https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 10, 2012

အလောင်းအစား

လွန်ခဲ့သော ကာလတစ်ခုတုန်းကဖြစ်သည်။ ရွာတစ်ရွာတွင် သရဲဆို လုံးဝမကြောက်တတ်သော ကိုရင်လေးတစ်ပါးရှိ
လေသည်။ သူက ဘယ်လောက်ခြောက်တဲ့ သ၇ဲပဲဖြစ်ဖြစ် ကြောက်သူမဟုတ်ပေ..............။ သူသ၇ဲမကြောက်တာက
နာမည်ကြီးလေသည်။ ဒီလိုနဲ့ သူတို့ရွာက လူတစ်ယောက်ကွယ်လွန်လေသည်.။ သူက လူ့ဘ၀မှာတုန်း ကလဲ..
အောက်လမ်းဆရာလိုလို ..စုန်းလိုလို ဖြစ်တာကြောင့် လူ့ဘ၀မှာတဲက လူတွေက ခပ်ရှောင်ရှောင်နေကြလေသည်။





ခုသူသေတော့ ပိုဆိုးကုန်တာပေါ့... ။ ဘယ်သူကမှ သူ့အသုဘ မှာ ညအိပ်ရဲတဲ့သူမရှိဘူးပေါ့..။ ဒီလိုနဲ့ ၇ွာဓလေ့ထုံးစံ
အတိုင်း သူ့ကို သဂြိင်္ုဟ်ပြီးလို့ ရက်မလည်ခင် နှစ်ရက်အလိုတွင်ဖြစ်သည်။ သူကလဲ ကြောက်လောက်အောင်ကို
ခြောက်သည် ဆိုသည်။




ဒီလိုနဲ့ ၇ွာကင်းစောင့်တဲ့သူတွေ တောင် လာလာခြောက်သည်။ ဆိုတော့က လူတွေက မစောင့်ချင်ဘူးပေါ့.. ဒါပေမယ့်
လဲ အဲဒီခေတ်က သူခိုးသူဝှက်နဲ့ အခြားသော ရန်တွေက၇ှိနေပြန်တာကြောင့် မစောင့်လို့မဖြစ်ဘူးပေါ့... တစ်နေ့ ကင်း
စောင့်တဲံသူတွေ ကင်းတဲတွင် ရှိနေခိုက်တွင်ဖြစ်သည်။ ကိုရင်လေးက ဘုန်းကြီး ခိုင်းလို့၇ွာထဲကို ကိစ္စ တစ်ခုကြောင့်
လာတာထင်ပါတယ်...အဲဒီမှာ ကင်းတဲကိုေ၇ာက်တော့... ကင်းသမားတွေက “ ကိုရင်လေး ညကြီးမင်းကြီး ဘယ်သွား
မလို့တုန်း.. သရဲခြောက်မှာ မကြောက်ဘူးလား” လို့ဆိုတော့ ကိုရင်လေးက .. “ဘာလို့ကြောက်ရမှာလဲ... သူတို့က
လူကိုထိလို့မရဘူး... သင်္ဃန်းကိုလဲ ထိလို့မရဘူး...” လို့ဆိုတော့. ရွာသားတွေက “ ကိုရင်လေး ရွာထဲမှာ သရဲတကယ်
ခြောက်နေတာနော်... တပည့်တော်တို့လိုက်ပို့ရမလား ..” လို့ မေးတော့.. ကိုရင်လေးကလဲ.. “နေပါစေ.. ကျုပ်ဖာသာ
သွားပါ့မယ် .” ဆိုပြီးသွားတာပေါ့...ကိုရင်လေးက တကယ်လဲ မကြောက်တတ်တော့သွားတယ်လေ..။ အေးအေးဆေး
ဆေး ပြန်လာတဲ့ ကိုရင်လေးကိုမြင်တော့... ကင်းစောင့်တဲ့ကောင်တွေက နဲနဲယုံသွားကြတယ်...




