https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 14, 2012

စိတ်ဆိုးပြေအောင်

အခု ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဆိုးပြေအောင် အဆောင်ဆောင်သွားရတဲံ အကြောင်းပါ။
ကိုယ်ကို လူတစ်ဦးတစ်ယောက်က စိတ်ဆိုးနေတယ် ဆိုရင်ဘယ်လို လုပ်မလဲ။ စိတ်ဆိုးတယ် ဆိုတဲ့ လူတွေကလည်း
အမျိုးမျိုးရှိတယ်နော်။ ဥပမာ ကိုယ်မိဘက စိတ်ဆိုးတယ် ။ နောက်ပြီးကိုယ့်ယောက်ျား/ ကိုယ့်မိန်းမက စိတ်ဆိုးတယ်။
ကိုယ့်သူငယ်ချင်းကစိတ်ဆိုးတာလဲ ဖြစ်နိုင်တာပေါ့။ ကိုယိ့ရီးစားလည်း တစ်ခါတလေ စိတ်ဆိုး စိတ်ကောက်တတ်တာ
ပဲလေ။ ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။



ထားလိုက်တော့....အခုပြောချင်တာက ကိုယ်ကို လူတစ်ဦးတစ်ယောက်က စိတ်ဆိုးနေပြီဆိုရင် ကိုယ်ကလဲ သူနဲ့

သွားတွေ့ရမယ့် ကိစ္စရှိနေတယ်ဆိုရင် ကဲဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်ဗျာ။ ဒီလိုအဆောင်လေးတွေ ဆောင်ပြီး
သွားတွေ့လိုက်ပါ။ မိတ်ဆွေတို့ကို စိတ်ဆိုးနေတဲ့ သူတွေချက်ချင်းစိတ်ဆိုးပြေသွားပါလိမ့်မယ်။




တနင်္ဂနွေသားသမီး စိတ်ဆိုးပြေစေရန်... ၀ါးမြစ်လက်တစ်ဆစ်ကို ဆောင်ပြီးသွားတွေ့ပါ။

တနင်္လာသားသမီး စိတ်ဆိုးပြေစေရန်.... ပိတောက်မြစ် လက်တစ်ဆစ် ဆောင်သွားတွေ့ပါ။

အင်္ဂါသားသမီး စိတ်ဆိုးပြေစေရန်... သီဟိုဠ်မြစ် လက်တစ်ဆစ်ကို ဆောင်ပြီးသွားတွေ့ပါ။

ဗုဒ္ဒဟူးသားသမီး စိတ်ဆိုးပြေစေရန်.... ထန်းမြစ်လက်တစ်ဆစ် ဆောင်သွားတွေ့ပါ။

ကြာသပတေးသားသမီး စိတ်ဆိုးပြေစေရန်... အုန်းမြစ်လက်တစ်ဆစ်ကို ဆောင်ပြီး သွားတွေ့ပါ။

သောကြာသားသမီး စိတ်ဆိုးပြေစေရန်.... ကံ့ကော်မြစ် လက်တစ်ဆစ် ဆောင်သွားတွေ့ပါ။

စနေသားသမီး စိတ်ဆိုးပြေစေရန်... ဇီးမြစ်လက်တစ်ဆစ်ကို ဆောင်ပြီးသွားတွေ့ပါ။

present software ရဲ့ ကုဒ်


ကျနော့မှာတင်ထားတဲ့.. present software ရဲ့..ကုဒ်ကိုတင်ပေးလိုက်ပါတယ်..


လိုအပ်ရင်ယူသွားပါ...။

<div style="border: 9px ridge rgb(96, 214, 243); overflow: scroll; height: 150px; width: 140px;"><script src="http://h1.flashvortex.com/display.php?id=2_1352780921_20152_242_0_182_210_6_1_96" type="text/javascript"></script>
</div>

လူတို့၏ အညစ်အကြေး (၉) မျိုး

မြန်မာရှေးဟောင်း ကျမ်းဂန်များတွင် ပါရှိသည့်
လူတို့ဧ။် အညစ်အကြေး (၉)မျိုး
၁။အမျက်ထွက်ခြင်း ၊
၂။ကျေးဇူးမသိတတ်ခြင်း ၊
၃။ငြူစူမနာလိုခြင်း၊
၎။သ၀န်တိုခြင်း ၊
၅။လှည့်ပတ် ဖြားယောင်းခြင်း၊
၆။စဉ်းလဲကောင်ကျစ်ခြင်း၊
၇။လိမ်ညာပြောဆိုခြင်း ၊
၈။မတရားလိုချင်ခြင်း ၊
၉။ မှားသောအယူရှိခြင်း ၊

ထို(၉)ပါးကို ရှောင်နိုင်မှသာလျှင် လူမွန်လူမြတ် ဖြစ်သည်။

ကိုယ့်ဘလော့မှာ Poll လုပ်ရအောင်..

 မမြင်ရလျှင်...ပုံကိုကလစ်လိုက်ပါ..
ကျနော်ပေးထားတဲ့အတိုင်းအဆင့်တွေနဲ့သွားလိုက်ပါ.....
http://pollcode.com/ ဒီထဲကိုဝင်သွားလိုက်ပါ......

