https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Sep 26, 2012

အခြေအနေနှင့် အချိန်ကိုက် လုပ်ဆောင်ရန် ကူညီနိုင်သည်များ


https://m.ak.fbcdn.net/sphotos-d.ak/hphotos-ak-ash3/564689_207991049332413_1426440215_n.jpg

သင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ အချိန်ကိုက် လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်မယ့် အကြောင်းအရာတွေ ရှိနေပါတယ်။

အင်တာဗျူး ဖြေစရာရှိလျှင် ပဲပိစပ်စားပါ

အလုပ်အတွက် အင်တာဗျူး ဖြေရာမှာ ဦးနှောက်ဉာဏ်ရည် ထက်မြက်နေဖို့ လိုပါတယ်။ Montreal တက္ကသိုလ်မှ သုတေသီတွေက အစားအစာထဲမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် ထရစ်ပတိုဖန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး လုပ်ဆောင်ချက်တွေ ထူးချွန် ပြောင်မြောက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပဲပိစပ်ကနေ ထရစ်ပတိုဖန်များစွာ ရရှိနိုင်ပြီး ကြက်သား၊ ဆယ်လ်မွန် ငါးတွေကလည်း ရရှိနိုင်ပါတယ်။

စာမေးပွဲ ဖြေစရာရှိလျှင် ကောက်နှံတစ်ခုလုံး စားပါ

စာမေးပွဲဖြေဖို့ အခန်းထဲမဝင်မီ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအစာကို စားပေးပါ။ သင့်ဦးနှောက်ဉာဏ်ရည် ကောင်းစေပြီး သင်ကျက်ထားသမျှ စာတွေ မှတ်မိနေစေပါတယ်။ ကောက်နှံတစ်ခုလုံးမှာ ဖောလိတ်ဓာတ် ရရှိနိုင်ကနေ သင့်မှတ်ဉာဏ်အတွင်း သိမ်းဆည်းထားတဲ့ စာတွေကို အလွယ်တကူ ပြန်လည် ဖော်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် သုတေသီတွေက စာမေးပွဲဖြေတဲ့အခါ ပီကေဝါးပြီး ဖြေဆိုပါက မှတ်ဉာဏ်စွမ်းရည် ၃၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စေတယ်လို့ ဆိုပါတယ်။

ချစ်သူနဲ့ ပထမဆုံး ချိန်းတွေ့လျှင် လက်ဖက်ရည်ကြမ်းသောက်ပါ

ချစ်သူနဲ့ ပထမဦးဆုံး ချိန်းတွေ့ချိန်မှာ သင့်စိတ်တွေ လှုပ်ရှားနေနိုင်ပါတယ်။ စိုးရိမ်စိတ်တွေကြောင့် ချစ်သူရှေ့မှာ အလွဲအချော်တွေ မလုပ်မိစေဖို့ ချမိုမိုင်းခတ်ထားတဲ့ လက်ဖက်ရည်က သင့်စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေပါတယ်။ ချမိုမိုင်း လက်ဖက်ရည်က စိုးရိမ်စိတ်များတာ၊ စိတ်လှုပ်ရှားနေတာတွေကို သက်သာစေတဲ့ အာနိသင် ရှိပါတယ်။

ကလေးယူဖို့ ကြိုးစားနေလျှင် ကမာကောင်စားပါ

ဇင့်ဓာတ်များစွာ ပါဝင်တဲ့ ကမာကောင်က အမျိုးသားတွေရဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးပါတယ်။ တကယ်တော့ ဇင့်က အမျိုးသားတွေမှာသာမက အမျိုးသမီးတွေမှာပါ မျိုးအောင်နိုင်စွမ်း မြှင့်တင်ပေးပါတယ်။ အမျိုးသမီးတွေမှာ ကျန်းမာတဲ့ သားဥတွေ ထုတ်လုပ်ပေးပြီး အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စထရိုစတီရုန်း ပမာဏကို တည်ငြိမ်အောင် ထိန်းပေးကာ ကျန်းမာတဲ့ သုက်ကောင်တွေကို ထုတ်လုပ်ပေးပါတယ်။

ပြဿနာ ဖြေရှင်းစရာရှိလျှင် သစ်ချသီးစားပါ

တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူညီတဲ့ အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ သွေးဆူတာကြောင့် အချင်းများပြီး ဆက်ဆံရေး မပြေမလည်ဖြစ်ကာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးရတတ်ပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ ခန္ဓာကိုယ်မှာ အိုမီဂါ- ၃ ချို့တဲ့နေပါက သင့်အပြုအမူတွေက ရန်လိုမှုများနေစေတာကို တွေ့ရပါတယ်။ ဂျပန်ပညာရှင်တွေက ဇင့်ဓာတ်က အမျိုးသမီးတွေရဲ့ ဒေါသကို ပြေစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆွေးနွေးစရာတွေရှိတဲ့အခါ ဆွေးနွေးမှု မပြုလုပ်မီ သစ်ချသီး စားပေးပါက အိုမီဂါ- ၃ နဲ့ ဇင့်ဓာတ်ကို ရရှိစေပါတယ်။

