အလွမ်းတွေ ငိုနေပြီ
=============
အချစ်လို့ နင်ပြောခဲ့လည်း
နင်ပေးတဲ့ ဥပေက္ခာတွေကြားမှာ
ငါ နေသားကျသွားခဲ့ပါပြီ....။
ငါ့အိမ်မက်တိုင်းက နတ်သမီးကို
နင်လို့ သတ်မှတ်ထားခဲ့တာ.....
တကယ်တော့ နင်ဟာ.. နတ်ဆိုးပဲ။
နင်ပေးခဲ့တဲ့ ကတိ သစ္စာတွေ
တိမ်တိုက်တွေ တိုက်စားသွားပြီ...
မျက်ရည်တွေတောင် ရွာချခဲ့သေးတယ်..။
မာယာတွေနဲ့ နှင်းဆီသခင်မလေးရဲ့
အလှမှာ ကိုယ့်နှလုံးသား က
လွင့်ပါ စီးမျော လာခဲ့တာပါ....။
အရာရာပေးဆပ်ချစ်ခဲ့တဲ့ ငါ....
နင့်ရင်ထဲမှာ.... ငါ့အတွက် ရင်ခုန်သံတွေ.....
ပျောက်ဆုံးသွားပြီမလား...။
နင့်ပျော်ရွှင်မှုကို ငါ့နှလုံးသားနဲ့ လဲခဲ့ရတယ်...
အမုန်းဆိုတာတော့ နင့်ဆီက နောက်ဆုံးရတဲ့
လက်ဆောင်လေး တစ်ခုပေါ့.....။
အကြင်နာတွေနဲ့ ပန်းနုရောင်းအနမ်းတွေ...
မာယာတွေ ကြားမှာ ပျောက်ကွယ်ခဲ့ပြီလား....။
နင်မရှိတဲ့ ငါ့ကမ္ဘာထဲမှာ....
အလွမ်းတွေကတော့ ငိုညည်းနေကြတယ်လေ။
=============
အချစ်လို့ နင်ပြောခဲ့လည်း
နင်ပေးတဲ့ ဥပေက္ခာတွေကြားမှာ
ငါ နေသားကျသွားခဲ့ပါပြီ....။
ငါ့အိမ်မက်တိုင်းက နတ်သမီးကို
နင်လို့ သတ်မှတ်ထားခဲ့တာ.....
တကယ်တော့ နင်ဟာ.. နတ်ဆိုးပဲ။
နင်ပေးခဲ့တဲ့ ကတိ သစ္စာတွေ
တိမ်တိုက်တွေ တိုက်စားသွားပြီ...
မျက်ရည်တွေတောင် ရွာချခဲ့သေးတယ်..။
မာယာတွေနဲ့ နှင်းဆီသခင်မလေးရဲ့
အလှမှာ ကိုယ့်နှလုံးသား က
လွင့်ပါ စီးမျော လာခဲ့တာပါ....။
အရာရာပေးဆပ်ချစ်ခဲ့တဲ့ ငါ....
နင့်ရင်ထဲမှာ.... ငါ့အတွက် ရင်ခုန်သံတွေ.....
ပျောက်ဆုံးသွားပြီမလား...။
နင့်ပျော်ရွှင်မှုကို ငါ့နှလုံးသားနဲ့ လဲခဲ့ရတယ်...
အမုန်းဆိုတာတော့ နင့်ဆီက နောက်ဆုံးရတဲ့
လက်ဆောင်လေး တစ်ခုပေါ့.....။
အကြင်နာတွေနဲ့ ပန်းနုရောင်းအနမ်းတွေ...
မာယာတွေ ကြားမှာ ပျောက်ကွယ်ခဲ့ပြီလား....။
နင်မရှိတဲ့ ငါ့ကမ္ဘာထဲမှာ....
အလွမ်းတွေကတော့ ငိုညည်းနေကြတယ်လေ။
(မိုးထက်အာကာ)
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.