https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

May 23, 2013

အင်တာနက်ကနေ ဖုန်းသို့ ဖရီးခေါ်မယ်

သူငယ်ချင်းတို့ရေ ဒီတစ်ခါအရမ်းအသုံးဝင်တဲ့ အင်တာနက်ကနေ မိုဘိုင်းဖုန်းကို ဖရီးခေါ်ကြမယ်နော်..
စိတ်ဝင်စားကြမယ်ထင်တယ်..။ တစ်ခုဆိုးတာက မြန်မာနိုင်ငံကလွဲရင် အကုန်ရတယ်ဗျာလက်တွေ့
လည်းစမ်းသက်ပြီးပါပြီ ဘယ်လိုလုပ်ရတယ်ဆိုတာပုံလေးတွေနဲ့ရှင်းပြမယ်နော်။ကျွန်တော်အင်တာနက်
ကနေသူငယ်ချင်းဖုန်းကိုခေါ်ကြည့်တာအားလုံးအိုကေတယ်.။အသံလည်းကြည်နေတာပဲ။သူ့ရဲ့ဝက်ဆိုဒ်
ထဲကိုဝင်ပြီး ဆော့စ်ဝဲလေးကိုအရင်ဒေါင်းလိုက်နော်.။ ဒီမှာဝင်လိုက်ပါ။ဘာဆက်လုပ်ရမယ်ဆိုတာပုံလေး
တွေကြည့်ဆက်လုပ်လိုက်ပါ..
ပုံ1...။။။။
အရင်ဆုံး ဒီဆိုဒ်ထဲကိုရောက်သွားရင် Download Now  ဆိုတာကိုနှိပ်လိုက်ပါ။ရလာတဲ့ဖိုင်လေးကို
စက်ထဲမှာ run လိုက်ပါ.။နောက်ဆုံး Finished ထိပေါ့နော်..။ပုံ2..။။။။ဟုတ်ပါပြီ ဒီအဆင့်ထိရောက်
လာရင် ဆက်ကြည့်ပါမယ်. အကောင့်တစ်ခုထည့်ပေးပါ။ ကျွန်တော်လုပ်ထားတာ နမူနာ ကြည့်
လိုက်ပါ။ဖြည့်ပြီးရင် Register ကိုနှိပ်လိုက်ပါ။

ပုံ3..။။ ကဲဒီအဆင့်မှာ ခုနကကျွန်တော် လုပ်တဲ့အကောင့်ကမရပါဘူး။ ရမယ့်အကောင့်တွေကိုပြထား
ပါတယ်။ ကျွန်တော်ကတော့ အပေါ်ဆုံး အကောင့်ကို ယူလိုက်ပါတယ်..။ပြီးရင် Next ပေါ့နော်..

                    
               
ပုံ4..။ ဒီအဆင့်မှာ Start နှိပ်လိုက်ပါ ဘာမှလုပ်ပေးစရာမလိုပါဘူး။  

                        
ပုံ5..။။။  ဒီလို 3 တန်းပြည့်သွားရင်တော့  Next ဆက်သွားပါမယ်..။

                   
ပုံ6..။။။ ဒီအဆင့်မှာ Next ပဲဆက်သွားလိုက်ပါ..။

                    
ပုံ7..။။ Next go...
                     
ပုံ8..။။။  Next  go .///
                   
ပုံ9...။။။ဒီအတိုင်းပဲ Next ဆက်သွားလိုက်ရင် ဒီစာမျက်နှာပေါ်လာပါမယ်..။
                          
ပုံ10..။။။အိုကေ ဒီအဆင့်ရောက်ရင်  မိမိမေးထဲကို စာရောက်လာလိမ့်မယ်..အပေါ်ဆုံးကhere ဆိုတာနှိပ်
ပြီး ၀က်ဆိုဒ်ကိုပြန်ရောက်သွားပါလိမ့်မယ်..။

                     
ပုံ11..။။။။ပုံမှာမြင်တွေ့ရတဲ့အတိုင်း အောင်မြင်သွားပါပြီ.။ ခေါ်ဆိုရနိုင်တဲ့ နိုင်ငံတွေကိုလည်းပြထားပါ
တယ်..။

                                    
ပုံ12..။။။။။ ဟုတ်ကဲ့ခင်ဗျာ..  ဒီအဆင့်မှာ အပေါ်ကကိုယ့်ဖုန်းနံပါတ်ရယ် အောက်ကကိုယ်ခေါ်ဆိုမယ့်
ဖုန်းနံပါတ် ထည်းပြီးရင် OK ပေါ့ဗျာ..။မပြီးသေးပါဘူး အောက်က ဖုန်းခေါ်တဲ့ အစိမ်းလေးကိုနှိပ်ပါအုန်း။

                                             
ပုံ13..။။။ ဒါလေးကတော့ ကျွန်တော့်သူငယိချင်းနဲ့ ဖုန်းပြောနေတာပါ.. အသံလှိုင်းလေးလည်းပြထား
ပါတယ်။ခေါ်ဆိုတဲနိုင်ငံ အလံကိုပါပြထားပါတယ်..။ဖုန်းချချင်ရင် အနီလေးကိုနှိပ်လိုက်ပါ...။

                             
သူငယ်ချင်းများအားလုံးအဆင်ပြကြပါစေ..။။အဆင်မပြေခဲ့သော် မေးလ် ပို့ပြီးမေးမြန်းနိုင်ပါတယ်။ဒါက
တော့ ကျွန်တော့ ဖုန်းနံပါတ်ပါ..အစမ်းခေါ်လို့ရပါတယ်။ 0831118534(thai) သူငယ်ချင်3းယောက်ကို
ဆက်ကြည့်ပါတယ်.. လုံးဝ အိုကေပါတယ်။အားလုံးအတွက်မျှဝေပေးလိုက်တာပါ..။။။    ရန်ကုန်သား
(နဂါးစိမ်း) http://thetnainglin.blogspot.com  ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
အဆင်ပြေပါစေ

May 22, 2013

ရှေ့ဆက်သွားချင်ရင် သင် ဒီ ၁၀ မျိုးကို စွန့်လွှတ်သင့်တယ်

ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု
==============================
ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။
၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆို
တာကသာ အရေးကြီးပါတယ်။သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်
ရပါမယ်။
၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။အရေးပါတာကတော့ သင် အခု လုပ်နေတဲ့
အရာပဲဖြစ်ပါတယ်။
၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင် ဘာကိုလို
ချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။
၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ
(၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အ
aကာင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအ
ချိန်ပါ။
၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း

သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာက
တော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။
၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း

အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ဘာဖြစ်လို့လည်းဆိုတော့
သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့
ပါပဲ။
၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း

ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုး
ထားပါ။ ခွင့်လွှတ်ပါ။သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။
၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်းရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်
ပါတယ်။
၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း

သင်ရှာတာကိုပဲ သင်တွေ့တာပါ။သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ
ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။
၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း

ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိ
ဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

