https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Jan 14, 2013

ပန်းကလေးတွေရဲ့အဓိပ္ပာယ်

၁။ ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်ပါ။
၂။ ကြာပန်း = မိတ်ဆွေတွေရဲ့  ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်။
၃။ ခရေပန်း = မေ့မသွားပါနဲ့ကွယ်...။
၎။ ခတ္တာပန်း = အားငယ်ရတဲ့သူမို့ ညှာတာပါ။
၅။ ခေါင်းလောင်းပန်းအဖြူ = အမြန်ဆုံး နီးခွင့်ရချင်တယ်....။
၆။ ဂန္ဓမာပန်းအဖြူ = ငြိမ်းချမ်းပါစေ...။
၇။ ဂန္ဓမာပန်းအ၀ါ = သတိရနေမယ်....။
၈။ ဂမုန်းပန်း = မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ ချစ်သူပါ။
၉။ စံပယ်ပန်း = မင်းရဲ့ အချစ်ကို လက်ခံလိုက်တယ်....။
၁၀။ ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်....။
၁၁။ ဆောင်တော်ကူးပန်း = မင်းကြောင့် ကိုယ့်မှာ ရူးပြီ....။
၁၂။ ဆယ့်နှစ်ရာသီပန်း = ရိုးသား ဖြူစင်ခြင်း။
၁၃။ ညမွှေးပန်း = အရာရာမင်းအတွက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်....။
၁၄။ ဒေလီယာပန်း = မကြာခင်မှာ ဆုံတွေ့ ကြရအောင်....။
၁၅။ ဒန်းပန်း = ဘ၀ကို အရှုံးမပေးနဲ့ ....။
၁၆။ ဒေါနပန်း = တို့တစ်တွေ ခွဲခွါကြပါစို့ ....။
၁၇။ နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ။
၁၈။ နှင်းဆီပန်း = ကိုယ်တော့ မင်းကို ချစ်နေမိပြီ....။
၁၉။ ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်....။
၂၀။ နေကြာပန်း = မင်းရဲ့ ဘ၀ရှေ့ ရေး အဆင်ပြေစေဖို့ ကိုယ်တာဝန်ယူပါတယ်....။
၂၁။ ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဒ်ပါ...။
၂၂။ ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို လှပသူတစ်ယောက်ပါ...။
၂၃။ ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ ကြေကွဲအားငယ်ခြင်း ....။
၂၄။ မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း။
၂၅။ မိုးမခပန်း = လွမ်းဆွေး ကြေကွဲရခြင်း...။
၂၆။ သဇင်ပန်း = ကျေးဇူးပြု၍ ကိုယ့်ကို မမုန်းလိုက်ပါနဲ့ ....။
၂၇။ သစ်ခွပန်း = ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း။
၂၈။ သော်ကပန်း = ကိုယ့်ကို ခွင့်လွှတ်ပါ....။
၂၉။ သံလွင်ပန်း = အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း။
၃၀။ ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်....။
၃၁။ ၀ိုင်အိုလက်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ....။
၃၂။ အုန်းပန်း = ကံကောင်းခြင်း။ တစ်ချို့ တွေတော့ ဖတ်ဖူး ...၊ သိဖူးပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်....။

မုန့်လာဥ နှင့် ကျန်းမာရေး

မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ဟုဆို မုန်လာဥတွင် ပါဝင်သော နိုက်ထရိတ် ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်း စေနိုင်ကြောင်း သုတေသီ များက ပြောကြားသည်။  
မုန်လာဥကို ဟင်းချက်၍ စားသုံးသည် ဖြစ်စေ၊ နိုက်ထရိတ် ဆေးပြားများ သောက်သုံးသည် ဖြစ်စေ သွေးတိုးကျ   စေနိုင်ကြောင်းအမေရိကန်နှလုံးနှင့် သွေးကြော ဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။
မျှော်လင့်ထား နိုက်ထရိတ် ဓာတ်သည် ဟင်းသီးဟင်းရွက် တို့တွင် အများဆုံး ပါဝင်တတ် သည်။
မုန်လာဥတွင် နိုက်ထရိတ် ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့်    ဆိုင်သော ရောဂါများ   ကုသရာ၌ ပိုမို ထိရောက်စွာ
ကုသနိုင် လိမ့်မည်ဟု သုတေသီများက မျှော်လင့် ထားသည်။     ကမ္ဘာပေါ်တွင်အရွယ်ရောက်သူ၂၅ရာခိုင်နှုန်းမှာ နှ
လုံးနှင့် ဆိုင်သော ရောဂါများ ဖြစ်ပွားလျက် ရှိသည်။
၂၀၂၅ ခုနှစ် အရောက်တွင် ထို့ထက် ပိုလာနိုင်သည် ဟုဆိုသည်။

