တန်းဖိုးထားထိုက်ဆုံးစကားတခွန်း
“နင့်ကိုငါချစ်တယ်”
ဒီစကားတခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာ တခြားသူရဲ့ ချစ်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။
လောကမှာ အချစ်ခံရတာထက် ပိုချိုမြိန်၊ပိုပျော်ရွှင်တဲ့အရာရှိနိုင်ဦးမလား???
တကယ်လို့ဒီလိုစကားတခွန်းကိုသင်လည်း ပြော လိုက်ပြီဆိုရင် စိတ်ကူးထဲက
အဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်းပြောနေပါတယ်။
လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့တစ်ချိန်ချိန် သင့်မျက်စိဖြတ်ခနဲ အလက်
“ဟော..သူ(သူမ)ပဲ” ဆိုတဲ့ အဖော်ကိုသင်တွေ့သွားခဲ့တယ်။
အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ “အမလည်းမကျန်တော့ဘူးနော်”
အချစ်ရှိပြီဆိုရင် စိတ်တွေမဝေတော့ ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့ပါးပါးနေလို့မဖြစ်တော့ဘူး။
အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊
အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုးဖြစ်ပါတယ်..။
နှစ်သိမ့်ထိုက်ဆုံးစကားတခွန်း
“အခုပဲလာခဲ့မယ်”
လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေရှိပါတယ်။
တစ်ပတ်လောက်ပ်ငပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မျာ
သင် အနားယူနေတုန်း ရုတ်တရက် အိမ်က ရေစက်ခေါင်းပျက် သွားတယ်။
ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက် တော့ သူက “ကျွန်တော်အခုပဲလာခဲ့မယ်”
လို့ ပြန်ဖြေတဲ့အချိန်သင့်စိတ်သက်သာရာရသွားတယ်။
သင်ကားမောင်းနေ တုန်း လမ်းတစ်နေရာမှာ ရုတ်တရက်ကားပျက်သွားတယ်။
နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက် မပြတ်တီးနေတယ်။
သင်စိတ်ပူပန်လှုပ်ရှားပြီးသူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။
သူငယ်ချင်းရဲ့ “ငါအခုပဲ လာခဲ့မယ်” ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားပါတယ်။
လူကိုယုံကြည်မှုတိုးစေဆုံး စကားတခွန်း
“မင်းလုပ်နိုင်တယ်ဆိုတာငါယုံတယ်”
ဆရာတစ်ဦးက ကျွန်တော့ကို ပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ
ကိုင်တွယ်နည်းက ကျောင်းသား တွေနဲ့ အမြဲ တမ်းနှစ်ကိုယ်ကြားဆွေးနွေးတာပဖြစ်တယ်။
အမှတ်ကောင်းတဲ့ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်
ဆရာအမြဲပြောလေ့ရှိတာက “မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်” ဆိုတာပဲဖြစ်တယ်။
ဒါကြောင့်သူသင်ဖူးတဲ့ ကျောင်းသား တိုင်းလိုလိုဟာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်အပြည့်ရှိသူတွေဖြစ်တယ်
“လုပ်နိုင်သူ” တွေက ”ပိုလုပ်နိုင်” ခဲ့ကြပြီး ”မလုပ်နိုင်သူ” တွေလည်း ”လုပ်နိုင်” ခဲ့ကြတယ်။
ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။
“စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိ ရင် တောင်ကို ရွှေ့တာပဲဖြစ်ဖြစ်၊ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ်
နောက်ဆုံးမှာပြီးမြောက်အောင်လုပ်နိုင်တယ်။
တကယ် လို့စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင်
လက်ဖဝါးလှည့်တာ ၊ သစ်ကိုင်းကို ချိုးတာလောက်လွယ်ကူတဲ့ အလုပ်ကိုတောင်
ပြီးမြောက်အောင်လုပ်နိုင်မှာမဟုတ်ဘူး”
အတင်းအဖျင်းကိုပထုတ်နိုင်ဆုံးစကားတခွန်း
“မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာပြောပါစေ”
ကျွန်တော့ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။
“တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားအရယူ ချင်ရင်
သူတို့မပေး ဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။
တကယ်လို့ တခြားလူအနားယူချိန်သားလည်းအနား ယူမယ်၊
တခြားလူအလုပ်လုပ်ချိန်မှာ သားအလုပ်လုပ်မယ်။
တခြားလူ ဘဝကိုဘယ်လိုဖြတ်သန်းရင်သားလဲ သူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင်
သူတို့ရတာပဲ သားရလိမ့်မယ်” ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊
တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူ ထကက်ပိုအလုပ်လုပ်တယ်။
အဲဒီလို ပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာခံရတယ်။
ဒါကြောင့်တခြား လူဆီကနေ မတူတဲ့ အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့အပြုမှုပြောဆိုမှုကို
ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြင်အောင် လုပ်ရတယ်။
လူရွန်းပြောသလိုပါပဲ...“သူတို့ပြောချင်ရာပြောပါစေ...ကဲ့ရဲ့ဝေဖန်အတင်းအဖျင်းပြောသူတွေရဲ့
ချီးကျူးစကားက ကိုယ်အောင်မြင် မှုရပြီးချိန်မှကြားရတတ်တဲ့စကားဖြစ်တယ်”။
ပြောရအခက်ဆုံးနဲ့သဘောထားကွဲလွဲမှုကိုအဖြေရှင်းနိုင်ဆုံးစကားတခွန်း
”မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်”
ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲက လူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ..
ငြင်းခုန်ရန်ဖြစ်ပွဲမှာ အများကိုဝန် ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။
ဒါပေမယ့် အခြေအနေတော်တော်များများမှာ ဒီလိုစကားတခွန်းက
ဒေါသကြောင့် တောက်လောင်မယ့်မီးကို အချိန်မီငြိမ်းစေနိုင်သလို၊
ပွတ်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သ လို၊ ချိန်ရွယ်ထားတဲ့
လက်သီးကို ဖြည်လျှော့စေနိုင်သလို၊ ကွဲပြားတဲ့အတွေးအမြင်ကိုတစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီး နိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့
တည်ငြိမ်ခြင်းကိုလည်း ထိန်း ချုပ်နိုင်ပါတယ်။
ဒီလိုစကားတခွန်းက မိသားစု အငြင်းအပွားမှုမှာ ပိုအသုံးဝင်ပါတယ်။
လင်မယားကြာမှာ ကိစ္စ သေးသေးမွှားမွှားနဲ့ စကားများ ရန်ဖြစ်တဲ့အခါ
တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကို အရင်ဆုံးပြောလိုက်ရင်
သဘောထားကွဲ လွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။
နှစ်ဦးနှစ်ဖက် သွေးအေးသွားမှပြဿနာရဲ့ အရင်းအမြစ်ကိုရှားပြီ ဖြေရှင်းနိုင်ပါတယ်။
အချင်းချင်းချစ်ကြိုက်လို့ အတူတကွ ပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့
ဘာကြောင့်နှစ်ဦးနှစ်ဖက် ဒဏ်ရရ ထိခိုက်အောင်ပြောဆိုငြင်းခုကြမလဲ??
“မင်းမှန်တာလည်းဖြစ်နိုင်ပါတယ်“ ဆိုတဲ့ စကားတခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါူးဘူး.....။
နိုင်နိုင်းစနေဘာသာပြန်သည်။
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.