မှတ်ချက်၊ ချက်ဘောက်တွင်တောင်းဆိုထားသောကြောင့်တင်ပေးလိုက်ပါသည်...။

ဘုရင်ကြီးရဲ့နတ်ဝတ်ပုဆိုး

ဘုရင်ကြီးနှင့် နတ်ဝတ်ပုဆိုး
===================
ရှေးအခါက ဘုရင်တစ်ပါးကို အခြားနိုင်ငံတစ်ခုက စစ်ရေးအရ ကြောက်ရွှံ့တာ ကြောင့် သံတမန်များ စေလွှတ်ကာ အလွန် တန်ဘိုးရှိသော ၀တ်လဲတော် ပိုး ပုဆိုး ကို ဆက်သစေပါတယ်။ ဘုရင်ကြီးက ၀တ်လဲတော် ပိုးပုဆိုး ကို လက်ခံ ရယူရန် သံတမန် အဖွဲ့ကို အခစားဝင်စေ ပါတယ်။ မ ဆက်သ ခင် ၀တ်လဲတော် ပိုးပုဆိုး အခိုးခံလိုက်ံရပါတယ်။ သံတမန်အဖွဲ့ က လည်း ၀တ်လဲတော် ပိုးပုဆိုး အခိုးခံရတာ မသိတဲ့အတွက်ကြောင့် ဘုရင်ကြီး ထံကို လက်ဆောင် သေတ္တာ ဆက်သ လိုက်ပါတယ်။
ဘုရင်ကြီးလည်း လက်ဆောင် ကို ကြည့်ရှု့လိုတာ ကြောင့် သံတမန်ကို လက်ဆောင် သေတ္တာ ဖွင့်ခိုင်း ပါတယ်။ သံတမန်က လက်ဆောင် သေတ္တာကို ဖွင့် ကြည့်လိုက်တော့ သေတ္တာထဲမှာ ဘာမှ မရှိတာကို တွေ့ရတော့ ကြောက်ရွှံ့တုန်လှုပ် သွားတာပေါ့။ သံတမန် က အသက်ဘေးကို ကြောက်ရွှံ့ လို. ဖြတ်ထိုးဥာဏ် သုံးပြီး ``ဘုန်းကံကြီးပြီး ဥာဏ် အမြှော် အမြင် နဲ.ပြည်.စုံတော်မူသော အရှင် ဘုရင်ကြီး ဘုရား´´ `` ဤပုဆိုးဟာ နတ်ဝတ်ပုဆိုး ဖြစ်ပြီး ဘုန်းကံကြီးသူနဲ့ ပညာရှိများ သာမြင်နိုင်ပါတယ်´´ ``ဘုန်းကံနိမ့်သူ၊ ပညာမဲ့ လူမိုက်များ မမြင်နိုင်ပါဘူး´´ လို့ လျှောက်တင်ပြီး ဘာမှမရှိတဲ့ သေတ္တာကို ဆက်သ ပါတယ်။ ဘုရင်ကြီး လည်း ဘာမှမရှိတဲ့ သေတ္တာကို ကြည့်ပြီး စဉ်းစားကာ ``အင်း..ဒီပုဆိုးကို ငါမမြင် ရဘူး ဆိုလျှင် ငါက ဘုန်းကံနည်းသူ ပညာမဲ့ လူမိုက် ဖြစ်တော့မယ်။ ပြီးတော. ဘာမှမရှိ တဲ.ဒီသေတ္တာ အလွတ်ကြီးကို မဆက်သလောက်ဘူး။ ပုဆိုး တကယ် ရှိ မရှိ သိရအောင် အထက်မြတ်ဆုံးနဲ့ ဥာဏ်ပညာ ပြည့်စုံ တဲ့ အမတ်ချုပ်ကြီး ကို အကူအညီ တောင်းမှဘဲ ´´ဟု စဉ်းစားပြီး ``ဟဲ့ အမတ်ချုပ်ကြီး ငါကိုယ်တော် အတွက် ဆက်သတဲ့ နတ်ဝတ်ပုဆိုးက လှရဲ့လားကွဲ့ ´´ဆိုပြီး မေးတော်မှု ပါသတဲ့။
အ မတ်ချုပ်ကြီးလည်း ဘာမှမရှိတဲ့ သေတ္တာ ကြည့်ပြီး ဆင်ခြင်သုံးသပ်ဥာဏ်နဲ့ စဉ်းစား သတဲ့ ``အခြားတိုင်းပြည်က သံတမန်တွေကတော့ သူတို့အသက်တွေကို စွန့်ပြီး ဘာမှမရှိတဲ့ ပုဆိုး ကို မဆက်သလောက်ဘူး။ နောက်ပြီး ဘုရင်ကြီး လည်း ဘာမှမရှိတဲ့ ပုဆိုးကို လှရဲ့လားလို့ မေးမှာ မဟုတ်ဘူး။ ဒီပုဆိုးကို ငါမမြင်ရဘူး ဆိုရင် အမတ်ချုပ်ကြီး လုပ်ပြီး ပညာမဲ့သူ လူမိုက် ဖြစ်တော့မယ်။ မှားယွင်း သွားရင်လည်း အသတ် ခံရနိုင်တယ်။ သေချာအောင် မူးမတ် ဗိုလ်ပါ တွေကိုပါ မူးမတ် အပေါင်း တို့ ဘုရင်ကြီးထံ ဆက်သတဲ့ နတ်ဝတ်ပုဆိုး လှရဲ့လားကွဲ့´´ ဆိုပြီး မေးပါတယ်။
မူးမတ် ဗိုလ်ပါတွေ လည်း ငါတို.ကိုးကွယ်တဲ. ဘုရင်ကြီး လည်း မြင်တယ်၊ ပညာရှိအမတ်ချုပ်ကြီးကလည်း မြင်တယ် ရိုးရာ အစဉ် အလာအရ ဘုရင် နဲ. အမတ်ချုပ် က လှတယ်ဆိုရင် အားလုံး က လိုက်ခေါင်းညိမ်. ရတဲ.ခေတ်ဆိုတော. နတ်ဝတ် ပုဆိုး တကယ်ဖြစ် နိုင်တယ်။ ပြီးတော. မမြင်ရဘူးဆိုရင် အားလုံး ပညာမဲ.သူ လူမိုက် ဖြစ်တော.မယ်။´´ဒါ.ကြောင်. အားလုံးတညီ တညွတ် ထည်း ပညာမဲ့သူ လူမိုက် မဖြစ် လိုတာကြောင့် ``နတ်ဝတ် ပုဆိုး တကယ် လှပါတယ်´´ လို.ဘဲ ဖြေကြား ကြပါတယ်။
ဘုရင်ကြီး လည်း သူ လေးစားသူ ပညာရှိ အမတ်ချုပ်ကြီး လည်း ထောက်ခံ၊ မူးမတ်ဗိုလ်ပါ လူအများကလည်း ထောက်ခံတော့ ဒါဟာ နတ်ဝတ်ပုဆိုး အစစ်အမှန်ဘဲ လို့ ယူဆပြီး ဒီလောက် လှပတဲ့ နတ်ဝတ်ပုဆိုးကို ၀တ်ဆင်ပြီး ပြည်သူအများ ကြည့်ရှု့နိုင်ရန် မူးမတ်တွေနဲ့ တိုင်းခန်း လှည့် လည်ရန် ဆုံးဖြတ်လိုက်ပါသတဲ့ကွယ်။
အဲဒီလိုနဲ့ ဘုရင်ကြီးက နန်းတော် အပြင်ထွက်ပြီး တိုင်းခန်း လှည့်လည်ပါလေရော။ ဘုရင်ကြီး ကြွချီလာပြီ ဆိုတော့ တိုင်းသူပြည်သားတွေ လည်း မြေကြီး ပေါ်မှာ ပြားပြားဝပ် ခစားကြတာပေါ့ တိုင်းပြည် တိုင်းကိုစစ် အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ဆိုတော့ မော်ဖူးဘို့ တောင် မ၀ံ့ဘူးပေါ့။ အဲဒီ အချိန်မှာဘဲ ဂွေ လိမ့်ကစားနေ တဲ့ ခလေး တစ်ယောက်က ဘုရင်ကြီး ကို မတွေ့ဘူးတာနဲ့ လာကြည့်ပါတယ်။
ခလေးဆိုတာ ဖြူစင်တော့ မြင်တာကို မြင်တဲ့ အတိုင်းမှန်ရာ ကို ပြောတော့တာ ပေါ့။
သြော် ဘုရင် ဆိုလို့ မမြင်ဘူးလို့ လာကြည့်တာ ဘုရင်ဆိုတာ ငါတို့ နဲ့ အတူတူပါဘဲ ဆိုပြီး လက်ညိုးထိုး ရယ်နေပါတော့တယ်။

ရသ(၉)ပါးဆိုတာ

ရသ(၉)ပါးဆိုတာ ....
၁။ သိင်္ဂါရ ရသ = ချစ်ခင်ခြင်း ။
၂။ဟဿ ရသ = ရယ်ရွှင်ခြင်း ။
၃။ကရုဏာ ရသ =သနားကြင်နာခြင်း ။
၎။ရုဒ္ဒ ရသ = ကြမ်းကြုတ်ခက်ထန်ခြင်း ။
၅။ဝီရ ရသ =ရဲရင့်ခြင်း ။
၆။ဘယာနက ရသ =ကြောက်ရွံ့ခြင်း ။
၇။ဝိဘစ္ဆ ရသ = စက်ဆုတ်ခြင်း ။
၈။အဗ္ဘုတ ရသ = အံ့သြခြင်း ။
၉။သန္တ ရသ = ငြိမ်းအေးခြင်း ... နဲ့ (မိဘ၏အချစ်ဟူသော ၀စ္ဆလျ "၀စ္ဆလ" ရသကို ထည့်၍ ရသ(၁၀)ပါး ဟုလည်း ဆိုပါသည်။)
                                                 
                     အချုပ်အားဖြင့်တော့ ရသ(၉)ပါး ဟု မှတ်ယူပါ....။
ဘာစာပဲရေးရေး....... ဘာပိုစ့်ပဲရေးရေး..... အဲဒီပို့စ်တစ်ခုထဲမှာ.. ရသ ၁ ပါးတော့..ပါမှာပါ..။

သရဲဆိုတာ

ကျွန်တော်ကြားဖူးသော သရဲ အခြောက်ခံရသောပုံပြင်တစ်ပုဒ် ကိုပြောပြပါမည်.....(ကိုယ်တွေ့ ဖြစ်ရပ်မှန်)


တစ်လောက..Taxi စီးရင်း..Driver ဦးလေးကြီးက..သူသရဲခြောက်ခံရတဲ့. အကြောင်းကိုပြောပြတယ်..အဲ့နေ့က..
ည ၁၀နာရီလောက် ရှိရောပေါ့ကွာ...မင်္ဂလာဒုံဘက်ကို ရောက်နေတာ..ဦးက..မြို့ထဲပြန်မှာ....ကားပြန်အပ်တော့မယ်
ပေါ့ကွာ..တစ်ခေါက်ပီးရင်တော့.



