ချစ်သူနှစ်ဦး သင့်မသင့်
လူနှစ်ဦးရဲ့ မွေးနေ့နံအချင်းချင်း ပေါင်းပါ
၎င်း ပေါင်းလဒ်မှ (၄) ကိုနှုတ်ပါ။
၎င်း နှုတ်လဒ်ကို (၇) ဖြင့်စားပါ။
ထိုကဲ့သို (၇)နှင့် စာပီး အကြွင်းပေါ်မူတည်ပီး
အဖြေထုတ်ရန်ဖြစ်ပါတယ်..
ဥပမာ-အမျိုးသား= သောကြာ=၆
အမျိုးသမီး= စနေ= ၇
၇+၆=၁၃
၁၃-၄=၉
၎င်း ၉ ကို ၇ ဖြင့်စားက (၂) ကြွင်းသည်။
အဖြေများးးးးးးးး
(၁)ကြွင်းက
ဆုံဖို့ခဲ့ယဉ်းမည်။ ကြားစကားတွေ ရှုပ်မည်။ကြားခံလူမှု့ ရေးကိစ္စအဟန့်အတားများစွာရှိနေမည်။ သိပ်ပီးချစ်လွန်းမှ
ဇွဲရှိလွန်းမှ ပေါင်းဆုံနိုင်မည်။ သို့သော်အိမ်ထောင်ကျပီးပါက မယ်တစ်ရွာ မောင်တစ်မြို့ နှင့် ခွဲနေရတာမျိုးကြုံမည်။
ပေါင်းဆုံးပီရင်လည်းး ကြားခံ အနှောက်ယှက်တွေ ပေါ်တတ်သည်။
(၂) ကြွင်းက
အပြန်ပြန်အလှန်လှန် နားလည်နိုင်မှု့ ရှိမည်။ ဘာမဆိုညှိညှိ နှိုင်းနှိုင်း ဆွေးနွေးလို့ရမည်။သင့်မြတ်စွာ ပေါင်းသင်း
နိုင်မည်။
(၃)ကြွင်းက
ကွယ်ရင်မေ့၊ တွေ့မှ သေအောင်လွမ်း ဆိုသလို ဖြစ်နေမည်။စကားမတည်ကြည် အပြန်အလှန်မယုံကြည်ရ။ဆွေမျိုး
တွေ ဦးစားပေးလွန်းသောကြောင့် ၀မ်းနည်းကြေကွဲရမည်။ကွဲတတ်သည်။
(၄)ကြွင်းက
ရာသက်ပန်လက်တွဲရမည်။စီးပွားချမ်းသာမည်။ ချစ်ခြင်းမေတ္တာတိုးပွားမည်။
(၅)ကြွင်းက
အလွန်ကောင်းသည်။ရေရှည်သာယာမည်။စီးပွားတော့ ဖြည်းဖြည်းချင်းပဲတိုးတက်မည်။အချင်းချင်းနားလည်
မှု့ အပြည့်အ၀ရှိမည်။
(၆)ကြွင်းက
အချင်းချင်းအနွံတာခံနိုင်မည်။အေးချမ်းသာယာမည်။အလွန်ကောင်းသည့် လက်တွဲဖော်တွေပင်ဖြစ်သည်။
(၇)ကြွင်း(၀)ကြွင်းက
အလွန်ညံ့မည်။ဒုက္ခရောက်မည်။ကိုယ့်ကိုကိုယ်ဒုက္ခပေးတတ်သော အိမ်ထောင်ရေးမျိုးဖြစ်တတ်သည်။ အိမ်ထောင်သက်
မရှည်တတ်ပါ။