https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Aug 19, 2013

တစ်ယောက်ရဲ့ ခံစားချက်မသိပဲ မဝေဖန်ပါနဲ့

ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ် ...။ အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ ...။ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ် ...။

အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။

သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာဝန်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "

ဆရာဝန်က ပြုံးလိုက်ရင် ပြန်ဖြေတယ်
"တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ ... ဖုန်းရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ် ... အခု အကို ခဏလေး စိတ်ငြိမ်ငြိမ်ထားလိုက်ပါနော် ... ကျွန်တော် အတတ်နိုင်ဆုံးကောင်းအောင် ခွဲစိတ်ပေးပါမယ်"

"စိတ်ငြိမ်ငြိမ်ထားရမယ် .. ဟုတ်လား ... ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျား စိတ်ငြိမ်နိုင်မှာလား ... တကယ်လို့ ခင်ဗျားသားသာ သေသွားရင် ခင်ဗျား ဘယ်လိုလုပ်မလဲ" ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ် ...။

ဆရာဝန်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး "အကို ... စိတ်ချပါဗျာ ... ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကုသပေးပါ့မယ် ..." လို့ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ၀င်သွားခဲ့သတဲ့ ..။

နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဆရာဝန်က ၀မ်းသာစွာနဲ့ ခွဲခန်းထဲက ပြန်ထွက်လာသတဲ့ ...
"ဘုရားရဲ့ကျေးဇူးပါပဲဗျာ ... အကို့သားလေးရဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်" ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေ ရဲ့ ပြန်ဖြေမှုကိုတောင် မစောင့်တော့ပဲ ....
"ခင်ဗျား တစ်ခုခုမေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာ" လို့အော်ပြီး ထပ်ပြီး ပြေးထွက်သွားသတဲ့ ....

ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာတွေ ဒီလောက် မောက်မာနေတာလဲ မသိဘူး ... ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ဘူး" လို့တွေးပြီး မေးမြန်းဖို့ သူနာပြုဆရာမကို သွားတွေ့သတဲ့...။

သူနာပြုဆရာမ က မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့ ...
"ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ ... ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ ... အခု ရှင့်သားရဲ့ အသက်ကို ကယ်တင်ပြီး သူ့သားလေးရဲ့ အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါ" တဲ့ ...။

မှတ်သားဖွယ် ။ ။ ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ ....။

FB မှကူးယူးဖော်ပြသည်။
*M.H.A*

T E A C H E R


T E A C H E R ရဲ့ အဖွင့်အဓိပ္ပါယ် အကျယ်လေးပါ
T = talented = လုပ်ရည်ကိုင်ရည် ရှိရမယ်။
E = expert = ဆိုင်ရာဘာသာရပ်ကို အထူးကျွမ်းကျင်ရမယ်။
A = action = တပည့်များ တိုးတက်ရေးအတွက် လှုပ်ရှားနေရမယ်။
C = clever = လိမ္မာပါးနပ် တော်ရတတ်ရမယ်။
H = honest = ဖြူစင်ရိုးသားရမယ်။
E = experienced = အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝရမယ်။
R = research = သုတေသနပြုတတ် စူးစမ်းရှာဖွေတတ်ရမယ်။
ဆရာဆိုတာ အဲဒီလိုအရည်အချင်းတွေနဲ့ပြည့်စုံမှ ဆရာအစစ် ဖြစ်ပါလိမ့်မယ်။

အရှင် ဥတ္တမ မကွေး's status

*M.H.A*

Aug 5, 2013

ဒဿန

လောကကြီးမှာ လျှို့ဝှက်ချက်တွေနဲ့

နေရတာပျော်စရာကောင်းတယ်..

ဒေါသ လောဘ မောဟ အတ္တ မာန်မာန တွေနဲ့

ပြည့်နှက်နေတဲ့ လူ့လောကကြီးမှာ

အရာရာကို ဥပေက္ခာပြုထားလိုက်ရင်လဲ

အကောင်းဆုံးအ၇ာတစ်ခုပဲ

*M.H.A*

Aug 3, 2013

ကင်ဆာဖြစ်စေသော အကြောင်းအရင်း

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်.

အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ၀ယ်ဝယ် ၊ လက်ဖက်ရည်၊ ကော်ဖီ ၊ အသုပ်စုံတွေ ၊ ထုံချိုင်းတွေ ၊ အကြော်စုံတွေ ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ ( Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ် ။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။

ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*အချဉ်ရည်နဲ့ ကင်ဆာရောဂါ

အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊ အစာအိမ် အူလမ်းကြောင်း ၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ

ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*အချိုရည်နှင့် ဂျယ်ရီများ

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*ကော်ဖီမစ်များ ( Coffeemix)

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*အရောင်ချွတ်ထားသော အစားအသောက်များ

နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ၀ါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ

တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အ၀ါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*သတိထားသင့်သော အသီးအနှံများ

ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။
အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။
ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား

အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ၀ယ်ထားတဲ့ ၂၅၀ကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။
ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈၀% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*အချိုမှုန့်နှင့် ကြက်သားမှုန့်များ

အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။
ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )
https://www.facebook.com/propertyjournal

*မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်ကို ကုသိုလ်ဖြစ် ပြန်လည် ရိုက်ကူး တင်ပြပါသည်
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -
( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

*ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်.

အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါး
 

Aug 2, 2013

အချိန်ပေးပြီး ဖတ်ကြည့်ပေးပါ

စာနှင့်တကွ ကျွန်တော် တင်သမျှ post တွေသည် …… မိတ်ဆွေတို့ ၏

တန်ဖိုးရှိလှသော အချိန် ၅မိနစ်ခန့် ကို အကုန်ခံကာ ဖတ်ရသည့်အတွက်

ဘာအကျိုးမှ မရှိသောpost ကို ကျွန်တော်မတင်ပါ။ 

မိတ်ဆွေပေးရသော ၅မိနစ်သည် တစ်စုံတစ်ခုကို အောင့်မေ့သတိရ

ပြင်ဆင်နိုင်ရန် အထောက်ကူဖြစ်ပါစေသား။

 တစ်ခုတော့ပြော ပါရစေ  ကျွန်တော်တို့ ကို ထိန်းကြောင်း သွန်သင်ခဲ့

သော လူကြီးအားလုံးသည် နောက်ဆုံး၌ ကလေးဘဝနှင့်မခြား အားနွဲသူများ

ပြန်ဖြစ်သွားကြမှာ လောကဓမ္မတာပါ။ ကျွန်တော်တို့ အားလုံးလည်း 

အိုမင်း ရင့်ရော်လာသည်နှင့် အမျှ ကလေးလို သူများပြုစုတာ ခံရမဲ့

ကလေးလို ဘဝရောက်ကြရမှာမို့  ခုကစလို့ စာနာပေးဖို့   ရင်ကိုထိလာ

သောစာစုလေးကို ကျွန်တော်ဖတ်ဖူးသော စာပေများမှ  မျှဝေပါသည်။

မဖတ်ရသေးသော မိတ်ဆွေ သူငယ်ချင်း အားလုံးသို့ ……………


မူရင်း ။  ။ Marion Schoeberlein ၏ The Ice Cream Girl.



