ဖြေရှင်းမရသောဖြစ်ရပ်.....
လယ်သမား တစ်ဦးသည် အရက်ဆိုင်တစ်ဆိုင်တွင် အရက်မူးနေလေ၏။ ထိုအရက်ဆိုင်ထဲသို့ လူစိမ်းတစ်ယောက်ဝင်လာကာ လယ်သမားအားမေးလေ၏။
လူစိမ်း။ ။ ဟေ့လူ.. ဒီလောက်ကောင်းတဲ့နေ့မှာ ဘာဖြစ်လို့ ဒီမှာ လာထိုင်ပြီးမူးနေရတာလဲ။ လယ်သမားက ခေါင်းကို တွင်တွင်ခါရမ်းလျှက်ပြန်ဖြေလိုက်သည်
လယ်သမား။ ။ဖြေရှင်းလို့မရတဲ့မဖြစ်တစ်ခုကြောင့်ပေါ့ကွာ....။
လူစိမ်း လည်းစိတ်ဝင်စားသွားကာ လယ်သမား အနီးတွင် ဝင်ထိုင်းပြီး မေးလိုက်သည်။
လူစိမ်း။ ။ပြောစမ်းပါဦး.. ဘာတွေများ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့လို့လဲ...
အဖြစ်ကတော့၊ လယ်သမား က သူ၏ဇာတ်လမ်းအား စတင်လိုက်လေသည်။
ဒီနေ့မနက်ကပေါ့ ငါက ထုံးစံအတိုင်းငါ့နွားမကိုနို့ညှစ်နေခဲ့တာ... နို့ပုံပြည့်ခါနီး လောက်လဲရောက်ရော သေနာမက သူ့ဘယ်ခြေကိုမြှောက်ပြီးနို့ပုံးကို ပိတ်ကန်လိုက်တယ်လေ...။
လူစိမ်း။ ။ အင်း... အဖြစ်က ဒီလောက်လဲ မဆိုးသေးပါဘူး..
လယ်သမား။ ။တစ်ခါတစ်လေကျတော့ ဖြေရှင်းလို့မရဘူးကွ...
လူစိမ်း။ ။ ထားပါတော့၊ ပြီးတော့ ဘာဆက်ဖြစ်သတုံး..
လယ်သမား။ ။ ဒါနဲ့ငါလဲ သူ့ဘယ်ခြေထောက်ကိုဆွဲ... ကြိုးနဲ့ဘယ်ဘက်က တိုင်မှာ ချည်ထားလိုက်တယ်လေ...
လူစိမ်း။ ။ ပြီးတော့ကော။
လယ်သမား။ ။ ဒါနဲ့ငါလဲ နို့ဆက်ညစ်တာပေါ့.... နို့်ပုံပြည့်ခါနီလဲရောက်ရော...ဂန်းနာမက သူ့ညာခြေကို မြှောက်ပြီး နို့ပုံးကို ပိတ်ကန်ပါရော...
လူစိမ်း။ ။ နောက်တစ်ခါတောင်မှလား။
လယ်သမား။ ။တစ်ခါတစ်လေကျတော့လဲ ဖြေရှင်းလို့မရဘူးကွ။
လူစိမ်း။ ။အဲဒီတော့ ခင်ဗျားက ဘာလုပ်လိုက်လဲ။
လယ်သမား။ ။ ဒီတစ်ခါကျတော့ ငါလဲ သူ့ညာခြေထောက်ကို ဘေးကိုဆွဲ၊ ကြိုးနဲ့ညာဘက်က တိုင်မှာချည်ထားလိုက်တာပေါ့။
လူစိမ်း။ ပြီးတော့ကော။
လယ်သမား။ ။ ငါလဲ ပြန်ထိုင်ပြီး နို့ပြန်ညစ်တာပေါ့။ ပုံးပြည့်ခါနီးလောက်လဲရောက်ပြန်ရော မသာမက သူ့အပြီးနဲ့ပုံးကိုခတ်ပြီးမှောက်ပစ်လိုက်ပြန်တယ်လေ။
လူစိမ်း လဲ အံ့သြစွာဖြင့် ခေါင်းငြိမ့်ငြိမ့်ဖြင့်နားထောင်နေလေ၏။
လယ်သမား က စိတ်ပျက်စွာဖြင့် သူ့ဇာတ်လမ်းအားဆက်လေသည်။
လယ်သမား။ ။ တစ်ခါတစ်လေကျတော့ဖြေရှင်းရခက်တယ်ကွ....။
လူစိမ်း။ ။ အဲ့ဒီတော့ ခင်ဗျား ဘက်ဆက်လုပ်လိုက်လဲ။
လယ်သမား။ ။ ငါ့မှာလဲ ချည်စရာကြိုးကကုန်ရော။ ဒါနဲ့ ငါ့ဘောင်းဘီက ခါးပတ်ကိုဖြုတ်၊ နွားမရဲ့ အမြီးနဲ့တွဲပြီး ခေါင်မိုးမှာ ချည်ထားလိုက်တာပေါ့ အဲဒီအချိန်မှာပဲ ငါဘောင်းဘီက အောက်ကို ကျွတ်ကျ။ ငါက နွားမနောက်မှာ မတ်တတ်ရပ် နေတုန်း ဗြုံးဆို ငါ့မိန်းမကဝင်လာ...
