https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Apr 24, 2013

သင့်ကိုချစ်တဲ့မိန်းကလေး


မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစား
ရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံးသတိပြုမိရမှာဖြစ်
ပီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။
မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိ
တယ်။ ပထမအချက်က သူ့ချစ်တဲ့ကောင်လေးက ဒီစကားကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ
ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။ သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲပွေ့ဖက်ပြီး နူးညံ့ညင်သာစွာ
နဲ့"နင့်ကို ငါချစ်တယ်" လို့ပြောပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ ကို သင် ကာကွယ်နိုင်ပါလိမ့်
မယ်။
မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။ သူတို့စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်
တာကို သင့်ကြည့်ခဲ့လို့၊ မပြောသင့်တာကို သင့်ပြောခဲ့လို့ဖြစ်တယ်။ ဒါမှမဟုတ် နောက်ကျမှ ဆက်တဲ့ဖုန်းကြောင့်ဖြစ်
တယ်။ တကယ်တော့ မိန်းကလေးတွေရဲ့ နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွှတ်ဖို့ သင်တောင်းပန်မယ်၊ သူ့ကို ယု
ယကြင်နာမယ်ဆိုရင် သူ့ရဲ့ စိတ်တိုဒေါသတွေက လေနဲ့အတူလွင့်သွားတဲ့ တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွား
မှာဖြစ်တယ်။
မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။
ပန်းကြိုက်တာမိန်းကလေးတိုင်းရဲ့ မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက တန်ဖိုးကြီးတဲ့ နှင်းဆီပန်း
တစ်စည်းပဲဖြစ်ဖြစ်၊ တောပန်းပွင့်လေး တစ်ပွင့်ပဲ ဖြစ်ဖြစ် တစ်ချို့ မိန်းကလေးအတွက် ကျေနပ်မှုက တူတူပဲဖြစ်တယ်။
အဓိက,က သင့်ရဲ့ ရိုးသားတဲ့စိတ် ရှိဖို့ပဲဖြစ်တယ်။
မိန်းကလေးတွေက ဖုန်း အမြဲစောင့်တတ်တယ်။ ဒါက ချစ်စ ကြင်စ အချစ် ပင်လယ်မှာ မျောနေတဲ့ မိန်းကလေး တို့ရဲ့
သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။

မိန်းကလေးတချို့က စကားအရမ်းပြောနိုင်လွန်းတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေ ထက် ပို ခံစား လွယ်
တယ်၊ သူတို့က သူငယ်ချင်းတွေနဲ့ ဆုံပြီဆိုရင် ပတ်ဝန်းကျင်အကြောင်း၊ လူတွေအကြောင်း မနားတမ်း ပြောတတ်ကြ
တယ်။ ဒါက သူတို့အတွက် အပန်းဖြေနည်းတစ်မျိုး၊ စိတ်ဖြေလျော့မှုတစ်မျိုး ဖြစ်တယ်။ တချို့မိန်းကလေးတွေက ဖုန်း
ကောက်ကိုင်ပြီးရင် မချတတ်တော့ဘူး။ ဒါဟာလည်း ခုခေတ်မိန်းကလေးတွေက အလုပ် ကိုယ်စီ ရှိနေကြလို့ သူငယ်
ချင်းမိတ်ဆွေတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ အချိန် မရှိလို့ဖြစ်တယ်။ ချစ်သူကလည်း ဒါတွေကို စိတ်ရှည်သည်း
ခံပြီး နားထောင် မပေးတတ်ကြတော့ ပြောချင်တာ၊ ရင်ဖွင့်ချင်တာကို သူငယ်ချင်းတွေနဲ့ ဖုန်းနဲ့ပဲ ပြောကြတော့တယ်။
(အခုခေတ်မှာတော့ facebookပေါ်မှာ ပြောနိုင်ပါပြီး)

