https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 14, 2012

နုပျိုစေမည့် လျှို့ဝှက်ချက် သုံးရပ်

နုပျိုစေမည့် လျှို့ဝှက်ချက် သုံးရပ်
*********************

အသားအရေ နုပျိုတင်းရင်းစေဖို့အတွက် မျိုးဗီဇကလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။ အရေးပါတဲ့ နောက်တစ်ချက်
ကတော့ ဘဝနေထိုင်စားသောက်မှု ပုံစံပဲဖြစ်ပါတယ်။



လျှို့ဝှက်ချက် (၁)
အရေးကြောင်း ကင်းဝေးဖို့ လျှို့ဝှက်ချက် တစ်ခုက နေရောင်ခြည်ဒဏ်ကိုတိုက်ရိုက် မထိတွေ့အောင် ရှောင်ရှားဖို့ပဲ ဖြစ်
ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာ ခရင်မ်ကို အမြဲ လိမ်းပေးဖို့ လိုပါတယ်။ တိမ်ထူတဲ့ နေ့ရက်တွေမှာတောင်
အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားကို ထိခိုက်စေနိုင်တာ
ကြောင့် အရေးကြောင်း ပါးပါးထင်တာနဲ့ ပါးရေတွန့်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နေရောင်ကာ ခရင်မ်ကို လိမ်းတဲ့အခါ
မှာ မျက်နှာကိုသာမက လည်ပင်းကိုပါ လိမ်းပေးဖို့ လိုပါတယ်။




လျှို့ဝှက်ချက် (၂)
အရွယ်တင်နုပျိုဖို့အတွက် ဒုတိယ လျှို့ဝှက်ချက်ကတော့ စီးကရက်နဲ့ အရက်ကိုရှောင်ဖို့ပဲ ဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်
ခံရတာက အသားအရေအတွက် အဓိကရန်သူဖြစ်ပြီး ဆေးလိပ်သောက်တာက အရေးကြောင်း ဖြစ်စေတဲ့ ဒုတိယ
အကြောင်းရင်းပါ။ ဆေးလိပ်သောက်တာ နှစ်ပေါင်းများစွာ ကြာလာရင်နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်း ထင်နိုင်ခြေ
များပါတယ်။ အကြောင်းကတော့ စီးကရက်မီးခိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြား အသစ်ပြန်ဖြစ်တဲ့ သဘာဝ ဖြစ်စဉ်ကို
အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဆဲလ်ဟောင်းတွေ ပျက်ပြီး ဆဲလ်သစ်တွေအစားထိုးတဲ့ ဖြစ်စဉ် လျော့နည်းတာကြောင့်
အရေပြား ထိခိုက်ပျက်စီးရတာ ဖြစ်ပါတယ်။


အယ်လ်ကိုဟောကလည်း အရေပြားရဲ့ အစိုဓာတ်တွေကို ယုတ်လျော့သွားစေပြီး ရေဓာတ် ခန်းခြောက်ကာ နုပျိုတဲ့
တောက်ပမှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အစိုဓာတ်ဟာ အရေပြားဆဲလ်တွေကို တင်းရင်းစေပြီး ကျန်းမာလှပစေပါတယ်။
တစ်နေ့မှာ ဝိုင်တစ်ဖန်ခွက် သောက်တာက အသားအရေကို မထိခိုက်စေပေမယ့် ပုံမှန် အလွန်အမင်း သောက်နေရင်
ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်မှ၊ အရက်သောက်မှ အပန်းပြေတယ်လို့ ခံစားရရင် လေ့ကျင့်ခန်း လုပ်တာကို
အစားထိုး ဆောင်ရွက်ကြည့်လိုက်ပါ။ သင့်အသားအရေက ပိုမိုကြည့်ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ အကြောင်း
ကတော့လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းစေပြီး အသားအရေကို ကြည့်ကောင်းစေပါတယ်။




လျှို့ဝှက်ချက် (၃)
အသားအရေ နုပျိုတင်းရင်းစေဖို့ တတိယ လျှို့ဝှက်ချက်က သင့်ပန်းကန်ပြားပါ။ သင်စားတဲ့ အစာထဲမှာ အင်တီအောက်
ဆီးဒင့် များများပါတဲ့ အစာတွေ ပါဝင်နေရင် အသားအရေက ပိုမိုလှပ ကြည့်ကောင်းနေပါလိမ့်မယ်။ အဖြူရောင် သကြား
တွေကိုလျှော့စားပြီး လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင်နဲ့ အနီရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
လက်ဖက်စိမ်း လက်ဖက်ရည် ဒါမှမဟုတ် ရေကို များများသောက်ပါ။ ဒီလို စားသောက်တာက အရေပြားကို အိုမင်းစေတဲ့
ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်တာကြောင့် အသားအရေမှာအရေးကြောင်းကင်းပြီး နုပျိုတင်းရင်း
လှပစေပါတယ်။

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...