ငါဘာမှဖြေရှင်လို့မရဘူးကွ.....။
ရှေ့နေဆိုတာ....
ရှေ့နေကြီး ဦးနက်ကျော် ထံအမှုသည် အောင်မင်းရောက်လာဟ။
အောင်မင်း။ ။ ကျွန်တော့မိန်းမ မကြာစိ ရွှေဘိုက သူ့အမေအိမ်ဆင်းသွားတယ် ဆရာ။ သူမရှိရင် ကျွန်တော်မနေတတ်ဘူး။ ဒီတော့ မယားပြန်ခေါ်လိုမှုနဲ့ တရားစွဲမချင်တယ်။ သည်အတွက်ဆရာ့ကို အမှုလာအပ်တာပါ။
ရှေ့နေကြီး။ ။မပူနဲ့ခင်ဗျား အမှုကိုနိုင်ကိုနိုင်စေရမယ်။
အောင်မင်း။ ။အားရှိလိုကတာ ဆရာရယ်။ တကယ်လို့များ ကျွန်တော်က အမှုနိုင်ရဲ့သားနဲ့ မကြာစိက ပြန်လိုက်ရင်ကော။
ရှေ့နေကြီး။ ။အင်းဆွဲခေါ်ပြီး ကားတင်ပြေးပေါ့ဗျာ။
အောင်မင်း။ ။ ဒါဆိုရင်အိုကေပြီလားဆရာ။
ရှေ့နေကြီး။ ။အိုကေ မကေတော့ မသိဘူး။ ကျွန်တော့အတွက် အမှုတစ်ခုထပ်ရသွားတာတော့သေချာတယ်..။
ကုန်ဆုံးရက်
ကုန်ဆုံးရက်
ယောက်ကျားက လက်ထပ်စာချုပ်ကို အချိန်တော်တော်ကြာစူးစိုက်ကြည့်နေတယ် ဒါကို ဒါကို မြင်နေတဲ့ မိန်းမက ကြာလာတော့ မေးပါတယ်
"ရှင်စာချုပ်မှာ ဘာကိုလာရှာနေတာလဲ...." ယောက်ကျားက ပြန်ဖြေပါတယ်.. "ကုန်ဆုံးရက်ကို လိုက်ရှာနေတာမိန်းမရယ်လို့ ..."
မပစ်နဲ့နော်....
တပ်သားမောင်မြက တပ်ကြပ်ကြီးကို စိတ်လှုပ်ရှာစွာ သတင်းလာပို့သည်။
"ဟိုတောထဲမှာ ရန်သူတချို့ကို ကျွန်တော်မြင်လိုက်တယ်ခင်ဗျ..." "ဟုတ်လား၊ မင်းသွားပြီးဖမ်းခဲ့စမ်းပါ" "ဟုတ်ကဲ့ ဒါပေမယ့် နောက်အချိန်အနည်းငယ်အတွင်းမျာ တောထဲက လူတစ်စု ပြေးထွက်လာတာကို တွေ့ရင် ရှေ့ဆုံးက လူကို မပစ်နဲ့နော်.."
အရင်အတိုင်း
တိရဆ္ဆန်များအရောင်းဆိုင်တွင်ဖြစ်သည်။ "ကျွန်တော့ကို ကြမ်းပိုး ၂၇၆-ကောင် ၊ ပိုးဟပ် ၅၄၂ ကောင်၊ ကြွက် ၁၈ ကောင်ရောင်းပါ၊" "ဘာအတွက်လဲ" "ကျွန်တော့ကို အိမ်ရှင်က မောင်းထုတ်တယ်၊ အိမ်ခန်းကို ကျွန်တော်ငှားမနေခင်က အခြေအနေတိုင်းပြန်ထားပေးပါဆိုလို့။"