ငါအိုသောအခါ.....
* ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ီၤေပၚ ဖိတ္စင္သြားတဲ့အခါ အက်ီၤ၊လံုခ်ည္ဖို သီဖတ်သီဖြစ်နေတဲ့အခါ
ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်း ကငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
* အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ
ငယ်ငယ်တုန်းက အိပ်ယာဝင် တိုင်းတစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိါတ်တော်တွေ၊ဇာတ်ကြီးဇယ်ဘွဲ့ တွေ
စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကိုသတိရပေးပါ။
* မလှုပ်ရှားနိုင်လို့ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်။ ခြောက်တည့်
လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
* ခောတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်လဲ” ဆိုတဲ့
မေးခွန်းတိုင်းကို စိတ်ရှည်ရှည်နဲ့ ငါပြန်ဖြေခဲ့တာကိုသတိရပေးပါ။
* စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါခွန်အားပါသော လက်တစ်စုံနှင့် ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာ တွေကိုသတိရပေးပါ....။
* တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက
လူ့ဘဝတက်လမ်းအတွက် ငါလမ်းပြခဲ့ သလိုအခုချိန်မှာ ငါ့ဘဝ နောက်ဆုံး အချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်း
မေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ.။
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.