သည်ဘ၀ သက်တမ်းအတွင်းမှာ
သင်ဘာတွေ လုပ်ဆောင်သွားမည်လဲ
လူ့သက်တမ်းတစ်ခုဆိုသည်မှာ
ရှည်လျားလှသည်ဟု မဆိုသာ။ လူအတော်များများပင် ဘာမျှရေရေရာရာ လုပ်လိုက်ရသည်
မရှိဘဲ တစ်ဘ၀ ကုန်လွန်သွားတက်ကြသည် ။
သို့သော်
ရည်မှန်းချက်နှင့် ထက်သန်မှုသာ ပြည့်ပြည့်၀၀ ရှိမည်ဆိုက မရှည်လျားသော
ထိုဘ၀သက်တမ်း အတွင်းမှာပင် ကိစ္စရပ် မြောက်များစွာ လုပ်ကိုင် ဆောင်ရွက်
သွားနိုင်ကြပါသည်။
အောက်တွင်
ဖော်ပြမည့် ဂျွန် ဂေါ့ဒါ့ဒ်၏ လုပ်ဆောင်ချက်များကို ကြည့်လျှင်
စာဖတ်သူအနေနှင့် မိမိဘ၀ အတွက် စဉ်းစားဆင်ခြင်စရာ များစွာရရှိလာလိမ့်မည်ဟု
ယူဆပါသည် ။
***
ဂျွန်ဂေါ့ဒါ့ဒါဆိုသည်က
စာပေ၀ါသနာပါသလောက် စွန့်စားသွားလာမှုကိုလည်း အလွန်နှစ်သက်သော
လူငယ်တစ်ဦးဖြစ်သည် ။ရှေးကရှိခဲ့သည့် ရှာဖွေစွန့်စားခရီးသွားသူကြီးများကို
သူအားကျသည် ။ National Geographic လိုမဂ္ဂဇင်းမျိုးကို ဖတ်ကာ ကမ္ဘာတစ်လွှားမှ
ထူးခြားသည့်နေရာဒေသများသို့ သွားချင်လာချင်သည်။ ကမ္ဘာ့ပညာရှိတွေ၏ သုတရသ
စာပေတွေကိုလည်း နှံ့စပ်စုံလင်အောင် သူဖတ်ကြည့်ချင်သည် ။ သည့်ပြင်
သည့်ပြင်လည်း သူလုက်ကြည့်ချင်တာတွေ အများကြီး ။
အသက်
၁၅ နှစ်အရွယ်၌ ဂျွန်ဂေါ့ဒေါ့ဒ် မီးဖိုချောင်စားပွဲလေးမှာ ထိုင်ကာ My Life
List ဟုခေါင်းစဉ် တပ်လျှက် တစ်သက်တာ အတွင်း သူလုပ်ဆောင်သွားမည့် စာရင်းကို
ချရေးသည်။
သည်စာရင်းထဲတွင်
သူလုပ်ကိုင်ချင်သည့် အရာသို့မဟုတ် သူ့ရည်မှန်းချက်ပန်းတိုင်ပေါင်း ၁၂၇
ခုတိတိ ပါဝင်သည် ။ သည်ပန်းတိုင်တွေကို တစ်ခုပြီး တစ်ခု အရောက်လှမ်းခဲ့ရာ
အသက် ၇၀ အရွယ် (၁၉၉၂ ခုနှစ်) ၌ ၁၁၀ ခုတိတိ အောင်မြင်ပြီးစီးခဲ့သည်။
သူ့စာရင်းကိုလေ့လာကြည့်ပါ ။
(ဖေမြင့်စာအုပ်ထဲတွင်
အမှန်ခြစ်တွေနဲ့ သူလုပ်ကိုင်ဆောင်ရွက်ပြီးတာတွေကို ပြပါသည် ကျွန်တော်က