ဘွားဘွား ဘာတွေဖြစ်နေသလဲ "အယ်လီနာ" မသိပါ။  ဘွားဘွားက ဟိုဟာ

တွေမေ့ သည်ဟာတွေမေ့ အားလုံးမေ့နေသည်။ သကြားဆိုလျှင်လည်း 

ဘယ်နားထားသလဲ သူမမှတ်မိ။ ပိုက်ဆံပေးရမှာတွေလည်း သူသတိမရ။

ဈေးလိုက်ပို့ ဖို့  ဝင်ခေါ်သည့်အချိန်မှာလည်း အရင်ကလို အဆင်သင့်မရှိ။



"ဘွားဘွား ဘာဖြစ်တာလဲဟင်" အယ်လီနာက မေးသည်။ "အရင်တုန်းကဆို

နေတာထိုင်တာ အရမ်းသပ်သပ်ရပ်ရပ် စနစ်ကျတာပဲ၊ အခု သူ့ ကြည့်ရတာ

ညှိုးညှိုးငယ်ငယ် မှိုင်မှိုင်တွေတွေနဲ့ ၊ ဘာတစ်ခုမှ မသိ ဘာမှလဲမမှတ်မိဖြစ်

နေတယ်"……………


"အိုသွားတာပေါ့သမီးရယ်" …………… အမေဖြစ်သူကဖြေသည်။ 

"အခုအချိန်မျိုးမှာ သူ့ အပေါ် အမေတို့ က မေတ္တာတွေ …ကြင်နာမှု့ တွေ…

အများကြီးပေးဖို့ လိုတယ်"……………


"လူတိုင်းတော့လဲဒီလို မမေ့တတ်ကြပါဘူး၊ သမီးရဲ့ ဘွားဘွားကတော့

"အယ်လဇိုင်းမား" ဆိုတဲ့ ရောဂါကြောင့် ဦးနှောက်အာရုံကြောတွေ ထိခိုက်

လို့  ဒီလောက်များများကြီး မေ့တာလို့  မေမေတို့ ထင်တာပဲသမီး၊ အဘွားကို

အခု သက်ကြီးရွယ်အိုဆေးရုံ ပို့ ထားရမှာ၊ အဲဒီမှာသူ့ ကို စနစ်တကျ စောင့်

ရှောက်ပြုစုနိုင်မှာ"


"ဟင်…!မေမေ ဒုက္ခပဲ၊ ဘွားဘွားသနားပါတယ်၊ ဘွားဘွားကသူ့ အိမ်လေး

ကို သိပ်အောက်မေ့မှာ၊ ဟုတ်တယ်နော်"


"ဟုတ်ချင်လဲ ဟုတ်မှာပေါ့ သမီးရယ်၊ ဒါပေမဲ့ တခြားနည်းလမ်းမှမရှိဘဲ၊

ဟိုမှာကကောင်းကောင်းလဲပြုစုခံရမှာ၊ ရွယ်တူတန်းတူး မိတ်ဆွေသစ်တွေ

လဲ ရမှာ"


အယ်လီနာ့ မျက်နှာလေးငေးသွားသည်။ သည်အစီအစဉ်ကို သူမနှစ်သက်။

"သမီးတို့ ရောမကြာခဏ သွားတွေ့ လို့ ရမလားဟင်၊ သမီးကဘွားဘွားနဲ့ 

စကားပြောချင်တာ၊ သူ့ ဘာသာသူသတိရရ မရရပေါ့"


"စနေ တနင်္ဂနွေနေ့ တိုင်း အမေတို့ သွားလို့ ရပါတယ်၊ သွားတဲ့အခါ သူ့ 

အတွက်တစ်ခုခုယူသွားပေါ့"

"အိုက်စကရင် ယူသွားလို့ ရတာပေါ့နော်၊ ဘွားဘွားက စတော်ဘယ်ရီ 

အိုက်စကရင် သိပ်ကြိုက်တာ" အယ်လီနာပြုံး၍ ဆိုသည်။


"ဟုတ်တာပေါ့ စတော်ဘယ်ရီ အိုက်စကရင် ကောင်းတယ်"


*ပထမအကြိမ်အဘွားကို လူအိုရုံမှာသွားတွေ့ တော့ အယ်လီနာငိုချင်သည်။"