မေးလ်မှတစ်ဆင့်

May 20, 2013

ပျော်ရွှင်ခြင်း ၁၀ မျိုး

ပစ္စည်းဥစ္စာ
ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်း အ တာ တစ် ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။
ဒါပေမဲ့ စားဝတ်နေရေးဆိုတာကို ဖြေရှင်းနိုင်ပြီးနောက် သင့်မှာရှိတဲ့ပိုလျှံတဲ့ ငွေတစ်ပြားတစ်ချပ်တိုင်းရဲ့ အရေးပါမှုဟာသေးသထက်
သေးငယ်သွားပါတယ်။
လိုအင်ဆန္ဒ
လိုအင်ဆန္ဒက ပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ ရောင့်ရဲတင့်တိမ်နိုင်သူမှ ပျော်ရွှင်တယ်။ ဆန်းစစ်ချက်အရ တခြားလူနဲ့ အနိမ့်အမြင့်
မနှိုင်းယှဉ်ဘဲရတဲ့ ပျော်ရွှင်မှုဟာ ဝင်ငွေကောင်းလို့ရတဲ့ ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။
အသိဉာဏ်
အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်း
တွေ့ရ တယ်။ ပိုမြင့် တဲ့ အောင်မြင် မှု ကို မ ရလေ ဆန္ဒ မပြည့် ဝလေ မပျော် ရွှင်လေဖြစ် တယ်။ နောက်ပြီး အသိ ဉာဏ်မြင့်တိုင်း
လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေချောမွတ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ မဆိုသာပါဘူး။
မျိုးရိုးဗီဇ
ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာ မွေးရာပါကလာတာဖြစ်တယ်။ ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်း
အတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့
ဆုံးမသွန်သင်မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။
အလှအပ

လှပတဲ့လူတွေ ပိုပျော်ရွှင်တယ်ဆိုတဲ့စကားက လူအများအတွက် သတင်းဆိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်လှတယ်လို့ သင့်ကိုယ်
သင်ယုံကြည်ဖို့ပဲ လိုအပ်ပါတယ်။ မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ကို အရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေ
ကလည်း ကိုယ့်ကိုယ်ကို မခန့်ဘူး၊ မတောင့်တင်းဘူးလို့ အမြဲမထင်ဖို့ပဲလိုပါတယ်။
သူငယ်ချင်း
သူငယ်ချင်း ဆို တာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပညာ ရှင်တွေ ရဲ့ ဆန်း စစ် ချက် မှာ ဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့်
မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။
အိမ်ထောင်ရေး
အိမ်ထောင်ကျသူဟာ အိမ်ထောင်မကျသူတွေထက် ပိုပျော်ရွှင်တာတွေ့ရတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်
မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်း တွေ့ရတယ်။
ကိုးကွယ်ယုံကြည်မှု
ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေ
ကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။
ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာဟာလည်း ပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်း လူအနည်းစုလောက်သာ သိခဲ့ကြတယ်။ ကောင်းမှုလုပ်တဲ့သူ၊ ချစ်ခြင်း
မေတ္တာဖြန့်ဝေသူတွေဟာ ပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊ စေတနာရှိတဲ့ ပေးဆပ်ခြင်း
နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။
အသက်အရွယ်
အသက်အရွယ်ကြီးသူတွေဟာ ပိုပျော်ရွှင်ကြတယ်။ အသက် အရွယ် ကြီးရင့် အို မင်း လာသည့်နည်းတူ အသက်ကြီးသူတွေဟာ
ပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲ ဖမ်းဆုပ်တတ်ဖို့ ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်
တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။


ဆင်ခြင်တတ်ကြပါစေ
မိုးထက်အာကာ

မူ၇င်းလင်.http://moecloud.blogspot.kr/2012/08/blog-post_453.html

May 18, 2013

ပထမဆုံးချစ်သူ

                                                  £ ပထမဆုံးချစ်သူ £

ကောင်မလေး မင်းမေးခဲ့တုန်းက
ငါ့ကိုနင် ချစ်နေတာလား....???
ပာုတ်ပါတယ်...ငါချစ်နေတာပါ....◄
ငါနင့်ကိုစိတ်ဝင်စားရုံတင်မကဘူး
တဘဝလုံးစာအတွက်ရည်ရွှယ်ပီးချစ်ခဲ့တာ
ဘာကြောင့်လဲဆိုတော့ မင်းလေးက
ငါ့ဘဝရဲ့ အချစ်ဦးအပြင် နောက်ထပ်ချစ်မယ်သူ
ငါမရှိတော့လို့ မင်းကို သည်းသည်းလှုပ်ချစ်ခဲ့တာပါကွာ
ငါ့ဘက်ကချစ်တယ်ပြောတော့...မင်းကအဖြေမပေးခဲ့ဘူး...
မင်းပြောခဲ့ပါတယ် ရင်ထဲကချစ်နေရင်ကောင်းပါတယ်တဲ့
အဲအတွက်အဖြေက ရှင်းရှင်းလေးပါပဲ...
မင်းမှာ ငါ့ထက်ချစ်ရမယ့်သူ ...အပြင်
မင်းကို င့ါထက် တန်းဖိုးထားတဲ့သူ ရှိနေတယ်ဆိုတာကို
ငါကြိုတင်သိနေတာကို ဘာကြောင့်များ မျက်ရည်ကျရတာလဲ...
မင်းကငါ့ဘဝရဲ့ ပထမဆုံးချစ်သူဖြစ်ခဲ့လို့ ပါကောင်မလေးရယ်

Nayye`((N.S.L)
ကျနော့အစ်ကိုရဲ့  ကဗျာ ဆိုဒ်က နေကူးလာတာပါ
http://nayye1.blogspot.com/

နင်သိရဲ့လား

"နင်သိရဲ့လား"

ငါမငိုတတ်တော့ဘူး

နင်ငါ့ကို ထားသွားကတည်းက

ငါငိုနေခဲ့တာ......

ဒါပေမယ့်

ငါသိလိုက်ရတာက

အချိန်က ငါ့ကိုကုစားသွားတယ်ဆိုပါတာပဲ.....။

ငါ့ရင့်ကျင့်လာပြီ

ကောင်မလေးတွေ တွေ့တိုင်း ငါခင်တယ်လို့ မပြောတော့ဘူး...

ဘာဖြစ်လို့လဲသိလား....

နင်ငါ့ကို ထားသွားတာ....

ငါ လောကကြီးကိုကြောက်မိသွားတယ်.....

ဒါပေမယ့်

အခုတော့......

ငါတစ်ယောက်ထဲ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေပါတယ်...(အထီးကျန်တာကလွဲရင်ပေါ့ဟာ)

တစ်ခါတစ်လေ နင့်ကိုသတိရမိသေးတယ်......
နင်သာဒီစာ ဖတ်မိရင် ငါကျေနပ်ပါပြီ....
နင်လမ်ကြုံတုံးလေး ဖတ်သွားလိမ့်မယ်လို့ ငါထင်ပါတယ်.....။
(မိုးထက်အာကာ)

ဟင်းသီးဟင်းရွက်များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ

ဟင်းသီးဟင်းရွက်များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..
===========================

ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ ဗဟုသုတလေးပေါ့ !ဘာရယ်မဟုတ်ဘူး.. တနေရာကနေ မလာ...တာ
..သူငယ်ချင်းတွေ နဲ့ ရော..အားလုံး သိရအောင်ဆိုပြီးတော့ !

ဟင်းသီးဟင်းရွက်များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..