အဲ့ချိန်မှာ...မိန်းမတစ်ယောက်တားတယ်....ဆံပင်ရှည်ကိုဖားလျားချထားတယ် အင်္ကျီကလဲ..အဖြူရောင်ကွာ..ခါးရှည်ပေါ့
ပြောတဲ့နေရာကလည်း..လမ်းကြုံနေတယ်...နဲနဲပဲဝင်ရမှာ..တက်ခိုင်းလိုက်တာပေါ့ကွာ..ကားထွက်တော့မှ...ကြက်သီး
တွေက တစ်ဖြန်းဖြန်း...ထလာတယ်...



သူရဲမများလား မသိဘူးဟ...နောက်ကနေ..ဂုတ်ချိုးပြီးသတ်ရင်တော့..အခက်ဟ..ဆိုပြီး..လန့်လာရော..Back မှန်က..
ကြည့်တော့လည်း..ငြိမ်လို့..ဆံပင်တွေကလည်းလွင့်လို့...ငါလည်းအသက်တောင်ကောင်းကောင်းမရှူရဲဘူးကွာ..
အဲ့လို့နဲ့...သူပို့ခိုင်းတဲ့ လမ်းရောက်ပါလေရော..ခွေးတွေကလည်း...အဲ့ချိန်...အူချက်ကွာ....မရပ်တော့ဘူး...အိမ်က.
မြင်နေရပြီ..ငါလည်း...လျှောက်ပြောရတာပေါ့...လမ်းထဲဝင်ရင်...ကားက..ထွက်လို့မရလောက်ဘူး..ဘာညာနဲ့...



အဲ့ဒါနဲ့...အတင်းတောင်းပန်ပီး...လမ်းထိပ်တင်ရပ်ပေးလိုက်တယ်..ပိုက်ဆံမယူတော့ဘူး..ပြောတာကို..အတင်းပေး
သွားသေးတယ်...ထူးဆန်းပုံက..ဆင်းဆင်းချင်းတင်..အသံမကြားပဲ..ပျောက်သွားတာ...တစ်သက်နဲ့တစ်ကိုယ်ကွာ..
မကြုံဖူးဘူး..နောက်တံခါးကလဲ..မပိတ်သွားဘူး...



အဲ့ဒါနဲ့..ဘုရားစာတွေ..ရွတ်ပြီး.... ကားတံခါးကို..ဖွင့်လိုက်တယ်..ဆင်းပြီး..သွားပိတ်မယ်ပေါ့..ကားပေါ်ကဆင်းလိုက်
တဲ့အချိန်မှာ...စဉ်းစားမိတယ်...ပြန်လှည့်လာရင်တော့ သေပြီလို့......အဲ့ချိန်ဗြုန်းဆို...ခြေထောက်ကို..လက်အေးအေးကြီး
တစ်ဖက်ကလှမ်းဆွဲတယ်.. ငါလည်း....လှမ်းကြည့်တော့..ဟိုမိန်းမ..ခေါင်းကြီး...ငါ့ခြေထောက်နားမှာလေ...အားပါးပါး
ဆံပင်မှာလည်း..ရေတွေ..ရွှဲလို့..ငါတော့..မြတ်စွာဘုရားကို..အာရုံပြုလိုက်တယ်..ငါတော့...သွားပြီလို့...



အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်........
"နောက်ဆို..မြောင်းဘေးမှာ..ကား..မရပ်ပါနဲ့..ဦးလေးရယ်.."..တဲ့.

နုပျိုစေမည့် လျှို့ဝှက်ချက် သုံးရပ်

နုပျိုစေမည့် လျှို့ဝှက်ချက် သုံးရပ်
*********************

အသားအရေ နုပျိုတင်းရင်းစေဖို့အတွက် မျိုးဗီဇကလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။ အရေးပါတဲ့ နောက်တစ်ချက်
ကတော့ ဘဝနေထိုင်စားသောက်မှု ပုံစံပဲဖြစ်ပါတယ်။



လျှို့ဝှက်ချက် (၁)
အရေးကြောင်း ကင်းဝေးဖို့ လျှို့ဝှက်ချက် တစ်ခုက နေရောင်ခြည်ဒဏ်ကိုတိုက်ရိုက် မထိတွေ့အောင် ရှောင်ရှားဖို့ပဲ ဖြစ်
ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာ ခရင်မ်ကို အမြဲ လိမ်းပေးဖို့ လိုပါတယ်။ တိမ်ထူတဲ့ နေ့ရက်တွေမှာတောင်
အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားကို ထိခိုက်စေနိုင်တာ
ကြောင့် အရေးကြောင်း ပါးပါးထင်တာနဲ့ ပါးရေတွန့်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နေရောင်ကာ ခရင်မ်ကို လိမ်းတဲ့အခါ
မှာ မျက်နှာကိုသာမက လည်ပင်းကိုပါ လိမ်းပေးဖို့ လိုပါတယ်။




လျှို့ဝှက်ချက် (၂)
အရွယ်တင်နုပျိုဖို့အတွက် ဒုတိယ လျှို့ဝှက်ချက်ကတော့ စီးကရက်နဲ့ အရက်ကိုရှောင်ဖို့ပဲ ဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်
ခံရတာက အသားအရေအတွက် အဓိကရန်သူဖြစ်ပြီး ဆေးလိပ်သောက်တာက အရေးကြောင်း ဖြစ်စေတဲ့ ဒုတိယ
အကြောင်းရင်းပါ။ ဆေးလိပ်သောက်တာ နှစ်ပေါင်းများစွာ ကြာလာရင်နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်း ထင်နိုင်ခြေ
များပါတယ်။ အကြောင်းကတော့ စီးကရက်မီးခိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြား အသစ်ပြန်ဖြစ်တဲ့ သဘာဝ ဖြစ်စဉ်ကို
အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဆဲလ်ဟောင်းတွေ ပျက်ပြီး ဆဲလ်သစ်တွေအစားထိုးတဲ့ ဖြစ်စဉ် လျော့နည်းတာကြောင့်
အရေပြား ထိခိုက်ပျက်စီးရတာ ဖြစ်ပါတယ်။


အယ်လ်ကိုဟောကလည်း အရေပြားရဲ့ အစိုဓာတ်တွေကို ယုတ်လျော့သွားစေပြီး ရေဓာတ် ခန်းခြောက်ကာ နုပျိုတဲ့
တောက်ပမှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အစိုဓာတ်ဟာ အရေပြားဆဲလ်တွေကို တင်းရင်းစေပြီး ကျန်းမာလှပစေပါတယ်။
တစ်နေ့မှာ ဝိုင်တစ်ဖန်ခွက် သောက်တာက အသားအရေကို မထိခိုက်စေပေမယ့် ပုံမှန် အလွန်အမင်း သောက်နေရင်
ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်မှ၊ အရက်သောက်မှ အပန်းပြေတယ်လို့ ခံစားရရင် လေ့ကျင့်ခန်း လုပ်တာကို
အစားထိုး ဆောင်ရွက်ကြည့်လိုက်ပါ။ သင့်အသားအရေက ပိုမိုကြည့်ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ အကြောင်း
ကတော့လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းစေပြီး အသားအရေကို ကြည့်ကောင်းစေပါတယ်။




