၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း။
ကျွန်တော်ဟာ အညတြမဟုတ်၊ အလွန်မြင့်သော မင်းစိုးရာဇာ၊ ကုန်သည် ပွဲစားမျိုးပါ ဟု အမျိုး၏ ဂုဏ်ကိုအမွှန်းတင်ပြောဆိုခြင်း။
၂။ ပညာဂုဏ်ကို ပြတတ်ခြင်း။
ကျွန်တော့်ပညာက ဘီအေ၊ အမ်အေ၊ အိုင်စီအက် (ဒါမှမဟုတ်) မည်သည့် အတတ်ပညာမျိုး ပြောဆိုခြင်းပါပဲ။
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း။
ပစ္စည်းဥစ္စာကြွယ်ဝလျှင် ပစ္စည်းဥစ္စာကြွယ်ဝကြောင်း တို့ကိုပြောဆိုတတ်ခြင်း။
၎။ ၀မ်းသာဝမ်းနည်း ပြုတတ်ခြင်း။
ဝမ်းသာသော အမူအရာ ၀မ်းနည်းသောအမူအရာကို ပြုလုပ်ပြတတ်၏။
၅။ အစဉ်မပြတ် နောက်ယောင်ခံလိုက်ခြင်း။
မိမိ ကြိုက်နှစ်သက်သော မိန်းကလေးနောက်ကို နောက်ယောင်ခံလိုက်ခြင်း။
၆။ အစားအသောက် လက်ဆောင်များပေးကမ်းခြင်း။
မိမိ ကြိုက်နှစ်သက်သော မိန်းကလေးကို အ၀တ်အစား လက်ဆောင်များ ပေးခြင်း။
၇။ မြှောက်စားချီးမွမ်းခြင်း။
တယ်ချောပါလား၊ တယ်လှပါလား စသည်ဖြင့် မြှောက်ပင့်တတ်ခြင်း
၈။ အ၀တ်အစား ပြောင်းလဲဝတ်ခြင်း။
မက်လုံးရအောင် အ၀တ်အစား သစ်သစ်လွင်လွင်တို့ကို ပြောင်းလဲ ၀တ်ဆင်ခြင်း။
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်း ကိုပြတတ်ခြင်း။
သန့်ရှင်းပါတယ်၊ အားရှိပါတယ် စသဖြင့်ပြသတတ်ခြင်း။
ယောကျာ်းမာယာ ( ၉ ) ပါး ပြီး၏။
ပုံ.ငတက်ပြား(ဧရာမသူခိုးကြီး)
မေးလ်မှတစ်ဆင့်...ကူးယူဖော်ပြသည်