လင်မယားကွဲကွာရန် အကြောင်းဖြစ်လာလျှင် အဆီများသောငါး စားပါ

စိတ်သဘောထားချင်း၊ အကြောင်းတရားချင်း မတိုက်ဆိုင်တာကြောင့် လင်မယားကွာရှင်းပြတ်စဲကြတဲ့အခါ စိတ်ဓာတ်ကျဆင်းကာ အဆိုးမြင် အတွေးတွေပဲ တွေးမိစေပါတယ်။ ဒီခံစားမှုတွေ မဖြစ်ပေါ်အောင် တားဆီးလို့တော့ မရပါဘူး။ ဒီလိုအချိန်မှာ သင့်အနေနဲ့ အဆီများတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးတွေ စားပေးပါ။ ဒီငါးတွေမှာ အိုမီဂါ- ၃ အဆီ၊ ဗီတာမင်ဘီ ၁၂ နှစ်မျိုးစလုံး ပါဝင်ပြီး စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေပါတယ်။

ဆုံးဖြတ်ချက် ကြီးကြီးမားမားချလျှင် ဒိန်ချဉ်သောက်ပါ

သင်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်၊ လင်မယားအရေးကိစ္စ၊ ကျန်းမာရေး၊ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ စတဲ့ ဘဝနဲ့ဆိုင်တဲ့ ကြီးကြီးမားမား အကြောင်းကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့ လိုလာတဲ့အခါ ဒိန်ချဉ်သောက်ပေးပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို တည်တည်ငြိမ်ငြိမ် ချမှတ်ဆောင်ရွက်နိုင်ပါတယ်။ဒိန်ချဉ်ကနေ အိုင်အိုဒင်းနဲ့ ဇင့်ဓာတ်ကို ရရှိနိုင်ပြီး ဦးနှောက် လုပ်ဆောင်မှုတွေ ကောင်းမွန်စေကာ စိတ်တည်ငြိမ်ဖို့ စွမ်းအားတွေ ရရှိစေပါတယ်။ Toronto တက္ကသိုလ်မှ ပညာရှင်တွေက ဒိန်ချဉ်မှာ ပါဝင်တဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေက စိုးရိမ်စိတ်ကို လျော့နည်းစေပြီး ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချမှတ် ဆောင်ရွက်နိုင်စေတယ်လို့ ပြောပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref:Good Health
Source: http://news.yatanarpon.com.mm/news/review-63978
 ဖေ့ဘွတ်မှ တဆင့်....

၂၅ ကြိမ်မြောက်ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် စင်္ကာပူရွေးချယ်ခံရ


Updated last Friday
စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်သည်Business Traveller အမည်ရှိ ခရီးသွား မဂ္ဂဇင်း စာဖတ် ပရိသတ်များ၏ ထောက်ခံချက်ဖြင့် ကမ္ဘာ့
အကောင်းဆုံး လေဆိပ်ဆု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း၊ ယင်းသို့ သတ်မှတ် ခြင်း ခံခဲ့ရခြင်းသည် (၂၅)ကြိမ်မြောက် ဖြစ်ကြောင်း
သိရသည်။

ကမ္ဘာ့ အကောင်းဆုံး လေဆိပ်အတွက် ပေးအပ်သည့် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၁၉ရက်က လန်ဒန်မြို့တွင် ကျင်းပခဲ့ရာ
၎င်းဆုကို ချန်ဂီ လေဆိပ်မှ အမှုဆောင် အရာရှိ မစ္စတာ လီစွန်ဟီယမ်က လက်ခံ ရယူခဲ့ကြောင်း သိရသည်။
 ချန်ဂီ လေဆိပ်မှ ဝန်ထမ်းများသည် ခရီးသည်များ၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်း၍ အကောင်း ဆုံးဝန်ဆောင်မှု များကို
ပေးအပ်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း မစ္စတာ လီစွန်ဟီယမ်က ပြောကြားခဲ့ သည်။


ချန်ဂီ လေဆိပ်သည် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ၁၉၈၈ ခုနှစ်တွင် ပထမဆုံးအကြိမ် သတ်မှတ် ခံခဲ့ရ ကြောင်း သိရသည်။

ချန်ဂီ လေဆိပ်သည် နှစ်ပေါင်း ၃၁နှစ် အတွင်း ဆုပေါင်း ၄၁ဝ ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ဆုချီးမြှင့်ခြင်း အခံရဆုံး လေဆိပ်များအနက်
တစ်ခု ပါဝင်ခဲ့ကြောင်း သိရသည်။
 
မူရင်း=စင်ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ်ရွေးချယ်ခံရ 
လေးစားစွာဖြင့်    ....    မောင်မြင့်

စကားတစ်ခွန်းနှင့် စကားဆယ်ခွန်း

ကျွန်တော်တို့  လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နေ့တိုင်း လူတစ်ဦးနဲ့တစ်ဦးကို ဆက်သွယ်
မေးမြန်း စုံစမ်း လုပ်ကိုင် ကြတဲ့နေရာမှာ စကားပြောခြင်း ဆိုတဲ့ အရာကို ကြားခံထားလို့
သုံးစွဲကြပါတယ် ။ကျွန်တော်တို့နေ့ စဉ်အသုံးပြုပြောနေကြ  မြန်မာစကားဆိုတာက စကား
လုံးတိုင်းမှာ အနက်အဓိပ္ပါယ်  ပြည့်ဝစွာ ပါဝင် နေလေ့ရှိပါတယ် ။ ပြီးတော့ အခြေအနေ
အချိန်အခါ နဲ့  လူပုဂ္ဂိုလ်အပေါ်မူတည်ပြီး သင့်မြတ်ချိုသာတဲ့ စကား ကို သုံးနှုန်းလေ့ရှိပါတယ် ။