လျှို့ဝှက်ချက် (၃)
အသားအရေ နုပျိုတင်းရင်းစေဖို့ တတိယ လျှို့ဝှက်ချက်က သင့်ပန်းကန်ပြားပါ။ သင်စားတဲ့ အစာထဲမှာ အင်တီအောက်
ဆီးဒင့် များများပါတဲ့ အစာတွေ ပါဝင်နေရင် အသားအရေက ပိုမိုလှပ ကြည့်ကောင်းနေပါလိမ့်မယ်။ အဖြူရောင် သကြား
တွေကိုလျှော့စားပြီး လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင်နဲ့ အနီရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
လက်ဖက်စိမ်း လက်ဖက်ရည် ဒါမှမဟုတ် ရေကို များများသောက်ပါ။ ဒီလို စားသောက်တာက အရေပြားကို အိုမင်းစေတဲ့
ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်တာကြောင့် အသားအရေမှာအရေးကြောင်းကင်းပြီး နုပျိုတင်းရင်း
လှပစေပါတယ်။

သင့်ဘဝအတွက်..အောင်မြင်မည့် ထိပ်တန်းနည်းပညာ

ဘဝတစ်လျှောက်လုံး မှတ်ဉာဏ်ကောင်းပြီး ထက်မြက်ချင်ပါသလား။ အောက်ပါ အပြုအမှုတွေဟာ အသက်ကြီးပြီး
ဉာဏ်ကောင်းနေသူ တွေကို အဘက်ဘက်ကနေ သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။



၁။ အသစ်အဆန်းများကို လေ့လာပါ။
ဘဝတစ်လျှောက်လုံး ပညာရပ်အသစ်တွေကို လေ့လာနေတာဟာ ဘဝရဲ့ နောက်ပိုင်းအချိန်တွေအထိ ဦးနှောက်ကို
ထက်မြက်နေ စေပါတယ်။ ဦးနှောက်ကို စိန်ခေါ်ပြီး လေ့လာတာဟာ သင်ယူနိုင်စွမ်းကို လှုံ့ဆော်ခြင်း၊ ဦးနှောက်အာရုံ
ကြော ထိခိုက်ပျက်စီးတဲ့ ရောဂါ ဖြစ်နိုင် ခြေလျော့နည်းခြင်းနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်း
ဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။




၂။ ပုံမှန် အားကစားလုပ်ပါ။
အားကစားဟာ ကျန်းကျန်းမာမာ၊ ကျက်သရေရှိရှိ အိုမင်းနိုင်အောင် အထောက်အကူပြုပေးပါတယ်။ အားကစားကို ပုံမှန်
ပြုလုပ်တာဟာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ရုံသာမက အယ်လ်ဇိုင်းမား
ရောဂါ ဖြစ်နိုင်ခြေကိုပါ နှေးကွေးစေပါတယ်။ အားကစားဟာ စွမ်းအားပမာဏ၊ စိတ်ခံစားမှု၊ အိပ်ပျော်ခြင်းနဲ့ ဦးနှောက်
ကျန်းမာရေးအဆင့်တွေကို တိုးမြင့်စေပါတယ်။ ပုံမှန်အားကစား ပြုလုပ်တာဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပူပင်သောကကို
လျော့ကျစေကာ ဥာဏ်ရည်ထက်မြက်စေပါတယ်။




၃။ အပေါင်းအသင်းများနှင့် ပျော်ပျော်နေပါ။
မိတ်ဆွေသူငယ်ချင်းတွေကြောင့် အတွေ့အကြုံဖလှယ်နိုင်ခြင်း၊ အသစ်အဆန်း လေ့လာနိုင်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိန်ခေါ်မှု
တွေကို ရင်ဆိုင်နိုင်ခြင်းနဲ့ ယုံကြည်မှု ရှိခြင်းဆိုတဲ့ အရာတွေကို ရရှိစေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး
နေပြီး ရယ်မောတာဟာ ဦးနှောက် ရဲ့လုပ်ငန်းဆောင်တာ တွေကို ကောင်းမွန်စေပါတယ်။




၎။ ကျန်းမာရေးအသိရှိပါ။
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ လွဲမှားနေတယ်လို့ထင်ရင်
ဆရာဝန်နဲ့ ပြသပါ။ ဆရာဝန်ကို ကိုယ့်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဟာ ဆရာဝန်အနေနဲ့
တိကျ သေချာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပါ။




၅။ ငြိမ်ငြိမ်နေပါ။
လူ့အဖွဲ့အစည်းထဲမှာနေရင်း စိတ်တွေ ရှုပ်ထွေးလာတဲ့အခါ အနားယူဖို့အချိန်နည်းနည်းယူပြီး ငြိမ်ငြိမ်နေပါ။ ဦးနှောက်ဟာ
သတင်း အချက်အလက်တွေကို နက်နက်နဲနဲ စီစဉ်နိုင်ဖို့ အချိန်လိုပါတယ်။ စိတ်ဖိစီးပြီး မောပန်းနေရတဲ့ ဘဝနေထိုင်မှုပုံစံ
ဟာ ကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအပေါ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးပြီး ပင်ပန်းနေချိန်မှာ အသက်
ပြင်းပြင်းရှူပြီး အနားယူပါ။




၆။ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးရှောင်ပါ။
ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးတို့လို စိတ်ကို ပြောင်းလဲစေတဲ့အရာတွေဟာဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ၊
စေ့ဆော်မှုနဲ့စူးစိုက် အားတွေကိုလျော့ကျစေပါတယ်။ ဒီနေရာတွေဟာ မှတ်ဥာဏ်ကိုပါ ချို့တဲ့သွားစေပါတယ်။




၇။ ငွေရေးကြေးရေးဆိုင်ရာ ပန်းတိုင်ထားရှိပါ။
ဘဏ္ဍာရေးဆိုင်ရာ စိတ်ချရမှုအတွက် အစီအစဉ်ချမှတ်ထားတာဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်
စေတဲ့နည်းလမ်း ကောင်းပါ။ ဝင်ငွေနဲ့ထွက်ငွေကို ချိန်ဆသုံးစွဲရင်း တစ်လတာဝင်ငွေရဲ့ ၅% မှ ၁၀%ကို စုဆောင်းထား
တာဟာ ဘဝရဲ့ နောက်ပိုင်းကာလ တွေအတွက် အဆင်ပြေစေပါတယ်။

