https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Jan 24, 2015

***ငြိမ်းပါတော့ အလွမ်းမီးရယ်***



***ငြိမ်းပါတော့ အလွမ်းမီးရယ်***


=======================


အတိတ်က ပုံရိပ်လေး အိပ်မက်ထဲ သို့....


ဖြေးညှင်းစွာ တိုးဝင်လာတယ်...


(မင်း) နှုတ်ခမ်းလေးက ရေရွတ်လိုက်တဲ့


စကားလေးတစ်ခွန်း "မဝေးဘူး" တဲ့


အဲ့ဒီ စကားတစ်ခွန်းအတွက်...


မျှော်လင့်မိနေတုန်းပါ... ချစ်သူ...


သွားခဲ့ဖူး တဲ့ နေရာလေးတွေ


မသွားဘူး ဆိုပေမယ့်လဲ...


အချိန်တန်ရင်... ရောက်သွားခဲ့တယ်..


ပျံသန်းနေတဲ့ ငှက်မောင်နှံလေးတွေ


ကြည့်ရင်းနဲ့... ရင်မှာ အလွမ်းတွေ...


တိုးလို့လာတယ်..... လက်သန်းချိတ်


ထားခဲ့ဖူး တဲ့ ဂတိတွေအတွက်လဲ...


ငါ တည်နေမိဆဲပါ.... နင်ထားခဲ့တဲ့


နေ့ကလေးက စလို့ အလွမ်းမိုးတွေ


ပိုလို့ သည်းထန်လာတယ်....


အေးတမြမြ ရာသီချိန် ဆိုပေမယ့်လဲ


ငါ့ရင်ခွင်ထဲမှာတော့ မီးတွေ


လောက်မြိုက်နေတယ်.....


(ငါ့ဘက်က) သံယောဇဉ်လေးသာ...


ကုန်ခန်း သွားခဲ့မယ်ဆိုရင်.....


အလွမ်းမီးလေးတွေလဲ....


တဖြေးဖြေးနဲ့ ငြိမ်းသွားမှာပါ..။




မိုးထက်အာကာ(မြိတ်)

No comments:

Post a Comment

အကြံပေးနိုင်ပါတယ်

Note: Only a member of this blog may post a comment.

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...