သူငယ်ချင်းတွေဆုံပြီး ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ အစားအသောက်တွေကို အားလုံးငုံ့ ပြီး လွေးနေကြတယ်။
ဘယ်သူမှ ခေါင်းမဖော်ဘူး။
" ငါ့မှာ ပြောစရာပုံပြင်တစ်ပုဒ် ရှိတယ်၊စိတ်ဝင်စားစရာ ပုံပြင်လေး တစ်ပုဒ်ပေါ့ကွာ "
အားလုံးအသံတိတ်နေတော့ ပုံပြင်ဆရာ ရွှီးက စကားစတယ်။
"လာလုပ်မနေနဲ့ ၊အကွက်မဆိုက်လည်း မင်းက ပုံပြင်တစ်ပုဒ်တော့ ပြောမှာပဲ၊ တို့ ကလည်း စိတ်ဝင်စားစရာ မကောင်း
ပေမဲ့လည်း နားထောင်ရမှာပဲ၊ ကဲ...ပြော"
" အေးမြတဲ့ ဇန်န၀ါရီလ မနက်ခင်း၊ ၀ါရှင်တန်မြို့ တော် မက်ထရိုဘူတာရုံထဲမှာပေါ့၊လူတစ်ယောက်က တယော
ထိုးနေတယ်၊တယောထိုးတာ တစ်နာရီလောက် ကြာတဲ့ကာလအတွင်းမှာ ဘူတာရုံထဲကို လူနှစ်ထောင်လောက်
ဝင်ထွက်ဖြတ်သန်း သွားလာကြတယ်၊အများစုကတော့ အလုပ်သွားကြတာပေါ့ "
" မြို့ တော်ကြီးက အဓိကဘူတာရုံဆိုတော့ အသွားအလာ များမှာပေါ့ "
" တယောထိုးတာ သုံးမိနစ်ကြာချိန်မှာ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က တီးမှုတ်နေတဲ့ ဂီတသံကို စပြီး
သတိထားမိတယ်၊သူလှမ်းလာတဲ့ ခြေလှမ်းကို နည်းနည်းနှေးလိုက်ပြီးနောက် စက္ကန့် ပိုင်းလောက် ရပ်တန့် တယ်၊
ပြီးတော့ သူ့ လုပ်ငန်းအစီအစဉ်အတိုင်း လုပ်ဖို့ အမောတကော ထွက်သွားတယ်"
" လေးမိနစ်ကြာချိန်မှာ တယောသမားဟာ သူ့ အတွက် အသပြာ တစ်ဒေါ်လာကို စပြီး ရတယ်၊တယောထည့်တဲ့
သေတ္တာလေးထဲကို အမျိုးသမီးတစ်ယောက်က ပိုက်ဆံ လှမ်းပစ်ထည့်ပြီး မရပ်တန့် ဘဲ လမ်းလျှောက်သွားတယ် "
" သူတို့ ဆီမှာ ဘူတာတို့ ၊ဈေးတို့ လို လူစည်ကားတဲ့ နေရာတွေမှာ တီးမှုတ်နေတဲ့ လူတွေရှေ့ က ဖွင့်ချထားတဲ့
တယောအိမ်တို့ ၊ဂီတာထည့်တဲ့ အိမ်တို့ လိုဟာတွေထဲကို ပိုက်ဆံပစ်ထည့်သွားတာမျိုး ငါမြင်ဖူးတယ် "
" ခြောက်မိနစ်လောက်မှာတော့ လူငယ်တစ်ယောက်က အုတ်နံရံကို မှီပြီး သူ့ တယောသံကို နားထောင်တယ်၊
ပြီးတော့ သူ့ လက်ပတ်နာရီကို ကြည့်ပြီး ထွက်သွားတယ် "
" ဂီတကို ခံစားဖို့ အချိန် ဆင်းရဲကြတယ်လေ "
" ဆယ်မိနစ်မှာ သုံးနှစ်အရွယ် ကောင်လေးက ရပ်ကြည့်တယ်၊ဒါပေမဲ့ သူ့ အမေက ဆောင့်ဆွဲခေါ်ပြီး ခပ်သုတ်သုတ်
လျှောက်လှမ်းတယ်၊ကလေးက တယောသမားကို သမင်လည်ပြန် ကြည့်နေတယ်၊နောက်ဆုံးတော့ မအေက ကလေး
လမ်းလျှောက်သွားအောင် ခပ်နာနာတွန်းတယ်၊ကလေးကတော့ တစ်ချိန်လုံး သမင်လည်ပြန်ကြည့်ဆဲပဲ "
" ဒါက သဘာဝပဲလေ "