ဖိုရမ်မှာ အစဉ်မပြေလို့ လုပ်ကိုင်ဆောင်ရွက်ပြီးတာတွေကို ဒီအရောင် အမှတ်သားနှင့်ဖော်ပြပါမည်ခင်ဗျာ မလုပ်ဖြစ်ခဲ့တာတွေကိုတော့ အပြာ နဲ့ပေါ့။ )(ပြုလုပ်ပြီး) (မပြုလုပ်ခဲ့ရ) ။
စူးစမ်းလေ့လာမည့် မြစ်ကြီးများ
၁။ နိုင်းမြစ် (အီဂျစ်) (အာဖရိက)
၂။ အမေဇုံမြစ် (ဘရာဇီးလ်) (တောင်အမေရိက)
၃။ ကွန်ဂိုမြစ် (အလယ်အာဖရိက )
၎။ ကိုလိုရာဒိုမြစ် (အမေရိကန်ပြည်)
၅။ ယန်စီမြစ် (တရုတ်ပြည်)
၆။ နိုက်ဂျာမြစ် ( အနောက်အာဖရိက)
၇။ အောရိနိုကိုမြစ်
၈။ ရီယိုကိုကိုမြစ် (နီကရာဂွါ) (အလယ်အမေရိက)
ကနဦးယဉ်ကျေးမှုစနစ်များအကြောင်း သွားရောက်လေ့လာမည့် တိုင်းပြည်ဒေသများ
၉။ ကွန်ဂို
၁၀ ။ နယူးဂီနီကျွန်း
၁၁ ။ ဘရာဇီးလ်
၁၂ ။ ဘော်နီယို ကျွန်း
၁၃ ။ ဆူဒန် (ဆူဒန်တွင် သဲမုန်တိုင်းဖုံး၍ သေဆုံးလုနီးပါးဖြစ်ခဲ့သည်။)
၁၄။ ၾသစေၾတးလ်
၁၅ ။ ကင္ညာ
၁၆ ။ ဖိလစ်ပိုင်
၁၇ ။ တန်ဂန်ယိကာ (ယခု တန်ဇန်းနီးယား)
၁၈ ။ အီသီယိုးပီးယား
၁၉ ။ နိုက်ဂျီးရီးယား
၂၀ ။ အလာစက
တက်မည့်တောင်များ
၂၁ ။ ဧ၀ရက် (နီပေါ - တိဘက်နယ်စပ်)
၂၂ ။ အာကွန်ကာဂွါ( အာဂျင်တီးနား)
၂၃ ။ မက္ကင်လေ (အလာစက)(အမေရိကန်ပြည်)
၂၄ ။ ဟွာစကာရန် (ပီရူး)
၂၅ ။ ကီလီမန်ဂျာရိုး (တန်ဇန်းနီးယား)
၂၆ ။ အာရာရတ် (တူရကီ)
၂၇ ။ ကင်ညာ(ကင်ညာ)
၂၈ ။ ကွတ်(ခ)(နယူးဇီလန်)
၂၉ ။ ပိုပိုကတက်ပက်တဲလ် (မက္ကဆီကို)
၃၀ ။ မက်တာဟွန်း (ဆွစ် - အီတလီ နယ်ခြား )(အဲ့လ်ပ်စ်တောင်တန်း)
၃၁ ။ ရိန်နီယာ (အမေရိကန်ပြည်)
၃၂ ။ ဖူဂျီ (ဂျပန်)
၃၃ ။ ဘရိုမို (ဂျာဗားကျွန်း)(အင်ဒိုနီးရှား)
၃၄ ။ ဂရင်းတီတန်း (စ) (အမေရိကန်ပြည်)
၃၅ ။ ဂရင်းတီတန်း(စ) (အမေရိကန်ပြည်)
၃၆ ။ ဘော်လဒီ (ကယ်လီဖိုးနီးယား) (အမေရိကန်ပြည်)
ဓါတ်ပုံသွားရိုက်မည့် နေရာများ
၃၇ ။ အီဂွါကူး ရေတံခွန် (ဘရာဇီးလ်)
၃၈ ။ ၀ိတိုရိယ ရေတံခွန် (ရိုဒေရှား)(တောဝက်အလိုက်ခံရသည်)
၃၉ ။ ဆူသာလန် ရေတံခွန် (နယူးဇီလန်)
၄၀ ။ ယိုဆီမီတီး ရေတံခွန် (ကနေဒါ - အမေရိကန် )
၄၁ ။ နိုင်ယာဂရာ ရေတံခွန် (ကနေဒါ - အမေရိကန်)
