သင့်အတွက် ကောင်းမယ့် စာလေးတစ်ပိုဒ်ပါ
သတ္တိရှိချင်ရင်
လူမိုက်နဲ့ ပေါင်း
ထက်မြက်တဲ့ လူတစ်ယောက်
ဖြစ်ချင်ရင်
လူတော်နဲ့ပေါင်း
တွေဝေတတ်တဲ့လူတစ်ယောက်
မဖြစ်ချင်ရင်
သူခိုးနဲ့ ဓါးမြနဲ့ပေါင်း
ရင့်ကျင့်မှုရချင်ရင်တော့
ကိုယ့်ထက်ကြီးတဲ့သူတွေကိုပေါင်း(ကောင်းကောင်းမကောင်းကောင်း)
ဘာသာရေး အကြောင်းသိချင်ရင်
ဘာသာရေးသမားနဲ့ပေါင်း
ဥပဒေ အကြောင်းသိချင်ရင်
နိုင်ငံေ၇းသမားနဲ့ပေါင်း
စာပေသမားဖြစ်ချင်ရင်...
စာရေးဆရာတွေနဲ့ ပေါင်း
အသိညဏ်တိုးပွားချင်ရင်
ရိုးသားတဲ့ လူနဲ့ပေါင်း
ဒါပေမယ့် သင်ဟာ ဘယ်လိုလူနဲ့ ဘယ်လိုပေါင်းပေါင်း အတုယူမှန်ဖို့သာလိုအပ်သည်
သင်ဟာ မကောင်းတဲ့ အတုကို လိုက်တုမယ်ဆိုရင် မကောင်းတာပဲရမယ်..
ကောင်းတဲ့ အတုကို လိုက်တုရင် ကောင်းတာပဲရမယ်.....
ဥပမာ- လူမိုက် ဖြစ်တာဟာ သတ္တိရှိလို့ပဲ သူတို့ဟာ ကောင်းတဲ့ နေရာမှာ
အသုံးမချတတ်လို့ လူမိုက်ဟု ခေါင်းစဉ်တပ်ခံရသည်။ ဒါပေမယ့် လူမိုက် လုပ်တာဟာ
သတ္တိရှိလို့ပဲ သတ္တိရှိခြင်းကို
သင်အတုယူသင့်၏။
*M.H.A*
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.