ကြမ်းပေါက်ထဲ ခြေထောက်ကျွံရင် ပြန်နုတ်လို့ ရနိုင်ပေမယ် ကျွံသွား ၊ လွန်သွားတဲ့ စကားကတော့
ပြန်ရုပ်သိမ်းလို့ မလွယ်တော့ပေ ။မြန်မာစကားပုံမှာ စကားနဲ့ ပတ်သက်တဲ့ စကားပုံ များလှ ပါတယ်။
စကား စကားပြောပါများ စကားထဲက ဇာတိပြ ၊စကားနောက် တရားပါ ၊ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ကောင်း
တော့ ပြည်စိုး၊ နှုတ်ကြောင့်သေ လက်ကြောင့် ကြေ၊ မုန်းစေလို ခံတွင်း လက်လေးသစ်၊ ချစ်စေလို ခံတွင်း
လက်လေးသစ်၊ အရိုး မပါတဲ့ လျှာက တော်တော်မွှေ၊ အမိယုတ်တော့ စကား ကြမ်းကြုတ်တယ် စသဖြင့်
များစွာ ရှိကြပါတယ် ။ထိုကြောင့် မဖြစ်မနေ များ စကားပြောခွင့်ကြုံလို့ ၊ ပြောရတော့မယ်ဆိုရင် တောင်မှ
ကိုယ်ပြောမယ်စကားကို ချိုသာသိမ့်မွေ့ မှုကို အခြေခံ ၊ပြီးရင် စကားရဲ့ ရှေ့ နောက်အကျိုးကို စဉ်းစားပြီးမှ
ပြောစေချင်ပါတယ် ။စကားပြောခြင်းနဲ့ ပတ်သက်တဲ့ သာဓကဆောင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို
ဥပမာပြုစေဖို့  ကျွန်တော် ပြောပြချင်ပါတယ် ။

ဟိုးရှေးအခါက ...............မိမိကိုယ်ကိုယ် စကားကျွမ်းကျင်လှပြီလို့ အထင်ရှိနေတဲ့ လူငယ်လေးဦးဟာ
အဘိုးအိုတစ်ဦးနဲ့ ဆုံမိကြပြီး တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က '' မယုံဘူး '' လို့ ပြောမိရင်
ကျွန်ပြုကြစတမ်း လို့  ကတိထားတဲ့ ယုံတမ်းစကားပြော ပြိုင်ပွဲတစ်ခု လုပ်ကြသတဲ့လေ ။လွယ်လွယ်ပြော
ရရင် မယုံအောင်ပြောတဲ့ စကားကို '' ယုံတယ် '' လို့ ခေါင်းညိတ်လက်ခံကြရမယ်ပေါ့ ။မယုံပါဘူး လို့ ပြော
လိုက်မိရင်လည်း မယုံအောင် ပြောတဲ့သူ အိမ်မှာ  အခိုင်းအစေအဖြစ် နေကြေးပေါ့ ။

လူငယ်လေးယောက်အနက် ပထမဆုံးတစ်ယောက်က ......................
ကျွန်တော်အမေ့ဝမ်းဗိုက်ထဲမှာ နေစဉ်က အမေဆီးသီးစားချင်နေတာသိလို့  ၀မ်းဗိုက်ထဲကနေ ဆီးသီး
ရှာပေးခဲ့ရသေးသဗျ ။ ယုံကြလား လို့ မေးတော့ အားလု့းက ပြုံးပြီး ယုံပါတယ်ဟု ပြောကြသတဲ့ ။

နောက် ........ဒုတိယတစ်ယောက်ကတော့ ...................................
တစ်ခါတုန်းက ကျွန်တော်မန်ကျည်းသီး အလွန်စားချင်တာနဲ့ မန်ကျည်းပင်ပေါ် တက်ခူးခဲ့တာ ......
ခူးရင်းခူးရင်းနဲ့  လေးငါးတင်းလောက် ရလာလို့  အပင်ပေါ်ကပြန်မဆင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ် ။
ဒါနဲ့ ပဲ အိမ်ကလှေကားကို ပြန်ယူပြီး ဆင်းလာခဲ့ရတယ် ။ယုံကြရဲ့ လား တဲ့ ။အပင်ပေါ်ကနေ မဆင်းနိုင်
ဘူးလည်း ပြောသေးတယ်  လှေကားကို ကိုယ်တိုင်သွားယူတယ်ဆိုတော့ မဖြစ်နိုင်တဲ့စကားပေါ့ ။ဒါပေမဲ့ 
မယုံပါဘူး ပြောရင် ကျွန်ပြုခံရမှာဆိုတော့ အားလုံးက ယုံပါတယ် လို့ ပဲ ပြောကြသတဲ့ ။

တတိယတစ်ယောက်ကတော့ ဟိုတစ်နေ့ က မြစ်ချောင်းနား လမ်းလျှောက်ရင်းနဲ့ စိတ်ထဲမှာ ငါးကင်စား
ချင်လာတာနဲ့ ရေဆင်းငုပ်ပြီးတော့ ရေထဲမှာပဲ ငါးဖမ်း ၊မီးမွှေးပြီး ကင်စားလိုက်တာ ဗိုက်ကိုကားသွားတာပဲ ။
ဟဲဟဲ ယုံကြလားတဲ့ ။အားလုံးက ယုံတယ် ယုံတယ် လို ခေါင်းညိတ် လက်ခံလိုက်ပြန်တယ် ။

