သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက်ပြည့်အင့်
ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရ
မည်ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ .........
ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။
သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။)
ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။
ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။ ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ
ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။
ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။
ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။ ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး
တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည်
သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်း
ရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။
ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်းသိရသည်။
ကြေးမုံသတင်းစာ မှ ကူးယူတင်ပြခြင်းဖြစ်သည်...
မေးလ်မှတစ်ဆင့်
Dec 1, 2012
လေမဖြတ်ခင်..ဖြစ်မည့်..ရောဂါလက္ခဏာ (၁၁) မျိုး
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)
၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)
၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)
၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime) အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ
ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)
၁၁။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)
ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်းမှ ကာကွယ်နိုင်ကြပါစေ.....
နောက်ဆုံးတစ်ချက်က အရေးကြီးလို့.............
၁၁။ မျက်စိနှစ်ဖက်လုံးမှောင်အတိ ကျသွားပြီး ... ခန့်မှန်း ၁၅ စက္ကန့်လောက်ပြန်မမြင်လောက်အောင်
ပိန်းပိတ်သွားရင် လေဖြတ်ရန်နာရီပိုင်းသာလိုတော့သည့် အနီးဆုံးအခြေအနေပါ။

လမ်းခွဲ
နှလုံးသားက မင်းကိုလိုအပ်နေပေမယ့်...
မဖြစ်နိုင်ပါဘူး.........
ကောင်မလေးရယ်....
လမ်းခွဲစကားကို....မင်းကိုမပြောချင်ပေမယ့်..
ကြမ်းတမ်းတဲ့.... ငါ့ဘဝထဲကို....
မင်းကို ဆွဲမခေါ်ချင်တဲ့အတွက်.....
ငါတို့ နှစ်ယောက်ဝေးရတော့....
ငါတို့တွေ..သစ္စာရှိရှိချစ်ခဲ့ကြတယ်..
တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ကြတယ်....
ဒါပေမယ့်..အခြေနေမပေးခဲ့ဘူး....
မင်းကိုငါ....ချစ်နေပေမယ့်....
ရင်ထဲကပဲဆက်ချစ်ပါတော့မယ်...
ဘယ်လောက်ပဲ.... လွမ်းနေပါစေ...
ငါ့နှလုံးသားကို ငါလိမ်ညာပြီး
မင်းကောင်းဖို့အတွက်....
ငါ့ဘဝကြမ်းထဲကို ဆွဲမခေါ်ရက်ပါဘူး
ကောင်မလေးရယ်.....
မင်းအတွက်စကားလက်ဆောင်လေးပြောပါရစေ..
ငါနဲ့နင်..လမ်းခွဲပြီးရင်...
ငါတို့အရင်ချိန်တွေ မေ့ပြီး
မင်းရဲ့ဘဝသစ်ကိုပြန်စပါနော်.....
ငါတို့ချစ်ခဲ့ကြတာတွေလဲမေ့ပစ်လိုက်ပါ....
မင်းအတွက်..ငါဆိုတာ...
အခုချိန်က စပြီး
မလိုအပ်တော့ပါဘူး...
ကောင်မလေးရယ်......
မနက်အိပ်ရာထတိုင်း မင်းပုံရိပ်တွေ...
ငါ့ခေါင်းထဲဝင်လာတယ်...
ညအိပ်တိုင်း...မျက်စိမှိတ်သော်လဲ...
မင်းပုံရိပ်တွေမြင်ရောင်မိသေးတယ်...
လွမ်းပြီးအိပ်မရ ညပေါင်းလဲ မနည်းပါဘူး...
မချစ်လို့..... လမ်းခွဲတာ မဟုတ်ပါဘူး...
အခြေနေမပေးလို့..လမ်းခွဲတာပါ....
တောင်းပန်ပါတယ်မပြောချင်ပေမယ့်...
နားလည်ပေးပါ..ကောင်မလးရယ်...
ချစ်တိုင်းလဲ မညား
ညားတိုင်းလဲ မချစ်ဆိုတဲ့
ဆိုရိုးစကားဆိုတာ..ငါ့အတွက်တော့...