Acacia - ကင်မွန်းချဉ်ရွက်

Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်

Marrow / chayote / chaico - ဂေါ်ရခါးသီး

Cabbage - ဂေါ်ဖီထုပ်ဖြူ

Asparagus - ကညွတ်

Spinach - ဟင်းနုနွယ်

Egg plant / Aubergine - ခရမ်းသီး

Bamboo shoot - မျှစ်

Bean curds - ပဲပြား

Bean spouts - ပဲပင်ပေါက်

tomato - ခရမ်းချဉ်သီး

Gourd - ဗူးခါးသီး ( အသေးစား )

Calabash - ဘူးသီး

Calabash shoot - ဘူးညွှန့်

Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး

carrot - မုန်လာဥနီ (ရှည် မျောမျော ပုံ)

beet root - မုန်လာဥနီ (အလုံး ပုံ)

White radish / turnip - မုန်လာဥဖြူ အကြီး

Red radish - မုန်လာဥ နီ အလုံးသေး

Cauliflower - ပန်းဂေါ်ဖီ

Chinese cabbage - မုန်ညင်းဖြူ (တရုပ်)

White mustard - မုန်ညင်းဖြူ (ကြံမဆိုင်)

cucumber - သခွားသီး

Gherkin - သခွားငယ် ( ချဉ် )

Musk melon - သခွားသီးမွှေး

White pumpkin - ကျောက်ဖရုံသီး

yellw pumpkin - ရွှေဖရုံသီး

Okra / lady's fingure - ရုံးပတေသီး

capsicum - bell pepper

spring onion - ကြက်သွန်မြိတ်

garlic - ကြက်သွန်ဖြူ

cardamon - ဖာလာစေ့

star of aniseed - နာနတ်ပွင့်

ginger - ဂျင်း

chives - ဂျူးဖူး

clove - လေးညှင်းပွင့်

cumin - ဇီယာ

basil - ပင်စိမ်းရွက်

bay leave - ကရဝေးရွက်

lemon grass - စပါးလင်

nut meg - ဇာဒိပိုသီး

Cinnamon bark - သစ်ဂျပိုးခေါက်

licorice or sweet wood - နွယ်ချို

shallot or small onion - ကြက်သွန်နီအသေးစား

salt - ဆား

chilli powder - ငရုပ်သီးမူန့်

green chilli - ငရုပ်သီးစိမ်း

pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း

curry leaf - ပျဉ်းတော်သိမ်းရွက်

pepper corn/ black pepper - ငရုပ်ကောင်း

leek ( shallot, scallion ) - ကြက်သွန်မြိတ်

seasoning powder ( monosodium glutamate powder ) - အချိုမူန့်

celery or chinese persley - တရုပ်နံနံ

coriander leaf/ seeds - နံနံရွက် နံနံပင်

mustard seeds - မုန်ညင်းစေ့

mustard leaf - မုန်ညင်းရွက်

mint - ပူစီနံ

tamarind - မန်ကျည်းသီး

turmeric powder - နနွင်းမှုန့်

saffron - ဂုန်မာန်
အေးချမ်းမွန်မှ Knowle
dge Library တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အဆုတ်ကိုသန့်သန့်ရှင်းရှင်းထားမယ်နော်....

(၁)အဆုတ်ဟာ ပြင်ပပတ်ဝန်းကျင်နဲ့ အမြဲတစေ ထိတွေ့နေရတဲ့ ခန္ဓာကိုယ်အတွင်းထဲက အဂါင်္အစိတ်အပိုင်းပါ။ မျက်နှာရှေ့မှာ
   ဝေ့ဝဲနေတဲ့ ဖုန်မှုန့်နဲ့ ညစ်ညမ်းတဲ့ လေထုဟာ အသက်ရှူသွင်းလိုက်တိုင်း အသက်ရှူ လမ်းကြောင်းထဲ ရောက်သွားပါတယ်။
(၂ )အဆုတ်တွေကို Cilia လို အမွေးအမှင်တွေနဲ့ ကန့်သတ်ထားတဲ့အတွက် အသက်ရှူလိုက်လို့ ဝင်လာတဲ့ ဘက်တီးရီးယား၊
   ဗိုင်းရပ်စ်ပိုးနဲ့ ညစ်ညမ်းတဲ့လေထုကို တံမြက်စည်းလှည်းသလို လှည်းထုတ်လိုက်ပါတယ်။
(၃)အဆုတ်ဟာ လေထဲက အောက် ဆီ ဂျင် စစ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဖလှယ်တဲ့ အ ဓိ က လုပ်ငန်းတာဝန်ကိုလည်း
ထမ်းဆောင်ပါတယ်။ဒါပေမယ့် ညစ်ညမ်းတဲ့လေထုနဲ့ အဆက်မပြတ်ထိ တွေ့နေရတဲ့ အခါမှာ ဒီလုပ်ငန်းတွေ အနှောင့်အယှက်
ုဖြစ်သွား ပါတော့တယ်။
(၄)ပန်းသီးစိတ်တချို့ကို ကိုက်ဝါးပေးပါ။ ပန်းသီးအများကြီးကို စားတဲ့သူတွေဟာ အနည်းငယ်စားတဲ့ သူတွေထက်နာတာရှည်
သလိပ်ပါတဲ့ချောင်းဆိုးနိုင်ခြေ ၃၃ ရာခိုင်နှုန်းလျော့နည်းကြောင်း အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါ
တယ်။
(၅)ပန်းသီးခွံထဲမှာပါတဲ့ Pectin နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေဟာ အဆုတ်ထဲမှာ ရောင်ရမ်းမှုကို လျော့ကျစေ
ပါတယ်။ဒါ့အပြင် အိုဇုန်း အဆင့်မြင့်မားနေချိန်မှာ အိမ်ထဲမှာပဲနေပါ။
(၆) လေထဲက အဆိပ်ငွေ့တွေ ဟာ အ သက် ရှူ လမ်းကြောင်း ကျဉ်းစေနိုင် တဲ့ ရောင် ရမ်း မှု ကို ဖြစ်စေပါ တယ်။ တ ကယ် လို့
ပြေးတဲ့ လေ့ကျင့်ခန်းလုပ်ပြီး ပုံမှန်မဟုတ်ဘဲ မောဟိုက်နေရင် သင်ဟာ အိုဇုန်းနဲ့ ထိတွေ့မိ တာကြောင့် ဖြစ်နိုင်ပါတယ်။ဒါကြောင့်
လေထုညစ်ညမ်းမှုများတဲ့ အချိန်မှာ အပြင်မထွက်ဘဲ အိမ်ထဲမှာသာ နေသင့်တာဖြစ်ပါတယ်။

