https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 19, 2012

ရယ်ကြရအောင်

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင် ရေပြီးပြီ ” တဲ့။
:)



သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”
ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့ မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။ ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´
စကူပြန်ဖြေသည် `ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´


ချိုသာစွာပြောပါ

လေယာဉ်တစ်စီး ... စက်ချို.ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ခရီးသည်တွေကို အားပေးစကားပြောဖို. လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်း လေး ကိုင်လို. အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး ... အချိုတည်းကြရအောင် ... " တဲ့ ...


ယူမိသည့်တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...


 ပြုံးပျော်နိုင်ပါစေ
ခင်မင်လျက်
ရသကမ္ဘာ(မိုးထက်အာကာ)

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...