အဲ နောက်ဆုံး လူငယ်တစ်ယောက်က ကျတော့.......................
ကျွန်တော်အိမ် ဘယ်လောက်မြင့်သလဲဆိုရင် အိမ်မှာနေတဲ့ အိမ်ဖော်တစ်ယောက်က  မွေးတဲ့ကလေးဟာ
မွေးပြီးပြီးချင်း အိမ်ရဲ့ ကြမ်းပေါက်က ကျွံကျသွားတာ ဆံပင်ဆွတ်ဆွတ်ဖြူတဲ့ အရွယ်ရောက်မှ မြေကြီးပေါ်
ကျတော့တယ် ။အဲ့ဒီလောက်ထိ ကျွန်တော်အိမ်က  မြင့်တာ ။ယုံကြရဲ့ လား လို့ မေးတယ်ဆိုရင်ပဲ လူငယ်
သုံးယောက်ကော အဘိုးအိုကပါ ယုံပါ့ ငါ့လူရာ ....ယုံပါ့ လို့ ဝိုင်းပြောလိုက်ကြသတဲ့ ။

ဒီလိုနဲ့ အဘိုးအို အလှည့်ရောက်လာရောပေါ့ .......'' အဘိုးအိမ်ရှေ့ မှာ ကွာ ၀ါပင်လေး တစ်ပင် စိုက်မိပါ
တယ် ။အဲ့ဒီဝါပင်က ၀ါသီးလေးတစ်လုံး သီးသကွဲ့ ။အဲ့ဒီ ၀ါသီးတွေရင့်မှည့်ခြောက်သွေ့ ပြီး အက်ကွဲလာတော့
လူငယ်လေးယောက် ထွက်ကျလာတော့တာပဲဟေ့ ။အဘိုးမှာလည်း လက်တို လက်တောင်းခိုင်းစရာ မရှိတော့
အဲ့ဒီလူငယ်လေးယောက်ကိုပဲ ကျွေးမွေးပြီး အခိုင်းအစေအဖြစ် ထားရတာပေါ့ကွာ ။တစ်နေ့ ကျတော့ အဲ့ဒီ လူငယ်
လေးတွေ လေးယောက်သား ငါ့ဆီကနေ ထွက်ပြေးသွားလို့  လိုက်ရှာနေတာ ။အခုမှပဲ ပြန်တွေ့ ရတော့တာပဲကွာ ။
ဟဲဟဲ မင်းတို့ က အိမ်ကထွက်ပြေးသွားတဲ့ ကျွန်လေးယောက် ပဲ ကွ ။ '' ဘယ်လိုလဲ ယုံကြရဲ့ လားလို့ လည်းဆိုရော
လူငယ်လေးယောက်ခမျာ ယုံတယ် ပြောရင်လဲ အဘိုးအိုရဲ့ အခိုင်းအစေ တွေဆိုတာ လက်ခံသလို ဖြစ်မယ် ။မယုံဘူး
ဆိုရင်လည်း ကျွန်ပြုခံရမယ့်အဖြစ်ကို ရောက်သွားရှာတော့တာပေါ့ကွယ် ။

ကဲ သူငယ်ချင်းတို့ ရေ စကားတစ်ခွန်းရဲ့ တန်းဖိုး ဟာ ဘယ်လောက်အထိ အကျိုးရှိသလဲ ၊အကျိုးမဲ့သွားသလဲဆိုတာ
ဒီပုံပြင်လေးက သာဓက ပြလိုက်ပြီလို ထင်ပါတယ် ။ကိုယ်ပြောနေစဉ်ကတော့ အသားစီးရမလား အထင်နဲ့ ကရားရေ
လွှတ်တတွတ်တါတ်ပြောနေပြီး သူတစ်ဖက်သားက ကိုယ်စကားနဲ့ကိုယ် ပြန်ချည်လိုတာမျိုး ၊ ပိတ်မိအောင် ပြောလိုက်
တာမျိုးနဲ့ ကြုံရင် နောင်တရစရာ ဖြစ်နေမှာစိုးလို့  သတိစကားလက်ဆောင်ပါးတာပါ ။

ထိုကြောင့် စကားပြောရာတွင်

စကားအင်္ဂါရပ် (၁၀) ပါး

၁ ။ ကာလ၀ါဒီ = ပြောချိန် ပြောခွင့်သင့်မှ ပြောခြင်း ။

၂ ။ ဘူတ၀ါဒီ   = ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း ။


၃ ။ ဓမ္မ၀ါဒီ   = တရားနှင့်ဆက်စပ်သည်ကိုသာ ပြောဆိုခြင်း ။


၎ ။ အတ္တ၀ါဒီ  = အကျိုးစီးပွားနှင့် ဆက်သွယ်သည်ကိုသာ ပြောဆိုခြင်း ။


၅ ။ ပီယ၀ါဒီ  = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း ။


၆ ။ မိဟိတပုဗ္ဗဘာဏီ =  ပြုံးရွှင်စွာ ပြောဆိုခြင်း ။


၇ ။ မိတဘာဏီ = မတိုမရှည် ချင့်ချိန်ပြောဆိုခြင်း ။


၈ ။ အတုရိတ၀ါဒီ = အဆောတလျင် အရင်စလို မပြောဆိုရခြင်း ။


၉ ။ ပေါရီ =  မြို့  ကြီးသူ မြို့ ကြီးသားတို့ အသုံးမနှုန်း အတိုင်း ပြောဆိုခြင်း ။


၁၀။ ၀ိသဒ၀ါဒီ = တိကျပြတ်သား သန့်ရှင်းသေချာစွာ ပြောဆိုခြင်း ။


စကားအင်္ဂါ (၁၀)ပါး

အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

မှန်သောစကားကိုသာ ပြောဆိုခြင်း။


အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။


အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။


ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။


ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။


စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။


စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။


စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။


စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။


လျှာတွင်အသက်ကိုရှင်စေ ၊သေစေနိုင်သောစွမ်းအားရှိသည်။ စိတ်ဓာတ်ကျနေသူတစ်ဦးအား
 
အားပေးစကားပြောခြင်းသည်  ၄င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင်    သည့်အပြင် ၄င်းရင်ဆိုင်နေ
 