ဒီထဲမှာ လုံးဝမယုံတဲ့ သူလဲပါတာပေါ့.. ဒီတော့ ကိုရင်လေးပြန်အလာမှာ..“ကိုရင်လေး တကယ်သရဲမကြောက်တတ်
ဘူးလား...” ပေါ့... ဒီတော့ဟိုကလဲ “လုံးဝကို မကြောက်တတ်ဘူး... ” လို့ပြန်ဖြေုတယ်...။ ဒီတော့ ကင်းသမားက
“ကိုရင်လေး မကြောက်တတ်တာ မှန်တယ်ဆိုရင် အလောင်းအစားလုပ်မယ်... ဘယ်လိုလဲ ကိုရင်လေး...” ဆိုတော့
ကိုရင်လေးကလဲ သူရဲကောင်းလုပ်ချင်တာလဲ ပါတယ်ထင်တယ် ရဲရဲကြီးကို လက်ခံလိုက်တယ်လေ။ အဲဒီမှာ ဇာတ်လမ်း
က စတာ။ လုပ်ရမယ့် အလုပ်က အဲဒီသူတို့၇ွာက သေသွားတဲ့ လူကြီးရဲ့ မြေပုံပေါ်ကို ငုတ်သွားစိုက်၇မယ်ပေါ့..




ကိုရင်လေးကလဲ ရတယ်သွားမယ်.. ကင်းသမားတွေက တားသေးတယ်... မ၇ဘူး သွားမယ်ဆိုတာချည်းပဲ..တကယ်လို့
သာ ကိုရင်လေးက နိုင်သွားရင် ကိုရင်လေးကို ငွေတစ်ထောင် ကန်တော့မယ်လို့ ဆိုတော့ သွားချင်တာပေါ့... အဲဒီတုန်း
က ငွေတစ်ထောင်ဆိုတာက နဲတာမှာမဟုတ်တာကို.... သူတို့အလောင်းအစား တည့်သွားပါပြီ..ကိုရင်လေး တဦးတည်း
ထွက်လာခဲံလိုက်သည်း.. သူ့လက်ထဲမှာ ငုတ်ချွန်တစ်ခုနဲ့ ရဲဒင်းတစ်ခုပါတာပေါ့.... ဒီလိုနဲ့ ရွာရဲ့သုသာန်ကိုေ၇ာက်လာ
ပါလေရော...




အာဂ ကိုရင်လေးပါပေ...။ တစ်ချက်မှ မကြောက်.. အေးအေးဆေးဆေး ပါပဲ... ၀င်လာခဲပါပြီ... သင်းချိုင်းကုန်းထဲကို
တောရွာတွေရဲ့ ထုံးစံအတိုင်း ခြုံနွယ်ပိတ်ပေါင်းထူထပ်ပြီး.. ကြောက်စရာအတိပေါ့။ တစ်ချက်တစ်ချက် ရွာဘက်မှ ဆွဲဆွဲ
ငင်ငင် အူလိုက်တဲ့ ခွေးအူသံကြီးက ကြားရသူအဖို့ ကျောချမ်းသွားစေသည်။.... ကိုရင်လေးကတော့ ရေခဲတုံးက အ၇ှံ့း
ပေးရလောက်အောင်ကို အေးဆေးပါပဲ..




အဲဒီထဲမှာ ဟိုလူကြီးရဲ့မြေပုံကို ရှာဖွေနေလေသည်။ အတော်ရှာလိုက်၇သည်။ အဲဒီမြေပုံနားမှာက ကျွန်းငုတ်တွေက
ထိုးထိုးထောင်ထောင်ပေါ့... တစေတွေ ငုတ်တုတ်ထိုင်နေသည့် အလားပေါ့.... ရပါသေးတယ် ကိုရင်လေးက
မကြောက်သေးဘူး.......