" အခြားကလေးတွေလဲ ဒီလိုပဲ မကြာခဏ ထပ်ခါထပ်ခါ ဖြစ်ကြတယ်၊မိဘတိုင်းကလည်း ကြည့်ခွင့်မပြုပဲ ကလေးတွေ
သွားဖို့ ဇွတ်တွန်းတာပဲ "
" ဒါလည်း သဘာဝပဲလေ "
" ၄၅ မိနစ်၊ တယောထိုးသမား တယောထိုးဆဲ၊ အဲဒီကာလအတွင်းမှာ လူခြောက်ဦးသာ ခေတ္တရပ်တန့် တယ်၊
လူ ၂၀ ကတော့ ပုံမှန် ခြေလှမ်းနဲ့ ဆက်လှမ်းရင်း သူ့ ကို ပိုက်ဆံပေးသွားတာ ၃၂ ဒေါ်လာ ရတယ် "
" လူ ၂၀၀၀ လောက် ၀င်ထွက်သွားလာတဲ့ ဘူတာရုံမှာ ၄၅ မိနစ်လောက် ကြာတဲ့အထိ ခြောက်ယောက်ပဲ ခဏ
ရပ်ကြည့်တယ်ဆိုတော့ တော်တော်နည်းတာပဲ "
" တစ်နာရီကြာချိန်မှာ ဂီတသမားက သူ တယောထိုးတာကို ရပ်လိုက်တော့ အသံတိတ်ဆိတ်သွားတယ်၊ ဒါကို
ဘယ်သူမှ ဂရုမထားမိပါဘူး၊ဘယ်သူမှ လက်ခုပ်သြဘာပေးပြီး ချီးကျုးဂုဏ်ပြုမှု မလုပ်ခဲ့ဘူး၊အသိအမှတ်ပြုမှု
လေးတောင်မှ မရှိခဲ့ကြဘူး "
" လမ်းဘေးက ဂီတသမားကိုး "
" ဘယ်သူမှ မသိတဲ့ ကိစ္စကတော့ အဲဒီ တယောထိုးသူဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး ဂီတပညာရှင်တွေထဲက
တစ်ယောက်ဖြစ်တဲ့ ဂျိုရှုဝါဘဲလ် ဆိုတာပဲ၊သူက ဒေါ်လာ သုံးသန်းခွဲတန်တဲ့ တယော နဲ့ အင်မတန် အနုစိတ်
ခြယ်မှုန်းထားတဲ့ တီးကွက်သစ်ကို ဘူတာရုံထဲမှာ ထိုးပြခဲ့တာပဲ "
" နားထောင်ချင်လိုက်တာကွာ "
" မက်ထရိုဘူတာထဲမှာ သူတယောထိုးခဲ့တာက ဘော်စတွန်မြို့ ကဇာတ်ရုံမှာ သူ့ ဂီတပွဲကြီး မလုပ်ခင် နှစ်ရက်
အလိုမှာတဲ့၊အဲဒီ ဂီတပွဲမှာ ထိုင်ခုံတစ်ခုံရဲ့ ပွဲဝင်ကြေးက ပျမ်းမျှ ဒေါ်လာတစ်ရာ တဲ့ "
" အလကားရတဲ့ နေရာမှာကျ နားမထောင်ကြဘူးနော် "
" ဒါတကယ့်အဖြစ်အပျက်ပါ၊မက်ထရိုဘူတာမှာ ကမ္ဘာကျော် ဂီတပညာရှင် ဂျိုရှုဝါဘဲလ်ကို ရုပ်ဖျက်ပြီး
တယောထိုးဖို့ ဝါရှင်တန်ပို့ စ် သတင်းစာကြီးက စီစဉ်ခဲ့တာ၊လူတွေရဲ့ သဘောထားအမြင်၊ လူတွေရဲ့
ဂီတခံစားမှု ရွေးချယ်ပုံတွေကို လက်တွေ့ စပ်းသပ်ဖို့ လုပ်ခဲ့တာပဲ "
" လူတွေ ၀င်ထွက်သွားလာတဲ့ နေရာမျိုးမှာ အချိန်အခါ မဟုတ်ဘဲတွေ့ ရတဲ့ အလှတရားကို ဘယ်သူခံစား
သတိထားမိမှာလဲ၊မေးခွန်းထုတ်စရာပဲ၊ မမျှော်လင့်တဲ့ ကိစ္စတို့ ကြုံရင်ကော ဂီတပညာရှင်ကို ရပ်တန့် ပြီး
အသိအမှတ်ပြုမိပါ့မလား စဉ်းစားစရာပဲ "
" ဒီစမ်းသပ်ချက်ကနေ ကောက်ချက်ချနိုင်တာကတော့ ဘ၀မှာ တို့ တွေဟာ သာယာလှပမှုတွေကို
ဂရုမစိုက်မိလို့  လွဲချော်ခဲ့ရတာ ဘယ်လောက်တောင် များခဲ့ပြီလဲ ဆိုတာပဲ "
ဆရာ ဖေလင်းသစ်(အောင်မြင်ခြင်းရဲ့ လျှို့ ဝှက်ချက် ခေတ်သစ်ပုံပြင်များ)
မေလ်းမှတစ်ဆင့် .....