ကျန်မာသွက်လက် အဆင်ပြေကြပါစေဗျာ...။
မေးလ်မှတစ်ဆင့်...။

နားလည်မှုနဲ့ တည်ဆောက်ထားတဲ့အချစ်အိမ်

တခါက အရမ်းချစ်ကြပြီး လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ စုံတွဲတစ်တွဲရှိတယ် ...
 ဖြစ်ချင်တော့ ... လက်မထပ်ခင် တစ်လလောက်
အလို ... ကောင်မလေးက ကား accident ဖြစ်ပြီး ... 
မျက်နှာမှာ သေရာပါတဲ့ အမာရွတ်တွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါ
တယ် ။အဲ့ဒါနဲ့ ကောင်မလေးက သူ့ချစ်သူကောင်လေးဆီကို ဖုန်းဆက်လိုက်တယ် ။
"ငါနင့်ကိုလက်မထပ်နိုင်တော့ဘူး .. လှပတဲ့ကောင်မလေး
တစ်ယောက်ယောက်ကိုပဲ နင်လက်ထပ်လိုက်ပါ ... တသက်လုံး ရုပ်ပျက်
ဆင်းပျက်ဖြစ်နေတဲ့ မိန်းမတစ်ယောက်နဲ့ နင်အတူနေနိုင်မှာ 
မဟုတ်ဘူးဆိုတာ ငါသိပါတယ် ... ငါကနင့်အတွက် တန်ဖိုးမရှိတော့ပါ
ဘူးဟာ" ...သူ့ကောင်လေးက အခုလိုပြန်ပြောတယ် ..
" နင်နဲ့မတွေ့တဲ့ ဒီရက်ပိုင်းမှာ ရမ်းကားတဲ့လူတစ်စုက ငါ့ကို ၀ိုင်းပြီးထိုးကြိတ်ကြတယ် .အပြင်ကဒဏ်ရာတွေက ကျက်သွားခဲ့ပေမယ့်
... ခေါင်းကိုထိခိုက်မိတဲ့ ဒဏ်ကြောင့် ငါတသက်လုံးမျက်စိမမြင်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ငါ့ ကိုပြော ခဲ့ တယ် ... ဒါကြောင့်
တကယ်တမ်း ကိုယ့်ချစ်သူကို အရှက်ရစေတဲ့လူဟာ ငါပါဟာ ... နင်ရုပ်ပျက်ဆင်း ပျက် ဘယ်လောက်ဖြစ်ဖြစ် ... ငါနင့်ကိုမြင်နိုင်မှာ
မဟုတ်ပါဘူး ... ဖြစ်နိုင်ရင် ငါ့ရဲ့လက်ထပ်ခွင့်ကို မငြင်းဆန်လိုက်ပါနဲ့နော် "
ဒီလိုနဲ့ကောင်လေးနဲ့ ကောင်မလေးတို့ လက်ထပ်လိုက်ကြတယ် နှစ်ပေါင်းအတော်ကြာတဲ့အထိ သူတို့နှစ်ယောက်ဟာနားလည်မှုတွေ
ချစ်ခြင်းတရားတွေနဲ့ အရာရာကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ်အိမ်ထောင်သက်နှစ် နှစ်ဆယ်အရောက်မှာတော့.ဇနီးဖြစ်သူ
ကောင်မလေး ကွယ်လွန်သွားခဲ့တယ် ။ အသုဘအခမ်းအနားပြီးတော့ ... ဇနီးဖြစ်သူရဲ့ အုတ်ဂူရှေ့မှာ ယောကျာ်းဖြစ်သူ ကောင်လေးက
မျက်ရည်တွေစီးကျလာပြီး .... အခုလို တီးတိုးပြောလိုက်ပါတယ် ။.....
"နင်ထင်ခဲ့သလို ငါ မျက်မမြင်တစ်ယောက်မဖြစ်ခဲ့ပါဘူး ချစ်သူရဲ့
အမြင်မှာ ရုပ် ပျက် ဆင်း ပျက်ဖြစ်နေတဲ့ လူတစ်ယောက်အဖြစ် မနေလိုတဲ့ 
နင့် ကို လက်ထပ်နိုင်ဖို့အတွက် ငါ ဟန်ဆောင် ခဲ့ တာ ပါ
နင့်ကိုချစ်လွန်းလို့ ပိုင်ဆိုင်ခွင့်ရဖို့ ဟန်ဆောင်မိခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ပါဟာ ... 
ငါနင့်ကို သေတဲ့အထိ ချစ်နေဦးမှာပါ " တဲ့ ....

 သူငယ်ချင်းအားလုံးပဲသေချာဖတ်လိုက်ပါ... 
ဒီဇာတ်လမ်းလေးက ပညာလေးတစ်ခုပေးသွားတာပါ..
ကိုယ်ချစ်တဲ့သူက ဘာပဲဖြစ်နေဖြစ်နေ နားလည်မှုတွေနဲ့ 
တည်ဆောက်တဲ့အချစ်အိမ်က ဘယ်တော့ မှ မပျက်စီးသွားဘူးနော်...။ 
 ကိုယ်ချစ်တဲ့သူနဲ့...... ပေါင်းသင်းနိုင်ကြပါစေဗျာ....။

 

May 14, 2013

မိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း

မိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း


>>>>>>Gtalk staus တွင် မိမိနားထောင်နေသော သီချင်းပေါ်ချင်လျှင်
>>>>>>windows media ကိုဖွင့်ပါ
>>>>>>tools>plugin>option ကိုသွားပါ
>>>>>>plug ins အောက်တွင် background ကိုရွေးပါ
>>>>>>တဖက် box လေးထဲတွင် google talk music plugin ကို အမှတ်ပေးပါ
>>>>>>apply နှိပ်ပြီး ok ဖြင့်ပြန်ထွက်ပါ
>>>>>>မိမိ gtalk staus တွင် show carrent music track ကို အမှတ်ပေးပါ
>>>>>>ဒါဆို ရင် နားထောင်နေတဲ့ သီချင်းခေါင်းစဉ်လေးကို တဖက်မှ သူငယ်ချင်းများက မြင်တွေ့နိုင်မှာဖြစ်ပါတယ်
>>>>>>အထက်ဖေါ်ပြပါ နည်းလမ်းဖြင့်မရပါက gtalk ကို uninstall လုပ်ပါ
>>>>>>>ပြီးလျှင် gtalk setup ကို run au administrator ဖြင့် install ပြန်လုပ်ပါ
>>>>>>>ပြီးလျှင် အပေါ်ကတိုင်းပြန်လုပ်ကြည့်ပါ
ကျနော်သိတာလေး ပြန် လည်မျှဝေပါတယ်...
အဆင်ပြေပါပြီ..
ကံကောင်းပါစေ

မိဘမေတ္တာ


အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက် တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်လေးပါ..။သံဝေဂ ရစရာပါ ..ပရိသတ်ကြီးဖတ်ကြည့်ကြပါ..။
ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…
ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်…. ကျောင်းသား မိဘတွေကို ဖိတ်တယ်… ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမယ့် အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ.. လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်… ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး
“မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်…. အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ..
အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..
“အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။
အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…
အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့ အမေ့ကို ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့ ကျွန်တော့် ဘ၀မှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ…. ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…..
“ဘုရားရေ…..အမေပါလား”
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့ လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
“အို…. ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ၀င်လာမိတာပါ…”
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး.. ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..
“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။ မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။ အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့ စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး ကြည့်ချင်တာနဲ့ ထွက်လာတာ….
ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…
သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာလိုက်တာ.. ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေတာ အမေ ၀မ်းနည်းပါတယ် သားရယ်… အမေ ပြောပြပါ့မယ် သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက် သားကိုကြည့်ပြီး အမေ၀မ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး.. ၀မ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..
အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်…. သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ…. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော်… ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်… လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…
( မိဘအပေါ်နားလည်ခံစားနိုင်ကြပါစေ..။)

