https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 11, 2012

ဘဝအတွက်..စာသားများ

့" လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ "

" အပြောနဲ့  ကဲ့ရဲ့တတ်သူတွေကို အလုပ်နဲ့  အနိုင်ယူရမယ် "

" လုပ်သင့်တာကို လုပ်မှ လိုချင်တာကို ရမယ် "

" အားကျပါ မနာလိုမဖြစ်နဲ့  "

" လောကမှာ -
ဘာတစ်မှ အလကား မရပါ -
ဒါပေမယ့်
တန်ဘိုးအကြီးဆုံးနဲ့  အခမဲ့ရတာကတော့
မိဘရဲ့ မေတ္တာနဲ့  စေတနာပဲ "

" နေပူထဲရောက်မှ အရိပ်ရဲ့ တန်ဖိုးကို သိလာမယ် . .
ကန္တာရထဲရောက်မှ ရေတစ်ပေါက်ရဲ့ တန်ဖိုးသိလာမယ် . .
စာမေးပွဲခန်းထဲရောက်မှ ဆရာတစ်ယောက်ရဲ့ စေတနာကို သိလာမယ် "

" သာမန်ဘ၀မျိုးထက် သာချင်ရင်တော့ မာန်တင်းပြီး ကြိုးစားရမှာပဲ "

" အခက်အခဲဆိုတာ မရှိခဲ့ရင် " အောင်မြင်မှု ရာဇ၀င် " မင်းမှာ မရှိနိုင်ဘူး "

" မင်းရဲ့ လုပ်ရဲ့ဟာ မင်းရဲ့ " ဘ၀တန်ဘိုး " ဘဲ "

" ယုံကြည်ချက်ရှိသူတွေဟာ ရည်မှန်းချက်ထားကြတယ် "

" ပျင်းရိသူကို ၀ီရိယရှိသူက ကျော်နိုင်တယ် ..
ဝီရိယရှိသူကိုတော့ စည်းကမ်းရှိသူက ကျော်နိုင်တယ် "

" အပြောကြီးတာဟာ မလုပ်ချင်တာကို ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ "

" လောကမှာ-
တန်ဖိုးအရှိဆုံးက အချိန်
အရေးကြီးဆုံးက ဏစိတ်ဓာတ်
အကြီးမားဆုံးက မိဘကျေးဇူး "

" မလုပ်သင့်တာကို လုပ်ရင် မလိုချင်တာကို ရမယ် "

""  ဥာဏ်ကောင်းဘိုးထက် စိတ်ဓာတ်ခိုင်မာဘို့  ပိုအရေးကြီးတယ် "

" မမြင်ရသော အရာကို
အချိန်ကုန်ခံ မျှော်လင့်နေမယ့်အစား
မြင်နိုင်တာကို မဆုတ်မနစ်သော ဇွဲနဲ့  ၊
အခုထလုပ်လိုက်ပါ "

" အနိုင်အရှုံးဆိုတာ လုပ်ရပ်ပေါ် မူတည်တယ် "

" အစာ " ငတ်ရင်တခဏ " စာ " ငတ်ရင် တစ်ဘ၀လုံး ဆုံးရှုံးပြီမှတ် "

" တစ်နေ့ မှာ ( ၂၄ ) နာရီချင်း တူပေမဲ့ ဘ၀တွေ ဘာကြောင့် မတူတာလဲ "

" ရောဂါပျင်းလျှင် ဆေးရှိသည် ၊ လူပျင်းလျှင် ဆေးမရှိ "

မှတ်သားနိုင်ကြပါစေ....

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...