ယခုတလော ခေတ်စားနေသော မာယာပြက္ခဒိန်ပါ ကမ္ဘာပျက်မည်ဆိုသော ကောလဟာလ နှင့် ပတ်သတ်ပြီး ပြောချင်
တာလေးတွေ ရှိလာပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ဦးပါ..။ ကျွန်တော်တို့ ဘာသာအရ မြတ်စွာဘုရားရှင်
ပွင့်တော်မူပြီးကတည်းက အများသိမှတ်လက်ခံထားတာက သာသနာတော်နှစ် ၅၀၀၀ ထားရှိခဲ့တယ်ဆိုတာပါပဲ။ အခုမှ
သာသနာတော်နှစ်က (၂၅၀၀) ကျော်ကျော်လေးပဲ ရှိသေးတာ နောက်ထပ် အနှစ်၂၅၀၀ နီးနီး ကျန်နေပါသေးတယ်။
ဘုရားပွင့်တော်မူတဲ့ ခေတ်မှာ ပြောကြားခဲ့တဲ့ ခေတ်ကြိုနိမိတ်အရဆိုရင် လူတွေရဲ့ အသက်တမ်း ဟာ ၁၀ နှစ်တန်း
အထိ ကျဆင်းသွားပြီး တဖြည်းဖြည်းအကျင့်သီလ စာရဏအားတွေ ပြန်ကောင်းလာကြလို့ အသက် တစ်သိန်းတန်း
အထိ ပြန်တက်သွားမှာပါ..။
ထိုအချိန်ကျမှ အရိမေတ္တရဘုရားရှင် ပွင့်တော်မူပြီး အသက် ရှစ်သောင်းအထိ နေတော်မူပြီးမှ နိဗ္ဗာန်ကို ရောက်ရှိ
သွားမှာပါ..။ အဲ့ဒီလိုပြောခဲ့ကြတော့ ကမ္ဘာပျက်မယ်ဆိုတာကို ဘာသာရေးအရ ယုံကြည်နိုင်စရာ မရှိပါဘူး။
တခြားသော ဘာသာရေးဦးဆောင်များလည်း ပြောခဲ့မယ် မထင်ပါဘူး။ စာရေးသူတော့ရှာကြည့်တာ မတွေ့ခဲ့ရပါဘူး။
တခြားသော ဘာသာဝင်များလည်း ပြန်လည်ဆွေးနွေးနိုင်ပါတယ်။ နောက်တစ်ခုက ခေတ်သိပ္ပံနည်းအရ ပြောရရင်
၂၁.၁၂.၂၀၁၂ နေ့မှာ ကမ္ဘာပျက်မယ်လို့ ဘယ်သိပ္ပံပညာရှင် ကမှ ရှေ့ပြေးနိမိတ် ပြောမထားပါဘူး။ အင်အားကြီးနိုင်ငံ
ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကတောင် စိုးရိမ်နေတဲ့ ပြည်သူများအတွက် ၂၀၁၂ ခုနှစ်မှမဟုတ် မည်သည့်အခါ
တွင်မှ ကမ္ဘာပျက်မည် မဟုတ်ကြောင်း သတင်းထုတ်ပြန် ထားသည်ကို လေ့လာသိရှိရပါသည်။
နက္ခတ္တဗေဒနည်းအရလည်း စာရေးသူလေ့လာကြည့်တာ ဘယ်ပညာရှင်ကမှ ဟောမထားကြပါဘူး။ ဗေဒင်ပညာရှင်
ဆရာ စံဇာဏီဘိုကတော့ ပြောပါတယ်..။ "ဒီဇင်ဘာ ၂၁ နောက်ပိုင်းမှာ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တွေးခေါ်နေတဲ့
အတွေးအခေါ်တွေကတော့ ပြောင်းလဲသွားမယ်လို့ ယေဘုယ ပြောနိုင်ပါတယ်။ မာယာပြက္ခဒိန်က ကမ္ဘာမြေကြီးကို
ဘယ်လိုမှ မသက်ရောက်နိုင်ပါဘူး "
နက္ခသိပ္ပံပညာရှင် ဦးဇေယျာကို ကတော့ ဒီလိုပြောပါတယ်။ "သဘာဝအားဖြင့်တော့ လုံးဝ လက်မခံပါဘူး။ အဲ့ဒီနေ့
အဲ့ဒီအချိန်မှာ ဗြိစ္ဆာရာသီမှာ ဂြိုဟ်ငါးလုံးပူးတဲ့ဖြစ်စဉ်ကြောင့် ကမ္ဘာနေရာအချို့မှာ သဘာဝဘေး အန္တရာယ်အချို့
ကျရောက်ကောင်း ကျရောက်နိုင်ပါတယ်။ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ကတော့ ပြောရရင် နာမည်ကြီးချင်လို့ တမင်
ဖန်တီးတာလို့ပဲ ပြောချင်ပါတယ်။ နာဆာလို အဖွဲ့အစည်း မျိုးက ထုတ်ပြန်ထားတာ မဟုတ်တဲ့ အတွက် စိုးရိမ်စိတ်
မရှိဘို့ ပြောချင်ပါတယ်" (အဆိုပါအကြောင်းကို Vol.11,No.40 . DECEMBER 13,2012 နေ့ထုတ် 7DAY NEWS