မိဘမေတ္တာနားလည်နိုင်ပါစေ
မေးလ်မှတစ်ဆင့်
ကံကောင်းပါစေ..။

အဝလွန်သူများအတွက်

ကဲသူငယ်ချင်းတို့ ၀လို့ ပိန်ချင်သူမှာကို လက်ဆင့်ကမ်းပြောနိုင်ဖို့
ဖြန့်ဝေလိုက်ပါတယ်။



မှန်ကန်သော ဆေးနည်းဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။ အမျိုးသားကော အမျိုးသမီးပါ
လွယ်ကူစွာ သုံးစွဲနိုင်ပါတယ်။ ဒီဆေးနည်းဟာငွေကုန်သက်သာတဲ့အြ ပင် လျင်မြန်စွာ
ပျောက်ကင်းပါတယ်။ ရှောက်ရွက်နှင့် ရှောက်သီးရဲ့အခွံတွင် အဖိုးတန်တဲ့
အဆီဓာတ်တစ်မျိုး ပါရှိပါတယ်။ ထိုအဆီဓာတ်ဟာ လေရောဂါများ၊ အသည်းနှလုံးကို
အဆီဖုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး
အလှပျက်အောင် ၀မ်းဗိုက်ရွှဲလာသော အမျိုးသမီး၊ အမျိုးသားများအတွက် အလွယ်တကူ
ဖော်စပ်သုံးနိုင်တဲ့နည်းကို တင်ပြလိုက် ပါတယ်။ ပထမ ရှောက်ရွက်ကြမ်းတွေကို
အရင်ရှားထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) စီ
ထည့်ရပါမယ်။ ပြီးရင် ပုလင်းတစ်လုံးစီမှာ ရှောက်ရွက်ကိုးရွက်စီ ထည့်ပေးပါ။ နောက်
ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်ပြီး နေပူထဲ တွင်
ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ထိုရှောက်ရွက်စိမ်ထားသော ပုလင်းများကို
ဆေးအဖြစ် အသုံးပြုလို့ ရပါပြီ။ နံနက်တစ်ကြိမ် ညတစ်ကြိမ်တို့၌ အဆိုပါ
ရှောက်ရွက်ဆေးရည် ပုလင်းကို လှုပ်ပြီး လက်ဖက်ရည်အကြမ်းပန်းကန်တစ်ဝက်ခန့်ကို
မှန်မှန်သောက်သုံးပေးပါ။ တစ်လမှ နှစ်လခန့်ရှိသောအခါ အမျိုးသမီးများ
ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွဲမှုများကျပြီး အသားအရေစစ်သွားပါလိမ့်မယ်။
ဒီနည်းက အဆီကျဆေးတို့ ဘာတို့ စားခြင်းထက် စိတ်ချရတဲ့ မြန်မာရိုးရာ ဆေးနည်း
ဖြစ်ပါတယ်။ အဲဒီဆေးရည်ကို မှန်မှန်သောက်သုံးပေးခြင်းကြောင့်
အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်းကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်...။
 အဆင့်ပြေကြပါစေဗျာ..။
မေးလ်မှတစ်ဆင့်

May 13, 2013

ဖတ်ဖူးသမျှ ဒဿနစာ

လူသည် အလုပ်သမားဖြစ်သည်၊

အလုပ်မလုပ်သောသူသည် အချည်းနှီးသာတည်း။
စာဖတ်ခြင်းကို မနှစ်သက်လျှင် မည်သည့်အခါမှ ပညာရှိမဖြစ်နိုင်။
အခွင့်အရေးကို ထာဝရရှာပါ။ သို့သော် အခွင့်ရေးသမား မဖြစ်ပါစေနဲ့။
တကယ့်လူဆိုတာ ဘယ်သူကိုမှ မမုန်းဘူး။
ပြုံးတယ်ဆိုတာ မိတ်ဆွေဖြစ်ဖို့အတွက် အကောင်းဆုံးလမ်းစဉ်ပါ။
ဆုံးရှုံးခြင်းဟူသမျှတွင် မှားယွင်းမှုတစ်ခုခုတော့ အမြဲရှိ၏။
ဒေါသ စိတ်ဆိုတာ ကိုယ်ကိုယ်တိုင်အဆိပ်သောက်ပြီး

သူများသေမှာကိုစောင့်နေတာနဲ့ အတူတူဘဲ။
ဒေါသကို မြဲမြဲဆုပ်ထားရင် ကြွက်သားတွေ တင်းတာဘဲ အဖတ်တင်မယ်။
ဒေါသဆိုတာ ခဏတာ ရူးသွပ်မှုတစ်ခုသာ ဖြစ်တယ်။
ဒေါသဖြစ်တာဟာ သူတစ်ပါးအပြစ်ကို မိမိအပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်တယ်။
ဒေါသလွှမ်းမိုးခြင်းခံရတဲ့သူဟာ မျက်စိကို စုံမှိတ်ပြီး နားကိုသာဖွင့်ထားတယ်။
ရေထဲကငါးကိုမျှော်နေတာထက် အိမ်ပြန်ပြီး ပိုက်ကွန်ယက်လုပ်ခြင်းက ပိုကောင်းတယ်။
စိတ်ချရတဲ့ကိုယ်ကျင့်တရားမရှိတဲ့သူဟာ လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုတတ်တယ်။
လူညံ့တွေဟာ အခါကောင်းအခွင့်ကောင်းတွေကို စောင့်မျှော်တတ်ကြတယ်၊

လူတော်တွေကတော့ အခါကောင်းအခွင့်ကောင်းတွေကို ဖန်တီးယူကြတယ်။
မဖြစ်နိုင်ဘူးဆိုတဲ့စကားဟာ အရူး အဘိဓာန်မှာသာ တွေ့ရတယ်၊

ဆန္ဒပြင်းပြသူအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။
အကျင့်စာရိတ္တဆိုတာ ဘယ်လိုအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေထက်မဆို ပိုတန်ဖိုးရှိတယ်။
အကောင်းဆုံးဖြစ်ဖို့လိုလားရင် နည်းတစ်ခုသာရှိတယ်၊

အဲ့ဒါကတော့....ရွတ်ရွတ်ချွံချွံ အလုပ်လုပ်ပါ။
ကိုယ်ကျင့်တရားကိုပြုစုပျိုးထောင်ခြင်းဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တယ်။

ဘာကိုမှ အတုမယူချင်တဲ့လူဟာ ဘာမှ ဖန်တီးနိုင်မှာ မဟုတ်ဘူး။
ပါရမီနဲ့မထွန်းကားရင် ၀ီရိယနဲ့အောင်ပွဲခံပါ။
ခရီးမိုင်ပေါင်းများစွာကို ခြေတစ်လှမ်းတည်းဖြင့်သာ စ တယ်။
ထိပ်ဆုံးက စ တယ်ဆိုတဲ့ အလုပ်ဟာ တွင်းတူးတဲ့ အလုပ်ဘဲရှိတယ်။
အသဲနှလုံးကိုပြောင်းလဲအောင်လုပ်နိုင်တာ