ဘဝရဲ့အကောင်းဆု့းအိမ်ကိုတည်ဆောက်နေသူ

ဘ၀ရဲ့အကောင်းဆုံးအိမ်ကို အတတ်နိုင်ဆုံး တည်ဆောက်နေသူ
အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့ဆုံးဖြတ်လိုက်တယ်။
သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီးသူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့
ပျော်ရွှင်စွာဖြတ်သန်းတော့မယ့်အကြောင်းသူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကိုနားတော့မယ်လို့
စိတ် ဒုန်းဒုန်းချလိုက်တယ်။အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။
သူ့ဆီကနေအလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။
ဒါနဲ့နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီးဆွဲထားလိုက်တယ်။
အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့်သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေ
က အတော်လေးကို သိသာနေတယ်။ သူနားချင်တာမနားရတော့ အလုပ်ရှင်အပေါ်မှာလည်း
ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီးတိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်
ပြီးဖို့ ဆိုတာပဲအတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။
ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါသူ့ရဲ့ နောက်ဆုံး လက်ရာ
ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံးသတိမရှိနိုင်တော့ဘူး။
လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့အလုပ်ရှင်ဟာ
အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာအိမ်တံခါးကို ပိတ်လိုက်တယ်။
နောက်တံခါးသော့ကို လက်သမားကြီးရဲ့လက်ထဲထည့်လိုက်ပြီး တည်ငြိမ်တဲ့အကြည့်နဲ့ ပြောလိုက်
တယ်။“ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။”
ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။
ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့ကိုယ်ပိုင်အိမ် ဆိုတာသိ
ခဲ့ရင်သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ်ဆောက်ပါ့မလား။
----------------------------------------------------
ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့ကိုယ်တိုင် တည်ဆောက်
နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအားရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်
မသုံးဖြစ်ဘူးနော်။ နောက်ဆုံးကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန်
ကျမှကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး ပြန်လည်တည်ဆောက်ခွင့်
ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြားလုပ်မိကြမယ်ထင်တယ်။
တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကိုပုံဖော်နေတဲ့လက်သမား
ဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကိုတည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့
ကျနော်တို့ရဲ့အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့အိမ်အတွက် ကုန်ကြမ်းတွေပါ။
အထောက်အပံ့တွေပါ။ဒါကြောင့် ကျနော်တို့ ဥာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။
ဖေ့ဘွတ်မှကူးယူဖော်ပြသည်။

မြန်မာစာဖြစ်ပေါ်လာအကြောင်း


ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ
Wednesday, December 12, 2012
အသျှင်ရက္ခိတ၀ံသ ( မြီပုံ )


ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသော ဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။ မြန်မာစာ မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်
ကြစေရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါး ကို ရေးသားရခြင်းဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင့် ရခိုင်
လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့် ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏
ကိုယ်ပိုင်စာပေ´´ အနေဖြင့် အသိ အမှတ်ပြုထားသောကြောင့် ဖြစ်၏။



မြန်မာနိုင်ငံတွင် မြန်မာစာဟု သတ်မှတ်ခံထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´´ရခိုင်စာဟူ၍
သာ သိနေကြပါသည်။ စာပေကို ရေးသားသည့်အခါ၌ ရခိုင်စကား အပြောအသုံးအနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံး
အနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထားသည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာ
ရေသားနေကြခြင်း ဖြစ်ပါသည်။



ယင်းစာ အမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏ အက္ခရာ´ ဟုအမည် ပေးကာခေါ်ဝေါ်သမှုပြုနေကြ
သည်ကိုလည်း တွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးပေါင်း´၁၃၅´ မျိုးရှိကြသည့်အနက်´ မြန်မာစာ အရေးအသား
ကို မည်သည့်လူမျိုးတို့က ရှေ့ဦးစွာ စတင်ရေးသားခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီ ဟု စာရေးသူယူဆပါ
သည်။ အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံးသဘောထားကြီးစွာဖြင့် လက်ခံအတည်ပြုပေးကြဖို့ ကိုလည်း
အနူးအညွတ် မေတ္တာရပ်ခံလိုက်သည်။



မြန်မာနိုင်ငံအတွင်း၌ကား ရှေ့က ရခိုင်လူမျိုးတို့တွင် ´ရခိုင် စာ´၊ မွန်လူမျိုးတို့ တွင်´မွန်စာ´၊ ပြူ(ပျူ) လူမျိုးတို့တွင်
´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင် စာပေအသီးသီး ရှိခဲ့ကြသည်အနက် သည်ဆောင်းပါးသည် ´မွန်နှင် ပျူစာ´ကို လေ့လာ
ဆန်းစစ်မှု မပြုတောပဲ´မြန်မာစာဟု သတ်မှတ်ခံထားရသော´ရခိုင်စာ´ကိုသာ နှစ်ဖက်နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်
ပြသွားမည်ဖြစ်ပါသည်။ နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှာပြီးခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင်အထောက်
အထား တစ်ခုစီကိုသာထုတ်နှုတ်၍ ရေးသားတင်ပြသွားပါမည်။



အထောက်အထားရှိတိုင်း အကျယ်တ၀င့် တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာ ပေးနိုင်သည် မဟုတ်ပါ။
ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း မြန်မာစာပေ´ကို ရေးသားနေကြသည့်´ရခိုင် လူမျိုးနှင့် မြန်မာလူမျိုး´´တို့၏
ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်သော် ဤသို့တွေရ၏။



ပုမင်း အင်းတောင်ညောင်ရမ်းနောင် ကုန်းဘောင်ခုနစ်ဆက်´´ဟူသော သင်္ကေတ သံပေါက်ကဗျာအရ မြန်မာလူမျိုးတို့
တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ ၍ခေတ်(၆)ခေတ်
ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။



ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ်၊ဝေသာ လီကျောက်လှေကား
ခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ် ထွန်း ကားခဲ့ သည်ကို တွေ့ရှိနိုင်သည်။ သို့သော်
အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြို
ခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ ဘက်ကပုဂံ ၏ထင် ရှား သော´ရာဇကုမာရ် ကျောက်စာခေါ်မြစေတီ ကျောက်
စာ´´ကို ခိုင်မာသောအထောက် အထားအဖြစ် တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့ ခေါင်းလောင်း ကျောင်း
တိုက်ရှိ လေးမြို့ခေတ်´ရခိုင် ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော်ခဲ့သော ဘုရား၏ ´စမ္မခဏ်း ကမ္မည်းစာ´ကိုခိုင်မာသော
အထောက် အထား အနေဖြင့် တင်ပြသွားမှာ ဖြစ်ပါသည်။





မြန်မာတို့၏ ပုဂံခေတ်..

ကြာ၊ မိုး၊ အံ၊ ပုဂံ တည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကို
တည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊ ပုဂံ ပျက်ချိန်ကား´စောမွန်နစ်မင်း´(အေဒီ.၁၃၂၅ မှ ၁၃၆၉)
လက်ထက်တွင် ဖြစ်လေ၏။ ပျဉ်းပြားမင်းသည် ပုဂံမြိုကို တည်ဆောက်နေသည် အချိန်တွင် ပုဂံ၌ ´ထေရ၀ါဒ ဗုဒ္ဒသာ
သနာ´´မရောက်ရှိသေး၊ အလားတူ´မြန်မာစာ´ဟူသော စာပေရေးသားမှု အတတ်ပညာသည်လည်း လုံးဝမရှိသေး
သည်ကို တွေ့ရ၏။




ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက် တန်နက်မင်း(အေဒီ-၈၇၈-၉၀၆)၊ ၄င်းနောက် စလေငခွေး မင်း (အေဒီ ၉၀၆-၉၁၅)
၎င်းနောက် သိန်းခိုမင်း (အေဒီ ၉၁၅-၉၃၁)၊ ၄င်းနောက် ညောင်ဦး စောရဟန်းမင်း (တောင်သူမင်းကြီး) (အေဒီ-၉၃၁-
၉၆၃) ၄င်းနောက်ကွမ်းဆော် ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက်
စုက္ကတေမင်း (အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက် အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒ ဗုဒ္ဒ
သာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´
ဟူသော အရေး အသားမရှိသေးချေ။ မွန်လူမျိုးတို့၏စာပေကိုသာ မွန်ပညာရှင်မျာ၏ အကူအညီဖြင့် ရေး သားနေကြ
ရလေ၏။ အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီ-၁၀၇၇-၁၀၈၄) ၄င်းနောက် ကျန်စစ်သားမင်း (အေဒီ-
၁၀၈၄-၁၁၁၃) လက်ထက်တွင် ´´ဇေယျခေတ္တရာ´´အမည်ရှိသော သားတော် ´ရာဇကုမာရ်´ သည် ပုဂံ၌´မြစေတီ
ဘုရား´ကိုတည်၏။ မြစေတီဘုရား၌ သူ၏ ကုသိုလ်တော် မှတ်တမ်းကို ´ပါဋိ၊ မြန်မာ၊ မွန် ၊ပြူ´ ဟူ၍ ဘာသာလေးမျိုး
ဖြင့် ကမ္မည်းစာ ရေးထိုးစေခဲ့ပါသည်။




