တစ်ခါတုန်းကပေါ့
မထင်မရှား မြို့လေးရှိတယ် အဲ့ဒီမှာ
အရမ်း ဆင်းရဲ
ပြီး တစ်ကောင်ကြွက်လဲ ဖြစ်တဲ့ ကောင်လေး တစ်ယောက်ရှိတယ်.... သူဟာ ကျောင်းမတက်ဘူး တက်ဖို့အတွက်
ထောက်ပံ့မည့်သူ မရှိဘူး ဒါပေမယ့် တစ်နေ့ စာ ၀မ်းစာအတွက်တော့ သူဟာ နည်းအမျိုးမျိုးနဲ့
ဖြေရှင်း ရပါတယ်... သူ့မှာ ဘာပိုင်ဆိုင်မှုမှ မရှိပါဘူး သူ့အသက်ဟာလဲ ငယ်ပါသေးတယ် သူဟာ
အသက်အရွယ်နဲ့ မလိုက်အောင် ဒုက္ခပေါင်းများစွာ နဲ့ ကြုံတွေ ရပြီး သူ့ကို လှည့်ကြည့်မယ့်သူ
မရှိရှာပါဘူး
တစ်နေ့တော့
သူဟာ မြို့ထဲမှာ လမ်းလျှောက်ရင်း
ကျွန်တော် ထိုင်နေသော ကော်ဖီဆိုင် တစ်ခုသို့ ခြေဦးတည့်လာပါတယ်
ကော်ဖီဆိုင်ဆိုတာထက် ကျွန်တော့်ဆီကိုပေါ့.... သူ့ တစ်ကိုယ်လုံး အ၀တ်စားကလဲ ဟောင်းနွမ်းစုတ်ပြတ်သတ်နေပါတယ်...
ကျွန်တော့်အနားမှာ သူလာရပ်ပြီး စကားပြောဖို့ ကြိုးစားနေတုန်း ကျွန်တော် သူ့ကို မောင်းထုတ်မိပါတယ်
သူပြန်လှည့်သွား ရှာပါတယ်... သူ အဝေးကို မရောက်ခင် ကျွန်တော် ပြန်လှမ်းခေါ်လိုက်တယ်...
"ညီလေး အကူညီလိုနေလို့လား" ဆိုတော့ သူက "ဟုတ်ကဲ့ ပါ" တဲ့
"ညီလေးက ဘယ်လို အကူညီလိုနေ့လို့လဲ" ဆိုတော့ "ကျွန်တော် ဒီနေ့ဘာမှ မစားရသေးဘူး
ဖြစ်နိုင်ရင် ကျွန်တော် ဒီနေ့ တစ်နေ့ အတွက် အစာစားချင်ပါတယ်" လို့ ပြောပါတယ်...
ဒီတော့ ကျွန်တော်ဟာ သူနဲ့ အပေးယူ တစ်ခု လုပ်ပါတယ် "တစ်ကယ်လို့ မင်းဟာ နောင် ၁၅
နှစ် သို့မဟုတ် နှစ် ၂၀ မှာ ကိုယ်ပိုင် ခြံ ကိုယ်ပိုင် အိမ် ကိုယ်ပိုင် ကား ပိုင်ဆိုင်
နိုင်ရမယ်လို့ ကတိပေးနိုင်ရင် အခု မင်းကို ငွေ ၅၀ ပေးမယ် ကတိပေးနိုင်လားလို့"
ကျွန်တော် ရိုးရိုးလေး တစ်ခွန်းမေးလိုက်ပါတယ်... သူဟာ ကျွန်တော်ကိုကြည့်ပြီး
"ကျွန်တော် ခဏထိုင်ပြီး စဉ်းစားလို့ရမလားလို့" သူ မေးပါတယ် ကျွန်တော် ခေါင်းလေးငြိမ့်ပြတော့
သူ ခုံလေးမှာထိုင်ပြီး စဉ်းစားပါတယ်... ပြီးနောက် သူ ကျွန်တော့်ကို ပြုံးပြပြီး အားရပါးရ
"ကျွန်တော် ကတိပေးတယ် ဖြစ်ကို ဖြစ်နိုင်ရမယ်" လို့ သူ ကတိပေးတယ်.. ပြီးနောက်
"တကယ်လို့ နောင် နှစ်နှစ်ဆယ်ကြာရင် အစ်ကို့ကို ဘယ်မှာလာရှာရမလဲ" လို့ မေးတော့
"ဒီလ ဒီရက် နဲ့ နောင် နှစ် ၂၀ ကြာရင် ဒီမှာ ပဲ ဆုံမယ်လို့" ပြောပြီး သူ့ကို
ငွေ ငါးဆယ် ပေးလိုက်ပါတယ်... သူကိုကြည့်ရတာ ယုံကြည်မှုကို ကောက်ရလိုက်တဲ့ လူတစ်ယောက်လိုပါပဲ
ကျွန်တော်လဲ ကျွန်တော့်အတွေးနဲ့ ကျွန်တော် ကော်ဖီဖိုးရှင်းပြီး ဆိုင်ထဲကထွက်လာခဲ့ပါတယ်.....