အသဲနှလုံးကလွဲလို့ ဘာမှမရှိဘူး။
ဖတ်သမျှမှတ်သမျှကိုစုစည်းရေးသားထားခြင်းဖြစ်ပါသည်။


အဆင်ပြေကြပါစေဗျာ...
မေးမှတစ်ဆင့်ကူးယူဖဖော်ပြသည်

အမေ သို့ မဟုတ် The Only God You Can see (အမေများနေ့ အမှတ်တရ)

The Only God You Can see 
လောကမှာ အမေတွေဟာ မရှိမဖြစ်ပါ..။ ဘယ်တော့ မ ဆိုလညိး
နွေးထွေးတဲ့မေတ္တာကိုသာ ပေးတက်ကြသူတွေပါ..။သားသမီးအတွက်ဆိုလှံစူးမယ်ဆိုတောင်ရင်ကော့ပြီးအသက်ကိုစတေး
ခံရဲကြသူတွေပါ။ ဆပ်လို့မကုန်နိုင်တဲ့ ကျေးဇူးရှင်တွေလည်း ဖြစ်ပါတယ်..။
ခံစားကြည့်ပါဦး......
She was there every time you cried. When a baby You start growing.

(  ကျွန်တော်ကလေးငယ်ဘ၀က ဘယ်အချိန်ငိုငို အမေဟာ ဘေးမှာအမြဲတမ်းရှိနေတက်ပါတယ်..။ သည်လိုနဲ့ လူ့ဘ၀ထဲကို
ကျွန်တော်တို့ စတင်ကြီးပြင်းလာခဲ့ကြတယ် .။ )
She jumped with joy, when you first stood up on your tender feet, you grew confident.

( ကျွန်တော်တီတီတာတာ အရွယ် ဖ၀ါးနုနုလေးအပေါ် စပြီး မတ် တတ်စမ်း ထနိုင် တဲ့ အချိန်တွေမှာ အမေဟာ ပျော် လွန်းလို့
ထခုန်ခဲ့တယ်..။ ယုံကြည်မူနဲ့ အတူ ကျွန်တော်တို့ ကြီးပြင်းလာခဲ့တယ်...။ )
She celebrated with happiness on your first birthday. You ate the cake.

( ကျွန်တော် ပထမဦးဆုံး မွေးနေ့ ပွဲလေးကို အမေက ပျော်ရွင်မူနဲ့ ကျင်းပပေးခဲ့တယ်..။ ကျွန်တော်ကိတ်မုန့် ကိုစားခဲ့တယ်လေ..။ )
She gave you sweet, on your first day to school. You enjoyed the whole!

( ပထမဦးဆုံး ကျောင်းသွားတဲ့နေ့ကပေါ့ ။ အမေက ချိုချဉ်လေးတွေပေးလိုက်တယ် ..။ ကျွန်တော်သဘောတွေ ကျလိုက်လိုက်တာ အရမ်းပဲ..။ )
She took you to the doctor, when you were sick. You recovered your health.

( ကျွန်တော် နေမကောင်းတုန်းက အမေက ဆရာဝန်ဆီခေါ်သွားတယ် ။ နောက် ကျွန်တော် နေပြန်ကောင်းလာတယ်...။ )
She quarreled with her friend, when you fought with her friend's kid; to prove you innocent & gave up her friend.
You careless for her lass.

(အမေ့မိတ်ဆွေရဲ့  ကလေးနဲ့ ကျွန်တော်ရန်ဖြစ်တုန်းကပေါ့..။ အမေက သူ့မိတ်ဆွေနဲ့ စကားများခဲ့တယ်..။ ကျွန်တော်အပြစ်ကင်းမူကို
ပြသဖို့အတွက် အမေက သူ့မိတ်ဆွေကို စွန့်လွတ်ခဲ့လိုက်ပါတယ်..။ အမေဆုံးရူံးသွားမူကို ကျွန်တော် သတိမထားမိခဲ့ပါဘူး..။)
She gave you her savings, to buy your bicycle. You rode with pride.

( ကျွန်တော့် အတွက် စက်ဘီးလေးဝယ်ဖို့ အမေစုဆောင်းထားသမျှ သုံးခဲ့ရတယ်..။ ကျွန်တော်ကတော့ အမေ၀ယ်ပေးတဲ့
စက်ဘီးလေးနဲ့ ရင်တမော့မော့ပေါ့..။)
She cooked your favorite breakfast, on your first day to office. You become independent.

( ကျွန်တော် အရွယ်ရောက်လာခဲ့ပြီ..။ ပထမဦးဆုံး ရုံးစဆင်းတဲ့ နေ့ ရဲ့  မနက်စာကို အမေက ကျွန်တော်အကြိုက်ဆုံးနဲ့ ချက်ကြွေး
ခဲ့တယ်..။ ကျွန်တော် မှီခိုမှုကင်းလာခဲ့တယ်..။ )
She waited at the door on your first salary day, only to seek God's blessings. You already
celebrated with yourfriend!

( ကျွန်တော် ပထမဦးဆုံး ထုတ်တဲ့လစာနဲ့ အိမ်ပြန်တော့ အမေက တံခါးဝက စောင့်မျှော်နေခဲ့တယ်..။ ဘုရားသခင်ရဲ့ ကောင်းချီးကိုပဲ အမေက မျှော်လင့်ရှာဖွေခဲ့ရှာတာပါ..။ ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ဧည့်ခံပွဲ လုပ်ဖြစ်သွားတယ်..။ )
She blessed your love marriage, when you come home married. You share your love with your spouse!

( ကျွန်တော်ချစ်သူနဲ့ လက်ထပ်တုန်းကလေ၊ အမေက ဆုတွေပေးလိုက်တယ်.။ ကျွန်တော်ကတော့ ကျွန်တော်အချစ်တွေကို ဇနီးအတွက်သာ မျှဝေပေးခဲ့တယ်..။)
She's now old and lonely, still thinking of you. Remember! All that she had, she gave it to you.
Show your lovebefore you feel it is too late.

(  အမေ အခုအရွယ်တော်တော်ရလာပြီ။ ပြီးတော့ အထီးကျန်လည်းဆန်နေလှတယ်..။ ဒါပေမယ့် အမေ က ကျွန်တော်အတွက်ပဲ အမြဲတမ်းစဉ်းစားနေတုန်းပါပဲ..။ အမှတ်ရစမ်းပါ..။ အမေ့မှာ ရှိတာတွေ ကျွန်တော်ကို အားလုံးပေးခဲ့တယ်ဆိုတာကို ။ အချိန်နှောင်း သွားပြီးလို့ မခံစားရသေးခင်မှာ အမေ့ပေါ်ထားတဲ့ မေတ္တာတွေကို ထုတ်ပြီး ပြလိုက်စမ်းပါ..။)
Think, for a moment!How much she sacrificed for you.The agony and pain she went through all the years.It was for you, only for you.

(အချိန်လေးနည်းနည်းယူပြီး တွေးကြည့်လိုက်စမ်းပါ...။မင်းအတွက်အမေဟာ ဘယ်လောက်သူ့ဘ၀ကို စွန့်လွတ်အနစ်နာခံခဲ့ရတယ်
ဆိုတာအတိတ်ကာလ တစ်လျှောက်လုံးမှာ အမေဟာ မင်းအတွက် နာကျင်စွာနဲ့ စိတ်ခံစား ပြင်းပြင်းထန်ထန် ရုံးကန်လူပ်ရှားခဲ့ရတယ်၊
ဒါတွေဟာ မင်းအတွက်ပဲ ၊ မင်းတစ်ဦးတည်းအတွက်ပဲ။)
Give her your time, a bit of your love for that is all she desires.