၄၂ ။ မာကိုပိုလိုနှင့် အလက်ဇန္ဒား-သ-ဂရိတ်တို့၏ ခရီးစဉ်များ တစ်လျှောက်
ရေအောက်နှင့်ရွှံ့ညွှန်တောများ စူးစမ်းလေ့လာရေး
၄၃ ။ ဖလော်ရီဒါရှိ သန္တာကျောကတန်းများ (အမေရိကန်)
၄၄ ။ ဂရိတ်ဘာရီယာကျောက်တန်း (သြစတြေးလျ) (ပေါင် ၃၀၀ ရှိဂုံးကောင်ကြီး ဓါတ်ပုံရိုက်ခဲ့)
၄၅ ။ ပင်ဘယ်နီ (အာရေဗျ)
၄၆ ။ ဖီဂျီကျွန်းစု (အနောက်တောင်ပစိဖိတ်)
၄၇ ။ ဘဟားမားကျွန်းစု (အနောက်အိန္ဒိယ ကျွန်းစု)
၄၈ ။ အိုကီဖင်နိုကီး ညွှန်အိုင်နှင့် အဲဗားဂလိတ်(စ)ညွှန်တောဒေသ (အမေရိကန်)
အလည်သွားရောက်မည့် နေရာများ
၄၉ ။ တောင်နှင့်မြောက်ဝန်ရိုးစွန်းများ
၅၀ ။ တရုတ်တံတိုင်းကြီး
၅၁ ။ ပနားမားတူးမြောင်း နှင့် စူးအက်တူးမြောင်း
၅၂ ။ အီစတာ ကျွန်း (ပစိဖိတ်)
၅၃ ။ ဂလာပါဂို့စ်ကျွန်းစု (ပစိဖိတ်)
၅၄ ။ ဗက်တီကင်မြို့တော် (ရောမမြို့နယ်နိမိတ်အတွင်း)(ပုပ်ရဟန်းမင်းကြီးကိုဖူးမြော်ရန်)
၅၅ ။ တပ်(ချ) မဟာလ်( အိန္ဒယ)
၅၆ ။ အီဖဲလ်မျှော်စင် (ပြင်သစ်)
၅၇ ။ သဘလူးဂရော့ကို ဥမင်
၅၈ ။ လန်ဒန်မျှော်စင် (အင်္ဂလန်)
၅၉ ။ ပီဆာမြို့ရှိယိမ်းစောင်းမျှော်စင် (အီတလီ)
၆၀ ။ ချီချင်အစ်ဇာရှိ သန့်စင်သော ရေတွင်းတော် (မက္ကဆီကို)
၆၁ ။ သြစတြေးလျတိုက်ရှိ အိုင်ယား(စ) ကျောက်တုံးကြီး (တက်ကြည့်ရန်)
၆၂ ။ ဂျော်ဒန်မြစ်ကို ဂါလီလဲပင်လယ်မှ ပင်လယ်သေထိလိုက်ကြည့်ရန် ။
၆၃ ။ ကမ္ဘာ့နိုင်ငံအားလုံးသို့ သွားရောက်လည်ပတ်ရန် ၊ (နိုင်ငံ ၃၀ သာသွားရန် ကျန်တော့သည်)
ရေဆင်းကူးမည့် ကန်ကြီးများ
၆၄ ။ ၀ိတိုရိယအိုင် (အာဖရိက)
၆၅ ။ ဆူပီးရီးယားအိုင် (မြောက်အမေရိက)
၆၆ ။ တန်ဂန်ယီကာအိုင် (အာဖရိက)
၆၇ ။ တီတိကာကာအိုင် (တောင်အမေရိက)
၆၈ ။ နီကရာဂွါအိုင် (နီကရာဂွါ) (အလယ်အမေရိက)
အခြားစွမ်းဆောင်စရာများ
၆၉ ။ အီးဂဲလ် ကင်းထောက်အဖွဲ့ဝင် ဖြစ်ရန် ။
၇၀ ။ ရေငုပ်သင်္ဘောနှင့်ရေအောက်သို့ လိုက်ပါရန် ။
