https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Oct 5, 2012

မိဘတွေ သားသမီးကို နားလည်နိုင်ကြပါစေ

အမေရိကန်နဲ့ဗီယက်နမ် စစ်ပွဲကြီးပြီးသွားတော့ အမေရိကန်စစ်သားတစ်ယောက်က San Francisco မှာရှိတဲ့ သူ့မိဘတွေဆီကို ဖုန်းလှမ်းဆက်တယ် …

“အဖေနဲ့အမေ … သားအိမ်ပြန်လာရတော့မယ် … သားတစ်ခု ခွင့်တောင်းချင်တယ် … သားသူငယ်ချင်းတစ်ယောက်ကို အိမ်ခေါ်လာလို့ ရမလား ?”

“ရတာပေါ့သားရယ်” ဖုန်းကိုင်ထားတဲ့ အဖေဖြစ်သူက ပြန်ဖြေတယ်


“အဖေတို့ သိထားဖို့ သားတစ်ခု ဆက်ပြောရဦးမယ် … သူက ရှေ့တန်းမှာ ဗုံးနင်းမိပြီးတော့ သူ့ခြေတဖက်နဲ့ လက်တဖက်ကို ဖြတ်ထားရတယ် … သူ့မှာ သွားစရာနေရာလည်းမရှိဘူး … အဲ့ဒါကြောင့် ကျွန်တော်တို့နဲ့ တူတူနေဖို့ ခေါ်လာမှာ”

“မင်းဘာကိုတောင်းဆိုနေလဲဆိုတာကို မင်းသိရဲ့လား … အဲ့လို ဒုက္ခိတ တစ်ယောက်က ငါတို့မိသားစုအတွက် ၀န်ထုပ်ဝန်ပိုး သက်သက်ပဲကွ… ငါတို့ရဲ့ သာယာတဲ့ ဘ၀လေးကို လူတစ်ယောက်အတွက်ကြောင့် အနှောင့်အယှက် မဖြစ်စေချင်ဘူး … ဒီတော့ သားပြန်လာရင် သူ့ကိုမခေါ်ခဲ့ဘဲ မေ့နိုင်အောင် ကြိုးစားပါ … သူ့နည်းသူ့လမ်းနဲ့ ဘ၀မှာ အသက်ရှင်နေနိုင်ပါလိမ့်မယ်” လို့ အဖေဖြစ်သူက ပြောလိုက်တယ် …

အဲ့ဒီအချိန်မှာပဲ သားဖြစ်သူက ဖုန်းချလိုက်တယ် …
အဲ့ဒီ့နောက်ပိုင်း သူ့သားဆီက ဘာအဆက်အသွယ်မှ မရတော့ဘူး … သူ့တောင်းဆိုမှုကို လက်မခံလို့ စိတ်ဆိုးသွားတယ်လို့ပဲ မိဘတွေက ယူဆလိုက်ကြတယ် …

ရက်ပေါင်းအနည်းငယ်အကြာမှာ … San Franciso ရဲအဖွဲ့ဆီက ဖုန်းဆက်လာပါတယ် … သူတို့ရဲ့သားက အဆောက်အဦးပေါ်ကနေ ပြုတ်ကျပြီး ကွယ်လွန်သွားတဲ့အတွက် အကြောင်းကြားတာပါ … ရဲတွေကတော့ သူ့ကိုယ်သူ သတ်သေတဲ့အမှုလို့ ယုံကြည်ကြပါတယ် …

မိဘတွေလည်း ကြားကြားချင်း ရဲဌာနကိုလိုက်သွားခဲ့ကြတယ် … သူ့သားမဖြစ်ပါစေနဲ့လို့ တလမ်းလုံး ဆုတောင်းရင်းနဲ့ပေါ့… ရဲဌာနလည်း ရောက်ရော ရဲတွေက သူတို့သားအလောင်းဖြစ်ကြောင်း အတည်ပြုဖို့ ရင်ခွဲရုံကို ခေါ်သွားခဲ့ကြတယ် …

အလောင်းပေါ် ဖုံးအုပ်ထားတဲ့ အ၀တ်စကို လှန်လိုက်တဲ့အခါ
မိဘနှစ်ဦးစလုံး မှင်သက်သွားခဲ့တယ် …
သေဆုံးနေတဲ့ သူတို့သားက ခြေတဖက်နဲ့ လက်တဖက် ပြတ်နေလို့လေ !!!

+++++++++++++++++++++++++++

ကျွန်တော်တို့တွေလည်း ဒီအဖြစ်အပျက်ထဲက မိဘတွေနဲ့
သိပ်မကွာပါဘူး ... မိမိတို့အပေါ် ကူညီတာ ခံချင်ကြပေမယ့် မိမိကပြန်ပြိး ကူညီရဖို့ဆိုရင် အတော်ကို ၀န်လေးတတ်ကြပါတယ် ...

ဒုက္ခရောက်တဲ့လူတစ်ယောက်အပေါ်
"ကိုယ်သာ သူ့နေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ" လို့
ကိုယ်ချင်းစာစိတ်လေးနဲ့တွေးပြီး စာနာထောက်ထားနိုင်ကြပါစေ ...♡♡♡

( Unconditional love by Unknown Arthur ကို ဘာသာပြန်သည် )

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...