https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Jul 7, 2013

သက်ဝင်ပန်းချီ

ကမ္ဘာအတော်ဆုံး လူ့ခန္ဓာကိုယ်ပေါ်မှာ ပန်းချီဆွဲနိုင်သူအဖြစ် သတ်မှတ်ခံထားရသူ Johannes Stoetter မှ သဘာဝဆန်ဆန် ပန်းချီများကို လူသားများဆီမှာ ဖန်တီးပြီး ဆွဲသားထားပါတယ်...။
အသက် (၃၅) နှစ် ရှိသည့် Johannes ဟာ ပန်းချီကားများကို ပန်ချီးဆွဲသည့် canvas ပေါ်မှာ ဆွဲသားရာမှ လူသားတို့က အရေအပြားပေါ်မှာ ဆွဲသားရန် စိတ်ကူးရရှိခဲ့ပါတယ်။

ထိုသို့ လက်ရာပြောင်မြှောက်သည့် ပန်းချီကားများ ဆွဲသားရန် အချိန် (၅) လ ကြာအောင် လေ့ကျင့်ခဲ့ရပါတယ်။
အီတလီနိုင်ငံသား Johannes ဟာ အချိန်အားဖြစ် (၂၀၀၀) ခုနှစ် ၊ သူ့အသက် (၂၃ )နှစ်အရွယ် ချိန်လောက်က စပြီး လူသားအရေးပြားပေါ်တွင် ပန်းချီဆွဲဖို့ စိတ်ကူးရရှိလာပြီး စတင်ဖန်တီးခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။
ထို့နောက် သူဟာ သူ့စိတ်ကူးကို အကောင်အထည်ဖော်ရန် စိတ်ဓာတ် တက်ကြွခဲ့ပြီး အရောင်၊အသွေးစုံလင်သည့် ပန်းချီကားများကို ပုံစံကွဲပြားသည့် လူများ၊ ပုံစံကွဲပြားသည့် အရောင်အသွေး၊ပုံစံကွဲပြားသည့် လှုပ်ရှားမှု သဏ္ဍန်များဖြစ် စတင်ကာ ဖန်တီးခဲ့ပါသည်..။
ထိုပန်းချီကားများ ဖန်တီးရာတွင် သူ့အတွက် ငွေကြေးတစ်စုံတရာ ရရှိရန် မျှော်လင့်ချက် မရှိသောလည်း သူ့ဝါသနာ ၊ သူ့စိတ်ကူး တို့ကို နှစ်သက်စွာ ဖန်တီးလိုသည့် ဆန္ဒနှင့်သာ ဖန်တီးခဲ့ပါသည်...။
Johannes ဖန်တီးခဲ့သည့် သဘာဝ ပန်းချီများကို ဆက်လက်ရှုစားကြပါစို့....။

ပထမဦးဆုံး အဖြစ် သစ်ရွက်ပုံရိပ်များ ပန်းချီကားကို ရှုစားနိုင်ပါတယ်ရှင်..။ ရွက်ကြွေတောမှာ လွှင့်မျောနေသည့် လူသားတစ်ဦးအား ရွက်ကြွေများနှင့် မခြား ဖန်တီးခဲ့ပါသည်။

ဒုတိယ အနေဖြစ် ညအချိန်မှာ ကျက်စားတတ်သည့် ဇီးကွက်၏ အလှကို ဇီးကွက်တစ်ကောင်အလား ဖန်တီးခဲ့ပါသည်။ ထိုပန်းချီကားကို (၈) နာရီကြာ ဆွဲသားခဲ့ရပါတယ်လို့ Johannes က ဆိုပါတယ်။

တတိယ အနေဖြစ် ပွင့် ချပ် ၊ ပွင့်လွှာတွေရဲ့ သဏ္ဍန် ပန်းချီကားများကို ဖန်တီးရေးဆွဲခဲ့ပါသည်။

ထို့နောက် ပင်စည်တစ်ခု၏ အရင်းမြင့်တစ်ခုကို စိတ်ရှည်လက်ရှည် ရေးသားခဲ့သူပါ။ အချိန်ကြာကြာ လေ့လာခဲ့သည့် သူ၏ ပန်းချီကားများမှာ အံ့မခန်းပါပဲ။