၇၁ ။ လေယာဉ်တင်သင်္ဘောပေါ်သို့ လေယာဉ်ဖြင့် ဆင်းကြည့်တက်ကြည့်ရန် ။
၇၂ ။ ရေယာဉ်ပျံ ၊မီးပုံးပျံ ၊ ဂလိုက်ဒါတို့ မောင်းနှင်ပျံသန်းကြည့်ရန် ။
၇၃ ။ ဆင် ၊ ကုလားအုတ် ၊ငှက်ကုလားအုတ် နှင့် မြင်းရိုင်းတို့စီးရန် ။
၇၄ ။ ရေအောက်ပေ ၄၀ အထိ ရေငုပ်ဝတ်စုံမပါဘဲ ငုပ်ရန် ၊ နှစ်မိနစ်ခွဲတိတိ ရေအောက်တွင် အသက်အောင့်နေရန် ။
၇၅ ။ ၁၀ ပေါင်အလေးစီးသည့် ပုစွန် ထုပ်နှင့် ၁၀ လက်မ ရှည်သည့် ပင်လယ်ခုရုကြီးများကို ကိုယ်တိုင်ဖမ်းရန် ။
၇၆ ။ ပုလွေမှုတ်နှင့် တယောထိုးသင်ရန် ။
၇၇ ။ တစ်မိနစ်လျှင် စာလုံးရေ ၅၀နှုန်း လက်နှိပ်စက် ရိုက်ရန် ။
၇၈ ။ လေထီးခုန်ကြည့်ရန် ။
၇၉ ။ ရေလွှာလျှောစီး ၊ နှင်းခဲပြင်လျှောစီးများ သင်ရန် ၊
၈၀ ။ သာသနာပြုအဖွဲ့နှင့် ခရီးလိုက်ပါရန် ။
၈၁ ။ သဘာဝဗေဒပညာရှင်ကြီး ဂျွန်မြူအာ သွားခဲ့သည့် လမ်းကြောင်းများအတိုင်း လိုက်ကြည့်ရန် ။
၈၂ ။ တိုင်းရင်းဆေးပညာလေ့လာ ၍ အသုံးဝင်သေးသည့် အချို့ဆေးဝါးနည်းနာများ ပြန်လည်ဖော်ထုတ်ရန် ။
၈၃
။ လူ အရောက်အပေါက်နည်းသော ဒေသများသို့ သွားရောက်၍ စူးစမ်းလေ့လာခြင်းနှင့်
ဆေးဝါးကုသခြင်းများ တွဲဖက်လုပ်ကိုင်ရန် ( ဆေးအကြိုသင်တန်း တက်ခဲ့သည် ။
ရှေးကျသော မျိုးနွယ်စုများ အကြား သွားရောက်ကာဆေးဝါး ကုသမှုများ အကြား
သွားရောက်ကာ ဆေးဝါးကုသမှုများ ပြုခဲ့သည် ။ )
၈၄ ။နာဗာဟိုနှင့် ဟိုပီအင်ဒီယန်းများအကြောင်း သွားရောက်လေ့လာရန် ။
၈၅ ။ ဆင် ၊ ခြသေ့င်္၊ ကြံ့ ၊ ကျားသစ် ၊ တောင်အာဖရိက ကျွဲ ၊ ဝေလငါး တို့အား ထူးထူးခြားခြား အမှတ်တရဓါတ်ပုံရိုက်ကူးရန် ။
၈၆ ။ ဓါးသိုင်းသင်ရန် ။
၈၇ ။ ဂျူဂျစ်ဆုသင်ယူရန် ။
၈၈ ။ လေယာဉ်မောင်းသင်ရန် ။
၈၉ ။ ရို့စ်ပရိတ် (ဒ) ပွဲတွင် မြင်းစီးရန် ။
၉၀ ။ ကောလိပ်တွင် သင်တန်းပို့ချရန် ။
၉၁ ။ ဘာလီကျွန်းမှ မီးသဂြိင်္ဟ်ပွဲတစ်ခု သွားကြည့်ရန် ။
၉၂ ။ ရေအောက်အနက်ပိုင်းသို့ စူးစမ်းလေ့လာရန် ။