လူတစ်ယောက်ကိုချစ်ဖို့ရာ အကြောင်းတရား မလိုဘူး။

မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူနဲ့ အတူနေရဖို့ နောင်တတရားမရှိဘဲ အရာရာကို ပေးဆပ်တတ်ကြတယ်။ လူတစ်
ယောက် ကိုယ့်ကြောင့် ပြောင်းလဲသွားတယ်၊ ခေါင်းမာတဲ့ သူ့အကျင့်တွေ ရုတ်သိမ်း သွားတယ်ဆိုရင် သင့်ကိုတကယ်
ချစ်လို့ပါပဲ။ သင့်ကို တကယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ လိုအပ်ချက်က သင့်ရဲ့ နားဝင်ချိုတဲ့ ကတိသစ္စာတွေ
မဟုတ်ဘူး။ သူတို့လိုအပ်တာက သင့်ဆီက လုံခြုံမှု၊ ထိခိုက် ဒဏ်ရာရလာတဲ့ သူ့အတွက် အချိန်မရွေးမှီခိုနိုင်မယ့် ပခုံး
တစ်စုံသာဖြစ်တယ်။

ယောကျာ်းလေးတွေက မျက်လုံးနဲ့မိန်းကလေးကို ကြည့်တတ်ကြတယ်။ ဒါကြောင့်အလှရဲ့စွဲဆောင်မှုကို အလွယ်တကူ
ခံရတတ်တယ်။မိန်းကလေးတွေက စိတ်နဲ့ယောက်ျားလေးကို တွေးတောတတ်ကြတယ်။ ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲ
တာကိုအလွယ်တကူ ခံစားရတတ်တယ်။

မိန်းကလေးတွေက ဂုဏ်ဝင့်တဲ့ရွှေငန်းနဲ့ တူတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကို ချစ်မိပြီဆိုရင် အတောင်အချိုးခံ
လိုက်ရသလိုပဲ။ ဒါကြောင့် ယောက်ျားလေးတွေက ကိုယ့်ကို ချစ်တဲ့ မိန်းကလေးကို ပိုပြီး ဆတိုး ကြင်နာ တန်ဖိုး ထား
စောင့်ရှောက်သင့်တယ်။ သူတို့နာကျင်အောင်၊ မျက်ရည်ကျအောင် မလုပ်သင့်ဘူး။

နိုင်းနိုင်းစနေ မှ ကူးယူဖော်ပြပါသည်။

သင့်ကိုသင် ဟန်မဆောင်ပါနဲ့



ကောင်မလေး.....အိပ်တော့လေ နောက်ကျနေပြီ
စိတ်ထဲမှာတော့ (မအိပ်ပါနဲ့အုံး ၊ စကားပြောလို့မ၀သေးဘူး ကောင်လေးရေ)

ကောင်လေး.........အင်း၊ အိပ်တော့မယ်
စိတ်ထဲမှာတော့ (ငါတကယ်အိပ်ရတော့မှာလား ကောင်မလေး ငါနင်နဲ့ စကားပြောလို့မ၀သေးဘူး)

ကောင်မလေး............Goodnight
စိတ်ထဲမှာတော့ (မအိပ်သွားပါစေနဲ့)

ကောင်လေး...............Goodnight အိမ်မက်လှလှမက်ပါစေ
စိတ်ထဲမှာတော့(ငါမအိပ်ချင်လဲ နင်စကားနားထောင်ပြီ အိပ်လိုက်မယ် ချစ်သူ)

ကောင်မလေး ..............မအိပ်နဲ့အုံး ၊ ခဏဖြစ်ဖြစ်နေအုံး
စိတ်ထဲမှာတော(ငါတော့မှားပြီပြောလိုက်မိပြီ ထင်တယ်။ သူတကယ်အိပ်တော့မယ်လို့ ပြော)

ကောင်လေး...........ဘယ်တော့များအဲဒီစကားပြောမလဲလို့ စောင့်နေတာ

တခါတလေမှာ တချို့ အရာတွေက တစ်ယောက်ကိုတစ်ယောက်
စိတ်ထဲမှာ ရှိတာနဲ့ တကယ်လက်တွေ့မှာ ဟန်ဆောင်နေတာနဲ့
မတူကြပါဘူး ဒါပေမယ့် တခါတလေ ဟန်ဆောင်ပါများရင်
ကိုယ်တန်ဖိုးထားတဲ့သူကို ဆုံးရှုံ့းရတတ်ပါတယ် ။
မဆုံးရှုံးစေချင်ရင်တော့ ............??