"မေမေ ဒီမှာရှိတဲ့လူကြီးတွေက အားလုံးလိုလို ဘီးတပ်ကုလားထိုင်တွေနဲ့ 

ချည်းပဲလား" သူကမေးသည်။


"ဟုတ်တယ်၊ မတော်တဆ လဲမှာပြိုမှာစိုးရတာကိုး" အမေကရှင်းပြသည်။

သည့်နောက် "ကဲ၊ သမီးဘွားဘွားကိုတွေ့ ရင် ပြုံးပြုံးရွှင်ရွှင်နေနော်၊ ပြီးတော့

ဘွားဘွားက သိပ်ကြည့်လို့ ကောင်းတာပဲလို့ ပြော" ဟုဆိုသည်။


အဘွားက  နေသာဆောင်လို့ ခေါ်သည့် အခန်း၏ ထောင့်တစ်နေရာမှာ

တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်ကာ အပြင်ကသစ်ပင်တွေဆီ 

ငေးကြည့်နေသည်။ အယ်လီနာက အဘွားကိုပြေးဖက်လိုက်ပြီး…………

"ဟောဒီမှာ ဘွားဘွားအတွက်လက်ဆောင်ပါတယ်၊ ဘွားဘွားအကြိုက်ဆုံး

စတော်ဘယ်ရီ အိုက်စကရင်လေ" ဟုဝမ်းသာအားရပြောလိုက်သည်။


အဘွား စကားတစ်ခွန်းမှမဆို၊ အိုက်စကရင် ခွက်ကိုယူပြီးသာ ဇွန်းကလေး

နှင့် ကော်၍ ကော်၍ စားနေသည်။ 

"ဟုတ်တယ် ဘွားဘွားသိပ်ကြိုက်တယ်" သမီးရဲ့ အမေကဆိုသည်။

"ဟင့်အင်း မေမေရယ်၊ သမီးတို့ ကိုတော့မမှတ်မိသလိုကြီးပဲ" 

အယ်လီနာစိတ်အားငယ်သွားသည်။ နည်းနည်းတော့ အချိန်ပေးရမှာပေါ့

သမီးရယ်၊ သူကပတ်ဝန်းကျင်အသစ်မှာ အသားမကျသေးဘူး မဟုတ်လား

တဖြည်းဖြည်း ဘယ်သူဘယ်ဝါ ခွဲလို့ ရလာမှာပါ။



သို့ သော် နောက်တစ်ကြိမ် သူတို့ ရောက်တော့လည်း အဲသည်အတိုင်းပင်။

အိုက်စကရင်စားသည်……… သူတို့ ကိုပြုံးပြသည်……… သို့ သော်

စကားတော့မပြော။ 

"ဘွားဘွား သမီးဘယ်သူလဲသိလားဟင်" အယ်လီနာမေးသည်။

"အိုက်စကရင်ယူလာတဲ့ သမီးလေးပေါ့" အဘွားကဖြေသည်။

"ဟုတ်တယ်လေ ဒါပေမဲ့ သမီးနာမည် အယ်လီနာလေ… ဘွားဘွားရဲ့ မြေး

လေ မမှတ်မိဘူးလား" အယ်လီနာက သူ့ အဘွားကို ဖက်၍ပြောသည်။

အဘွားက ရိပ်ရိပ်ကျလးပြုံးသည်။ ပြီးတော့ပြောသည်။


"မမှတ်မိဘူးလာ၊ အင်း မှတ်မိပါတယ်၊ သမီးက အိုက်စကရင်ယူလာပေးတဲ့

မိန်ကလေးပေါ့"


သည်အခိုက်မှာပင် အယ်လီနာ ရိပ်မိလိုက်သည်။ အဘွားသူ့ ကိုနောင်လည်း

မှတ်မိလာမှာ မဟုတ်တော့။ အဘွားက အမှတ်သညာတွေ မှေးမှိန်ပျောက်

ကွယ်သွားပြီဖြစ်သည့် အထီးကျန်ကမ္ဘာလေးထဲမှာ တသီးတခြားရောက်ရှိနေ

ခဲ့ပြီ။


"ဘွားဘွားကို သမီးချစ်လိုက်တာ" ရင်ထဲကလှိုက်လှဲစွာဖြင့် အဘွားကိုသူ

ပြောမိသည်။

"ချစ်တယ်၊ ဟုတ်လား၊ ချစ်တယ်ဆိုတာ အဘွား မှတ်မိတယ်"

သည်စကားဆိုသည်အခိုက်………………

အဘွားပါးပြင်မှာ မျက်ရည်တစ်စ စီးကျလာတာ အယ်လီနာ မြင်ရသည်။


"တွေ့ လားသမီး၊ ဘွားဘွားမှာ လိုနေတာ မေတ္တာပဲ" ဟုအမေက ဆိုလိုက်

သည်။

"ဟုတ်တယ် မေမေ၊ သမီး ဘွားဘွားဆီကို အပတ်တိုင်း အိုက်စကရင်ယူလာ

မယ်၊ ပြီးတော့ သမီးကို မှတ်မိမိ မမှတ်မိမိ ခုလိုပဲ ဖက်ပြီးစကားပြောမယ်"

အယ်လီနာ အားပါးတရဆိုလေသည်။


*မှန်သည်။ နာမည်ကိုမမှတ်မိခြင်းထက်  မိမိအား ချစ်ခင်ကြင်နာသူ……

ယုယပိုက်ထွေးသူဟူ၍ သိမှတ်ခြင်းကပို၍ တန်ဖိုးရှိလှသည် မဟုတ်ပါလား။


မူရင်း ။  ။ Marion Schoeberlein ၏ The Ice Cream Girl.  


