https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Jun 29, 2012

တွေးတွေးပြီးရယ်


တွေးတွေးပြီးရယ်

သေသွားတဲ့ လူသုံးယောက်ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။

ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ
ကပျာကယာ အိမ်ပေါ်ထပ်က ပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန်
အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာ
ကျွန်တော်သေသွားခဲ့တယ်။

ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။
ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို
ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ
ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။
ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ အဝတ်အစား မသပ်မရပ်နဲ့
ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း
စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့
ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။

တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့
ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့
ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း"
ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။




ချယ်ရီ
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခု ကိုယ်ပို့လိုက်တဲ့ စာကလေးကို ရရင် အမွေးနှုတ်ပြီး ကျော်စား လိုက်ပါနော်..
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး..
မင်းနဲ့ ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ။
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းက ရေငှပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့
အချစ်ရယ်..
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုဆို ခြောက်လောက်ရောပေါ့
မင်းအချစ်ကိုသာ မရရင် ကိုယ်လေ..
မထူးတော့တဲ့ ဘ၀မှ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ..
ကိုယ်ဒီလို အရဲစွန့်ပြီး စာရေးတာ စိတ်မဆိုးပါနဲ့ကွာ..
ငပိ စားပြီး အသိတရား မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့ကွာ..
ဂေါ်ဖီတွေ အားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး..
ရုတ်တည်နဲ့ မုန့်တီထိုက်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့
အရှက်မရှိ သရက်စေ့ လည်း မဟုတ်ပါဘူးနော်..
ကိုယ်ဟာ..
ရုပ်ကလပ်က စုတ်ပြတ်..
ရူပါက ချူချာ..
သောက်ရုပ်က မျောက်ကုတ်..
ပုံစံက ဒုံးပျံနေပေမယ့်
အသည်းနှလုံးကတော့ သိပ်ချစ်တတ်ပါတယ်..
ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့လို့ တော်တော် ဆူနေလား ?
ဆူရင် မီးဖို ပေါ်က ချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်..
မင်းလေး..ကိုယ့်ဆီ စာပြန် ပါဦးနော်..
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို..
ကိုယ် လေသေနတ်နဲက အသင့် ဆောင့်နေမယ်..အဲ့လေ..မှားလို့ အသင့်စောင့်နေမယ်..





အကြောင်းမညီညွတ်ပေမယ့် နင်ပေးတဲ့စာကိုကျော်စားဖို့ဆီမရှိဘူးဖြစ်နေတယ်ကွယ်

ငါ့ကိုချစ်ချင်ရင်အုန်ခြစ်မလိုပါဘူး နင့်သွားဒီလောက်ခေါတာကို
ကောက်ညှင်းဆန်တင်ဈေးကြီးတာမဟုတ်ဘူးဆိုတာ

နင်ပြန်လာရင်သိမှာပါ အဲဒီတော့နင်ပေါင်းစေချင်ရင်

ငါ့ပါသာပဲပုတ်မှောက်ပြီးပဲပေါင်းပါတော့မယ်

ရေငုပ်ကျွမ်းတာမဟုတ်ပါဘူးဟာ ရေငုတ်သဘောင်္ထဲရောက်နေတာပါ
အ၀တ်တွေခြောက်ပြီဆိုရင်မီးပူပါတစ်ခါထဲတိုက်လိုက်နော်
ငါကပြောင်းဖူးရောက်းမှတော့နင်ကပြောင်းဖူးမစိုက်ဘဲဘာစိုက်မှာတုန်းဟ
ငပိစားရင်သွားကိုက်တယ် ဂေါ်ဖီစားရင်အအေးပတ်တယ်
အဲဒီတော့သရက်ပင်ပဲစိုက်စားတော့မယ်
သောက်ရုပ်ကမျောက်ရုပ်ပေါက်မှာပေါ့ လူကမျောက်ကနေဆင်းသက်လာတာလေနင်မေ့နေပြီလား

အသည်းနှလုံးကချစ်တတ်ဖို့မလိုဘူး
ကောင်းကောင်းအလုပ်လုပ်နိုင်ဘို့ပဲလိုပတယ်
ဘာလို့လဲဆိုတော့ငါ့မှာနင့်ကိုဆေးရုံပို့ဖို့ပိုက်ဆံမရှိဘူး
ခတ်စရာလက်ဖက်ခြောက်တော့မရှိဘူးနင့်ကိုပဲ ခတ်လိုက်တော့မယ်
အော်ဆီမရှိပါဘူးဆိုစာကိုပြန်ကျော်ခိုင်းနေပြန်ပြီ
လေသေနတ်မှာကြည်ဆံပါလားစစ်လိုက်အုံး

ဒါပဲ

mail ထဲကရတဲ့ဟာသလေးတွေပါ

လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက

`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´

ဟုလှမ်းမေး၏။


ဒီတော့ ခရီးသည်က

`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

..............................
..............................