အေးအေးဆေးဆေး ဟိုလူကြီး မြေပုံမှာ ငုတ်ရိုက်ဖို့ပြင်လိုက်သည်။ ရွာထဲကလာခဲ့တာဆိုတော့ သူ့သင်္ဃန်းတွေက
ကပိုကရိုပေါ့... ကိုရင်လေးလဲ ပတ်ဝန်းကျင်ကို ဂရုစိုက်မိသွားတယ်....ဒီတော့ ဘယ်လောက်မကြောက်ဘူး ပဲပြောပြော
နဲနဲတော့ သူစိုးရိမ်စိတ် ၀င်သွားလေသည်။ ဒီတော့ မြန်လေကောင်းလေ ဆိုပြီ ငုန်ကို ရိုက်လိုက်လေတော့သည်။ ၇ိုက်လို့
ပြီးသွားပါပြီ....




ကိုရင်လေး သက်ပြင်း တစ်ချက်ချလိုက်ပြီး လှည့် အပြန်...... သင်္ဃန်း စ ကို တစ်စုံတစ်ယောက် ဆွဲထားလေပြီတည်း...
ကြောက်စိတ်ကြောင့် ဘာကိုမှ မမြင်နိုင်တော့ပေ..... “အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ” သူ့ရဲ့ အသံ
က ကင်းစောင့်နေသူတွေ အသာလေးကြားနိုင်လေသည်း။ ဒီတော့ရွာသားတွေလဲ ကိုရင်လေးတော့ တစ်ခုခုဖြစ်ပြီ ဆိုတာ
သိတာနဲ့တပြိုင်နက်အဲဒီကို သွားဖို့ပြင်လိုက်တယ်.....




ဒါပေမယ့် ဆိုထားတဲံ့အတိုင်း... သူတို့က သရဲကြောက်လို့ အရင် ဘုန်းကြီးကျောင်းကို သွားပြီးဘုန်းကြီးကို လျောက်
ရတာပေါ့............ဘုန်းကြီးပါမှာသူ့တို့လဲ သုသာန်ဘက်ကို လိုက်လာခဲ့ကြတာပေါ့....အဲဒီမှာ...ဟိုလူကြီးရဲ့ မြေပုံဘေး
မှာလဲနေတဲံ ကိုရင်လေးကို အဝေးကမြင်နေရတာပေါ့..




အနားလဲရောက်ရော...အားလုံးကိုရင်လေးကိုပြုစုကြတာပေါ့... ဒါပေမယ့် ကိုရင်လေးက တော့ အသက်မရှိတော့ပါဘူး
ကိုရင်လေးအလောင်းကို မလိုက်တော့ အောက်ဘက်ဆီက ဆွဲတားလေသည်။ ရွာသားတွေလဲကြောက်အားလန့်အားနဲ့
အော်တဲ့သူတွေကအော် ပြေးတဲ့သူတွေက ပြေးပေါ့...



နောက်မှသေချာကြည့်လိုက်တော့...ကိုရင်လေး.. အလောတကြီး ရိုက်လိုက်တဲ့ ငုတ်က ကိုရင်လေးသင်္ဃန်းကို ခုရိုက်
သလိုဖြစ်သွားပြီး... သင်္ဃန်း စက ငုတ်မှာချည်ထားသလိုဖြစ်သွားတာပေါ့.. ဒီတော့မှ... အားလုံးသဘောပေါက်သွားကြ
လေသည်။ ကိုရင်လေးဘာကြောင့် လန့်သွားရလဲဆိုတာကိုပေါ့..... အားလုံးလဲ သင်ခန်းစာရကြလေသည်။




သတ္တိကို ပြချင်တဲ့ကိုရင်လေး ရဲ့ သင်္ဃန်းမသေမသတ်က ကိုရင်လေးကို သတ်လိုက်တားလားတော့ မသိနိုင်ပါပေ....
လူတွေပြောနေကြတဲ့ အလောင်းအစား..... သရဲခြောက်တာနဲ့ပတ်သက်ရင် အလောင်းအစား မလုပ်သင့်ဘူးဟု
ဆိုလေသည်။။။





ပြီးပါပီ......

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...