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါ တစ်ခုဖြစ်ပါသည်။ သိန်းထောင် ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီခံရသော ရောဂါပါ။ ကျောက်ကပ်ဆေးနေရသူများမှာလူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိက်အတန့်
တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။လဲလှယ်နိုင်မှသာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်က လည်း
သိန်းထောင်ကျော်ကုန်ကျပါသည်။ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ဖြစ်ခါစတွင်ပျောက်
ကင်း၍နာတာရှည်ခံစားနေရသူများသက်သာပြီးကျောက်ကပ်ဆေးနေရသူများအကြိမ်ရေ လျော့ပါးလာစေရပါမည်ဟုလုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာအကုန်အကျနည်း၍လုံးဝအထင်မသေးပါနှင့်။ကမ္ဘာပေါ် တွင် နံမည်ကြီးနေပြီဖြစ်သည့်HERBALMEDICINE ကုသနည်းပါ။
အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့်အနောက်တိုင်းဆေးများကို သောက်သုံးရန်ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု
သဘာဝအပင်များမှထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင်ထုတ်လုပ်သည့်fame ဆေး
တိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကိုနေ့စဉ်သောက်ပေးပါ။(အသား၊ငါးမရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျား
များအတွက်၊ယောက်ျားပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင်ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့်မျက်လုံးကြောင်တတ်ပါသည်။ညခုနစ်နာရီဆိုလျင်သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့်အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကိုခွဲအူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင်အကြိမ်ရေ လျော့လာ သည် ကိုတွေ့ရပါမည်။ပျောက်ကင်း သက်

သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့လာရောက်ကျေးဇူးတင်သူသာရှိပါ
သေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။

credit to Sandar Laynyuntmg

ဇာတ်တော်လာ မိန်းမပျက် အင်္ဂါ (၂၅)ချက်

၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၎။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း

၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။

၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။

၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။

၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။
(မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)

အိမ်ထောင်သည်ဘ၀တွင်ယောက်ျားမိန်းမနှစ်ဦးတို့မကွဲကွာအောင်ဘယ်လိုပြုမှုနေထိုင်ရမလဲလိုမေးထားတဲ့မေးခွန်းကို
မိန်းမသားဘက်ကမိန်းမပျက်အင်္ဂါများ  မှရှောင်ကြဉ်နိုင်ပြီးယောက်ျားသားဘက်ကလည်းမိမိဇနီးမယားကိုစောင့်ကြည့်
ကာသတိပေးပြင်ဆင်ပေးနိုင်ဖို့မိန်းမသားများရှောင်ကြဉ်ရမဲ့အချက်အလက်တွေကိုရေးပေးလိုက်ပါတယ်။


မကြာခင်ယောက်ျားသားများရှောင်ကြဉ်ရမဲ့အချက်တွေလည်းတင်ပေးပါဦးမည်။

ဒီအချက်အလက်များကိုရးသားပေးရခြင်းမှာမိန်းမများကလည်းမိမိတို့ဒီအချက်တွေထဲကတော်တော်များများဖြစ်နေပြီ
ဆိုရင်မိမိကိုယ်ကိုမိန်းမပျက်မဖြစ်အောင်စောင့်ထိန်းနိုင်ဖို့၊ယောက်ျားများကလည်းမိမိဇနီးမယားဟာမိန်းမပျက်ဟုတ်
မဟုတ်ကိုစိစစ်တစ်ပီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။

မိန်းမသားများကလည်း မိန်းမပျက်ဘ၀မှ လွတ်ကင်းကြကာယောက်ျားသားများလည်းမိန်းမပျက်များနဲ့
ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်....။