.................................................................................................

ပထမ အလုပ်သမား ။ ။ `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´

ဒုတိယ အလုပ်သမား ။ ။ `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။

ကျွန်တော့်ဆောင်ပုဒ်က အလုပ်ပထမ၊
ပျော်စရာက ဒုတိယလေ´

.............................................................................................................

ဘ၀မှာ..အဆိုးရွားဆုံးအရာ



အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်.. အိပ်ရာခင်းကို
သပ်သပ်ရပ်ရပ်ခေါက်ထားပြီး.. အားလုံးသန့်သန့်ရှင်းရှင်း ဖြစ်နေတာ
မြင်တော့အံသြသွားသည်..

အိပ်ရာဘေးက.. မှန်တင်ခုံပေါ်မှာ.. စာအိတ်တခုထောင်ထားတာ တွေ့သွားသည်။..
အမေသို့.. လို့ရေးထားသည်..။

သူမ..တုန်လှုပ်စွာဖြင့်.. စာအိတ်ကိုဖောက်ပြီး.. စာကိုဖွင့်ဖတ်လိုက်သည်...။

အမေ


သမီး.. ဒီစာကိုရေးနေတဲ့အချိန်မှာ.. အရမ်းလည်းနောင်တရတယ်..
ဝမ်းလည်းနည်းတယ်..။ ..သမီး.. သမီးရည်းစားနဲ့.. ခိုးရာလိုက်သွားပြီ..
အမေ... သမီးတော့.. တကယ့်ကို သမီးချစ်တဲ့လူကိုတွေ့ပြီ... သူက..
သူရဲ့နားကွင်း.. ဆေးမင်ကြောင်..နဲ့ သူဝတ်တဲ့.. အ၀တ်အစားနဲ့..
တကယ်ကိုပဲကြည့်လို့ ကောင်းတယ်..။ ...ဒါပေမဲ့.. သမီး..
သူ့နောက်လိုက်သွားတာ.. ဒါတခုတည်းကြောင့်မဟုတ်ဘူး.. အမေ..သမီးမှာ..
ကိုယ်ဝန်ရှိနေပြီ..။ ..သူကပြောတယ်. သမီးတို့ပျော်ပျော်ရွင်ရွင်
နေကြရမှာတဲ့..။ တောထဲမှာ..သူပိုင်တဲ့.. တဲလေးရှိတယ်တဲ့..။
သူက..သမီးနဲ့အတူ.. ကလေးတွေအများကြီး လိုချင်တယ်တဲ့....။ .သူကသမီးတို့..
ဆေးခြောက်တွေ.. ကိုကင်းတွေကိုစိုက်ပြီး.. အသက်မွေးကြမယ်တဲ့လေ..။
အဲဒီ့အချိန်အတွင်းမှာ.. သမီးတို့.. အေအိုင်ဒီအက်စ်ကို.. ကုလို့ရမယ့်..
ဆေးပေါ်လာပါစေလို့.. ဆုတောင်းမယ်.. ဒါမှ..သမီးရည်းစားမြန်မြန်သက်သာမှာ..။
သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ..ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။တနေ့နေ့ကြရင်..အမေတို့ဆီ..သမီးတို့ပြန်လာပြီး..အမေ့မြေးလေးတွေကို..လာပြမှာပါ..

အမေ့ရဲ့..သမီး..



PS:
အမေ.. အပေါ်မှာရေးထားတာတွေ.. တခုမှ..မဟုတ်ဘူးသိလား..။
..သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ..။ ...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က.
အံဆွဲထဲက.
report cardထက်.. ပိုပြီးဆိုးရွားတဲ့.. အရာတွေရှိတယ်ဆိုတာ..
သိစေချင်လို့ပါ..။.. သမီးအိမ်ပြန်လို့.. စိတ်ချရပြီးဆိုရင်..
သမီးဆီဖုန်းဆက်လိုက်နော်.

အလုပ်အကိုင်

သူငယ်တန်းတက်စ ၅နှစ်သမီးလေး

"မေမေ .. မေမေ သမီးကို အတန်းထဲက ကောင်လေးက ကြိုက်လို့တဲ့။ သမီးကို
ယူမယ်လို့ပြောတယ်"

"သမီးကိုယူဖို့ သူ့မှာ အလုပ်အကိုင်ရော ရှိလို့လား"

"ရှိတယ် မေမေ... သူက သမီးတို့အတန်းက ကျောက်သင်ပုန်းဖျက်တဲ့လူလေ"


မမြင်သင့်တာ

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...