ရသောအခက်အခဲ   ကိုအောင်မြင်ကျော်လွားနိုင်အောင်ကူညီပေးနိုင်သည်။ထို့ နည်းတူ စိတ်ဓာတ်
 
ကျနေသူတစ်ဦးအားပြောသည့် အပြုသဘော မဆောင်သောစကားသည် ၄င်းကိုယ်၎င်းသတ်သေ
 
ရန်ဖြစ်စေနိုင်သည်။  သို့ အတွက်ကြောင့်မိမိပြော သမျှစကားများကို သတိထားဆင်ဆင်ခြင်ခြင်
 
ပြောကြရန်ဖြစ်သည်။ဘ၀လမ်းကြောင်းတွင်းသွားရင်းလာ ရင်း မိမိနှင့်ထိတွေ   ဆက်ဆံသူများအား
 
အပြု သဘောဆောင်သော   စကားကိုသာပြောပါ။  တစ်ခါတစ်ရံတွင်အပြု   သဘောဆောင်သောစကား၊
 
အားပေးစကားများသည် မိမိထင်ထားသည်ထက်ပြီး ထိရောက်တတ်သည်ကို နားမ လည်နိုင်အောင်ဖြစ်ရသည်။
 
သည့်အတွက်ကြောင့်  စဉ်းစားချင့်ချိန်ပြီးမှစကားပြောပါ။ သူ့ အကျိုးကိုယ့်အကျိုး၊   ရပ်ရွာအကျိုး  ၊နိုင်ငံ့အကျိုး
 
ကိုဖြစ်စေသော     စကားကိုသာပြောနိုင်ကြပါစေဗျာ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေးလ်မှတဆင့်...

မြန်မာနိုင်ငံမှဒုတိယကမ္ဘာစစ် သမိုင်းဝင်နေရာ - (၂)ခု နှင့် ကမ္ဘာ့ အမြင့်ဆုံးတံတား

သံဖြူဇရပ်မြို့ မှ စစ်သင်္ချိုင်း
       
သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက်ခမီသွားကားလမ်းဘေးတွင် တည်ရှိပါသည်။
အကျယ်အ၀န်းမှာ ၁၀ ဧက ခန့် ဖြစ်သည်။ အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခုပါဝင်ပြီး ၁၉၄၆ ခု ဒီဇင်ဘာ ၁၈ ရက်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင်၏
ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ်(၆၀)ကျော်ရှိပြီဖြစ်သော်လည်း အပန်းဖြေ စခန်းအဖြစ်
ထိန်းသိမ်းထားရှိမှုကြောင့် ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီးဆွေမျိုးများ နိုင်ငံခြားဧည်သည် ၃၀၀ ကျော်ခန့် 
နှစ်စဉ်  လာရောက် ဂါရ၀ပြုလေ့ရှိကြောင်းသိရပါသည်။
စစ်သင်္ချိုင်းအတွင်းသို့ နိုင်ငံခြားသားများသာ ၀င်ရောက်ခွင့်ပြုကြောင်း သိရပါသည်။





မြန်မာပြည်မှ ကမ္ဘာ့ အမြင့်ဆုံး မြင်းခုံတံတား
(ဂုတ်ထိပ် တံတား)
                

ဂုတ်ထိပ်တံတား(Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထားသံလမ်း
တံတားရဲ့တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့ အနီးမှာ ဖြစ်ပါတယ်။
                  
အတိအကျအားဖြင့် မန္တလေး-လာရှိုးလမ်း၊နောင်ချိုဘူတာအလွန် ၇ မိုင်အကွာမှာ တည်ရှိပါတယ်။
ပြင်ဦးလွင် နဲ့ လာရှိုး မြို့ နှစ်မြို့ ကြားက တံတားလို့ လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားကြပါတယ်။
                  
The World Largest Trestle လို့ အသိအမှတ်ပြုထားတဲ့ တံတားဖြစ်ပြီး Trestle ဆိုတာ
စတီး၊သံမဏိ၊သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။
မြန်မာအခေါ်ကတော့ မြင်းခုံ တံတားဖြစ်ပါတယ်။





ဒုတိယ ကမ္ဘာစစ်အတွင်းက သမိုင်းဝင် လီဒိုလမ်းမကြီး
             
ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာဗျုဟာကျတဲ့ လီဒိုလမ်းမကြီးကို တည်ဆောက်ခဲ့ရာမှာ လူပေါင်း ၆၃,၀၀၀ နဲ့ ငွေကြေး
အမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲခဲ့တယ်လို့  သမိုင်းအထောက်အထားများအရ သိရှိရပါတယ်။ဒီလမ်းမကြီးကို
တရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုခဲ့ကြောင်းဖော်ပြထားပါ
တယ်။ လီဒိုလမ်းမ တည်ဆောက်မှုမှာ အမေရိကန်စစ်သား ၁၁၀၀ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
၁၉၄၅ ခုနှစ် အစောပိုင်းမှာ ဒီလမ်းမကြီးကို တည်ဆောက်ခဲ့တဲ့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell ကို
ဂုဏ်ပြုတဲ့အနေနဲ့  တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က Stiwell Road လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
           