အရှင်ကောမလ ဆန်နီနေမင်း

သူငယ်ချင်း

                                          သူငယ်ချင်းတွေဆိုပေမယ့်လဲ......
ငါနင့်ကို သူငယ်ချင်းထက် ပိုမိုချစ်ခဲ့မိပါတယ်...
နင်နဲ့သူငယ်ချင်း စဖြစ်တဲ့နေ့ဟာ ငါ့အပျော်ဆုံးနေ့ပါ...
နွေရသီကျောင်းပိတ်ရက် ရောက်လာမှာကို ငါကြောက်နေမိတယ်...
ချစ်နေပေမယ့်...... သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းမျဉ်းကို
ငါမကျော်ဖြတ်ချင်ဘူး.......
နင့်ရင်ထဲမှာ..ငါ့ကို သူငယ်ချင်းထက်မပိုနိုင်ပေမယ့်
နင့်ကိုငါ သူငယ်ချင်းထက်..ပိုချစ်ပါတယ်..
နင်နဲ့ဝေးရာကိုသွားရမှာ ငါကြောက်တယ်..
နင်ငါ့ကို မေ့သွားမှာ ငါကြောက်တယ်..
နင် ငါ့ကို သတိမရတော့မှာ ငါကြောက်တယ်..
နင်နဲ့စတွေ့တော့..
နင်က ငါ့နှလုံးသားမှာ နေရာယူသွားခဲ့ပါပြီ...
ငါချစ်မိသွားပြီသိလိုက်တဲ့အချိန်မှာ
ငါနင့်ကို မေ့ပစ်ဖို့ကြိုးစားပါသေးတယ်..
နင့်ကိုပိုချစ်လာတာပဲ အဖတ်တင်တယ်...
နင်နဲ့အတူထိုင်ခဲ့ဖူးတဲ့..ကျောင်း က ခုံတန်းလေးကိုလဲငါလွမ်းမိတယ်...
နင်နဲ့ဝေးရာရောက်နေတယ်ဆိုပေမယ့်
နင့်အကြောင့်နဲ့ပတ်သက်လာရင် ငါတစ်ခုမှမမေ့ပါဘူး
ဖြစ်နိုင်တယ်ဆိုရင်...နင့်ရဲ့အနားက ခြေတစ်ဖွါးဝါး မခွာချင်ပါဘူး
နင်နဲ့ဝေးနေတော့...... ငါ့ရင်မှာ ဟာတာတာကြီးပါ
နင့်ကိုချစ်ခွင့်မရပေမယ့်
ငါက နင့်ရဲ့
F o r e v e r
B e s t
F r i e n d
ဖြစ်ချင်ပါတယ်..........
ကံကောင်းပါစေ...
သူငယ်ချင်းရာ

လမ်းခွဲထားသော ချစ်သူနှစ်ဦး ပြန်တွေ့ဆုံသောအခါ

တကယ်တော့ လောကကြီးက မတရားဘူးလို့ပြောရမှာလဲ မတရားဘူးလေ
ဒီလိုမတရားတာတွေရှိနေ ဖြစ်တည်နေတာကိုက လောကကြီးရဲ့
တာဝန်တစ်ခုလို့ထင်တယ် ချစ်တိုင်းလဲမညားနိုင် ညားတိုင်းလဲမချစ်နိုင်ကြတဲ့
အဆီငေါ်မတည့်တဲ့ အချစ်နဲ့နောက်တစ်ခါ ထပ်မံ၍ မဆုံတွေ့ရပါလို၏။
in-love-Valentines-day-pictures
လမ်းခွဲထားသော မိန်းကလေးနဲ့ သူ့ချစ်သူဟောင်းတို့ အမှတ်မထင်ပြန်တွေ့ဆုံတဲ့အခါ .....
                                          -------------
ကောင်မလေး          - နင့် ချစ်သူ အသစ်က ချောလား ဟင် ( သူင့ါထက် လှမှာပါလေ )

ကောင်ကလေး         - အင်း ဒါပေါ့...  ( သဲသာ မောင့်အတွက် အလှဆုံးပါ )
--------
--------
ကောင်မလေး          - သူက ရယ်စရာတွေပြောပြီး ကြည်နူးနေတတ်တယ်ဆို.. ( သဲ မလုပ်နိုင်ခဲ့တဲ့ ဟာတွေပေါ့ )
ကောင်ကလေး       - အင်း ဒါပေါ့.. ( မေသာ မောင့်ကို ပျော်ရွှင်စေတာပါ )
----------
---------
ကောင်မလေး        -  နင်တို့နှစ်ယောက် ထာဝရ လက်တွဲနိုင်ပါစေနော် ( သဲနဲ့ မောင် မတည်ဆောက်နိုင်ခဲ့တဲ့ အရာကိုပေါ့ )
ကောင်ကလေး       - နင်လည်း င့ါလိုပဲ ဖြစ်လာပါစေ.. ( မောင်နဲ့သဲ ကျတော့ ဘာလို့ မဖြစ်နိုင်တော့တာလဲ )
--------
---------
ကောင်မလေး        - ငါ သွားလိုက်အုံးမယ်ဟာ .. ( သဲ တစ်ယောက်တည်း ငိုပါရစေ )
ကောင်ကလေး      -အင်းငါလည်း သွားတော့မယ်.. ( သဲ မောင့်လို မငိုဘူးလို့ မျှော်လင့်ပါတယ် )
-----------
-----------
ကောင်မလေး       -  ဘိုင်.. ( မောင့်ကို ချစ်ဆဲ၊ လွမ်းဆဲ ပါပဲ )
ကောင်ကလေး     - အင်း နောက်မှ တွေ့မယ်နော ( မောင်သဲကို ဘယ်တော့မှ မမေ့ပဲ၊ ထာဝရချစ်နေမယ်)
-----------
------------
အချစ်စစ်မှန်ပေသော်ငြားလည်း.................လမ်းခွဲ သွားတဲ့ ချစ်သူ နှစ်ဦး ပြန်စုံနိုင်ပါ့မလား..
www.yoyarlay.com/entertainment/art/33819-when-we-meet-again

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...