https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 22, 2012

ပုံပြင်လေးတစ်ပုဒ်

"နှစ်တွေဟောင်းလို့
နှစ်သစ်ကူးကာ
ပျော်ရွှင်တာတွေ့မြင်ရပြန်ပြီ
ဒါပေမဲ့လည်း
လကလေးခမျာ ငိုရရှာ---"


ဟိုး----လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကပေါ့-- နတ်ပုံပြင်လေး တစ်ပုဒ်ရှိခဲ့တယ်။
အဲဒီပုံပြင်လေးမှာ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်ရှိတယ် တဲ့။
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ် တဲ့။
တစ်နေ့ကျတော့ ကောင်လေးဟာ အတောင်လေးမှာ ဒဏ်ရာရပြီးလဲနေတဲ့
ငှက်ကလေးတစ်ကောင်ကို တွေ့ပြီး ကယ်တင်ပေးလိုက်တယ်၊
ငှက်ကလေးကို သစ်မြစ်၊သစ်ဥတွေ သွေးလိမ်းပြီး ဒဏ်ရာကို ကုပေးတယ်။
နောက်---- ဒဏ်ရာသက်သာလာတော့ ငှက်ကလေးကို သင်သွားလိုရာ လွတ်လွတ်လပ်လပ်
ပျံသန်းပေတော့ လို့ပြောပြီး လွှတ်ပေးလိုက်တယ် တဲ့လေ။



အဲဒီတော့မှ ငှက်ကလေးက ကောင်လေးကို လူလိုပြောသတဲ့။
"အသင်လူ----- ကျွန်တော့်ကို ကယ်တင်ပေးတဲ့ဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်---
အသင့်ရဲ့ ကျေးဇူးဆပ်ချင်ပါတယ်။
ကျွန်တော်က နတ်မင်းကြီးမွေးထားတဲ့ ငှက်ကလေးဖြစ်ပါတယ်။
သင်လိုအပ်တဲ့အခါ လိုရာဆုတစ်ခုကို တောင်းဆိုပါ။
သင်တောင်းဆိုတဲ့ တောင်းဆိုချက်ဟာ ချက်ချင်းပြည့်စုံလိမ့်မယ်" လို့ ပြောပြီး-- ပျံသန်းသွားတော့တယ်။




အဲဒီအကြောင်းကို ကောင်မလေးက မသိဘူးတဲ့။
ညလေးတစ်ညမှာတော့ ကောင်လေးနဲ့ကောင်မလေး ချိန်းတွေ့တဲ့အခါ
ကောင်မလေးက မျက်နှာမကောင်းဘူး ဖြစ်နေတယ်တဲ့လေ။
ကောင်လေးက "ဘာဖြစ်လို့မျက်နှာမကောင်း ဖြစ်နေရတာလဲ။ သူ့ကိုပြောပြပါ။
သူဘာလုပ်ပေးရမလဲ" လို့အတင်းမရမက မေးတယ်။



ကောင်မလေးက "မဖြစ်နိုင်ပါဘူး၊ သူဖြစ်ချင်တာကို လုပ်ပေးနိုင်မှာမဟုတ်ပါဘူး" ဆိုပြီးပြောမပြဘူး တဲ့။
ကောင်လေးက အတင်းပဲလိုက်မေးတယ်။ "သူ့ကိုချစ်၇င် ပြောပြပါ။
သူလုပ်ပေးနိုင်အောင် ကြိုးစားပါ့မယ်" လို့ ထပ်ခါထပ်ခါပြောတော့မှ ကောင်မလေးကပြောပြတယ်။




သူဒီကိုလာတဲ့လမ်းက ရေကန်ကြီးတစ်ကန်မှာ နတ်သမီးလေးတွေ ဆော့ကစားနေတာကိုတွေ့ခဲ့ရတယ်-
တအားပျော်ဖို့ ကောင်းတာပဲ၊ သူလည်းနတ်သမီးလေးလို ၀တ်ပြီး ဆော့ချင်လိုက်တာတဲ့ ---
တစ်ရက်လောက် ဆော့ကစားလိုက်ရင် သူကျေနပ်ပါပြီဆိုပြီး ပြောသတဲ့လေ----




ကောင်လေးက သူ့ချစ်သူပြောတော့ စိတ်မကောင်း ဖြစ်သွားတာပေါ့။
သူ့ချစ်သူ ဖြစ်ချင်တာတွေကို သူကလုပ်ပေးချင်ပေမယ့် ဘယ်လိုလုပ်ပြီး နတ်သမီးဖြစ်အောင်
လုပ်ပေးနိုင်မလဲဆိုတာ တွေးရင်း စိတ်မကောင်းဖြစ်ပြီး မှိုင်နေတာပေါ့ကွယ်။




နောက်တော့မှ ငှက်ကလေးပြောသွားခဲ့တာကို သတိရသွားပြီး--- သူ့ချစ်သူကောင်မလေးကို
ဝမ်းသာအားရ ပြောပြတယ်။
"ချစ်--ဘာမှစိတ်မကောင်း မဖြစ်နဲ့၊ နတ်သမီးဖြစ်အောင် သူလုပ်ပေးနိုင်ပါတယ်" လို့ပြောပြီး
သူ ဆုတောင်းလိုက်တယ်၊




"နတ်မင်းကြီး---- ကျွန်တော့်ချစ်သူလေးကို နတ်သမီးဖြစ်အောင်လုပ်ပြီး
နတ်သမီးလေးတွေလို ကစားခွင့်ရအောင် လုပ်ပေးပါလို့" ဆုတောင်းလိုက်လေ သတဲ့။