ကျွန်တော်ဟာ... အဲ့ဒီ ကော်ဖီဆိုင်မှာ ပဲ အမြဲလိုလို ရှိနေခဲ့ပါတယ်....
နောင် နှစ်
၂၀ ကြာတော့ ကျွန်တော့် ဆီကို လူလတ်ပိုင်းအရွယ်ရှိ ခြေဦးတည့်လို့ လာပါတယ်... ကျွန်တော်ကလဲ
"ဘာအကူညီလိုအပ်သလဲ" လို့မေးပါတယ် အဲ့ဒီလူဟာ ကျွန်တော့်ကို ကျေးဇူးတင်စကားပြောပြီး
လွန်ခဲ့တဲ့ နှစ် ၂၀ က ကိစ္စလေးတစ်ခုကို ပြန်အမှတ်ရ မိစေပါတယ်... အခု ကျွန်တော် ရှေ့မှာ
ရောက်နေတဲ့ လူတစ်ယောက်က လွန်ခဲ့တဲ့ နှစ် ၂၀ က ကောင်လေးဆိုတာ ကျွန်တော် ရိပ်မိ လိုက်ပြီ....
တကယ်တော့ နှစ် ၂၀ ဆိုတဲ့ အချိန်ခဏတာလေးမှာ ဒီလောက် ပြောင်းလဲ နိုင်လိမ့်မယ်လို့ ကျွန်တော်
ထင်မထားခဲ့ပါဘူး သူ့ကို ဘာအလုပ်တွေ လုပ်ခဲ့သလဲမေးတော့ "ကျွန်တော် ပေးလိုက်တဲ့
ငွေ ၅၀ ကို အရင်းအနှီးလုပ်ပြီး အသီးအနှံတွေ ရောင်းခဲ့တယ် ပြီးတော့ အဲဒီကနေ အဆင်ပြေလာတော့
စီးပွားရေးတွေ တိုးချဲ့ လိုက်တယ်" လို့ ဆိုတော့ ကျွန်တော် တကယ့်ကို ပျော်ရွှင်မိပါတယ်။
တကယ်တော့ ကျွန်တော် ပေးလိုက်တဲ့ ငွေ ၅၀ လေးက ဘာမှ အဓိပ္ပာယ် မရှိပါဘူး ကျွန်တော် သူ့ကို
ပေးလိုက်တာ ငွေ ၅၀ ဖုံး အုပ်ထားတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလေးကို ပေးလိုက်တာပါ ကျွန်တော်
သူ့ဆီက ကိုယ့်ကိုကိုယ် ယုံကြည်မှု ဆိုတာကို ငွေ ၅၀ နဲ့ လဲခဲ့တဲ့ သဘောပါ။
==============================================
ကျွန်တော်
ပေးချင်တဲ့ Message လေးက လူတွေဟာ ဆင်းရဲ ချမ်းသာ လူလတ် တန်းစား တွေရှိမယ်...သူတို့
အားလုံးက ကိုယ့်ကိုကိုယ် ယုံကြည်မှုဆိုတာ လိုအပ်ပါတယ် အခက်ခဲဆိုတာ ရှိမယ် မုန်တိုင်းကို
ကြံ့ကြံ့ခံခိုင်နိုင်ရည်ရှိဖို့ လိုအပ်ပါတယ် တကယ်လို့ ကျွန်တော်ဟာ အဲ့ဒီကောင်လေးကို
ရော့ ငွေ ၅၀ ဆိုပြီး ပေးခဲ့မိရင် သူ အခုချိန် သူရဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ က ဘ၀ ကို ရုန်းထွက်
နိုင်ဖို့ဆိုတာ ဖြစ်နိုင်ဖို့ မသေချာပါဘူး ဘာပဲ ဖြစ်ဖြစ် ကျွန်တော်က ဒီ Message လေးကို
သူ့အတွက် ပေးလိုက်ပေမယ့် သူက ယူတတ်မှ ရတာပါ တကယ်လို့ သူ အဲ့ဒီငွေကို ဖြုန်းခဲ့မယ်ဆိုရင်
သူ ရွေးတဲ့လမ်း မှားတယ်လို့ ပဲ ဆိုရမှာပေါ့။
===============================================
"မိုးထက်အာကာ"
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.