bus ကားပေါ်သို့..လူတစ်ယောက်တက်လာသည်။....... အနောက်ဆုံးမှာထိုင်နေတဲ့ လူကြီးက.... တက်လာတဲ့လူကြီးကို..စပြီးနှုတ်ဆက်သည်။.......
ပထမလူကြီး။ ။ ဟေ့လူဒီနားလာ..မတွေ့တာတောင်ကြလို့ပါလား......
ဒုတိယလူကြီးက အံ့သြစွာဖြင့်ကြည့်ပြီး.... "အေးဟုတ်တယ်ဟ မတွေ့တာတောင်ကြာလို့ပါလား..."
ပထမလူကြီး။ ။ မင်းအလုပ်အကိုင်တွေအဆင်ပြေလား.......၊
ဒုတိယလူကြီး။ ။ပြေပါတယ်ကွာ.......။ မင်းလဲအဆင်ပြေတယ်မို့လား။
ပထမလူကြီးက စိတ်ပျက်သံဖြင့်.... အလုပ်ကတော့အဆင်ပြေပါတယ်ကွာ....... မပြေတာက မိသားစုကိစ္စလေးပါ။
ဒုတိယလူကြီးက သိချင်ဇောဖြင့်... ဘယ်လိုဖြစ်တာလဲ ပြောစမ်းပါဦး.....။
ပထမလူကြီး ပြောလေသည်။ ဒီလိုကွ.....ငါသားက... အရမ်းဆိုးတယ်ကွာ...မိဘစကားဆိုလဲနားမထောင်ဘူး...သူအိမ်ကိုလာရင်...ပြဿနာတွေကြီးသယ်လာတယ်.... ငါ့မှာရုံးရောက်ဂတ်ရောက်ပေါ့ကွာ... လိမ္မာသွားအောင်ဘယ်လိုသွန်သင်ရမလဲမသိတော့ပါဘူးကွာ။
ဒုတိယလူကြီးက..ငြိမ်ပြီးနားထောင်နေပြီး ၅ စက္ကန့် တိတ်ဆိတ်သွားတယ်...... ဒုတိယလူကြီးက သူ့သားအကြောင်း ထကြွားသည်။
ငါ့သားကတော့အရမ်းလိမ္မာတယ်ကွာ....မိဘစကားဆိုနားထောင်တယ်..တစ်ခွန်းမှပြန်မပြောဘူး........ ဒီလိုသားမျိုး ရှိတာမွေးရကြိုးနပ်ပြီကွာ....... ငါဘာပဲပြောပြောတစ်ခွန်းမှပြန်မပြောဘူး..မိဘစကားလဲနားထောင်တယ်... ဟိုမသွားနဲ့..ဒီမသွားနဲ့ဆိုရင်မသွားဘူးကွ....... အရမ်းကိုလိမ္မာတာ...
ပထမလူကြီးက...အံ့သြစွာဖြင့်...ဟုတ်လားကွာ.... မင်းသားအရမ်းလိမ္မာတာပဲနော်... ဒါနဲပမင်းသား အသက် ဘယ်နှနှစ်လဲ.....
ဒုတိလူကြီး။ ။ နောက်နှစ်လကြာရင်..... (၁) နှစ်ပြည့်ပြီကွ.......