... တစ်ခါက အလွန်အင်မတန်မှရိုးသားတဲ့ ဆရာတော်ကြီးတစ်ပါးရှိပါတယ်..
ဆရာတော်ကြီးက ပိဋကတ်စာပေတစ်ခုသာလေ့လာဖူးတော့ ကျန်တဲ့ကိစ္စတွေသိပ်မသိပါဘူး..
ဒါပေမဲ့ ဆရာတော်ကြီးမှာ တူတစ်ယောက်ရှိပါသေးတယ်၊ ဆရာတော်ကြီးတူက
လောကီအတန်းကျောင်းမှာနေတာပါ၊ နောက်သူစာကျရင်လည်း အားရပါးရအော်ပြီး ကျက်တတ်ပါတယ်..
တစ်နေ့ကျောင်းအောက်ထပ်မှာ ဆရာမကပေးလိုက်တဲ့အိမ်စာကို အကျယ်ကြီး အော်ကျက်နေပါတယ်၊
ဒါကိုဆရာတော်ကကြားတော့ နားကလောတာနဲ့ ထွေးခံနဲ့ ကောက်ပေါက်တာခံရပါတယ်၊
ကြည့်အုန်းလေ ဆရာတော်ရဲ့တူ ကျက်နေတဲ့စာတွေကလည်း၊
အိမ်ပေါ်တက်=အရေးကြီး
အောက်ဆင်း=နွားကြီး၊
မန်း=ဘုန်းကြီး
နန်း=မယ်သီလရင်...
ဆရာတော်မပြောနဲ့ စာဖတ်သူတောင် နားကလောသွားမယ်ထင်ပါတယ်၊ အမှန်ကဒီလိုပါဗျာ.....
Important=အရေးကြီးသည်
Oxen=နွားထီးများ
Monk= ဘုန်းကြီး
Nun= သီလရင် ဆိုတဲ့အဓိပ္ပါယ်တွေပဲဖြစ်ပါတယ်...........
......................................................................................................
>>> ဖခင်…..သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
>>> သား…..ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
>>> ဖခင်…..ဟာ….ငါ့သား တယ်တော်ပါလား…ဘယ်(၂)ခု မတတ်တာလဲ။
>>> သား…..သား “ဒီဟာ” လဲ မတတ်ဘူး။ သား “ဟိုဟာ” လဲ မတတ်ဘူး။
>>> ဖခင်………. ^&(*&!”)(!_)£$”
(၃)
>>> ဖခင်……….. သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
>>> သား……….. မသိဘူး ဖေဖေ
>>> ဖခင်……… လူအ..၂ ရတယ်…ဟင်း…ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
>>> ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
>>> သား……….. ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
>>> ဖခင်………..&^!*”^!%”$!£”)(*
(၄)
>>> “နင့်အမှတ် ဘယ်လောက်ရလဲ”
>>> “သုည ..နင်ကော”
>>> “ငါလဲ သုညပဲရတယ်”
>>> “အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ ဘူး”
>>> ဖခင်……..ဟင်း….ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့…ဟင်း
>>> သား…….. ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
>>> ဖခင်…………&*!^”!%”!^%”!08
>>> (၅)
>>> ဖခင်………. ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။
>>> ဖေဖေ့ တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
>>> သား……….. ဖေဖေ….သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်….
> ဖခင်…………&*!^”!%
ပြုံးပျော်နိုင်ကြပါစေ
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.