❤မင်းကို စိတ်ပူတတ်တဲ့လူမျိုးကိုချစ်ပါ… မင်းကို စိတ်ပူစေတဲ့လူမျိုးကိုမချစ်မိပါစေနဲ့…
❤မင်းကို ပျော့ညံ့တဲ့ တဖက်ဝန်ခံရဲတဲ့သူကိုချစ်ပါ…
ကိုယ့်ကိုယ်ကိုတော်တဲ့ကောင်းတဲ့ တဖက်ကိုဘဲ ပြနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…❤မင်းကို လက်တွဲမဲ့ သူကိုချစ်ပါ… နောက်ကျောကိုဘဲ အမြဲမြင်နေရမဲ့သူကို မချစ်မိပါစေနဲ့…
❤မင်းကို လက်တွေ့ကျကျပြောနိုင်တဲ့သူကိုချစ်ပါ… လက်တွေ့မကျ အပြောကောင်းတဲ့သူကို မချစ်မိပါစေနဲ့…
❤မင်းရဲ့နာမည် အစစ်အမှန်သိတဲ့သူကိုချစ်ပါ… ဘေဘီလို့ဘဲ ခေါ်ဖို့သိတဲ့သူကိုမချစ်မိပါစေနဲ့…
❤ရိုးရှင်းတဲ့ သူတစ်ယောက်ကိုချစ်ပါ… သံယောဇဉ်များတဲ့သူကို မချစ်မိပါစေနဲ့…
❤သာမန်လူတစ်ယောက်ကိုချစ်ပါ… မီးအလင်းရောင်တွေနဲ့ တောက်ပနေတဲ့သူကိုမချစ်မိပါစေနဲ့…
❤မင်းစကားပြောတာကို နားထောင်နိုင်တဲ့သူကိုချစ်ပါ… မင်းကို တရားချမဲ့သူကိုမချစ်မိပါစေနဲ့…
❤မင်းစကားပြောတာကို နားထောင်နိုင်တဲ့သူကိုချစ်ပါ… မင်းကို တရားချမဲ့သူကိုမချစ်မိပါစေနဲ့…
❤ပွင့်လင်းတဲ့သူတစ်ယောက်ကိုချစ်ပါ… မှောင်ရိပ်တဖက်ကျနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…
❤လိမ်ပြောတာကိုဝန်ခံရဲတဲ့သူကို ချစ်ပါ… ဖြေရှင်းချက်ပေးကောင်းတဲ့သူကို မချစ်မိပါစေနဲ့…
❤မင်းကို ယုံကြည်တဲ့ သူတစ်ယောက်ကိုချစ်ပါ… ကိုယ့်အပေါ်သံသယများတဲ့သူကို မချစ်မိပါစေနဲ့…
❤မင်းကို ဘာလိုလဲလို့မေးတဲ့သူကိုချစ်ပါ… ကိုယ်ဘာလိုချင်တာလို့မင်းကိုပြောတဲ့သူကို မချစ်မိပါစေနဲ့…
❤မင်းကို ဂရုစိုက်နိုင်တဲ့သူကိုချစ်ပါ… ကိုယ်ကနေပြီးကောင်းကောင်းသတိထားရမဲ့သူမျိုးကို မချစ်မိပါစေနဲ့…

မေးလ်မှတစ်ဆင့်.......