နာနတ်သီးလေးကလဲ မူရင်းတိုင်းလိုပါပဲ။

ဆူးတွေကြားမှ သဘာဝအလှ

ဟောဒီ အစိမ်းရောင်ဖားလေးကိုတော့ လူ (၅) ယောက်ဖြစ် စုပေါင်းထားပြီး ဆွဲထားရပါတယ်။ ရုတ်တရက်သာ ကြည့်မည်ဆိုလျှင် လူ (၅) ဦးစုပေါင်းထားသည့် အနုပညာနှင့် မတူပဲ အရွက်ပေါ်က ဖားဟုသာ မြင်ယောင်ဖွယ်ရှိခဲ့ပါသည်။

လူသားနှင့် မြွေ ဘယ်က စပြီး ဘယ်မှာ ဆုံးခဲ့ပါသလဲ..။

နံရံထဲက လူသား

ဒါလေးက သူ (၂၀၀၀) ခုနှစ်မှာ ပထမဦးဆုံး ဆွဲသားသည့်သည့် ပန်းချီပါ။

အရောင်အသွေး ခွဲခြားမှုက သဘာဝ အသီးရောင်အတိုင်း ဆွဲသားခဲ့တာပါ။

Johannes ဟာ သူ့ရဲ့ ပန်းချီကားများအတွက် နှလုံးသားတံခါးကို ဖွင့်ပြီး နှလုံးသားအပြည့်နှင့် ဆွဲခဲ့သူပါ။
အထမဦးဆုံး အနေနှင့် body painting world championship (၂၀၀၉) မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲမှာပဲ ပဉ္ဇမကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ထိုအချိန်မှစပြီး သူရဲ့ အနုပညာစိတ်များဟာ ပိုမိုတက်ကြွလာကာ အစဉ်မပြတ် ကြိုးစားမှုများကြောင့် (၂၀၁၂) ခုနှစ်မှာ ပထမနေရာကို ရရှိခဲ့သူဖြစ်ခဲ့ပါတယ်။
သူ့အတွက်တော့ အံ့မခန်း ပျော်ရွှင်မှု ဖြစ်ခဲ့ပါတယ်လို့ သူက ဆိုခဲ့ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဆွဲခဲ့သည့် ပန်းချီကားများဟာ အထူးတကာ့ အထူးဆုံး ပန်းချီကားများပါပဲ..။ ဘာကြောင့် ဆိုတော့ သူတို့တွေက အခြားပန်းချီကားများကဲ့သို့ ငြိမ်သက်နေခြင်းမဟုတ်ပဲ လှုပ်ရှားမှုတွေနှင့်အထူ ဖန်တီးနိုင်ပါတယ်။ ကားဗတ်ပေါ်မှာ ဆွဲတာနှင့်အတူပဲ နူးညံ့နွေးထွေးတဲ့ အသားပေါ်မှာ ဆွဲရသည့်အတွက် ပိုပြီးလဲ နှစ်သက်ဖွယ်ကောင်းပါတယ်။
သူရဲ့ စိတ်ကူးစိတ်သန်း အများစုက သဘာဝတရားအပေါ်ခံစားပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တယ်လို့ သူက ဆိုပြန်ပါတယ်။
သူက သဘာဝရဲ့ လျို့ဝှက်ချက် အလှတွေကို နှစ်သက်စွာ ခံစားရင်း သူ့ရဲ့ ပန်းချီဆွဲခြင်း အတတ်နှင့် ပေါင်းစပ်ကာ မြတ်နိုးစွာ ဆက်လက်ဖန်တီးနေမှာပါသု ဆိုခဲ့သူပါ။


လူတစ်ယောက်မှာ အရှုံးတွေများရင်ဘာလုပ်မှာလဲ


တစ်ကြိမ်အောင်မြင်ရင် ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast-food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်ဒါပေမယ့်ကုမ္ပဏီအမှတ်တံဆိပ်နဲ့ပတ်သက်ပြီးအမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။

"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။

Credit- နိုင်းနိုင်းစနေ

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...