“ဆောင်ကြဦးမလား မင်္ဂလာ”
တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ .. ..
ကျားဆိုတာ တောဘုရင်(တောမျက်နှာဖုံး)ဆိုတော့ တောနေလှေအောင်း
မြင်းဇောင်းမကျန် ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး
လက်ဖွဲ့ကြရတာပေါ့ .. အဲ … မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံးအချိန်ရောက်တော့
ပရိသတ်တွေလည်း စုံစုံလင်လင် ရောက်နေတာပေါ့ .. ..
အဲလောက် ပရိသတ်များများမမြင်ဘူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာ ထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ .. ..
“ ကိုနွား”
“ဘာလဲကွ”
“ဒီလောက်စည်ကားတဲ့မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ” လို့ပြောတော့ ကိုနွားက
“ပျော်စရာကြီးကွနော” လို့ပြုံးပြုံးကြီးပြောသတဲ့ .. .. ခဏနေတော့
မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့
ဆိုင်းဝိုင်းကြီးက ဘိတ်သိတ်သီချင်း တီးပါလေရော …. …. ဒီမှာတင် ..
ခုနကနွားထီးကြီးက ထ ကတော့တာကိုး .. .. .. ဒါကို မျောက်က
တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့ .. ..
“ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ” ဆိုတော့ … ကိုနွားက .. ..
“ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ” လိုကပြောသတဲ့
.. .. ဒီတော့ မျောက်ကမေးတာပေါ့ .. .. “ ကိုနွားကလဲ ကြံကြီးစည်ရာဗျာ ..
ခင်ဗျားက နွား ဟိုက ကျား လားလားမှ မဆိုင်တာပဲ” လို့ ပြောတော့ ကိုနွားက ..
..
“ ညီလေးမျောက် .. လောကမှာမင်းမသိတာတွေ အများကြီးရှိတယ်ကွ”
“ တကယ်တော့ ညီလေးရေ ခုမင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ” လို့ပြောသတဲ့ … ..
ဒီမှာတင်မျောက်က .. “ ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်း
ဟုတ်လား .. ဟားဟား … မဖြစ်နိုင်တာဗျာ လာနောက်မနေပါနဲ့” လို့
ရယ်သွမ်းသွေးရင်းပြောသတဲ့ .. .. ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့
ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့ .. ..
“ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ” .. ..
(မင်္ဂလာဆောင်ပြီမှ နွားဖြစ်သွားရှာတာ) ဟဲဟဲ သယ်ချင်းတို့ ဆောင်ကြဦးမလား မင်္ဂလာ
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.