တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့လာရှိုးမြိုကလေးကနေ
မန်းတလေးဘက်ကို ကားလေးမောင်းပြီးအေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့………
ဒီလိုနဲ့မှောင်လဲသွားရော……မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့……တည်းခိုး ခန်းသွားအိပ်တော့……
…တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့….
.မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့……
မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀၀ တောင်းသတဲ့….
မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့………
မန်နေဂျာက လည်းဟုတ်တယ် …..၁၂၀၀၀၀ဆိုတော့…ခက်တော့တာပေါ့………
မန်နေဂျာက ဒီလိုရှင်းပြသတဲ့……..
ငါ့တို့တည်းခိုးခန်းမှာ……..nightclub တွေ ကာ၇ာအိုကေတွေ……..ဘားတွေ……..ရှိတယ်….
အဲ့ဒီအတွက်က ၃၀၀၀၀ယူတယ် …..ဆိုတော့..
မောင်ဘကလည်း…….. ” ဆရာရယ် ကျွန်တော့တို့> အိပ်ယာတန်းဝင်ကြတာပါ…..nightclub ကိုမသွားပါဘူး” ပေါ့……….
မန်နေဂျာက …….သွားတာမသွားတာမင်းတို့တာဝန်ကွာ………ငါ့တို့ကအဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ……
လို့ပြောလိုက်သတဲ့…..
နောက်ထပ် ၃၀၀၀၀ ကျပ်ကကွာ……….ရေကူးတဲ့အတွက်ပေါ့……….လို့ပြောလိုက်တော့…မောင်ဘကလည်း
ကျွန်တော်တို့ရေကူးဘို့နေသာသာရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့………..
မင်းတို့ရေကူးတာမကူးတာ.ငါ့တာဝန်မဟုတ်ဘူး……..မင်းတို့တာဝန်ပါ.
.ရေကူးကန်အတွက် အကုန်အကျတွေများတဲ့အတွက်……. အဲ့ဒီအတွက် ပါယူတယ်ကွာ….လို့မန်နေဂျာကပြောလိုက်သတဲ့…..
ဒါနဲ့နောက်ထပ် ၃၀၀၀၀ ကျပ်က Tv , air com ,ရေသန့်ဘူး ဘီယာ
ဆတယ်လိုက်…ဂြိုလ်တု ရေခဲသောက်တာတို့အတွက်ပေါ့……..လို့မန်နေဂျာက ရှင်းပြပြန်သတဲ့………
မောင်ဘကလည်း ……….ရေခဲသေတ်တာမပြောနဲ့ ရေသန့်ဘူးတစ်ဘူးတောင်မသောက်ရပါဘူးဗျာလို့ ပြန်ရှင်းပြတာပေါ့……….
မန်နေဂျာကလည်း...သောက်တာမသောက်တာမင်းတို့တာဝန်ကွာ…….ငါတို့က အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀၀
ယူရမှာပဲလို့ရှင်းပြသတဲ့……..
မောင်ဘလည်းအကြံထုတ်လိုက်ရတာပေါ့………..ဒါဆိုလည်းရော့ဗျာ ၁၂၀၀၀၀ ကျပ်ဆိုပြီး
မန်နေဂျာကို ပိုက်ဆံပေးလိုက်သတဲ့…….
မန်နေဂျာကပိုက်ဆံကို ရေတွက်ကြည့်လိုက်တော့ ၃၅၀၀၀ ပဲတွေ့ရသတဲ့……..
မောင်ဘကလည်း ” ကျွန်တော့်မိန်းမကို ခင်ဗျားနမ်းခက ….၉၀၀၀၀ ကျတယ်….ခင်ဗျားကို ၅၀၀၀ လျော့ပေးထားတာ ”
လို့ပြောလိုက်တော့မန်နေဂျာကလည်း ရှက်သွားပြီး ငြင်းတော့တာပေါ့……
” ခင်ဗျားမိန်းမကို နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာမဟုတ်ဘူး” ပေါ့……
မောင်ဘကလည်း ” နမ်းတာမနမ်းတာ ခင်ဗျားတာဝန်ပါ…….ကျွန်တော့မိန်းမဒီမှာ တစ်ညလုံးရှိနေတာပဲ” လို့ပြောလိုက်သတဲ့…………