်အောင်စားပါ။
(ငှက်ပျောသီးကပန်းသီးထက် ခန္ဓာကိုယ်အတွက်ပိုကောင်းပါတယ်)
(၁၉) တတ်နိုင်သမျှအသားစားတာလျော့ပါ။
(၂၀) မိမိရင်ထဲခံစားရတဲ့ဝေဒနာတွေကိုအရင်းနှီးဆုံးလူတွေထံရင်ဖွင့်ပါ။
(၂၁) မိမိအချစ်ဆုံးသူကိုအနည်းဆုံးတစ်နေ့တစ်ခါ “ချစ်တယ်”လို့ဖွင့်ပြောပါ
(အမုန်းတရားတွေပြည့်နှက်နေတဲ့ဆင်ခြင်ကင်းမဲ့သောကမ္ဘာကြီးတွင်
ချစ်မေတ္တာထားခြင်းသည် စိတ်ဖိစီးမှုကိုသက်သာစေပါတယ်
(၂၂) တစ်ပတ်  အနည်းဆုံး (၃)ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း(လမ်းလျှောက်၊ ရေကူး) လုပ်ပေးပါ။
(၂၃)  တစ်ပတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
(၂၄)  ဘဝကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထား ခံစားပါ။
(၂၅)  အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။
(အဆိုးဆုံးကိုသိရှိလက်ခံလိုက်တာနဲ့ကြောက်ရွံ့တုန်လှုပ်စိတ်တွေအတော်များများ
ပျောက်ကွယ်သွားတာ အံ့ဩဖွယ် တွေ့ရမှာပါ)
(၂၆)  ဘဝကို အလဟသ မဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
(၂၇)  တယ်လီဖုန်းတွေက မိမိတို့ဘဝကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
(၂၈)  မိမိစိတ်ကြိုက် ရေးချင်ရာရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်းစာအုပ်ထားပါ။
(၂၉) စိတ်ထိခိုက်ဝမ်းနည်း ဒေါသဖြစ်နေတဲ့အခါကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ
(၃၀) ကြိုက်တဲ့ ရုပ်ရှင်ကြည့်နေလို့၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ ညစာထွက်စားနေလို့ တစ်ခါတစ်ရံ
အိပ်ရာဝင်နောက်ကျတာ ကျပါစေ။
(၃၁)  နေအိမ်မှာ အလင်းရောင် အားကောင်းတဲ့ မီးလုံးမီးချောင်း ရှိပါစေ။
(၃၂)  ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းလျော့သောက်ပါ။
(၃၃)  မိမိကိုယ်ကို မိမိနှစ်သက်သလို ဝတ်စားဆင်ယင်ပါ။
(၃၄)  ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
(၃၅)  ငြီးငွေ့မှု ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
(၃၆)  T.V  အစီအစဉ်ကို ရွေးကြည့်ပါ။ အကြာကြီး မကြည့်ပါနဲ့။
(၃၇)  မိမိရဲ့စွမ်းအားကို လျော့မတွက်ပါနဲ့။
(၃၈)  အများသုံး ရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
(၃၉)  မိမိခန္ဓာကိုယ်က အချက်ပေးတာ နားထောင်လိုက်နာပါ။
(ဆရာဝန်ကိုသာ အားကိုးပုံအပ်ခြင်း မပြုပါနဲ့)
(၄၀)  လေကောင်းလေသန့် များများရှူပးပါ။


ကျနော်.... လဲပျင်းနေတာနဲ့... ပို့စ်ကောင်းကောင်းလေးတစ်ခုလိုက်ရှာတာပေါ့... ကျနော်ဒါကိုတွေ့တာနဲ့ကောက်ယူလာခဲ့တာပါ.... သူငယ်ချင်းတို့အတွက်..သုတရမှာပါ

ခင်မင်လျက်
ရသကမ္ဘာ(မိုးထက်အာကာ)

နေထွက်ချိန်နဲ့ နေဝင်ချိန်အလှပ

ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး.. သူငယ်ချင်း တို့အတွက်... ကျနော်..ရှာရှာဖွေဖွေလေးတင်ပေးလိုက်ပါတယ်.. ပျင်းနေတာနဲ့....
နေဝင်ချိန်နဲ့ နေထွက်ချိန်အလှကို... တင်ပေးလိုက်ပါတယ်...
သူငယ်ချင်းတို့အတွက်လဲ..လိုအပ်ချင်လိုအပ်မှာပေါ့နော်.. :P

ခင်မင်လျှက်
ရသကမ္ဘာ(မိုးထက်အာကာ)

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...