ဂျာနယ် အချပ်ပို (B) မှာ ရေးသားထားပါတယ်)
အဆိုပါအကြောင်းနှင့် ပတ်သတ်ပြီး ကောလဟာလဖြစ်ရတာကတော့ 2010 ခုနှစ်က ရိုက်ကူးခဲ့သော ဒါရိုက်တာ
Roland Emmerich ရိုက်ကူးခဲ့တဲ့ "2012" ဇာတ်ကားကြောင့် ဖြစ်ရတာပါ။ အချို့နိုင်ငံများမှာ အဆိုပါ ဇာတ်ကားကို
ပြသခွင့်တောင် ပိတ်ပင်ခဲ့ရပါတယ်။ ပြောစရာရှိတာကတော့ တစ်ကယ်ဖြစ်လာရင်ကော…..ဆိုတာပါပဲ..။
စိတ်ချပါ….. တစ်ကယ်ဖြစ်လာခဲ့ရင်…တစ်ကမ္ဘာလုံးဆိုတော့ စာဖတ်သူများလည်း ဘာမှလုပ်နိုင်မယ် မထင်ပါဘူး။
စာရေးသူကတော့ တွေးကြည့်ပါတယ်..။ ငါလည်းသေမှာပဲ..အများလည်းသေမှာပဲ…။ ဘာမှ လုပ်စရာ မလိုပါဘူး။
ဘာသာရေးနည်းအရ သေနည်း (၄) မျိုးထဲက နောက်ဆုံး တနည်းနဲ့ သေတာပဲ…သေပေါ့..။ ကုသိုလ်ကံရှိ သလောက်
ပေါ့။ ဘာဖြစ်လဲဗျာ..။ မွေးကတည်းက မွေးပြီးသွားရင် သေဖို့ဆီကို သွားနေတာပဲကို..။ ပူနေစရာလား..။
အများကြီးသေသွားပြီး သင်ကျန်ခဲ့ရင်ကော..အဆင်ပြေမှာမို့လို့လား..။ လူဆိုတာအသိုင်းနဲ့အ၀ိုင်းနဲ့ နေရတဲ့အမျိုး
ပဲကိုးဗျ..နော့..။ မိမိရဲ့ချစ်သူ..ခင်သူ..မြတ်နိုးသူတွေ..မရှိတော့ရင်..။ မိမိရဲ့ အလုပ်ရှင်သေသွားရင်..မိမိကို အားပေး
နေတဲ့ ဖောက်သည်တွေ သေသွားရင်..မိမိရဲ့မျှော်လင့်ချက်တွေ သေသွားရင်..စကားပြောဖော်တွေ သေသွားရင်..
အားကိုးရာတွေသေသွားရင်… သင်ရှိနေတော့ကော…?
ဒါကြောင့်…နောက်ဆုံးပိတ် စကားတစ်ခွန်းကတော့ စာရေးသူ နန်းညွန့်ဦး ကတော့လုံးဝ မယုံရေးချ မယုံကြောင်း
ပါခင်ဗျာ..။ ထို့အပြင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သောကြောင့် ဗုဒ္ဓ၏ တရားတော်များကိုလည်း အပြည့်အ၀ ယုံကြည်ပါ
ကြောင်း….အခြားသော ဘာသာဝင်များလည်း ကိုးကွယ်ယုံကြည်မှု အလိုက် ၂၁၀၂ ခုနှစ် ၁၂ လ ၂၁ ရက်နေ့မှာ
ကမ္ဘာပျက်မယ်ဆိုတာကို ယုံကြည်မယ် လို့မထင်ပါဘူး။ (ထို စကားကို ထောက်ခံပါက Like များများပေးကြပါ။
ကွန်မန့်များများ ပေးကြပါ။)
ကမ္ဘာပျက်ပြီးရင် ဆောင်ရန်ရှောင်ရန် အချက်များ
(၁) အမြင့်ပေါ်သို့ မတက်ပါနှင့်..။ (ငလျင်လှုပ်ပြီးရင် ပြောသလိုပေါ့လေ..)
(၂) ခုတင်အောင် ပုနေရင် သံချပ်ကာ ၀တ်ထားပါ။ (တိုက်ပြိုကျရင် ခံနိုင်ရည်ရှိအောင်လို့)
(၃) ထမင်း၀၀စားထားပါ။ ရေသန့်ဗူး ဆောင်ထားပါ။ (အားရှိပါးရှိ သေလို့ရအောင်ပေါ့)
(၄) အလှပဆုံးအ၀တ်အစားများ ၀တ်ဆင်ပါ။ (သေပန်းပွင့်ရင် လှအောင်လို့)
(၅) အချစ်ဆုံးနဲ့ သေကာနီး စကားတွေ အကြာကြီးပြောပါ။ (မြန်မာ ဇာတ်ကားများလိုပေါ့ဗျာ..)
(၆) အချိန်ရရင် ပန်းခြံထဲမှာ လျှောက်ပြေးပါ..။ (ကုလားကား ထဲကလိုပေါ့ဗျာ..)
(၇) ပြောတော့ဘူးဗျာ..မောဘီ….ဟူး….။
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.