(မင်းအချိန်တွေထဲက နည်းနည်းလောက် အမေ့တွက် ဖဲ့ပြီးပေးလိုက်ပါ..။မင်းမေတ္တာထဲက တစ်ဖဲ့လောက် အမေ့ကိုမျှဝေပေးလိုက်ပါ..။
အဲ့ဒါ အမေ အမျှော်လင့်ဆုံး ၊ အတောင့်တဆုံးအရာပါပဲ..။)

Tell her that you love her and care too. She's with you, no matter where you are!

( မင်းအမေ့ကိုချစ်ကြောင်း ပြောပြပေးပါ..။ အမေ့ကို ဂရုစိုက်ကြောင်းလည်းပြောပါ..။ မင်းဘယ်ကိုပဲေ၇ာက်နေရောက်နေ အမေက
မင်းနဲ့အတူရှိနေချင်တယ်..။)

အန္ဒိယ အငွေ့ သက်တွေပါတဲ့ စာစုလေးပါ..။ အရေးသားရော ၊ ၀ါကျအထားသိုရော အာရှ ယဉ်ကျေးမူတွေ လွှမ်းမိုးနေတာ
တွေ့ရမှာပါ.....။ အမေ့ ကိုချစ်တက်သူမို့ သူများရေးတဲ့ အမေကြောင်းတွေဆိုရင်လည်း အ ငမ်း မ ရဖတ်ရူ့ တက်ပါတယ်..။
ဖတ်တိုင်းလည်းခံစားမ၀ဖြစ်ရပါတယ်လေ..။ ကိုယ်တိုင် လည်း အမေ့အကြောင်းတွေ ကြိုးကြာ ကြိုးကြာ ရေးချင်နေ၊ရေးနေ
မိပါတယ်.။ ကိုယ်တွေ အရွယ်ရောက်လာပြီး အမေကလည်း အသက်တွေပိုရလာလေ.. အမေခွဲခွားသွားမယ့် အ ချိန်ကို ရင်
တထိတ်ထိတ်နဲ့ ပိုပြီး စိုးရိမ်းတကြီး ဖြစ်နေရပါတယ်..။ စာရေးသူက.. အမေက မွေးခဲ့တဲ့ အသက် ၊ အမေသင်ပေးတဲ့ပညာ ၊
အမေပေးတဲ့ ခွန်အားနဲ့ လော ကကို ရင် ဆိုင်နိုင်ခဲ့တယ်..။ အမေ ဆိုတာ သားသမီးဆီက မျှောင့်လင့် တာ ဘာ မှ မရှိဘူး..။
အမေ့နဖူးလေးကို နမ်းလိုက်ရင် ရီဝေနေတဲ့ အမေ့မျက်ဝန်းတွေက အသက်ဝင်လာတယ်.....။ ညနေ အိမ်ပြန်လာရင်း လမ်း
မလျှောက်နိုင်လို့ အိပ်ယာပေါ်ကနေ အမေဟာ မျှော်နေရှာတက်တယ်.။ အမေ့နားရောက်ရင် မျက်နှာလေးကြည်လာတယ်..၊
တက်နိုင်သလောက်ပြုံးပြရှာတယ်...။သားကို ညနေတိုင်းတွေ့ နေရပေမယ့် ညနေတိုင်းမျှော်နေတက်တာဟာ အမေ ပါပဲ...။

 ကဲ အမေ့ကိုချစ်တဲ့သူ .တိုင်း ဒီစာလေးဖတ် ခံစားမိကြပါစေဗျာ....။

မေးလ်မှတစ်ဆင့် ဝေမျှပါသည် ။

May 11, 2013

ယောက်ကျားလေးတွေ နားလည်စေချင်တဲ့ သူတို့အကြောင်း

ယာက်ျားလေးတွေ နားလည်စေချင်တဲ့  သူတို့အကြောင်း



၁။ သူအမြဲမေးတတ်တယ်…”နင်ဘယ်မှာလဲ? နင်အခုဘာလုပ်နေလဲ?”

(သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့သူဇဝေဇ၀ါ ဖြစ်နေတယ်။မင်း
အလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။ တခြားလူဆို ဘာလုပ်လုပ်ပေါ့… သူဂ
ရုမစိုက်ဘူး။ ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊ မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို
 သူသိပါစေ၊ သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်ပါတယ်။)


၂။ သူပြောလေ့ရှိတယ်… “ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။”

(ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ် မပျော်တာမဟုတ်ပါဘူး။ သူ မင်း
ကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “လိမ္မာတယ်မဆိုးနဲ့နော်”
ဆိုတာလေးနဲ့လဲ သူကျေနပ်နိုင်ပါတယ်။)


 ၃။ သူပြောလေ့ရှိတယ်… “နေကောင်းအောင်နေနော်၊ လမ်းမှာ သတိထား၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး။” 

(ဒါကို သူအပိုတွေပြောနေတယ်လို့ သဘော မထားလိုက်ပါနဲ့၊မင်းသူ့ရဲ့စိတ်ထဲမှာ ရှိတယ်၊ သူမင်းကိုစိတ်ပူတတ်တယ်
ဆိုတာကို ပြောချင်တာပါ။)

၎။ သူအမြဲပြောတတ်တယ်… “၀လာပြန်ပြီ… ဒါမှ မဟုတ် မလှတော့ဘူး။”

(ဒါကို သူ့ကိုယ်သူသိမ်ငယ်နေတာ၊ဒါမှမဟုတ် အရမ်းကို လှချင်နေတယ်လို့ မထင်လိုက်ပါနဲ့။ သူက မင်းရဲ့မျက်လုံးမှာ
 မလှပ မပြည့်စုံမှာ ကို အမြဲ စိုးရိမ်နေတာပါ။ သူ မင်းအတွက်ကြောင့် ပြောင်းလဲဖို့တော်တော်လေးကြိုးစားနေပါပြီ။)


၅။ သူပြောလေ့ရှိတယ်… “မင်းကို ကူညီချင်တယ်… ဘာဖြစ်ဖြစ်သူ့ကိုပြောပြပါ။”

(ဒါပေမဲ့ သူသိတယ်၊ သူမင်းကိုဘယ်လောက်ထိမှ မကူညီနိုင်ဘူးဆိုတာကို။ သူမင်းကိုသိစေချင်တာကသူမင်းဘေးမှာ
 အမြဲရှိနေမယ်၊ မင်းကို အမြဲအားပေးနေမယ်။)


၆။ “မင်းတခြား ကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေတာကို မြင်ရင် စိတ်ဆိုးတယ်၊ စိတ်ကောက်တတ်တယ်။”

(ဒါကို သူ သဘောထားသေးတယ်၊ မင်းကို မယုံကြည်ဘူးလို့သဘောမထားလိုက်ပါနဲ့။ သူက သ၀န်တိုနေတာပါ၊ သူ
မင်းအပေါ်ကို အရမ်း အလေးထားလို့ စိတ်ညစ်နေရင်တောင် ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်တယ်။)