အား   ဘာသာပြန်ရေးသားထားပေးသော ဆရာဦးဖေမြင့် ၏ 

          (The Chicken Soup For The Soul)

          နှလုံးသာ အာဟာရ(၂) စာအုပ်မှ မျှဝေပါသည်။


 သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@gmail.com

စာနှင့်တကွ ကျွန်တော် တင်သမျှ post တွေသည် …… မိတ်ဆွေတို့ ၏

တန်ဖိုးရှိလှသော အချိန် ၅မိနစ်ခန့် ကို အကုန်ခံကာ ဖတ်ရသည့်အတွက်

ဘာအကျိုးမှ မရှိသောpost ကို ကျွန်တော်မတင်ပါ။

မိတ်ဆွေပေးရသော ၅မိနစ်သည် တစ်စုံတစ်ခုကို အောင့်မေ့သတိရ

ပြင်ဆင်နိုင်ရန် အထောက်ကူဖြစ်ပါစေသား။

တစ်ခုတော့ပြော ပါရစေ ကျွန်တော်တို့ ကို ထိန်းကြောင်း သွန်သင်ခဲ့

သော လူကြီးအားလုံးသည် နောက်ဆုံး၌ ကလေးဘဝနှင့်မခြား အားနွဲသူများ

ပြန်ဖြစ်သွားကြမှာ လောကဓမ္မတာပါ။ ကျွန်တော်တို့ အားလုံးလည်း

အိုမင်း ရင့်ရော်လာသည်နှင့် အမျှ ကလေးလို သူများပြုစုတာ ခံရမဲ့

ကလေးလို ဘဝရောက်ကြရမှာမို့  ခုကစလို့ စာနာပေးဖို့  ရင်ကိုထိလာ

သောစာစုလေးကို ကျွန်တော်ဖတ်ဖူးသော စာပေများမှ မျှဝေပါသည်။

မဖတ်ရသေးသော မိတ်ဆွေ သူငယ်ချင်း အားလုံးသို့ ……………


မူရင်း ။ ။ Marion Schoeberlein ၏ The Ice Cream Girl.



ဘွားဘွား ဘာတွေဖြစ်နေသလဲ "အယ်လီနာ" မသိပါ။ ဘွားဘွားက

Win 8 မှ Win 7 ကို ပြောင်းသုံးမယ်။

Win 8 မှ Win 7 ကို ပြောင်းသုံးမယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0t8O8aRx4gakFztwHdE5RGQwU-7axbsh-amnt2lche1L7IwCHRRW0jPKCg8fQ6edxLmVIGbsXJ2PTJD4bbsvYSQZ3QE4K7lTj_OKZuskCbOPRKxPYYAxx53fgvUJDVMiGkEdPlmtuY0/s1600/windows-8-desktop.jpg

Windows 8 သုံးသူများအတွက် Windows 7 ပုံစံမျိုးပြောင်းသုံးနိုင်ပါပြီ။

ဒီ Software လေးကတော့ Windows Frame တွေကိုပြောင်းပေးနိုင်ပါတယ်။
ဘာအခက်ခဲမှ မရှီဘဲ အသုံးပြုနိုင်ပါတယ်။ အတော်များများက ပြောကြပါတယ် Windows 8 ကတော်တော်မျက်စီနောက်စရာကောင်းပါတယ်။ တကယ်လဲ ရုပ်ထွေးပါတယ်။

Aug 1, 2013

ဒဿန



စာရေးတိုင်း စာရေးဆရာမဟုတ်ဘူး

ကဗျာရေးတိုင်း ကဗျာဆရာမဟုတ်ဘူး

အရက်သောက်တိုင်း အရက်သမားမဟုတ်ဘူး

ပညာတတ်တွေဟာ ပညာရှိတစ်ယောက်မဖြစ်နိုင်ဘူး

ချမ်းသာကြွယ်ဝတဲ့သူတွေဟာ
 

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...