သော့ဘယ်မှာထားမိမှန်းမသိ ဖြစ်နေပါသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့နာမည်ကို မေ့နေသလား။ အမေ့ထူ
လွန်းလို့ စိတ်ညစ်နေသလား။ မေ့တတ်တဲ့အကျင့်ကို ပျောက်ပြီး မှတ်ဥာဏ်ကောင်းစေနိုင်တဲ့အလွယ်နည်းတွေကို သိပ္ပံ
ပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။
(၁) အချက်လက်မှတ်မိဖို့မေးစေ့ကိုကိုင်ပါ။
ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇတ်ဝင်ခန်းထဲမှာ တစ်ခုခုကို အလေးအနက်စဉ်းစားပြီးရင် မေးစေ့ကိုပွတ်ပြီး စဉ်းစား
တတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်လက်သစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်ကတစ်ခုခုလုပ်နေလိုက်ပါ။ အဲဒီ
အချက်အလက်ကိုပိုပြီးမှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန် ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ
မှတ်ဥာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဥာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥမပာ- ဖုန်းနံပါတ်တစ်
ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီဖုန်းနံပါတ် ကို ခေါင်းထဲ
ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။
(၂) အချက်အလက်အသစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ။
ဖုန်းနံပတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ "ငါနောက်တစ်ခါ ဒီဖုန်းကို ဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ"
ဒါမှမဟုတ်"ငါသူ့ကို နောက်တကြိမ် တွေ့ရင် ဘယ်လို ခေါ်ရမလဲ" စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေရှင်းမလဲ
ဆိုတာကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကိုမှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်အရ ဒီနေ့
သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်
စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သူတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို
မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်က အသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာ
မှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့သိရပါတယ်။
(၃) မှတ်ဥာဏ်ပိုကောင်းစေဖို့ လမ်းလျှောက်ပါ
သိပ္ပံပညာရှင်တွေဟ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အစိတ် အပိုင်း (Hippocampus) ဟာအသက်ကြီးလာတာနဲ့
အမျှ ကျုံ့သွားတတ်ပြီးထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့ မရနိုင်ဘူးလို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့အဲလိုယူဆဖို့မလို
တော့ပါဘူး။ လေ့လာချက် အသစ်တစ်ခု အရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကိုး ကာ
ကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာပြန်လို့တောင် ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာတစ်ပတ်
ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocamusအရွယ်အစား
၂ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဥာဏ် စာမေးပွဲ ဖြေရာမှာလဲ အမှတ်ပိုကောင်းပြီး ဦးနှောက်ကို ကျန်းမာရေး ကောင်းစေနိုင်
တဲ့ ဓတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ကြာလေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်
မှတ်ဥာဏ် ကောင်းစေနိုင်ပါတယ်။
(၄) ဦးနှောက်ဆဲလ်တွေကို ကာကွယ်ဖိ့ အမြန်စာ မစားပါနဲ့
အဆီများတဲ့အဝစာ ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဥာဏ်လျော့နည်းစေကြောင်း သိထားတာကြာ
ပါပြီး။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိ မပြုမိကြသေးပါဘူး။ လေ့
လာချက် တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဥာဏ်နဲ့
ပြဿနာဖြေရှင်းနိုင်စွမ်း ၁၅ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။
(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ။
Chamomile Tea ကိုစူပါမားကတ်တွေမှာရှာဝယ်ယူနိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလဲဖြေလျော
့ပေးပါတယ်။ အမေ့ထူတာကိုး လျော့စေတဲ့ Luteolin ဓတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှု
ကြောင့် ဖြစ်တတ်တဲ့ မှတ်ဥာဏ် လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက် ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင်
Luteolin ဓါတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွယ်မှုကို အနှောင့်ယှက် ပေးနိုင်တဲ့ အန္တရယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့
hCytokines တွေ ထွက်ရှိမှုကို ၉၀ရာခိုင်နှုန်းထိ လျော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကိုရှာမတွေ့ပါ
က Luteolin ဓါတ်ကြွယ်ဝတဲ့မုန်လာဥနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။
မူရင်း ဒေါက်တာနုမြတ်မှ
ပြန်လည်မျှဝေသည်

No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.