ယင်း မြစေတီ ဘုရားကျောက်စားကား ပုဂံခေတ် ကျောက်စာများအနက် ´ရှေ့အကျဆုံး ကျောက် စာ´ဖြစ်၏။ မြစေတီ
ကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇၊ ကောဇာ-၄၇၅-ခု (ခရစ်အေဒီ- ၁၁၁၃)တွင် ရေးထိုးခဲ့ခြင်း ဖြစ်
ကြောင်းသိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌´ပြူလူမျိုး´ တို့ရှိနေသေးသည် ကိုတွေ့ရ၏။





ရခိုင်တို့၏ လေးမြို့ ခေတ်

ရခိုင်တို့၏လေးမြို့ခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိကြာမြင့်ခဲ့သည်ကိုတွေ့ရှိရ၏။ လေးမြို့ခေတ်ဆိုသည်မှာ အဉ္စန
နဒီမြစ်၏ ၀ဲယာ၌ ပဉ္စာမြို့ ပုရိန်မြို့ နေရဉ္စ၇ာ တောင်ငူမြို့လောင်းကြက် မြို့ ဟူ၍ မြို့လေးမြို့ တည်ရှိခဲ့သည်ကို
အကြောင်းပြု၍ ´လေးမြိုခေတ်´ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတို့၏ ပျဉ်ပြားမင်းသည် ယခုလက်ရှိ ´ပုဂံမြို့´ ကို
မတည် ဆောက်ရသေးမီ(၃၁)နှစ်အလိုက လေးမြို့ခေတ် ရခိုင်ဘုရင် ´ခေတ္တသင်မင်း´ သည် ပဉ္စာမြို့´ ကိုသာသနာ
၁၃၆၂ ခု၊ ကောဇာ ၁၈၀-ခု၊ (အေဒီ-၁၈၁) တွင် တည်ဆောက်ထားပြီးဖြစ်နေပါသည်။



ရခိုင်တို့၏လေးမြိုခေတ်´ခေတ္တသင်မင်း´ လက်ထက်တွင် ထေရ၀ါဗုဒ္ဒသာသနာထွန်းကားနေမှု ကို မဆိုထား ဘိ၊
လေးမြိုခေတ်၏ အထက်ကဝေသာလီကျောက်လှေ ကားခေတ် (အေဒီ-၃၂၇-မှ ၈၁၈ထိ) တွင် လည်းကောင်း တတိယ
ဓည၀တီခေတ် (ဘီစီ-၅၆၉ မှ အေဒီ ၃၂၆ ထိ) တွင် ၄င်း ထေရ၀ါ ဒဗုဒ္ဒသာသနာနှင့်အတူစာပေယဉ်ကျေးမှု အနုပညာ
များ ထွန်းကားလျှက်ရှိနေပြီဖြစ်ကြောင်း ယုံမှားသံသယမရှိ ခိုင်မာသော အထောက်အထားများက သက်သေပြု
လျှက်ရှိနေကြပြီဖြစ်ပါသည်။



ယင်းတိုအနက် လေးမြို့ခေတ် (အေဒီ-၈၁၈-မှ ၁၄၃၀ထိ) ပဉ္စာမြိုတည်´ခေတ္တသင်မင်း´မှ(၃)ဆက်မြောက်´ဘုရင်မင်း
ရင်ဖြူ´ လက်ထက် (အေဒီ-၈၄၃ မှ ၈၇၃ ထိ) အေဒီ ၈၄၇တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဒဆင်းတုတော်(ဥာဏ်တော်
အမြင့် ၁ပေ ၂.၃ လက်မ၊ ယခုအခါ စစ်တွေမြို၊ ခေါင်းလောင်းကျောင်းတိုက်တွင် ကိန်းဝပ်လျှက်ရှိသည်၊။) ၏´စမ္မခဏ်း
ကမ္မညာ်းစာ´ ကို သာ ရခိုင်စာပေဘက်က ခိုင်မာသော အထောက်အထား တစ်ခုအနေဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။





ဘုရားဆင်းတုတော် စမ္မခဏ်ကမ္မည်းစာ

အဆိုပါဘုရား၏ စမ္မခဏ်စာမှာ ယခုခေတ်´မြန်မာစာ´ဟုသတ်မှတ်ခံထားရသော´ရခိုင်စာ´ အရေး အသားဖြင့်
ရေးထိုးမှတ်တမ်းတင်ထားသည်ကို အောက်ပါအတိုင်းတွေရှိရသည်၊´သက္ကရာဇ် ၉၊ကဆုန်လဆန်း ၆ရက်၊ တနင်္လာ
၅ နာရီကျော်သော..ရောက်…ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှုဘုရား ပဉ္စလောစာပြီးပြည့်စုံသည်၊ ဘုရားပြုသှောဝ်
အကျိုးဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသှော…..။ ဟူ၍ ရေးထိုးထားပါသည်။



အထက်ဖေါ်ပြပါဘုရား၏´စမ္မခဏ်ကမ္မည်းစာ´ကိုပြည့်စုံအောင်ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအတိုင်းဖြစ် ပါသည်။
သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ရက်၊ တနင်္လလာနေ့ ၅ နာရီကျော်သော (အချိန်) ရောက်(သော အခါ) ကြေးသွန်း
အပ်သည်။ ငါမင်းရင်ဖြူကောင်းမှု ဘုရားကို ပဉ္စလောဟာဖြင့်(သွန်းလုပ်)ပြီးပြည့်စုံသည်။ ဘုရားပြုသောအကျိုးအားဖြင့်
ဘုရားမချွတ်ဖြစ်စေသော်´ဟူ၍ဖြစ်ပါသည်။ လေးမြိုခေတ် ရခိုင်ဘုရင် မင်းရင်ဖြူသည် အထက်ဖေါ်ပြပါ ဘုရား၏
´စမ္မခဏ်ကမ္မည်းစာ´ ကို ရက္ခ၀ဏအက္ခရာ-ရခိုင်စာ´ဖြင့်ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ခု၊ ခရစ်အေဒီ ၈၄၇ ဖြစ်
ရာ မြန်မာတို့ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂) နှစ်အလိုက ဖြစ်ပါသည်။ သို့ဖြစ်၍´ရာဇကာမာရ်
ကျောက်စာခေါ် မြစေတီကျောက်စာ´ သည် ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် ´ပုဂံမြို့ ပင်မရှိသေးသောကြောင့် ´မြန်မာ
စာပေ´ အရေးအသားမှာလည်း မြန်မာတို့အနေဖြင့်´အိမ်မက်တောင်မက်ဖို့´မလွယ်ကူသေးချေ။





မြန်မာလူမျိုးနှင့်မြန်မာစာ

မြန်မာသမိုင်းဆရာများက မြန်မာသည်´ပြူလူမျိုး´ ကဆင်းသက်လာသူများဟုခံယူထားကြ၏။ ယင်းသို့ ဆိုလျှင် အဘယ်
ကြောင့်မြန်မာတို့သည် ´ပြူစာ´ကို မိခင်စာပေအဖြစ် ရပ်တည်အောင် မဆောင်ရွက်နိုင်ကြခဲ့ပါသနည်း? ဟုမေးစရာရှိနေ
ပါသည်။ယခုအခါ ပြူလူမျိုးနှင့်ပြူစာပေမှာ မြန်မာမြေမျက်နှာပေါ်က လုံးဝဆိတ် သုဉ်းပျောက်ကွယ်သွားကြပြီဖြစ်၏။
အချိုသမိုင်းဆရာများက မြန်မာစာသည်´မွန်စာ´က ဆင်း သက် လာသော စာဟုကြံဆကြပြန်၏။ ထို့သို့ဆိုလျှင် လည်း
အဘယ်ကြောင့်မြန်မာတို့သည် ´မွန်စာ´ ကိုနိုင် ငံသုံးစာပေအဖြစ် ရပ်တည်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါသနည်း။ ဟု
မေးစရာတွေအများကြီး ရှိနေပါသည်။