"ပြည့်စေ" ဆိုတဲ့ အသံထွက်လာပြီး ချက်ချင်းပဲ ကောင်မလေးဟာ
နတ်သမီးလေး ဖြစ်သွားတော့တယ်၊



နတ်သမီးလေးဖြစ်သွားတော့ ကောင်မလေးက အရမ်းပျော်ရွှင်နေတာပေါ့။
သူတစ်ရက်ပဲ ကစားပါ့မယ်လို့ သူ့ချစ်သူကောင်လေးကို ကတိပေးပြီး ရေကန်ကြီးဆီကိုထွက်သွားတာပေါ့။။



ကောင်လေးက တစ်ယောက်တည်း ကျန်ရစ်ခဲ့ရှာတယ်။
သူ့ကောင်မလေး ဆော့နေတဲ့ ရေကန်ကြီးကိုချောင်းကြည့်လိုက်တော့ တအားကိုလှပြီး
ပျော်မြူးစွာ ဆော့ကစားနေတာကို တွေ့ရတော့ သူအရမ်းကို ကျေနပ်နေတာပေါ့။
သူပြန်လာပြီး--- ညနေစောင်းတဲ့အထိ စောင့်နေတာပေါ့ ။။။။။


ပြန်လာနိုးနိုးနဲ့ စောင့်နေလိုက်တာ--- တစ်ရက်၊ တစ်လ၊ တစ်နှစ်၊ သုံးနှစ်၊ ဆယ်နှစ်၊ နှစ်တွေ အများကြီး
ကြာသွားပေမယ့် ကောင်မလေးက ပြန်မလာခဲ့ဘူး တဲ့။



ကောင်လေးက ကောင်မလေးကို စောင့်နေရင်း ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့တယ်၊
ကောင်လေးက သေသွားပြီးတော့ ဥသြငှက်ကလေး တစ်ကောင်ဖြစ်သွားတယ် တဲ့ကွယ်။
ဥသြငှက်ကလေးကလည်း "ဥသြ--ဥသြ"---လို့ အော်ပြီးကောင်မလေးကို လိုက်ရှာရှင်း
မျှော်နေရင်းနဲ့ သေဆုံးသွားခဲ့ပြန်တယ်၊




ဥသြငှက်ကလေး သေသွားတော့ -- ကောင်းကင်က လလေးရဲ့ ဘေးနားမှာ ကြယ်ပွင့်လေးဖြစ်သွားတယ်။
အဲဒီကြယ်ပွင့်လေးကတော့ နှစ်ဟောင်းပြောင်းလို့ နှစ်သစ်ကူးတဲ့ ည---လလေး ဘေးမှာရှိနေတတ်တဲ့
တစ်ပွင့်တည်းသော ကြယ်ပွင့်လေးပေါ့ကွယ်----



လလေးက သူတစ်ယောက်တည်း တိုးတိုးလေးပြောပြီး ငိုနေရှာတယ်တဲ့။
ကောင်လေးရော---ကောင်မလေးရော နတ်ပြည်တစ်ရက်ဟာ လူ့ပြည်မှာနှစ်ပေါင်းတစ်ရာရှိတယ် ဆိုတာ
သူတို့မသိရှာဘူးဆိုပြီး စိတ်မကောင်းလွန်းလို့ ငိုနေရှာတာတဲ့ကွယ်။




ဒါကြောင့် --- နှစ်သစ်ကူးရောက်တိုင်း -- ညတိုင်းညတိုင်းမှာ ကောင်းကင်ကို မော့ကြည့်လိုက်ရင် --
လကလေးငိုနေတဲ့ ပုံစံ လကွေးကွေးလေးနဲ့ တစ်ပွင့်တည်းသော ကြယ်လေးကို
တွေ့ရတတ် တယ်တဲ့။




အဲဒီအချိန်--- လူ့ပြည်မှာတော့ ကြယ်မီးပုံးလေးတွေ၊ ကြယ်မီးသီးလေးတွေ ထွန်းပြီး
ဒီနှစ်ကုန်လို့ ရှေ့နှစ်ကူးမှာ ကြယ်ကလေး သူ့ချစ်သူလေးနဲ့ ပေါင်းရပါစေ။
ပြန်ဆုံကြပါစေလို့ ဆုတောင်းကြတာပေါ့။



နှစ်တွေကြာညောင်းလို့ ကာလဒေသတွေ ပြောင်းလာတော့မှ လူတွေက
"Happy New Year" ဆိုပြီး ၀ိုင်းဆုတောင်းကြတာပေါ့။



လကလေးကတော့ လူတွေပျော်ရွှင်စွာနဲ့ ဆုတောင်းပေးတာကို ကြည့်ပြီး
တစ်ယောက်ထဲ ငိုကြွေးနေရတယ်လေ။
ဒါကြောင့် ----လကလေးဟာ ငိုနေတဲ့ပုံစံ လကွေးကွေး လေး ဖြစ်နေတာပေါ့။




New Year ညတိုင်းမှာ ကောင်းကင်ကို ကြည့်လိုက်ပါ။
ခပ်ကွေးကွေးနဲ့ လကလေးနဲ့ နံဘေးမှာ တစ်ပွင့်တည်းသော
ကြယ်ကလေးကို တွေ့ကြရမှာပါ။
မေးလ်မှတစ်ဆင့်ကူးယူဖော်ပြသည်။

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...