မှားခူးမိတဲ့ အဆူးပန်း
===============
နင့် မာယာတွေထဲက
ရုန်းထွက်ချင်တယ်..
နင့် အတ္တတွေကြားမှာ
အသက်ရှုကြပ်တယ်...
သံယောဇဉ်တွေနဲ့
ဆက်ပြီး မတုတ်နှောင်ပါနဲ့။
ဟန်ဆောင်မျက်စိမှိတ်ကာ
အချစ်ဆိုတာကို ရူးသွပ်တယ်..
တန်ဖိုးမရှိတဲ့ ငါ့မာနတွေ
နင့်ရှေ့မှာ ပြိုကျခဲ့ပြီ.....။
အမုန်းဆိုတာ ချရေးနေတုန်း
===============
နင့် မာယာတွေထဲက
ရုန်းထွက်ချင်တယ်..
နင့် အတ္တတွေကြားမှာ
အသက်ရှုကြပ်တယ်...
သံယောဇဉ်တွေနဲ့
ဆက်ပြီး မတုတ်နှောင်ပါနဲ့။
ဟန်ဆောင်မျက်စိမှိတ်ကာ
အချစ်ဆိုတာကို ရူးသွပ်တယ်..
တန်ဖိုးမရှိတဲ့ ငါ့မာနတွေ
နင့်ရှေ့မှာ ပြိုကျခဲ့ပြီ.....။
အမုန်းဆိုတာ ချရေးနေတုန်း
မျက်ရည်တွေ ကျလာသေးတယ်...
အေးစက်စက် အပြုံးတွေက
ငါ့ နှလုံးသားကို နာကျင်စေတယ်။
နင့်အပြုံးကို ဖန်ဆင်းဖို့....
ငါ့မျက်ရည်တွေ ရင်းရတယ်..
ငါနာကျင်စေဖို့ အတွက်...
နင်ရက်စက်ရတယ်....
တကယ်တော့ အချစ်ဆိုတာ...
အမုန်းရဲ့ လက်အောက်ငယ်သားပဲ။
ငါခူးဆွတ်မိတဲ့ အချစ်ပန်းမှာ
အလှတွေ ဖုံးကွယ်ထားတဲ့
အဆူးတွေကို ငါမမြင်ခဲ့ပါလား။
*မိုးထက်အာကာ*
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.