တကယ်မှန်ခဲ့လေပြီ...။
ကျန်းမာရေးအတွက်အထောက်ကူပြုနိုင်မည့်သစ်သီးများ
ကျန်းမာရေးကို အထောက်အကူပြုသည့် သစ်သီးတွေအများကြီးရှိပါတယ်။
အဲဒီထဲကမှ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လိမ္မော်သီး(Orange)
လိမ္မော်သီးသည် ဗီတာမင်စီ၏ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး ရှောက်သံပုရာမျိုးဝင် သစ်သီး ဖြစ်သည်။
လိမ္မော်သီးသည် အမျှင်ဓာတ်၊ ဗီတာမင် A၊ B၊ B1၊ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်တို့၏ ကောင်းသော အရင်းအမြစ်
ဖြစ်ပေသည်။ လိမ္မော်သီးကို မကြာမကြာ စားပေးပါက ကင်ဆာရောဂါများနှင့် နှလုံး ရောဂါများ ဖြစ်နိုင်ခြေကို
လျှော့ချပေးနိုင်ပါသည်။
၂။ ငှက်ပျောသီး
ငှက်ပျောသီး၏ အာဟာရဓာတ်သည် နှလုံး၊ ကျောက်ကပ်၊ ကြွက်သား၊ အာရုံကြောနှင့်အရိုးများကို အကျိုးပြုသည်။
စိတ်ဇဝေဇ၀ါဖြစ်မှု၊ စိတ်လှုပ်ရှား၍ ကတုန်ကယင်ဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချွေးထွက် လွန်ခြင်း၊
ရောဂါလက္ခဏာများ ခံစားနေရသူများအတွက် ငှက်ပျောသီး စားပေးခြင်းဖြင့် သက်သာနိုင်ပါသည်။
၃။ စတော်ဘယ်ရီသီး(Strawberries)
စတော်ဘယ်ရီသီးသည် သွေးထဲရှိအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်စွမ်းရှိသော အရသာအရှိဆုံးနှင့် အာဟာရ
အဖြစ်ဆုံး သစ်သီးဖြစ်သည်။ ၀မ်းချုပ်ခြင်း၊ သွေးတိုးရောဂါ၊ အရေပြားကင်ဆာ၊ အသည်းခြောက်ရောဂါနှင့် ဒူလာ
ရောဂါရှိသူများ စတော်ဘယ်ရီသီးကို စားသင့်သည်။
၎။ သလဲသီး(Promegranate)
သလဲသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ပုံမှန်သွေးလည်ပတ်မှုကို ထောက်ပံ့ပေးပြီး၊ နှလုံး ရောဂါများနှင့်
နှလုံးဖောက်ပြန်မှုများကို လျော့နည်းစေပါသည်။ ထို့အပြင် ဆီးချိုရောဂါနှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေများကို
လျော့ချပေးသည်။ သလဲသီးတွင် ဗီတာမင် A,C,Eနှင့် ဖောလစ်အက်စစ်တို့၏ သဘာဝ အရင်းမြစ်ကောင်းတစ်ခု ဖြစ်
သည်။ သလဲသီးသည် သွေးကို သံဓာတ်ဖြည့်စွမ်းပေးခြင်းဖြင့် သွေးကိုထောက်ပံ့ သည်။ ထိုသံဓာတ်သည်
သွေးအားနည်းရောဂါလက္ခဏာများဖြစ်သော အားနည်းခြင်း၊ မူးဝေခြင်း၊ အကြားအာရုံ ဆုံးရှုံးခြင်းနှင့် ခြေကုန်
လက်ပမ်းကျခြင်းတို့ကို ကာကွယ်ပေးသည်။
၅။ သရက်သီး (Mangoes)
တစ်မူထူးခြားသော အနံ့အရသာ၊ အသားမျှင်ဖွဲ့စည်းပုံ၊ အရောင်အသွေး၊ မွှေးပျံ့သောရနံ့နှင့် အမျိုး အစားများစွာ
ရှိသည့် သရက်သီးသည် လူကြိုက်အများဆုံးဖြစ်ပြီး ဘက်စုံအသုံးပြုနိုင်သည့် သစ်သီးဖြစ်သည်။ သရက်သီးရှိ
ဗီတာမင်Cနှင့် ကယ်လ်စီယမ်သည် ဆံချည်မျှင်သွေးကြောများကို တင်းစေပြီး၊ အတွင်းပိုင်း သွေးယို စီးမှုကို
ကာကွယ်ပေးသည်။ သရက်သီးမှန်မှန်စားပေးခြင်းသည် အသားအရေဖြူစေပြီး အရေပြားကို နူးညံ့ တောက်ပစေ
သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သရက်သီးတစ်နေ့တစ်လုံး စားပေးသင့်ပါသည်။ အဘယ့်ကြောင့်ဆို
သော် သရက်သီးတွင်ပါဝင်သော ကယ်လ်စီယမ်နှင့်မဂ္ဂနီစီယမ်တို့သည် ကြွက်သားများကို လျော့စေကာ စိတ်ဖိစီးမှု
ကို သက်သာရာရစေပြီး ကိုယ်ဝန်ပျက်ကျမှုကို ကာကွယ်ပေးသည်။သရက်စေ့ခြောက် သည် သွားဖုံးများကို
အားကောင်းစေပြီး ခံတွင်းအနံ့ဆိုးကို ပျောက်စေသည့် အကောင်းဆုံး သွားတိုက်ဆေး ဖြစ်သည်။
၆။ သင်္ဘောသီး
သင်္ဘောသီးမှန်မှန်စားပေးခြင်းသည် ကျန်းမာရေးကောင်းပြီး အင်အားကို ဖြစ်စေသည်။ သင်္ဘောသီးမှည့် သည်
အစာကြေခြင်းအတွက်ကောင်းပြီး၊ ၀မ်းချုပ်ခြင်းတွင် အထောက်အကူပြုသည်။ သင်္ဘောသီးတွင် ဗီတာမင်C ကြွယ်ဝ
စွာ ပါရှိသည်။ ကင်ဆာဖြစ်မှုကိုလည်း ကာကွယ်ပေးပါသည်။
By: Good Health

Subscribe to:
Posts (Atom)