မဟာမိတ်တို့  စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်း၊စစ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊စစ်အင်ဂျင်နီယာ ဟပ်ခ်ျဖီးတို့ စွန့် စွန့် 
စားစား ဖောက်ခဲ့ရသောလမ်း၊ရိုင်ဖယ်လွယ်ရင်း စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်း၊ထိုလမ်းကို တိုက်ရင်း
ဖောက်၊ ဖောက်ရင်းတိုက်ရသဖြင့် တစ်နေ့ ၁ မိုင်မျှပေါက်အောင် မနည်းဖောက်ခဲ့ကြရသည်။ဖျားနာရင်းသေကြ၊
စစ်တိုက်ရင်း ကျဆုံးကြနှင့် တောတောင်ထူထပ် မတ်ဆောက်တောင်နှင့် ချောက်ကမ်းပါးတို့ အကြား ဖောက်ခဲ့ရသော
လမ်းသည် သမိုင်းဝင်လမ်း ဖြစ်ခဲ့ရသည်။ သို့ ပေမဲ့ လမ်းဖောက်ပုံစနစ်ကျသည်ဟု ဆိုရမည်။ ချောင်းရိုးတစ်လျှောက်
ကိုရှာဖွေပြီး တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ်တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ရှေးယခင်က
လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန်  သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့
သည်ဟု ဆို၏။ ယခုအခါ အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့ တွင် အိမ်တိုင်လုပ်ထား
သည်ကို တွေ့ ရ၏။ တောတောင်သဘာဝမှာ အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသော
ကြိုးပြင်သစ်တောများဖြစ်သည်။
          


ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းတချို့ ချောင်းတစ်ချို့ ရှိသော်လည်း လမ်းမှာ
လွန်စွာ ဖြောင့်ဖြူးနေသည်ကို တွေ့ ရသဖြင့် တပ်မတော်အင်ဂျင်နီယာ ဗိုလ်ကြီးကြည်မောင်ကို မေးမြန်းကြည့်ရာ "မဟာ
မိတ်တွေက လေယာဉ်နဲ့ လမ်းအူကြောင်းရှာတယ်ဗျ၊ဒီဘက်လမ်းကြောဆိုတာ ကြိမ်ဝါးပဲ အများဆုံးပေါက်တာဆိုတော့
လေယာဉ် ပေါ်ကနေပြီးတော့ လောင်စာဆီတွေ တန်းတန်းကြီး သွန်ချပြီး မီးရှို့ လိုက်တာပဲ၊ဒါကြောင့် လမ်းဟာ
ဖြူးနေတာပေါ့" တဲ့။
        


လီဒိုလမ်းမ၏ မတ်ဆောက်သောအတက်လမ်းမှာ ကချင်ပြည်နယ် တနိုင်းမြို့ နယ် ရှင်ဘွေယန်မှ စတင်သည်။
ထိုမှ (၁၈)မိုင် စခန်းအထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ ယာဉ်တန်းများ ငယ်သံပါအောင
အော်ဟစ်ရုန်းကန် တက်ကြရသည်။



လေဗောက်အိုးရဲ- စတီးဝဲလမ်း (လီဒိုလမ်း) ခရီးသည်
(နာဂမြေ နန်းယွန်း-ပန်ဆောင်သွား တောလားမှ)ကူးယူ ဖော်ပြပါသည်။
(www.facebook.com/pages/မြန်မာ-တို့ -ရဲ့-ယဉ်ကျေးမှု-အမွေ-အနှစ်များ/182039631890567?ref=stream)
မေးလ်မှတစ်ဆင့်

ဖတ်ခဲ့ရသော ဟာသများ


ဂရုစိုက်နော်
တနေ့ အမေအပြင်သွားသောအခါ........
အမေ : သားအမေအပြင်သွားတဲ့ အခါညီမလေးကိုသေချာကြည့် ထားနော်
သား : ဟုတ်ကဲ့ ပါအမေ၇ယ်စိတ်ချလိုက်စမ်းပါ
၂နာ၇ီခန့် ကြာအမေပြန်လာသောအခါ...........
အမေ : သားမင်းညီမလေးေ၇ာ သား:မေမေ.အပြင်သွားနေတုန်းလေညီမလေးကပုေ၇ာဆိတ်တွေကောက်စားနေတာတွေ့ လို့  ညီမလေးဗိုက်ထဲကပုေ၇ာဆိတ်တွေသေအောင်လို့ ပိုးသပ် ဆေးတပုလင်းလုံး ညီမလေး ကိုတိုက်လိုက်
လို့ ညီမလေးအိပ်ပျော်နေတယ်မေမေ၇ယ်.....
ချစ်ရတဲ့ မိန်းမ နဲ့ ချစ်ရတဲ့ ယောက်ကျား


ချစ်ရတဲ့မိန်းမရေ....