အမှန်က ´ပြုစာ´ သည် ပြူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး ´မွန်စာ´ သည် လည်း မွန်လူမျိုးတို့နှင့်သာ
တိုက်ရိုက်သက်ဆိုင်နေသော စာပေဖြစ်ကြောင်းလေ့လာတွေ့ရှိရပေသည်။ ယနေ့မျက်မှောက်ခေတ် ´မြန်မာစာ´ ဟု
သတ်မှတ်ခံထားရသော ´ရခိုင်စာ´ သည်လည်း ရခိုင်လူမျိုး တို့နှင်သာ တိုက်ရိုက်သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့
သည် ကိုယ့်စာပေကို ခေတ် အဆက်ဆက် တည်တံ့အောင် ထိန်းသိန်းစောင့်ရှောက်လာခဲ့ကြ သည်မှာ ခေတ် တိုင်း
ခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော ´ရခိုင်စာပေအထောက်အထားများ´ကသက်သေပြုလျှက်ရှပေတောသည်။



မြစေတိကျောက်စာ၌ ပါရှိသော ´မြန်မာစာ´ ကိုမြန်မာသမိုင်းဆ၇ာများက ´ပျူစာကဆင်း သက် လာသော စာ´ဟု
ထင်မြင်ချက်ပေးကြ၏။ အလားတူ အချိုသမိုင်းဆရာများ က`မွန်စာကဆင်း သက် လာသော စာ´ဟူ၍လည်းထင်မြင်
ချက်ပေးကြပြန်၏။



အမှန်ကယင်း´ပြူစာနှင့်မွန်စာ´နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီကျောက်စာ၌ ပါရှိနေပြီးဖြစ်သောကြောင့်၊ ယင်းစာ
နှစ်မျိုးက ဆင်းသက်လာသောစာဟု သတ်မှတ်နေကြခြင်းသည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့
မည်သည် အချိန်ကာလတစ်ခုတည်း ၌ နေ့ချင်ညချင်းပြောင်း လွဲရိုး ထုံး စံမရှိသောကြောင့်တည်း.။ ပြောင်းလဲဖို့ဆို
သည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့်အောင် စောင့် ဆိုင်းရပေလိမ့်မည်။ မြစေတီကျောက်စာ (´မြန်မာ) သည်
ပြူစာနှင်မွန်စာက ဆင်းသက်လာသော စာ မဟုတ်ကြောင်းကို ´မြစေတီကျောက်စာ´ကပင်လျှင် အခိုင်လုံဆုံး သက်သေ
ပြု လျက်ရှိနေပေတော့သည်။



အမှန်က ´မြစေတီကျောက်စာ´၌ပါရှိသော ´မြန်မာစာ´သည် ´ပြောင်းလဲလာသောစာ´ မဟုတ် ပဲ´ရောက် ရှိလာသော
စာ´ဟုဆိုမှ သဘာဝယုတ္တိကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျှက် မသိ ချင်ယောင်ဆောင်နေ ခဲ့ကြပြီး အဖြစ်မှန်
ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြသည်ကိုတွေ့ရ၏။





အဖြေမှန်ကို သိရှိလိုပါက

လေးမြို့ ခတ်၊ပဉ္စာမြို့(၁၂)ဆက်မြောက်မင်းဘီလူးကို အေဒီ-၁၀၆၈တွင်´၀ရောင်းငှက်အသင်္ခယာ´အမတ်က လုပ်ကြံ
သဖြင့် ကွယ်လွန်သည်။ မင်းဘီလူး၏သားဖြစ်သူ အိမ်ရှေ့မင်းသား´မင်းရဲဘယ´ သည် မိဖရား ´စောပေါက် ညို´
ပေါက်ညိုမြ)နှင့်အတူ ရခိုင်ပညာရှိအမတ်အချို့လိုက်ပါလျှက် ´ဘူးရွက်မညှိုးလမ်း´ က အရှေ့ ပုဂံပြည်သို့ထွက်ပြေးကာ
´အနော်ရထာ´ မင်းထံခိုလှုံခဲ့ရသည်။



အဆိုပါ မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း(၃၅) နှစ်ခန့်ကြာမြင့်အောင် အမှုတော်ထမ်းရွက်ကာ နေထိုင်
ခဲ့ကြရသော သမိုင်းကြောင်း ကိုလည်းကောင်း၊ ပုဂံမင်းအနော်ရထာအား ´ရခိုင်ဝေသာလီ´က´ပဉ္စ ကလျာဏီ မင်းသမီး´
ကိုဆက်သရာတွင် ´ကျန်စစ်သား´ ကို ရသည်ဟူသောသမိုင်းကြောင်းကိုလည်းကောင်း၊ ကျန်စစ်သားသည် မြေးတော်
အလောင်းစည်သူကို ပုဂံထီးနန်းကိုပေးအပ်ပြီး´ဇေယျခေ တ္တရာ´ အမည်ဖြင့် သားတော်ရာဇကုမာရ်မင်းသားကို´ဓညဝ
တီနှင့် တောင်စဉ်ခုနှစ်ခရိုင်´(မြန်မာရာဇ၀င်အလို) ကိုစားစေခဲ့သော သမိုင်းကြောင်းကိုလည်းကေင်း၊ ပုဂံမင်းတို့အထံ၌
ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှူဒကာ များ အဖြစ်ခံယူကာမြန်မာတို့၏ နယ်မြေ၌ ရှိနေခဲ့
ကြသည်ဟူသော သမိုင်းကြောင်းကိုလည်းကောင်း၊ မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က ´အောက်သား´ဟုနာမည်ပေး
ကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ကြသည့် သမိုင်းကြောင်းကိုလည်းကောင်း၊ ´ရဟန္ဒာထွေး(ခေါ်) အသျှင်ဒိဗစက္ခု´
အမည်ရှိသော ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ်သည် ဥပဇ္ဈာယ် ဆရာ´ မဟိဒ္ဒပါလမထေရ်မြတ်´ ၏ စေ
လွတ်ချက်အရ ပင်းယမြိုသို့ ကြွရောက်၍ သာသနာပြုခဲ့ရသော သမိုင်းကြောင်းနှင့် ပင်းယတစ်စီးရှင် သီဟသူ၏
မင်းဆရာအဖြစ်ကိုးကွယ်ဆည်းကပ်မှုကို ခံယူခဲ့ရသော သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ထားကြမည်ဆိုပါက
အဖြေမှန်ပေါ်ပေါက်နိုင် လိမ့်မည် မဟုတ်ချေ၊



ပုဂံခေတ်ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးများသည် ရခိုင်လူမျိုးတို့၏ နေ့စဉ် သုံး ဝေါဟာရ များဖြစ်နေ
ကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။