FWD MAIL
 

ဦးဏှောက်ကိုပျက်စီးစေသော အကြောင်းရာများ

(၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။


(၂) စိတ်ဝင်စား တက်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

(၃) ကျန်းမာရေး မကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ် ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက် စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှု တွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။


(၄) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီး ခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင် စုစည်းမှုကိုတော့လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးတဲ့ အကျိုးဆက် ကိုရစေပါ တယ်။

(၅) အိပ်ချိန် မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရ စေပါတယ်။ အိပ်ချိန် မလုံလောက် တာမျိုး ရေရှည် ဖြစ်လာတဲ့ အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မား လာစေပါတယ်။

(၆) လေထု ညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ လေကို ရှုသွင်းခြင်း အားဖြင့် ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

(၇) အချိုများ လွန်ကဲစွာ စားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီး အာဟာရ ချို့တဲ့ စေတဲ့အပြင် ဦးနှောက် ဖွံ့ဖြိုးမှု ကိုပါ အနှောင့် အယှက် ဖြစ်စေပါတယ်။

(၈) ဆေးလိပ် သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ် သောက်တတ်သူတွေ ကျွန်တော့်စာကို လာဖတ် ကြပါတော့ မလားတောင် မသိဘူး) ဆေးလိပ် သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား ရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင်နိုင်စွမ်း တွေကို ကျဆင်းစေတဲ့ ရောဂါ) ပါဖြစ်လာနိုင် ပါတယ်။

(၉) လွန်ကဲစွာ စားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက် ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြော တွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

(၁၀) မနက်စာ မစားခြင်း

မနက်စာ မစားသူတွေဟာ သွေးထဲမှာ ပိုနည်းတဲ့ သကြားဓာတ် ရစေပါတယ်။ အဲဒါရဲ့ အကျိုးဆက် အနနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်


~~တွေးခေါ်တတ်ကြပါစေ~~ 

ခွန်ဆန်လော နဲ့ နန်းဦးပြင်

ခွန်ဆန်လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ) ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတ စ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။ အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝသဘောမတူပေမဲ့ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။ လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။ နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။ ကန္တာရမိုးစက်များ ခွန်သမ်လော နှင့် နန်းဦးပေ ငယ်ငယ်တုန်းက မေမေ စီက ကြားရတဲ့ပုံပြင်တွေထဲက ခုထိ ရင်ထဲ စွဲးညှိကျန်ရစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ် sipaw Generation. (သီပေါသား/သူများ)


ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့
မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတစ်ရွာအရောက်မှာတော့  မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင် လို့ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေ တာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေး ဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။


        အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူကလုံးဝသဘောမတူပေမဲ့ခွန်ဆန်လောရှေ့မှာတော့သမီးရင်းပမာ ချစ်ပြပြီး နောက်ကွယ် မှာ နှိပ်စက် ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက် ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ် ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။

လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေး မှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ် သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ) လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။

 နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရ တဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်း များစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လော တစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ြေ ပာပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေ လို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအ ဆိုအရ စုန်း ကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြား လိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့ တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေ မဲ့ ပေါင်း ဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။

ကန္တာရမိုးစက်များခွန်သမ်လော နှင့်နန်းဦးပေငယ်ငယ်တုန်းက မေမေ ဆီက ကြားရတဲ့ပုံပြင်တွေထဲက ခုထိရင်ထဲစွဲညှိကျန်ရစ်ခဲ့တဲ့ပုံပြင်လေးတစ်ပုဒ်

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...