မိဘအိမ်မှာ နေရတာကောင်းလား? ငါ့ကိုစိတ်ကောက်ပြီး နင်မိဘအိမ်ပြန်သွားတာ အခုဆိုရင် (၃၈)နာရီရဲ့ (၃၇)မိနစ်ရှိသွားပြီ။ ဒါဟာ အိမ်ကိုခွာတဲ့နင့်သမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ အချိန်(၄)နာရီနဲ့(၂၁)မိနစ်ပဲ လိုတော့တယ်။ အိမ်တိုင်ရာရောက် ငါလာတောင်းပန်ဖို့ကို နင်စောင့်နေခဲ့မှာပဲ။ ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နင်တောင့်ခံပါဦး... ဒါဟာ နင့်သမိုင်းမှာ အိမ်ကနေထွက်သွားတဲ့ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ နင်တောင့်ခံလိုက်ပါဦး...



အိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင် စိတ်မပူပါနဲ့။ ငွေစုစာအုပ်ကို နင်ယူသွားလည်း ငါ့မှာ ခရစ်တစ်ကတ်တော့ ကျန်ခဲ့ပါတယ်။ ဒါကြောင့် နင်စိတ်မပူပါနဲ့။ ခရစ်တစ်ကတ်က သုံးရတာ အဆင်ပြေတယ်။ ငါ အင်္ကျီငါးထည် ဝယ်ပြီးပြီ၊အဝတ်ခံဘောင်းဘီ(၇)ထည် နဲ့ ခြေအိတ်တစ်ဒါဇင်လည်း ဝယ်ထားပြီးပြီ။ တစ်နေ့တစ်စုံနှုန်းနဲ့ နင်ပြန်လာတဲ့အထိ ငါလှဲဝတ်လို့ရတယ်။ ဝယ်ထားတဲ့အဝတ်တွေ က ဈေးနည်းနည်းကြီးတယ်ဆိုပေမယ့် နာမည်ရှိတဲ့တံဆိပ်တွေပါပဲ။


ငါ့ရဲ့ရိက္ခာအတွက်လည်း နင်စိတ်မပူပါနဲ့။ အသစ်ဖွင့်တဲ့ဆိုင်သစ်(၇)ဆိုင်မှာ ငါသွားစားခဲ့ပြီးပြီ။ ငါတစ်ယောက်တည်း အထီးကျန်မှာစိုးလို့ဆိုတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ပေါ့။ သူတို့က ငါ့ကိုနေ့တိုင်း အဖော်ပြုတယ်။ သူတို့ကလည်း စားကောင်းသောက်ကောင်းတွေပဲ မှာစားနေတော့တာပဲ။ ငါ မတတ်နိုင်ဘူး။ ငါဟာ မျက်နှာသာရချင်သူဆိုတာ နင်လဲသိတယ်လေ။


ခုတလောငါ့ကို စိတ်ရှုပ်စေတာက မျက်နှာချင်းဆိုင်အိမ်က အသစ်ပြောင်းလာတဲ့ ကောင်မလေးပဲ။ သူက နေ့တိုင်းလိုလို အိမ်ရောက်လာပြီး ကြက်သွန်ချေးပါ။ ငံပြာရည်ချေးပါ လုပ်နေတယ်။ ဒါကိုလည်း နင်စိတ်ချပါ... ငါ ဘာအမှားမှ ကျူးလွန်ဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါကိုတော့ နင်ငါ့ကို စိတ်ချယုံကြည်ပါ။


အိမ်မှာစိုက်ထားတဲ့ ပန်းတွေကိုလည်း သဲကန္တာရဥတုလေး ခံစားတတ်အောင် ငါရေမလောင်းဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ အပင်တွေရဲ့ဆင့်ကဲဖြစ်စဉ်ကို အကျိုးဖြစ်စေတာပဲ မဟုတ်လား။ အော်... မေ့လို့ ... အိမ်က ကြောင်မလေးရော! နင်နဲ့အတူ လိုက်သွားတာလား? အိမ်မှာသူ့ကို မတွေ့တာ ၂ ရက်လောက်ရှိနေပြီ။


ဟို ချစ်စရာကောင်းတဲ့ ယောက်ဖနှစ်ယောက် ငါ့ကို လာရန်ရှာမှာကိုလဲ နင်မစိုးရိမ်ပါနဲ့။ မနေ့က သူတို့ကိုဖိတ်ပြီး နင်နဲ့ငါ့ကြားကအကြောင်းတချို့ ပြောပြပြီး ငါပေါက်ကွဲခဲ့ပြီးပြီ။ ငါပြောတာတွေကို နားထောင်ပြီး သူတို့က ငိုငိုယိုယိုနဲ့ "အစ်ကိုရယ်... နင် ပင်ပန်းလွန်းပါတယ်" လို့ ငါ့လက်ကိုဆွဲပြီး ပြောသွားခဲ့တယ်။


နင့်ကို ငါလာခေါ်ပြီး ငါတောင်းပန်မှာပါ.. ဒါပေမယ့် မိဘအိမ်မှာပဲ အေးအေးဆေးဆေး နင်နေလိုက်ပါဦး.. သူတို့လည်း နင့်ကိုလွမ်းနေလောက်ရော့ပေါ့။


စာကြွင်း.... မနက်ဖြန် နင်မပြန်လာဘူးဆိုရင် ဆွေဆွေက ငါ့ကိုပီဇာကျွေးဖို့ ချိန်းထားတာ ငါသွားလိုက်မယ်။ အားနေတော့လည်း အားနေတာပဲလေ.. လူများချိန်းတာကို ခဏခဏငြင်းရတာလည်း မကောင်းပါဘူး။ သူကလည်း ငါ့လုပ်ဖော်ကိုင်ဖက်ပဲလေ....