၉၃ ။ တာဇံရုပ်ရှင်ကားထဲတွင် ပါဝင်သရုပ်ဆောင်ရန် ၊ (သည်ဟာကိုတော့ ကလေးတုန်းက အတွေးဟု သူယခုသတ်မှတ်ထားသည်) ။
၉၄
။ မြင်း ၊ ချင်ပန်ဇီမျောက် ၊ ချီတာကျားသစ် ၊ အိုစီလော့ တောကြောင်နှင့်
ကိုယိုတေးဝံပုလွေတစ်ကောင်စီ ပိုင်ဆိုင်မွေးမြူရန် ၊ (ချင်ပန်ဇီ နှင့် ချီတာ
မရသေး)
၉၅ ။ အပျော်တမ်း ရေဒီယို အသံလွှင့်စက် ဖမ်းသမားတစ်ဦးဖြစ်ရန်
၉၆ ။ အဝေးကြည့်မှန်ပြောင်းတစ်လက် ကိုယ်တိုင်လုပ်ရန် ။
၉၇ ။ စာတစ်အုပ်ရေးရန် (နိုင်ငံခြားမြစ် ခရီးစဉ်အကြောင်း ရေးပြီး)
၉၈ ။ National Geographic မဂ္ဂဇင်းတွင် ဆောင်းပါးတစ်ပုဒ်ရေးရန် ။
၉၉ ။ ၅ ပေအမြင့်ခုန်ရန် ။
၁၀၀ ။ ၁၅ ပေအလျားခုန်ရန် ။
၁၀၁ ။ တစ်မိုင်ကို ငါးမိနစ်နှင့် အရောက်ပြေးရန် ။
၁၀၂ ။ ကိုယ်အလေးချိန် ၁၇၅ ပေါင် ပုံမှန်ရှိရန် ၊ (ယခုထိရှိဆဲ)
၁၀၃ ။ အိပ်ထ (sit-up ) 200 ၊ ဆွဲတင် (pull-up) ၂၀ လုပ်ရန် ။
၁၀၄ ။ ပြင်သစ် ၊ စပိန် ၊ အာရဗီ ဘာသာများ သင်ရန် ။
၁၀၅ ။ ကိုမိုဒိုကျွန်း (အင်ဒိုနီးရှား)တွင် ဖွတ်နဂါကြီးများ (dragon lizard) အကြောင်း လေ့လာရန် ။
၁၀၆ ။ ဒိန်းမတ်ရှိ အဘိုး ဆော်ရင်ဆင်မွေးရပ်မြေကို အလည်သွားရန် ။
၁၀၇ ။ အင်္ဂလန်ရှိ အဘိုး ဂေါ့ဒ့ါဒ် မွေးရပ်မြေကို အလည်သွားရန် ။
၁၀၈ ။ ကုန်တင်သင်္ဘောတစ်စင်းတွင် သင်္ဘောသားအဖြစ်လိုက်ပါရန် ။
၁၀၉ ။ ဗြိတိသျှ စွယ်စုံကျမ်းကြီးကို အစအဆုံးဖတ်ရန် ။
၁၁၀ ။ သမ္မာကျမ်းစာကို တစ်လုံးမကျန် ဖတ်ရှု့ရန် ။
၁၁၁
။ ရှိတ်စပီယား ၊ပလေတို ၊အရစ္စတိုတယ် ၊ ဒစ်ကင်း ၊ သောရိုး ၊ ပိုး ၊ ရူးဆိုး ၊
ဘေကွန် ၊ ဟဲမင်းဝေ ၊ မတ်တွိန်း ၊ ဘာရိုးစ် ၊ ကွန်းရက် ၊ တာလ်မေ့ခ်ျ ၊
တော်သတွိုင်း ၊ လောင်းဖဲလိုး ၊ ကိ(တ)(စ) ၊ ၀ှစ်တီးယား နှင့် အီမာဆင် တို့၏
စာများလေ့လာရန် ။ (စာအုပ်တိုင်း အကုန်စင်မဟုတ်)
၁၁၂
။ ဂီတဆရာကြီးများဖြစ်သည့် ဘတ်(ခ) ၊ ဘေထိုးဗင် ၊ဒီဘပ်ဆီး ၊ အီဘတ် ၊
