- ။ ကျွန်တော်
စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။
အသက် ၅ နှစ်လောက်ပဲရှိတဲ့
ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။
အရောင်းစာ ရေးမ လေးကပြောတယ် ။
“ စိတ်မကောင်းပါဘူးကလေးရယ်
မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”
အဲဒီတော့ ကောင်လေးက
ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။
“ ဦးဦး ကျွန်တော့်မှာ ငွေမ
လုံလောက်ဘူးဆိုတာ သေချာလားဟင် ”
ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ်
။
“ အင်းဟုတ်တယ် ကောင်လေး
မင်းမှာ ဒီအရုပ်လေး ၀ယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ
သူ့လက်ထဲမှာ
အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။
နောက် ဆုံး
ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။
အဲဒီအရုပ်ကလေးက
ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆို တာကိုပေါ့ ။
“ ဒီအရုပ်ကလေးက ကျွန်တော့်
အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ်
သူ့မွေးနေ့ အတွက်
ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး”
“ ဒီအရုပ်ကလေးကို ၀ယ်ပြီး
အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ
အဲဒီအရုပ်က လေးကို
ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့
စကားကိုဖြည်း ဖြည်းချင်း
ပြောတယ် ။
“ တကယ်တော့ အစ်မ က
ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ
ကောင်းကင်ဘုံမှာ အစ်မ
ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော်
ဒီအရုပ်ကလေးကို
လက်ဆောင်ပေးလိုက်ချင်လို့ပါ ” ကျွန်တော့် နှလုံးခုန်သံဟာ
ရပ်တန့်သွားမတတ်ပါပဲ ။
ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက
ကျွန်တော့် ကိုစိုက်ကြည့် ပြီးဆက်ပြောတယ် ။
“ ကျွန်တော်အဖေ့ကိုပြောပါတယ်
အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီး
ပြန်သွားတဲ့အချိန်ထိ အမေ့ကို
စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင် လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို
ကျွန်တော့်ကို ထုတ်ပြတယ် ။ “
ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို
မမေ့သွားအောင်ပေါ့ ဒါပေမယ့်
အဖေက ပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ”
ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့
မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။
ကျွန်တော်
ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။
“ ငါတို့နောက်တစ်ခါ ပြန်စစ်ရ
အောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့
မဟုတ်ဘူးလားကလေးရဲ့ ”
“ ကောင်းပါပြီ ” လို့
ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ”
ကျွန်တော် သူမမြင်
တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေတွေကို
စတင်ရေ တွက်ခဲ့ တယ် ။
အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။
ကောင်လေးကပြောတယ် “
ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါ
တယ် ” တဲ့ ။
“ ကျွန်တော်လွန်ခဲ့တဲ့ညက
မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက်
လုံလောက် တဲ့
ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”
“ ကျွန်တော် အမေ့အတွက်လည်း
နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် --
ဘုရားသခင်ဆီမှာ ကျွန်တော်အ
များကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ
့ နှင်းဆီအဖြူ တစ်ပွင့် အတွက်
လုံလောက်တဲ့ငွေကိုပေးခဲ့တယ်လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ် ”
ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ
ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပါပြီ
ကျွန်တော် ကောင်လေး ကို
စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့
၂ရက်လောက်က
သတင်းစာထဲက
သတင်းတစ်ပုဒ်ကိုသွားပြီးသတိရမိလိုက်တယ် ။ အရက်မူးသမား တစ်ဦး မောင်းလာ
တဲ့ကားတစ် စီးက
အမျိုးသမီးတစ်ဦးနဲ့
ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး
သေဆုံးသွားတဲ့သတင်းပေါ့ ။
အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေ တဲ့အကြောင်း
။
နောက်ဆုံးမတတ်နိုင်တော့တဲ့အဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထား
ရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့
သဘောတူဆုံးဖြတ်လိုက်ကြောင်း
ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ
သတိလစ်မေ့မျောခြင်းကနေ ပြန်လည်
အသက်ရှင် သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။
ဟင် ဒါဆို ဒီကောင်လေးဟာ
အဲဒီမိသားစုက ကောင်လေး များဖြစ်နေမလား ?
ကောင်လေးနဲ့
ကျွန်တော်တွေ့ဆုံခဲ့ပြီးနောက် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော်
သတင်းစာမှာဖတ်လိုက်ရတဲ့ ။
ဆေးရုံပေါ်က
အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း
-----။
ကျွန်တော်ဘယ်လိုမှ
မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး
နာရေးအိမ်ကို လိုက်သွားခဲ့ တယ် ။
အဲဒီနေရာမှာ
ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေး
ငယ်လေးတို့အတွက်
မမြုပ်နှံခင်
နောက်ဆုံးဆုတောင်းစကားတွေပေးဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။
အမျိုးသမီးကိုထည့်ထားတဲ့
ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့
ရယ်မောနေတဲ့ ကောင်လေးရဲ့
ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့
အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ် ။
ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။
မျက်ရည်တွေနဲ့ ကျွန်တော်
အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ
ပြောင်းလဲသွား ခဲ့ပါ တယ် ----။
ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ
ပုံဖော်ပြဖို့တောင် ခက်ခဲလွန်း
လှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက
သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့
ခွဲခွာစေ ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။
ကျေးဇူးပြုပြီးေ ကျး ဇူး ပြ
ု ပြီး - - - - “ အရက်သောက်ပြီး
ကားမမောင်းကြပါနဲ့ ”
အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂
ခုရှိပါတယ် ။ - ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ
Share လုပ်တဲ့အခါမှာလည်း အရက်
သောက်ပြီးကားမမောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို
ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။
သက်တန့်ချို
Feb 25-2012 Do not drink and drive အား ဘာသာပြန်ခံစားသည် ။