နင်ချစ်တဲ့ နင့်ရဲ့ယောက်ျား

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


ချစ်ရတဲ့ ယောက်ျားရေ....

နင့်ရဲ့စာအတွက် ကျေးဇူးတင်ပါတယ်။ မိဘအိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင်စိတ်မပူပါနဲ့။ ငွေစုစာအုပ်ထဲကငွေတွေ ငါ့အကောင့်ထဲ ပြောင်းထည့်လိုက်ပြီဆိုတာ နင့်ကိုပြောဖို့ ငါမေ့သွားတယ်။ အစကတော့ နင့်အသုံးစရိတ်အတွက် ငါစိတ်ပူနေတာပါ.. ဒါပေမဲ့ ငွေတွေကို နင်သုံးနေရတယ်ဆိုတော့လဲ ငါ စိတ်မပူတော့ပါဘူး။



နင့်ကို ကောင်းသတင်းလေးတစ်ခု ပေးချင်သေးတယ်။ အိမ်က ကြောင်အိမ်အောက်ဆုံးထပ်မှာ ခေါက်ဆွဲခြောက်ထုပ်လေး နှစ်ထုပ်ရှိတယ်။ အခုအချိန်မှာ စားကောင်းသောက်ကောင်းတွေ နင်စားနေတယ်ဆိုပေမယ့် ငါစိတ်ပူသေးတယ်။ နင်ခရစ်တစ်ကတ်လေး သုံးမရတော့ဘူးလို့ပြောတဲ့အခါ၊ နင်နဲ့အတူစားခဲ့တဲ့သူငယ်ချင်းတွေ အလုပ်များလို့ဆိုပြီး နင့်ကိုလာမတွေ့နိုင်တော့တဲ့အခါ အဲဒီခေါက်ဆွဲထုပ်တွေကို နင်လိုလိမ့်မယ်။


မျက်နှာချင်းဆိုင်အိမ်က ကောင်မလေးကိုလည်း ငါက နှုတ်ဆက်တယ်ဆိုတဲ့အကြောင်း ပြောလိုက်ဦး။ လကုန်လို့ အိမ်ချေးငွေ မပေးနိုင်တဲ့အခါ နင့်သူငယ်ချင်းအသစ်ကို နှုတ်မဆက်ရက်လည်း နင်နှုတ်ဆက်ရလိမ့်မယ်။


အော်.. အိမ်ကပန်းတွေကို ရေလုံးဝ မလောင်းနဲ့နော်.. ငါစိုက်ထားတာက ရှားစောင်းပင်တွေ။ ကြောင်ကလေးက ငါနဲ့အတူရှိနေတယ်။ အိမ်က ကြွက်သတ်ဆေးတွေလည်း သုံးလို့ကုန်သွားပြီ။ ချစ်စရာကောင်းတဲ့ ငါမောင်နှစ်ယောက်က နင်နဲ့ကွာပြီး အသုံးကျတဲ့ယောက်ျားတစ်ယောက်ကို ရှာယူဖို့ အမြဲပြောနေကြလို့ နင့်ကိုလာရန်ရှာလိမ့်မှာတော့ မဟုတ်ဘူး။ မိဘအိမ်ပြန်နေရတဲ့ ခံစားချက်က အရမ်းကောင်းမှန်း ငါအခုမှသိတယ်။ အရင်လို နေ့တိုင်းထမင်းဟင်းချက်၊ အဝတ်လျှော်တဲ့ ပင်ပန်းဒဏ်ကိုလည်း ငါခံစရာမလိုတော့ဘူး။ လွတ်လွတ်လပ်လပ်နဲ့ ရှော့ပင်းထွက်နေရုံပဲ... ဘယ်လောက်ပျော်စရာ ကောင်းလိမ့်သလဲ!


မနက်ဖြန် ဆွေဆွေနဲ့သွားလည်တာ ပျော်ခဲ့ပါစေလို့ ငါဆုတောင်းလိုက်တယ်။ ဆွေဆွေရည်းစားက အားကစားကျောင်းက လက်ဝှေ့နည်းပြဆိုလား ငါကြားထားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ.. ငါ မဟုတ်မမှန် မပြောတတ်တာ နင်လဲသိပါတယ်... ဒါပါပဲ...

နိုင်းနိုင်းစနေ........
မေးလ်မှတဆင့်
 

ဘဝမှာ

ဘဝ မှာ မပြတ်နိုင်ဆုံးက သံယောဇဉ်
ဘဝ မှာ အတောင်းရအခက်ဆုံးက ချစ်ခြင်းမေတ္တာ
ဘဝ မှာ ပြန်အပေးရအခက်ဆုံးက လူမှု့ရေး
ဘဝ မှာ ရယူဖို့အခက်ဆုံးက သူငယ်ချင်း
ဘဝ မှာ ခွဲခွာထားရစ်ရအခက်ဆုံးက မိသားစု...
ဘဝ မှာ ရှာရအခက်ဆုံးက တကယ့် မေတ္တာစစ်
ဘဝ မှာ ခံရအခက်ဆုံးက အကြင်နာမဲ့
ဘဝ မှာ ခန့်မှန်းရအခက်ဆုံးက စိတ်
ဘဝ မှာ ပြန်ပေးဆပ်ရအခက်ဆုံးက ကျေးဇူး
ဘဝ မှာ နာကျင်ရအဆုံးက တုန့်ပြန်မှုမရှိတဲ့ ချစ်ခြင်း ...
ဖေ့ဘွတ်ပေါ်မှတဆင့်

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...