၇။ “ဘာကိစ္စလုပ်လုပ် မင်းရဲ့ သဘောထားကို မေးတတ်တယ်။”

(သူ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။ သူမင်းကို လေးစားတာ၊ အရာရာမင်းကိုဦး
စားပေးတတ်လို့ပါ။”)


၈။ “ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်း နဲ့ နီးနီးကပ်ကပ် ဘဲ ရပ်နေတတ်တယ်။”

(ဒါကတော့ သူမင်းကို ယုံကြည်တယ်ဆိုတာကို ပြတာပါ။)


 ၉။ “သူ ၀မ်းနည်းတတ်တယ်၊ လျှောက်စဉ်းစားတတ်တယ်။”

(သူ အတွေးလွန်နေတယ်၊ မဟုတ်တာတွေပူပန်နေတယ်လို့ သဘော မထားမိလိုက်ပါနဲ့။ တခါတလေ သူလဲလုံခြုံစိတ်
ချစေတဲ့စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။)


၁၀။ “သူစိတ်ဆိုး ဟန်ဆောင်ပြီးလှည့်ထွက်သွားတယ်။”

 (အမှန်တကယ်မှာတော့ သူ တကယ်သွားချင်တာမဟုတ်ဘူး။ သူလှည့်ထွက်တဲ့အချိန်မှာမင်းရဲ့နောက်ကနေ ပွေ့ဖက်
ပြီး ထွက်မသွားပါနဲ့ ဆိုတာမျိုးလေးကို လိုချင်လို့ပါ။)


 ၁၁။ “သူ ကရုတ်တရက် မင်းကို အေးတိအေးစက်၊ ဒါမှ မဟုတ် စိတ်ဆိုးစိတ်ကောက်တတ်တယ်။”

(သူ ကလေးဆန်တယ်လို့ အပြစ်မတင်လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ။)


၁၂။ “သူ တနေ့နေ့မှာ မင်းကို လမ်းခွဲဖို့ ပြောကောင်း ပြောလာလိမ့်မယ်။”

 (အမှန်တကယ်မှာတော့ သူ မင်းကို ချစ်နေတာ တော်တော်လေးကို ကြာနေပါပြီ၊ ဒီ သံယောဇဉ်လေး ဟာအစစ်အမှန်
လားဆိုတာကို သူဝေခွဲ မရလို့ပါ။ သူ မင်းဆီကနေ မင်းရဲ့စိတ်ချလို့ရတယ်ဆိုတဲ့ ခံစားချက်လေး၊ သူ့ကို နှမြောတွန့်တို
တယ်ဆိုတဲ့ စိတ်လေး၊ သူ့ကို မထားသွားပါနဲ့ ဆိုတဲ့ စကားလုံးလေးတွေကို ဘဲ လိုချင်တာပါ။) သူ မင်းတို့ နှစ်ယောက်
ကြားမှာ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ ကို သိသိနဲ့ မင်းရဲ့ နံဘေးမှာ သာမန် သူငယ်ချင်း တစ်ယောက် အနေနဲ့
ဆက်ပြီး နေနိုင်ပေးတာ… သူ ယုတ်ညံ့နေလို့မဟုတ်ဘူး၊ သူမင်းကို မချန်ထားရစ်ရက်လို့ပါ။

သူ မင်းဆီကို စပြီး ဖုန်းမဆက်တာ၊ စာမပို့တာ သူ သတိမရလို့မဟုတ်ဘူး…
မင်းဖုန်းကိုင်တဲ့ အချိန်၊ စာ ရတဲ့ အချိန်မှာ လဲ သူ့ကို သတိရနေမှာလားဆိုတာကို သူ့ကိုယ်သူ မယုံကြည်လို့ပါ။


သူ မင်းကို မချစ်တော့ဘူးဆိုရင် မင်းကို စိတ်ဆိုးစိတ်ကောက်တော့မှာ မဟုတ်ဘူး…
သူ စိတ်ကြီးတာကို အပြစ်တင်မနေပါနဲ့… မိန်းကလေးတွေက သူတို့ ချစ်တဲ့ သူအပေါ်မှာဘဲစိတ်ကောက်တတ်တာပါ။
  
သူမင်းရှေ့မှာ အမြဲတမ်း ပျော်အောင်နေနေတာ…
သူ့မှာ ခံစားတတ်တဲ့ နှလုံးသားမရှိလို့၊ တုံးအအ ဖြစ်နေလို့မဟုတ်ဘူး…
မင်းရဲ့ ရှေ့မှာ အလှပဆုံး ပုံရိပ် ကိုဘဲ ချန်ထားပေးခဲ့ချင်လို့ပါ။

စကားလုံးမရှိတဲ့ အချစ်

စကားလုံးမရှိတဲ့ အချစ်
နှလုံးသားက နင့်ကို တောင့်တနေပေမယ့်.....
ငါ့မာနတွေနဲ့ အတူ နင့်ကိုချစ်တယ်လို့မပြောတော့ပါဘူး...
ငါ့နဲ့အဝေးကို ရောက်နေတဲ့ မင်းနဲ့ဆုံချင်နေပေမယ့်......
မင်းစိတ်အနှောင့်ယှက်မဖြစ်အောင် ငါနင်နဲ့ ဝေးရာကို ရှောင်နေမှာပါ
နင့်ကိုမတွေ့ ရတော့ရင်တောင် ငါ့အချစ်တွေက
မင်းအတွက်ဆိုရှင်သန်နေဦးမှာပါဟာ.......
နင့်ကိုချစ်နေရတဲ့ငါ့အဖြစ်က
ရှေ့တိုးလို့မရသလို နောက်ဆုတ်ဖို့လဲနောက်ကျသွားပါပြီ...
ချစ်နေပေမယ့်လဲ....တိတ်တခိုးလေးပဲကောင်းပါတယ်...
အဝေးကနဲ့ လက်ကလေးပြပြီး ပဲ နှုတ်ဆက်လိုက်ပါတော့မယ်....
ငါ့အချစ်တွေက ဘယ်လောက်ပဲကျယ်ပြန့်ပါစေ
ငါ့အချစ်တွေက နင်ချစ်တဲ့ ချစ်သူကို ချစ်တာလောက်တော့ မမှီနိုင်သေးပါဘူး
ဒါပေမယ့်...... နင့်ကိုငါချစ်တဲ့အချစ်မျိုးနဲ့ ဘယ်သူမှ
နင့်ကိုမချစ်နိုင်ဘူးဆိုတာတော့သေချာပြောရဲတယ်...
ငါ့နင့်ကိုသာချစ်နေတာ..........
နင်က ငါချစ်တာကိုမှ မသိတာ
ငါ့အချစ်က မသိတဲ့သူတစ်ယောက်အတွက်တော့
အဓိပ္ပာယ်မဲ့နေပီပဲလေ.......
င့ါအချစ်တွေက........
ဘာနဲ့မှနှိုင်းယှဉ်လို့မရနိုင်ဘူး....
ငါ့အချစ်ဘယ်လောက်ပဲကြီးမားပါစေ...
ငါနင့်ကို စကားလုံး ငါးလုံးပဲပြောခွင့်ရှိတယ်
"ငါနင့်ကိုချစ်တယ်"

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...