၁။ ကြာသပတိယ်နိယ်၊
၂။ သုကြာိနိယ်၊
၃၊ လှိယ်၊
၎၊ ရိတ်မှုတ်၊
၅။ အတုမဟါသော၊
၆၊ ခြုပ်မ၊
၈၊ အစ်ကို၊
၉၊အစ်မ၊
၁၀၊ ပန်စင်၊
၁၁၊ ကခြီသည်၊
၁၂၊ ပညာမဟိယ်သော၊
၁၃၊ အလှုပိယ်လိုဝ်သော၊
သင်္ဃတိုဝ်၊
ဤယ်သူ၊
ပတ္တမြာစာတီ၊
လှုခ၏၊
ခြီလက်၊
ခြိယ်ဆယ်ရိယ်၊
လက်ဆိရယ်၊
မပ္လုရကြောင်ဆိုဖီလတ်၊
နိယ်ရလိယ်၏၊
အသရိယ်ဟိသော၊
ခရိုန် စသော ဝေါဟာရများကို ယနေ့ခေတ် မြန်မာတိုပြောဆိုနေကြသေးလား? ဟုမေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပါယ်
ကို သိရှိအောင်မနည်း ကြိုးစားကြရမည်ဟုထင်ပါသည်။



အဓိပါယ်ကို-၁၁၁၃ ခုတွင် ရေးထိုးခဲ့သောမြန်မာတို့၏ ရှေ့အကျဆုံးဖြစ်သည့် မြစေတီကျောက်စာ ထက် လေးမြို့ခေတ်
အေဒီ-၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်း မှုတော်ဘုရား၏ စမ္မခဏ်ကဗ္မည်းစာက
နှစ်ပေါင်း(၂၆၆) နှစ်စော၍ ရှေ့ကျနေကြောင်း သိရှိရပါသည်။



ထို့ကြောင့်´မြန်မာနိုင်ငံတွင် မြန်မာစာအရေးအသားကိုမည်သည့်လူမျိုးတို့က ရှေ့ဦးစွာစတင်ရေး သားခဲ့ကြပါသနည်း?
ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်းပါးစာတမ်းက အထိုက်အလျှောက် အဖြေပေးနိုင်လိမ့် မည် ဟုယူဆပါသည်။





နိဂုံးချူပ်အနေဖြင့် ဆိုရသော်

´ရခိုင်လူမျိုးနှင့်မြန်မာစာ´ မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ စကားပြောဟန်ရေးနည်းနှင့်စာ အသုံးရေး
နည်းသာ ခြားနားချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူတူပင် တည်း။ သို့ဖြစ်၍ ယနေ့ မျက်မှောက်ခေတ် ´မြန်မာစာ´
ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ ကို ရခိုင် လူမျိုးတို့က မိမိတို့၏ ´ကိုယ်ပိုင်စာပေ´ဖြစ်ကြောင်းအကြွင်းမဲ့ခံယူထား
ကြသည်ကို သုတေသနပြု ကာ ရေးသားတင်ပြလိုက်ရပေသည်။




´ရခိုင်စာပေ´အဖြစ် မှန်ပေါ်ပေါက်ပါစေ…. ဒွါရာဝတီ အသျှင်ကုသလ
(ကိုးကားသောကျမ်းများ)
၁။ မြစေတီကျောက်စာ။။လှသမိန်
၂။ ပုဂံခေတ်နိုင်ငံရေးသမိုင်း။။ ဒေါက်တာ သန်းထွန်း
၃။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။။ ဒေါက်တာ သန်းထွန်း
၎။ ကျောင်းသုံးမြန်မာ ရာဇ၀င်။။ ဦးဘသန်း
၅။ မင်းရင်ဖြူ ကောင်းမှုတော်ဘုရားစမ္မခဏ် ကမ္မည်းစာ
၆။ သာသနာလင်္ကာရစာတမ်း။ (မူဟောင်း) မဟာဓမ္မသင်္ကြ
၇။ ရွေဘိုနိဒါန်း။ဇယသခ်ယာ
၈။ဒွါရာဝတီ-အသျှင်ကုသလမှတ်စု တို့ကိုမှီငြိမ်း၍ ကူးယူဖော်ပြထားပါသည်။



အသျှင်ရက္ခိတ၀ံသ ( မြီပုံ )
အားလုံးသူကို သိစေချင်လို့ မျှဝေပေး လိုက်ပါသည်။

အချစ်စစ်နဲ့ချစ်လိုက်ပါ

'၁' မင်းရဲ့ ပျော်ရွှင်ချိန်မှာ သူ့ ကိုပထမဆုံး သတိရမိနေလား?
'၂' မင်းနာကျင်တဲ့ အချိန်မှာသိရတာကသူ့ ကိုလား?
'၃' မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင် အချိန်ထိစဉ်းစားမိတာသူ့ အကြောင်းလား?
'၄' မနက်ခင်းသစ်တစ်ခုကိုရောက်သွားချိန်တိုင်းပထမဆုံးသတိရမိတာသူ့ ကိုလား?
'၅' သူ့ ရဲ့ အပြုံးလေးတွေကိုအမြဲတမ်းတောင်းတနေပြီလား?
'၆' မင်းရဲ့ အချစ်ကိုဖွင့်ပြောချင်ပေမယ့်သူ့ ရှေ့မှာဆွံ့ အနေပြီလား?
'၇' သူ့ ရဲ့ အပြုံးလေးတွေကိုမြင်တိုင်းမင်းရဲ့ နှုတ်ခမ်းတွေပါကွေးညွတ်တတ်နေပြီလား?
'၈' ကာရန်တွေကိုသူ့ အတွက်အသက်သွင်းတတ်နေပြီလား?
'၉' သူ့ ကိုဘာအတွက်နဲ့ မှမထိခိုက်စေချင်တော့တာမှန်တယ်မလား?
'၁၀' သူရဲ့ ရှေ့ မှာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်သူမရှိတော့ရင်ဝမ်းနည်းတတ်နေပြီလား?
'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင်သူ့ ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီးသက်ပြင်းလေးတွေ ချတတ်နေပြီလား?
'၁၂' သူ့စကားသံတွေကမင်းအတွက်နုးညံတဲ့အမိန့် တွေလား?
'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင်သ၀န်တိုတတ်နေပြီလား?
'၁၄' onlineပေါ်မှာသူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကိုဖတ်ပြီးပျော်ရွင်တတ်လား?
'၁၅' သူအတွက်အရာရာကိုစွန့် လွတ်နိင်ပြီလား?
'၁၆' ဒီစာကိုဖတ်နေတဲ့ အချိန်သူ့ ကိုသတိရနေလား?



အဖြေတွေက မင်းရင်ထဲမှာပဲရှိနေတယ်........
အဖြေတွေက ''ဟုတ်တယ်'' ... ''မှန်တယ်'' ဆိုရင်.......မင်းရင်ထဲမှာသူရှိနေပြီ...................
ဒါဆိုရင်တော့ သူနဲ့ ပတ်သက်လာရင် အရာရာကိုအရှံးပေးထားပါ.....သူ့ ကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိပါ...........
သူနဲ့ ပြိုင်ဖို့ စိတ်မကူးပါနဲ့ သူ့ကိုအနိင်ပေးထားပါ........သူဘာဖြစ်ဖြစ်နားလည်ပေးပါ....သူကကိုယ့်ကို မချစ်ရင်တောင်
သူ့အတွက် အမြဲပေးဆပ်ပေးပါ.........အခက်အခဲတွေရှိလာရင် သူ့ ဘက်ကရပ်တည်ပေးပါ..........သူမင်းကို မချစ်ရင်
တောင် မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတစ်နေ့သိလာမှာပါ.....................မင်းက တစ်ဖက်သတ်ချစ်သူ
ဆိုရင်သူ့ အချစ်ကိုမမျှော်လင့်ပါနဲ့.........သူကို ဖြူဖြူစင်စင်ဆက်ဆံပါ....အဲ့ဒါ သူ့အတွက် ပေးဆပ်ခြင်း.....စစ်မှန်တဲ့
ပေးဆပ်ခြင်းဆိုတာ တုံ့ပြန်မှုကိုဘယ်တော့မှ မမျှော်လင့်ဘူး.......




သူငယ်ချင်းအားလုံး အချစ်စစ်နဲ့ ချစ်နိုင်ကြပါစေနော်။

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...