https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 19, 2012

ရယ်ကြရအောင် (၂)

ရှင် မိုက်ရိုင်းလှချည်လား´
ပါတီတစ်ခုမှာ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် အချိန်တော်တော်ကြာ တစ်ဦးနဲ့ တစ်ဦး စိုက်ကြည့်ပီးနောက်မှာ ကောင်မလေးက ကောင်လေးကို မေးတယ်.... ရှင်ကျွန်မကို ကြည့်ပီး ဘာတွေ တွေးနေတာလဲတဲ့..... ကောင်လေးက ကောင်မလေးကို ခင်ဗျားတွေးသလိုတွေးနေတာလို့ ပြန်ဖြေလိုက်တော့ ကောင်မလေးကကောင်လေးကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်ပုံက `ရှင်မိုက်ရိုင်းလှချည်လား
စေတနာရှင်လေး
“မနက်စောစော လူကြီးတစ်ယောက်ကို ကူညီခဲ့တယ် ဖေဖေ”
“စောစောစီးစီး ဘာကူညီခဲ့တာတုန်းသားရဲ့”
“ဘေးခန်းက ဦးလေးကြီး သူအလုပ်သွားတော့ မမီမှာစိုးလို့
အိမ်ကအင်းခွေးကြီးကို ကြိုးဖြည်ပေးလိုက်တယ်။ခွေးလိုက်ဆွဲလို့
အတင်းပြေးတာကြောင့် သူ့အလုပ်ကို ကောင်းကောင်းမီမှာ ကျိန်းသေတယ် ဖေဖေရဲ့”
မိန်းမ နဲ့ ယောက်ျား
လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။
ဖြစ်ပုံက ဒီလို... ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့
...စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။
ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ၀က်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့
ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး ``မင်း အမျိုးတွေလား`` လို့ တင်စီးပြီး
စကားစလိုက်တယ်။
မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ ``ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ`` တဲ့။
ကျဉ်းမြောင်းသော ကမ္ဘာ
"ဒါလင်ရေ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ဘဲနော်။ ဒါလင်ရဲ့
တတိယဇနီးနဲ့ ကျွန်မရဲ့ ဒုတိယ ယောက်ျားတို့ဟာ ဒါလင် ဒုတိယဇနီးနဲ့ ကျွန်မ
ပထမယောက်ျားပိုင် ပင်လယ်ကမ်းစပ်က တိုက်အိမ်မှာ သူတို့ရဲ့
ပျားရည်ဆမ်းခရီးကို ကုန်လွန်ခဲ့တယ်ဆိုဘဲ"

ပြုံးပျော်နိုင်ကြပါစေ
ခင်မင်လျက်
ရသကမ္ဘာ(မိုးထက်အာကာ)

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...