မိန်းကလေးဆိုတာ..
၁။ ငါငိုရင် နင်မှားတယ်၊ မမှားတယ်ဆိုတာ အသာထား။ ယောကျာင်္းလေးပီပီ အရင်လာချော့ပါ။
၂။ ငါ မင်းကို ရစ်နေတယ်၊ ရှုပ်နေတယ်ဆိုတာက မင်းကို ပိုဂရုစိုက်စေချင်လို့ပါ။
၃။ တစ်ခါတစ်လေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးဝတ်လာပါ။
၎။ ငါက အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်။ နူးညံသိပ်မွေ့တယ်လို့ပြောတာတော့
ကြားချင်တာပေါ့...။
၅။ ငါတို့နှစ်ယောက် ချစ်သူဖြစ်တဲ့ရက်၊ ထူးခြားတဲ့ ရက်၊ အသိအမှတ်ဖြစ်တဲ့ ရက်၊ မွေးနေ့တွေကိုတော့ မင်းသိသင့်တယ်။
၆။ တစ်ခါတစ်လေ အိပ်ခါနီး ဖုန်းလေးတစ်ချက်လောက်ဆက်ပါလား၊ ဖုန်းပြောပြီးမှ အိပ်သွားရတာကလည်း
ငါတို့ကြည်နူးစရာပါ။
၇။ မင်းချောဖို့၊ ရုပ်ဖြောင့်ဖို့ မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် ကိုယ့်စတိုင်နဲ့ ကိုယ်နေရင် ကျေနပ်ပါတယ်။
၈။ ငါ့သူငယ်ချင်းတွေကို မင်းလက်ခံနိုင်အောင် ကြိုးစားပါ။
၉။ နှစ်ယောက်သားချိန်းတွေ့တဲ့အခါ မှာ ငါက ဘယ်သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့ မပြောပါနဲ့။ အဲဒါက
အလိုလိုက်တာမဟုတ်ဘူး။ ငါနဲ့ချိန်းတွေ့တာကို စိတ်မပါသလို ငါခံစားရလို့ပါ။
၁၀။ မိန်းကလေးသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး မဆတ်ဆံပါနဲ့။ ချစ်သူရှိကြောင်း ပြောပြီး စည်းလေးတစ်ခုနဲ့ နေပါ။
၁၁။ ငါ့မှာ ယောကျာင်္းလေးသူငယ်ချင်းတွေတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့
မဟုတ်ပါဘူး။ တံတိုင်းနဲ့ ခြားထားတာပါ။
၁၂။ ငါလည်း ရည်းစားဟောင်း၊ အချစ်ဦး၊ ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တစ်ခါတစ်လေ သတိရမိတာပေါ့။
ကလေးတုံးကမို့ သတိရပြီးသဘောကျမိသွားတာပါ။ အခုကစပြီး နောင်ကို ဆတ်ချစ်သွားမှာကတော့ မင်းကိုလေ။
၁၃။ ငါ့ကို ချစ်တယ်လို့ မကြာခဏပြောပေးပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။
၁၄။ ငါစိတ်ဆိုးလို့ ငါ့ကို နောက်လာမရှာနဲ့၊ ဖုန်းမဆတ်နဲ့လို့ ပြောနေတာက မင်းကို လာရှာခိုင်း ၊
ဖုန်းဆတ်ခိုင်းတာပါ။
၁၅။ ငါတို့ တွဲလာတာကြာပြီဆိုပေမဲ့ မင်းဆီက မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီက လိုချင်တာပါဘဲ။
၁၆။ shopping ထွတ်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ ဒါကို အပြစ်မပြောနဲ့။ တစ်ခါတစ်လေမှာ
ငါ့ကိုခေါ်ပြီး လိုက်ဝယ်ပေးပါလား။
၁၇။ ငါကြိုက်တယ်လို့ပြောတဲ့ အရာတွေအားလုံးဝယ်ပေးစရာမလိုဘူး။ အမှတ်တရဖြစ်စေတဲ့ နေ့တွေမှာ တစ်ခုနှစ်ခု
လောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ ငါအတွက် ရှိနေတာ သိရင် လုံလောက်ပါတယ်။
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.