မင်ဒဲလ်ဇွန် ၊ လာလို ၊ ရင်(မ)မကီး ကောဆာကော်ဆားကော့ဖ် ၊ ရက်(စ)ပီဂျီ ၊
လစ်(Liszt) ၊ရတ်ခ်ျမင်နီနော့ဖ် ၊ စထရာဗင်စကီး ၊ တော့(ခ) ၊ချိုင်ကော့(ဖ)စကီး
၊ ဗာဒီတို့၏ ဂီတတေးသွားများကို အကျွမ်းဝင်အောင် လေ့လာရန် ။
၁၁၃
။ လေယာဉ်၊ မော်တော်ဆိုင်ကယ် ၊ ထရက်တာ ၊လှိုင်းစီးဘုတ်ပြား ၊ ရိုင်ဖယ်၊
ပစ္စတို၊ ကနူးလှေ၊ မိုက္ကရိုစကုပ် ၊ ဘောလုံး ၊ဘတ်စကက်ဘော ၊ လေးမြှား ၊
နွားကျောင်းသားကိုင် ကြိုးကွင်းနှင့် ၊ ဘူမာရင်း ၊ လက်ပစ်ဒုတ်ကောက်တို့ကို ၊
ကျွမ်းကျင်စွာကိုင်တွယ်တက်ရန် ။
၁၁၄ ။ ဂီတတေးသွားများကိုလည်း ကိုယ်တိုင်ရေးသားရန် ။
၁၁၅ ။ ကလဲဒ လွန်းတေးသွားကို စန္ဒရားဖြင့် တီးခတ်ရန် ။
၁၁၆ ။ မီးနင်းပွဲကြည့်ရန် ။(ဘာလီနှင့် ဆူရီနမ် တွင်ကြည့်ရှု့ပြီး )။
၁၁၇ ။ အဆပ်ပြင်းသော မြွေတစ်ကောင်ကို အဆိပ်ထုတ်ရန် ။ (ဓါတ်ပုံရိုက်စဉ် ဒိုင်းမွန်းဘက် မြွေတစ်ကောင်အကိုက်ခံရသည်) ။
၁၁၈ ။ ပွိုင့်တူးတူး ရိုင်ဖယ်ဖြင့် မီးခြစ်ဆံမီးညှိရန် ။
၁၁၉ ။ ရုပ်ရှင်စတူတီယို တစ်ခုသို့သွားရောက်ကြည့်ရှု့ရန် ။
၁၂၀ ။ ချီအော့(ပ) ပိရမစ်ကြီးကို တက်ကြည့်ရန် ။
၁၂၁ ။ စူးစမ်းလေ့လာသူများကလပ် ၊ စွန့်စားသူများကလပ်တို့တွင် အသင်းသားတစ်ဦး ဖြစ်လာရန် ။
၁၂၂ ။ ပိုလို ကစားတက်အောင်သင်ရန် ။
၁၂၃ ။ ဂရင်းကင်ညွှန်ချောက်နက်ဒေသအတွင်း ခြေလျင်၎င်း ၊ လှေစီး၍၄င်း ခရီးနှင်ရန် ။
၁၂၄ ။ရေချောင်းခရီးဖြင့် ကမ္ဘာပတ်ရန် ။(လေးကြိမ်တိတိ ပတ်ဖြစ်ခဲ့သည် )။
၁၂၅ ။ လကမ္ဘာကိုအလည်သွားရောက်ရန် ၊ (တစ်နေ့ဖြစ်ကောင်းဖြစ်ကောင်းဖြစ်လိမ့်မည်ဟု မျှော်လင့်ဆဲ) ။
၁၂၆ ။ အိမ်ထောင်ပြုရန် ၊ သား/သမီးမွေးရန် (ကလေးငါးယောက်ရှိသည်) ။
၁၂၇ ။ ၂၁ ရာစုထိ နေထိုင်သွားရန် ။(၂၁ ရာစုအ၀င်တွင် သူ့အသက် ၇၅ နှစ်ရှိလိမ့်မည်)။
[မှတ်ချက် ။ ။ John Goddard ၏ ကိုယ်တိုင်ရေးသားချက်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။] (ဖေမြင့်ဘာသာပြန်သည်)